မှားသောရှေ့နေနှင့်လူသက်သောဆေးသမား
သူငယ်ချင်းတစ်ယောက်ဆီကရရှိတဲ့မေးကို တစ်ဆင့်ပြန်လည် တင်ပြခြင်းဖြစ်သည်။မြန်မာနိုင်ငံမှာအဖြစ်များနေလို့ပါ။ မသေသင့်ပဲသေသွားတဲ့သူတွေအတွက်ပါ။ အားလုံးကိုသိစေချင်လို့ပါ။ ဆေးတက္ကသိုလ်ဆိုတာ နိုင်ငံတစ်နိုင်ငံအတွက် အရမ်းအရေးကြီးပါတယ်။ အခြေခံမပါပဲနဲ့ကျောင်းသားများအား လက်မခံကြပါနဲ့။ နောင်မှာဖြစ်လာမယ့် ဆရာဝန်လောင်းများဟာ တကယ့်ကို အခြေခံပါပြီး ကြိုးစားတဲ့ ပြည်သူတွေ အပေါ်ကို ဂရုစိုက်ပြီး ဂရုဏာ ထားမယ့် ဆရာဝန်များကိုပဲလိုလားကြပါတယ်။ တစ်ချို့ဆိုလျှင် ဆရာဝန်သာဖြစ်တာ ဘာမှကိုမသိကြတာပါ။ ကျွန်တော်ကို်ယ်တွေ့လေးပါပြောပြပါ့ရစေ။ တစ်ညက အိမ်ကညီလေး ဗိုက်တွေအရမ်းအောင့်နေလို့ အပြင်ကဆေးခန်းတစ်ခုကို သွားပြပါတယ်။ ဆေးခန်းကိုရောက်ရောက်ချင်းပဲ တာဝန်ကျဆရာဝန်က လူနာကိုအရင်မကြည့်သေးပါဘူး။ သူ့ရဲ့ဆရာဝန်ကြီးဆီကို ဖုန်းအရင်ဆက်ပါတယ်။ နောက်မှဟိုနှိပ်ဒီနှိပ် ဟိုမေးဒီမေးနဲ့ ဒီနားကနာတာလား ဘယ်နားကနာတာလဲပေါ့ မေးပြီးတော့ တစ်ခါဖုန်းပြန်ဆက်တယ် ဆရာဝန်ကြီးကမလာနိုင်လို့ မနက်ဖြန်မှလာခဲ့ပါတဲ့။ အခုညတော့ သက်သာအောင်ဆေးထိုးပေးလို်က်မယ်တဲ့။ လူနာကတော့ ဗိုက်ကအောင့်နေတုန်းပဲ။ ဆေးကမထိုးပေးမယ်သာပြောတာ မထိုးသေးဘူး။ အခန်းထဲကိုဝင်သွားတယ်။ တစ်ခြားဆရာတွေနဲ့စကားပြောရင်း ရီနေတယ်။ လက်စာတော့ရေးနေတယ်။ ဆေးခန်းလာတဲ့သူမှတ်တမ်းပေါ့။ နာမည်မေး အသက်မေး နေရပ်လိပ်စာ တွေမေးတာပေါ့။ ပြီးတော့ဆေးထိုးပေးတယ်။ ကောင်တာမှာဆေးပေးတယ်။ ပိုက်ဆံရှင်းရတယ်။ ကျွန်တော်တို့ဖြစ်ချင်တာက လာတဲ့လူနာကို ဂရုစိုက်ရမယ်။ သူတို့ကတော့ စပ်ဖြီးဖြီးနဲ့ ခံစားနေတဲ့လူနာနဲ့ လူနာရှင်တွေ ဘက်ကနေ့ဝင်ပြီးတော့ စဉ်းစားစေချင်တာပါ။ လူနာကိုကုသမယ့် ဆရာဝန်မရှိပဲနဲ့ ဆေးခန်းမဖွင့်ထားနဲ့ပေါ့။ အခုတော့ ဆရာဝန်ကြီးတွေက အိမ်မှာ နပ်နေပြီးတော့ ဘာမှမသိသေးတဲ့ ဆရာဝန်လေးတွေနဲ့လွှက်ထားတယ်။ စိတ်ထဲမှာတော့ ငါ့ညီသာတစ်ခုခုဖြစ်ခဲ့ရင် ဆေးခန်းတစ်ခုလုံးကို မီးရှို့ပစ်မယ် လို့စိတ်ထဲမှာကြိမ်းထားတာ။ အိမ်ရောက်တော့ ဗိုက်အောင့်နေသေးလို့ ဝမ်းချူဘူးတွေနဲ့ ဝမ်းချူလိုက်တော့မှနည်းနည်း သက်သာသွားတယ်။ မှတ်မှတ်ရရက ညီလေးဗိုက်အောင့်နေတဲ့ အချိန် ကျွန်တော်ကအိမ်မှာ မရှိပဲ အင်တာနက်ဆို်င်ရောက်နေလို့ အဲဒီညက အဖေ ဆူတာခံလိုက်ရတယ်။
