“ရွာသူ ရွာသားများအတွက်သတင်းကောင်း” (ဆရာ့တို့ မြန်မာဂေဇက်က အဖွဲ့သားတွေကို စုပီး ဝတ္ထုတိုတွေ စာအုပ်လုပ်ပေးချင်ပါတယ်။ လူစုလိုက်ပါ။ ၁ ယောက်ကို ၁ ပုဒ် ၊ အများဆုံး ၂ ပုဒ်ပေါ့။ ကျွန်တော်သဘောကျတာကတော့ ကောင်းကင်ပြာ၊ ဦးကျောက်ခဲ ၊ နွေဦး၊ သင့်အေးရိပ်အစရှိတဲ့သူတွေပါ။ ကျနော်မဖတ်မိသေးတဲ့ဆရာ ဆရာမတွေလဲရှိနိုင်ပါတယ်။ အဲ့ဒါတွေကို ဆက်သွယ်ပီး စာအုပ်စုဖြစ်ရင်တော့ ကောင်းမယ်ဆရာ။) ဆိုပြီးထုတ်ဝေသူတစ်ဦးကဆက်သွယ် လာပါတယ်။ ကျနော်ကိုစာမူစုခိုင်းပါတယ်။ သူဖတ်ကြည့်ပြီးတဲ့အခါနှစ်သက်တဲ့စာမူကို ပုံနှိပ်ထုတ်ဝေပါမယ်။ စာမူခပေးပါမယ်။ အဲ့တော့ကျနော့် မေးလ်ထဲကို စာမူပို့ပေးပါလို့ မေတ္တာရပ်ခံအပ်ပါတယ်။ စာမူကို ထုတ်ဝေသူကိုယ်တိုင်ရွေးချယ်မှာ ဖြစ်ပါတယ်။ kopauk5396@gmail.com အားလုံးကိုချစ်ခင်လေးစားစွာနဲ့ စာမူတောင်းခံအပ်ပါတယ်။ ကိုပေါက်( မန္တလေး ) 3-7- 2017