စကားပုံ ထဲက ရတဲ့ အတွေး

နွေဦးApril 24, 20121min2888
ကျေးဇူးသိတတ် တယ်တဲ့လား
ကျေးဇူးသိတတ် တယ်တဲ့လား

သူငယ်ချင်းရဲ့ facebook ပေါ်ကတွေ့တဲ့ စကားစုလေးတွေပေါ့
ဒီပုံနဲ့ စာလေးကို ဖတ်မိတာ အတွေးတွေ ပွါးစရာ ဖြစ်လာတယ်..။
ဒီသူငယ်ချင်းရဲ့ စာက သူ့ကို ဘယ်လို ပြောင်းလဲ ပြုုပြင်မှုတွေ ဖြစ်စေသလဲပေါ့..။
သူ့ခံစားချက်ထဲမှာ လူတွေဟာ ခွေးလောက်မှ သစ္စာ မရှိဘူး ဆိုတဲ့ အတွေးဝင်နေမယ်ထင်တယ်..။
လူတွေမှာ ကိုယ်ပါတ်ဝန်းကျင်က လူတွေကို အမြင်တမျိုးနဲ့ ခံစား ကြည့်မြင် မိပြီဆိုရင် ပါတ်ဝန်းကျင်နဲ့ သဟဇာတ ဖြစ်ဘို့မလွယ်တော့ဘူး..။
လူတွေကို ထောက်ပံ့ ပေးကမ်းတာဟာ ခွေးတွေက်ို ကျွေးရသလောက် အကျိုးမများဘူး လို့များတွေးမိရင် သဒ္ဒါပျက်ပြီပေါ့။
ခွေးတွေကို ကျွေးမွေးတာဟာလဲ သူ့ အကျိုးနဲ့ သူတော့ရှိသလို လူတွေကို ပေးကမ်းကျွေးမွေးတာကလဲ သူ့အကျိုးပေးနဲ့ သူ ရှိပါတယ်။
ပေးကမ်းကျွေးမွေး ခြင်းရဲ့ နောက်က မျှော်လင့်ချက်တွေ က ဒါနမဖြစ်ဘဲ လောဘဖြစ်လာတတ်တယ်လို့တော့ ကြားဖူးတာဘဲ..။
ဒီ စကားစုရဲ့ ပြောချင်တဲ့ လူနဲ့ ခွေး ကွာခြားချက်လို့ ပြောတာဟာလဲ လူတွေကို ခွေးနဲ့ ပုံခိုင်းပြ နှိုင်းယှဉ်တာကတော့ နဲနဲ ခံစားမိနေတယ်..။
ဒီလို တိရိစာ္ဆန် တွေနဲ့ လူတွေကို ခိုင်းနှိုင်းပြောဆိုတာတွေဟာ တခုခု လွဲနေသလို ခံစားရတယ်..။
ဒီစာကို ဖတ်ပြီး ရွာထဲက မိတ်ဆွေတွေကော ဒီလို ခံစားမှုမျိုး ဖြစ်မိကြသလား..?။
ကျွန်တော်တယောက်ထဲ ဒီလိုတွေးပြီး တလွဲ ခံစားမိသလားလို့ပါ..။
ရွာထဲက မိတ်ဆွေတွေရဲ့ ပြောသံလေးတွေကို နားစွင့်နေပါ့မယ်..။
တကယ်လို့ ကျွန်တော်တယောက်ထဲက ဒီလိုခံစားချက်မျိုး ဖြစ်နေပြီဆိုရင်တော့….
ကျွန်တော် ဆေးသောက်သင့်ပြီထင်ပါရဲ့နော်…။
ခင်တဲ့
နွေဦး..

