manawphyulayDecember 25, 20101min2898
Website တစ်ခု ဘာလို့ ကျရှုံးရသလဲဆိုတော့ အဓိကအကြောင်းအရာကတော့ တစ်ခုပဲရှိတယ်။ သတင်း အချက်အလက်တွေကို တိတိကျကျ မရယူနိုင် တဲ့အတွက်ပဲဖြစ်ပါတယ်။ ဘာကြောင့် အဲသည်လိုဖြစ်ရသလဲ ဆိုတော့ Website ရဲ့ ပိုင်ရှင်တွေကိုယ်တိုင်က Website တစ်ခုကို သူတို့ရဲ့ အခြား Show Room၊ ဆိုင်ခန်း၊ ရုံးခန်းတစ်ခု အဖြစ် အမှန်တကယ် မရှုမြင်ထားလို့ပဲဖြစ်ပါတယ်။ တစ်ခါလုပ်ပြီး ပစ်ထားတဲ့ Website နဲ့ အမြဲ တမ်းဆန်းသစ်နေတဲ့ Website ဘယ်ဟာက Customer တွေကို အထောက်အကူ ဖြစ်စေမလဲ? အခြားကျရှုံး ရတဲ့အကြောင်းကတော့ Customer တွေ နားလည်ရလွယ်ကူအောင် မလုပ်ထားတာ၊ Use-to မဖြစ်တာပါပဲ။


manawphyulayNovember 20, 20101min2956
အောင်မြင်ရေးသော့ချက်ကတော့ ခုနစ်ချက်ရှိပါတယ်။ ၁။ ယနေ့သည်ကား မိမိဘဝ၏ နောက်ဆုံးအသက်ရှင်နေရသောနေ့ဖြစ်သည်ဟု သဘောပိုက်ကာ မိမိလုပ်လိုသမျှ၊ လုပ်စရာရှိသမျှတွေကို အစွမ်းကုန် ကြိုးစားလုပ်ပါ။ ၂။ မိမိတစ်ဦးတည်း ဆောင်ရွက်ခြင်းဖြင့် လိုအပ်သော အကျိုးအာနိသင်များ ပြည့်ပြည့်ဝဝ ခံစားရလေ့မရှိပါ။ အခြားသူများ၊ မိတ်ဆွေကောင်းများ၊ ကျွမ်းကျင်သူများ၏ အကူအညီများကိုပါ ရယူလုပ်ကိုင်ပါ။ ၃။ များသောအားဖြင့် လူတွေဟာ မိမိတို့၌ ကိုယ်ပိုင်ရှိပြီး မီးခဲပြာဖုံးဉာဏ်ပညာနှင့် ခွန်အားရဲ့ ဆယ်ပုံတစ်ပုံကိုသာ သုံးစွဲနေလေ့ရှိကြတယ်။ မိမိရဲ့ ဉာဏ်အားနှင့်ကိုယ်အားတို့ကို အစွမ်းကုန် အပြည့်အဝထုတ်နုတ်လုပ်ကိုင် သုံးစွဲကြည့်လိုက်စမ်းပါ။ မိမိကိုယ်တိုင် အံ့ဩ၍ မကုန်သော ရလဒ်များကို မုချ ခံစားကြရပါလိမ့်မယ်။ ၄။ လူအများအကျိုးကို ရှေးရှုဆောင်ရွက်ပါ။ ပြည်သူများအတွက် လိုအပ်နေသော ကိစ္စရပ်များ၊ စီမံကိန်းများကို ဆောင်ရွက်ပေးပါ။ မိမိကြောင့် လူအများ အကျိုးခံစားရလေလေ၊ မိမိတွင်လည်း […]