koyinSeptember 21, 20118min1372
ရွှေဓါးကိုလည်း ဆက်ဝံ့သည်… နှင်းသက်တဲ့ နွေ၊ နှင်းဝေဆောင်း ထက် အချမ်းဓါတ်ကဲ၊ မယုံရဲလျှင် ရင်ခွဲကာကြည့်၊ အချစ်ရှိ၏…။ မသိလေဟန်၊ သခင်မာန်တင်း သည်လေညင်းလည်း၊ မလွမ်းရဲလေ ဝမ်းနည်းနွေထက်၊ ခြွေရက်သက်ဆင်း သန်းခေါင်တွင်းမှာ၊ အရုဏ်လာလို့ ရောင်နီပျို့အန်၊ မနက်ဖန်တွေ နေသာနေလား၊ သည်နွေခါးသက် ဓါးထက်ထက်လို၊ ငိုလွယ်ချုပ်ထိန်း သခင်တိမ်းခွာ၊ မစိမ်းပါနှင့်…။ ဝါကျင့်ရွက်ရော်၊ လေပြည်သော်မှ မြေခ သက်ဆင်း၊ သခင် ခင်းလျှက် နှင်းသက်ရုပ်လွှာ၊ နွေသာသာလိမ့် အသံဆိတ်သည့်၊ လန့်ထိတ်မိ ရင် မချိတင်ကဲ၊ သခင်ခွဲခွာ ဆောင်းမှာပူပြင်း၊ သည်းအူတွင်းက ဆယ်နေမင်းလို၊ ပြင်းပြယိုဖိတ် သည်စိတ်ခန္ဓာ၊ ဝေဒနာတိုး ညဥ့်ငှက်မိုးခို၊ တေလေငိုမိ လွမ်းရင် ထိရှ၊ လှစ်ဟ မျက်ဝန်း ပုလဲ သွန်းဖြိုး၊ အငြှိုးတစ်စ ရှားမီးစ ခဲ၊ ရင်ထဲ ခိုဝင် မငြိုငြင်ဘူး..။ သခင်ခူးဆွတ်၊ ဤသည်းပွတ်ကို လူးလွန့် […]