4 comments
moethidasoe
September 6, 2010 at 4:28 am
ကလေးရယ် .. ဆေးခန်းတွေက များမှ များ .. ဘယ်တော့မဆို ဆေးခန်း ပြချင်တယ်ဆိုရင် .. ကိုယ် သိတဲ့ ဆေးခန်းကိုပဲ ပြပေါ့ .. ဒါမှ ကိုယ့်အကြောင်းကို ဂဃနဏ သိမှာပေါ့ .. တွေ့ကရာ မပြရဘူးလေ .. နောက်ပြီး မိသားစု ဆရာဝန်ဆိုတာ လူတိုင်း ရှိသင့်တယ် .. ဒါပေမယ့် သေသေချာချာ ရွေးဖို့ လိုမယ် .. အခု ကလေး ဖြစ်နေတဲ့ ပြသနာကလဲ .. အရေးကြုံမှ ကြုံရာ ပြနေတော့ .. ထမင်းဆိုင်လိုပေါ့နော် .. ကြုံရာ စားရင် ဝမ်းသွားတတ်တယ် ..
thelark
September 6, 2010 at 6:24 am
အပြင်ဆေးခန်း(အထူးကုဆေးခန်း) တွေမှာပြတဲ့သူတွေရင်ဆို်င်နေကြ ကိစ္စတစ်ခုပါ…….
သူငယ်ချင်းရေ……..အထူးကုဆေးခန်း မှာပြချင်ရင် အထူးကုဆေးခန်းသဘာဝကိုသိဖို.လိုပါတယ်….
(၁)အထူးကုဆေးခန်းတွေမှာ အထူးကုတွေကသာ ဆေးကုသမှုပေးတာဖြစ်ပြီး တာဝန်ကျဆရာဝန်(MO)တွေက ဘယ်လောက်တတ်တတ် ဆေးကုသမှုကို များသောအားဖြင့် (များသောအားဖြင့်) မပေးကြပါဘူး/မပေးရပါဘူး………(အထူးကုတွေကိုယ်တိုင်ကုလို.လဲ အထူးကုဆေးခန်းလို.ခေါ်တာပေါ့)
(၂)အထူးကုကြီးတွေကလဲ သူတို.လူနာကို “သူတို.မသိဘဲ၊ သူတို.ကိုယ်တို်င်မဟုတ်ဘဲ၊ သူတို.Order မပါဘဲ” တာဝန်ကျဆရာဝန်တွေပေးတာကို မကြိုက်ကြပါဘူး(ခြွင်းချက်အနေနဲ. ပေးခိုင်းတဲ. တချို. ဆရာဝန်ကြီးတွေတော.ရှိတာပေါ့)
(၃)အထူးကုကြီးတွေဟာ အငြိမ်းစားယူပြီးသားတွေကလွဲရင်…….. အစိုးရရုံးဖွင့်ချိန်.. ရုံးဖွင့်ရက်တွေမှာ… အစိုးရဆေးရုံတွေမှာသာ တာဝန်ကျနေကြပါတယ်…ဆေးရုံမှာအားမှ အပြင်ဆေးခန်း ထွက်လာကြည့်ကြတာပါ…
(၄)အဲဒီနေရာမှာလည်း … အချိန်တစ်ခုပုံမှန်ထားပြီး ြ ပင်ပဆေးခန်းထိုင်တဲ့ဆရာဝန်ကြီးတွေနဲ့….. ဆေးခန်းကလူနာလာလို.လှမ်းဖုန်းဆက်မှ အားတဲ့အချိန်နဲ.တိုက်မှ လာကြည့်တဲ့ Oncall ဆရာဝန်ကြီးတွေဆိုပြီးရှိပါတယ်……….
