နွေဦးApril 24, 20121min2368
သူငယ်ချင်းရဲ့ facebook ပေါ်ကတွေ့တဲ့ စကားစုလေးတွေပေါ့ ဒီပုံနဲ့ စာလေးကို ဖတ်မိတာ အတွေးတွေ ပွါးစရာ ဖြစ်လာတယ်..။ ဒီသူငယ်ချင်းရဲ့ စာက သူ့ကို ဘယ်လို ပြောင်းလဲ ပြုုပြင်မှုတွေ ဖြစ်စေသလဲပေါ့..။ သူ့ခံစားချက်ထဲမှာ လူတွေဟာ ခွေးလောက်မှ သစ္စာ မရှိဘူး ဆိုတဲ့ အတွေးဝင်နေမယ်ထင်တယ်..။ လူတွေမှာ ကိုယ်ပါတ်ဝန်းကျင်က လူတွေကို အမြင်တမျိုးနဲ့ ခံစား ကြည့်မြင် မိပြီဆိုရင် ပါတ်ဝန်းကျင်နဲ့ သဟဇာတ ဖြစ်ဘို့မလွယ်တော့ဘူး..။ လူတွေကို ထောက်ပံ့ ပေးကမ်းတာဟာ ခွေးတွေက်ို ကျွေးရသလောက် အကျိုးမများဘူး လို့များတွေးမိရင် သဒ္ဒါပျက်ပြီပေါ့။ ခွေးတွေကို ကျွေးမွေးတာဟာလဲ သူ့ အကျိုးနဲ့ သူတော့ရှိသလို လူတွေကို ပေးကမ်းကျွေးမွေးတာကလဲ သူ့အကျိုးပေးနဲ့ သူ ရှိပါတယ်။ ပေးကမ်းကျွေးမွေး ခြင်းရဲ့ နောက်က […]