သူငယ်ချင်းတစ်ယောက်ဆီကရရှိတဲ့မေးကို တစ်ဆင့်ပြန်လည် တင်ပြခြင်းဖြစ်သည်။မြန်မာနိုင်ငံမှာအဖြစ်များနေလို့ပါ။ မသေသင့်ပဲသေသွားတဲ့သူတွေအတွက်ပါ။ အားလုံးကိုသိစေချင်လို့ပါ။ ဆေးတက္ကသိုလ်ဆိုတာ နိုင်ငံတစ်နိုင်ငံအတွက် အရမ်းအရေးကြီးပါတယ်။ အခြေခံမပါပဲနဲ့ကျောင်းသားများအား လက်မခံကြပါနဲ့။ နောင်မှာဖြစ်လာမယ့် ဆရာဝန်လောင်းများဟာ တကယ့်ကို အခြေခံပါပြီး ကြိုးစားတဲ့ ပြည်သူတွေ အပေါ်ကို ဂရုစိုက်ပြီး ဂရုဏာ ထားမယ့် ဆရာဝန်များကိုပဲလိုလားကြပါတယ်။ တစ်ချို့ဆိုလျှင် ဆရာဝန်သာဖြစ်တာ ဘာမှကိုမသိကြတာပါ။ ကျွန်တော်ကို်ယ်တွေ့လေးပါပြောပြပါ့ရစေ။ တစ်ညက အိမ်ကညီလေး ဗိုက်တွေအရမ်းအောင့်နေလို့ အပြင်ကဆေးခန်းတစ်ခုကို သွားပြပါတယ်။ ဆေးခန်းကိုရောက်ရောက်ချင်းပဲ တာဝန်ကျဆရာဝန်က လူနာကိုအရင်မကြည့်သေးပါဘူး။ သူ့ရဲ့ဆရာဝန်ကြီးဆီကို ဖုန်းအရင်ဆက်ပါတယ်။ နောက်မှဟိုနှိပ်ဒီနှိပ် ဟိုမေးဒီမေးနဲ့ ဒီနားကနာတာလား ဘယ်နားကနာတာလဲပေါ့ မေးပြီးတော့ တစ်ခါဖုန်းပြန်ဆက်တယ် ဆရာဝန်ကြီးကမလာနိုင်လို့ မနက်ဖြန်မှလာခဲ့ပါတဲ့။ အခုညတော့ သက်သာအောင်ဆေးထိုးပေးလို်က်မယ်တဲ့။ လူနာကတော့ ဗိုက်ကအောင့်နေတုန်းပဲ။ ဆေးကမထိုးပေးမယ်သာပြောတာ မထိုးသေးဘူး။ အခန်းထဲကိုဝင်သွားတယ်။ တစ်ခြားဆရာတွေနဲ့စကားပြောရင်း ရီနေတယ်။ လက်စာတော့ရေးနေတယ်။ ဆေးခန်းလာတဲ့သူမှတ်တမ်းပေါ့။ နာမည်မေး […]