8 comments

  • နွေဦး

    April 24, 2012 at 11:01 am

    အရင် post တင်ရင်းက ဘာမှားသွားလဲမသိပါဘူး
    စာတွေပါမလာလို့ နောက်ထပ်တင်ရတာပါ.။
    အမှားအတွက် အာလုံးကို တောင်းပန်ပါတယ်…
    ခွင့်လွတ်ကြပါခင်ဗျာ….။

  • kai

    April 24, 2012 at 1:35 pm

    လူသေရင်.. တိရိစ္ဆာန်ဖြစ်နိုင်တယ်..။ တိရိစ္ဆာန်သေရင်လူဖြစ်နိုင်တယ်ဆိုတဲ့.. အစွဲကနေလာတယ်ထင်တာပဲ..
    ဆိုတော့ ..
    လူနဲ့ တိရိစ္ဆာန်ဟာ.. မသိစိတ်ထဲ..တန်းတူဖြစ်နေတော့တာပေါ့…

    တချို့လည်း.. လူကောင်ကြီးကနေ.. တိရိစ္ဆာန်စိတ်ထဲဝင်ခံစားပြိး.. နာတယ်.။ ပူတယ်..။ဝမ်းနည်းတယ်။ စိတ်မကောင်းဖြစ်တယ်.. ဖြစ်ကြသေးတယ်..။
    လူစစ်စစ်ကနေ.. ဘဝပြောင်းတယ်ဆိုတာ.. အဲဒါပဲ..

    အာဟိ.. 😆

  • ဗိုက်ကလေး

    April 24, 2012 at 4:11 pm

    သဂျီး အတ္တကို နည်းနည်းလျှော့ပါဗျာ
    သတ္တဝါအချင်းချင်း သူ ့အသက် ကိုယ့်အသက် အပြန်အလှန် တန်ဘိုးထား လေးစားစေချင်ပါတယ်
    ဒီ.သဂျီးဆိုတဲ့ အတ္တဘောကြီးကို ဝိုင်းဝန်းဆုံးမဩဝါဒ ပေးတော်မူကြပါဦးလား အရပ်ဂဒို ့ရဲ့

    ကိုနွေဦးရေ..လူဆိုတဲ့အမျိုးက ကိုအသာရရင်ပြီးရောဗျ..မကျေနပ်ပြီဆို အမျိုးမျိုးခိုင်းနှိုင်းရှုံ ့ချချင်ကြတာဆိုတော့ဗျာ
    သိတယ်မလား..အင်း..အဲလိုဗျာ..အင်း.အဲ..

  • aye.kk

    April 24, 2012 at 4:48 pm

    ဂရုဏာမေတ္တာတရားကြီးမားတဲ့သူတွေရဲ ့
    အရိပ်အာဝါသအောက်မှာနေထိုင် ကြီးပြင်းလာခဲ့ရတဲ့ သူတိုင်း
    လူလူချင်းကိုယ်ချင်းစာနာတရားနဲ ့သတ္တဝါတွေအပေါ်အလိုလို
    သနားကြင်နာစိတ်တွေဖြစ်နေမှာ
    မြေကြီးလက်ခတ်မလွှဲပါဘဲလို ့ပြောလိုက်ပါရစေ။

  • Moe Z

    April 24, 2012 at 5:01 pm

    ပြောသာပြောအန်တီအေးရေ ပြောသာပြော
    အဲဒီကိုယ်ချင်းစာတရားခေါင်းပါးတဲ့လူကြီး ဝဋ်လည်ဦးမှာ :mrgreen:
    ဪ ဒဂျီးမင်းကြန်းမာဘာဇေ .. ဝဋ်မလည်ပါစေနဲ့ 😆

    • kai

      April 25, 2012 at 9:15 am

      သတ္တဝါတွေထဲ.. လူကလူ.. တိရိစ္ဆာန်ကတိရိစ္ဆာန်..အဲလိုခွဲသိစေချင်ပါတယ်..။
      ဦးနှောက်ရဲ့အလုပ်လုပ်ပုံ.. သေသေချာချာလေ့လာကြည့်ရင်.. တိရိစာ္ဆန်တွေ(အားလုံးလိုလို)မှာ.. လူလိုခံစားတွေးခေါ်ဖို့.. နေရာကိုမရှိဖူးဆိုတာ သိလိမ့်မယ်..