(၅)အဲဒီတော. ကိုယ့်ဘက်ကအရေးကြီးနေချိန်မှာ အပြင်ဆေးခန်းပြမယ်ဆိုရင် အထူးကုကြီးတွေ ဒီအချိန်လာနိုင်မလာနိုင်၊ရှိမရှိ မေးဖို.လိုပါတယ်
(၆) ဒါမှမဟုတ်ရင်တော့………Moehtidasoe ပြောသလို….မိသားစုဆရာဝန် …… ဒါမှမဟုတ်ရင်… ဆရာဝန်တစ်ဦးဦးသီးသန်.ဖွင်.ထားတဲ.ရပ်ကွက်ထဲကဆေးခန်း(GP)………….မှာပြလိုက်ပါ…………
(၇) အဲဒါတွေမှအဆင်မပြေဘူးဆိုရင်တော့…….. အစိုးရဆေးရုံတွေဟာ အကောင်းဆုံးပါပဲ…..24 hours ဆရာဝန်(တာဝန်ကျဆရာဝန်+အထူးကုဆရာဝန်) တွေရှိ ပြီး တာဝန်ကျဆရာဝန် တွေက လဲ သင့်တော်တဲ့ ကုသမှုတွေကို အချိန်နဲ.တပြေးညီပေးနိုင်ပါလိမ့်မယ်…
zawana
September 6, 2010 at 6:29 am
ဆရာဝန်တွေ ဘက်ကလည်း စေတနာရယ်၊ ဝါသနာရယ် ရှိသင့်တယ်လို့ ထင်ပါတယ်။ ကျနော့်အသိ ဆရာဝန်ဆို မိဘတွေက တိုက်တွန်းလို့ ဆေးကျောင်းတက် ဆရာဝန် ခဲ့ရတော့ လူနာတွေလာတဲ့ အချိန်မှာ စောင့်ခိုင်းထားပြီး ဂစ်တာ တစ်ဒေါင်ဒေါင် ခေါက်နေတာတောင် တွေ့ခဲ့ဖူးတယ်။ အဲလို ဆရာဝန်တွေ များလာတဲ့ အတွက် တကယ် ဝါသနာပါလို့ ဆရာဝန် ဖြစ်ချင်ပြီး အမှတ်မမီတဲ့ လူတွေ အတွက်လည်း နစ်နာပါတယ်။
moethidasoe
September 7, 2010 at 8:13 am
အမှန်ပြောရရင် ဒီခေတ် ဆေးကျောင်း ဝင်ခွင့်ကိစ္စတွေကို သိပ် အစာ မကြေဘူး .. ဒါကလဲ အာဆီယံ ဥက္ကဋ္ဌ ဖြစ်ချင်သူတွေကြောင့် ဖြစ်လာတဲ့ ပြဿနာပါ .. အရင်က ဆေးကျောင်းကို ဝင်ခွင့် ၅၅ဝ ပဲ ရှိတယ် .. အာဆီယံ နိုင်ငံတွေ အနက်က စင်္ကာပူလို နိုင်ငံနဲ့ ယှဉ်ကြည့်လိုက်တော့ .. လူဦးရေ နဲ့ ဆရာဝန် အချိုးက သိပ်နည်းနေတယ်လို့ ဆိုတယ် .. ဒါကြောင့် ၂၀၀ဝ မတိုင်မီမှာပဲ မကွေးမှာ ဆေးကျောင်း ထပ်ဖွင့်တယ် .. ပေါင်း ၁၀၀ဝ အထိ လက်ခံလိုက်တယ် .. သင်တဲ့ ဆရာတော့ ထပ် မခန့်နိုင်ဘူး .. ရန်ကုန်က အချိန်ပိုင်းအလိုက် သွားသင်ခဲ့ရတယ် .. အခုတော့ သီးခြား ခန့်ထားနိုင်ပြီပေါ့ .. ဒါလဲ ဆရာဝန်ဦးရေ ပြည့်ဦးမှာ မဟုတ်ဘူး ဆိုပြီး နောက်ထပ် ဦးရေထပ်ဖြည့်လိုက်တာ အခုဆို ၂၄၀ဝ လက်ခံတယ် .. ဒါတောင် တပ်ဆေး ဆိုတာ မပါသေးဘူး .. ဒီတော့ ဆရာဝန်ဦးရေ များလာတယ် .. တကယ်ကို ဆရာဝန်ဖြစ်ချင်တဲ့ ကျောင်းသားတွေကတော့ အင်မတန် ကြိုးစားကြပါတယ် .. ခေတ် အဆက်ဆက်က မကြားဖူးတဲ့ ဆေးကျောင်းကျူရှင် ဆိုတဲ့ ဈေးကွက်တစ်ခု ပေါ်လာတယ် .. ဘာလို့ဆို ကျောင်းမှာ ပို့ချတာ ကျောင်းသား ဆရာအချိုးက ပြောင်းသွားပြီကိုး .. ပြည်သူ ဆရာဝန် အချိုးပြောင်းချင်လို့ လုပ်လိုက်တာ .. ကျောင်းသား ဆရာအချိုး ကျတော့ မပြင်နိုင်တော့ .. ကျူရှင်ဆိုတာ ပေါ်လာတယ် .. နောက် မိဘများဖက်က မြင်တာက ဆရာဝန် ဆိုတာ လက်ဖျား ငွေသီးတဲ့လူတန်းစားတဲ့ .. ဒီလိုမြင်ကြတဲ့အခါ .. ဘာဖြစ်ဖြစ် ဆယ်တန်းမှာ ဂုဏ်ထူးများများထွက်ရင် ဆေးကျောင်းတက် .. ဂုဏ်ရှိတယ် .. နောက်မှ ဆရာဝန် အလုပ် လုပ်လုပ် မလုပ်လုပ် ဆိုတဲ့ အသိမျိုးတွေ ဝင်နေတာလဲ မကောင်းဘူး .. ဒါကြောင့် တစ်ချို့ဆို .. လိုင်းတွေ ကွေ့ပတ်ကုန်ကြတော့ .. တစ်ကယ် ဆေးကုချင်တဲ့ စေတနာ ပါတဲ့ ဆရာဝန်လောင်းတွေ ဆေးကျောင်း တက်ခွင့် မရတော့ပဲ .. ဘွဲ့ကိုသာ ယူချင်တယ် .. ဆရာဝန်မလုပ်ချင်တာတို့ .. ဆရာဝန် ဆိုတဲ့ ဂုဏ်လေးတစ်ခု ရရင် ပြီးရောဆိုတဲ့ လူတွေကြောင့် ဇဝန ရေးတဲ့ အတိုင်း နစ်နာတာက ပြည်သူတွေရော ဆရာဝန် ဝါသနာပါပြီး တက်ခွင့် မကြုံလိုက်သူတွေရောပါ ..