      တိရိစ္ဆာန်က.. လူလို.. နားလည်ခံစားတတ်တယ်.. မကျေမနပ်ဖြစ်တယ်.. မနာလိုဖြစ်တယ်…လို့တွေးနေ..ရေးနေခဲ့တာတွေဟာ.. ဇီဝသိပ္ပံမထွန်းကားတဲ့ခေတ်က.. သချာင်္မတတ်သူတွေရဲ့.. အတွေးတွေပါပဲ..

      အခု.. ဇီး(Z)မမရေးတဲ့.. စာသုံးကြောင်းမှာပဲကြည့်..
      တိရိစ္ဆာန်အတွက်ကနေ.. လူကဝင်ခံစားပြိး.. တခြားလူစစ်စစ်တယောက်(ကျုပ်ကို) ဝဋ်လည်ပါစေဆိုတဲ့.. စိတ်ဖြစ်နေတယ်မဟုတ်လား..
      အဲလို.. စိတ်တွေဖြစ်လာရင်တော့.. ဘာသာရေးအဆုံးအမတွေကို မှားယွင်းစွာကောက်ယူနေတာကြောင့်လို့.. ပြောရတော့မှာ.. :mrgreen:

      ဆိုတော့…
      တိရိစ္ဆာန်ကို တိရိစ္ဆာန်လို သဘောထား တွေးရေးထာဟာ..
      သူတို့ကို.. အနိုင်ကျင့်ဖို့မဟုတ်..။ နှိပ်စက်ဖို့မဟုတ်..။ ကိုးကွယ်ဖို့မဟုတ်.. သူတို့နဲ့ပါတ်သက်တဲ့..လူတွေအပေါ်မှာ သက်ရောက်တုံ့ပြန်မှုတွေနဲ့.. အလိုက်သင့် တုံ့ပြန်ဖို့ပါပဲ..

      မြန်မာကလေးငယ်တွေရဲ့ “ဗိုက်ကလေး”တွေဖေါင်းနေအောင်.. ဖြစ်စေတဲ့..သံကောင်တွေကို သတ်ရမယ်..
      သံမျိုးဥတွေကို နှိမ်နင်းဖျက်စီးရမယ်.။
      လူတွေစားတဲ့ စားပင်သီးပင်တွေဖျက်ဆီးတဲ့…ကြွက်တွေကို.. သတ်ဖြတ်ရမယ်..။ မျိုးဖြုတ်ရမယ်..။
      တပြိုင်ထဲပဲ.. လူတွေကိုအကျိုးပြုတဲ့ဆေးတွေအတွက်.. စမ်းသပ်ခန်းမှာစမ်းသပ်မဲ့ကြွက်ဖြူတွေကို.. စောင့်ရှောက်ရမယ်.. မွေးမြုရမယ်..
      မျိုးပြန်းလုဖြစ်နေတဲ့.. ကျားတွေ..ကြံ့တွေကို.. စောင့်ရှောက်ရမယ်..။ ကာကွယ်ရမယ်..

      နွားရူးရောဂါဖြစ်ရင်.. နွားတွေကိုသတ်ရမယ်..။ မြေမြုတ်ရမယ်..။ မီးရှို့ရမယ်..။
      နွားနို့ထွက်တဲ့.. လယ်စိုက်ပေးတဲ့နွားကို.. တာဝန်ယူရမယ်..။ စောင့်ရှောက်ရမယ်..။
      လူတွေကိုအကူအညီပေးတဲ့..စိတ်ချမ်းသာစေတဲ့.. ခွေးတွေ..ကြောင်တွေကို ကာကွယ်ရမယ်..။ မွေးမြူရမယ်..။
      တာဝန်ယူရမယ်..။

      သူတို့ရဲ့.. အပြုအမူတွေကို.. . ကံ..ကံရဲ့အကျိုး.. သူနဲ့..သူနဲ့ပါတ်သက်တဲ့လူသားများရဲ့ အခြေအနေအရ.. .. တိုက်ရိုက်တုံ့ပြန်ဖို့ပါပဲ..

      အဖြူမဟုတ်ဖူးဆိုရင်.. အမဲဖြစ်ရမယ် မလုပ်ရပါဘူး..
      ကြားထဲ.. အညို..ဖျော့၊ထင်း။ရင့် စသဖြင့် အရောင်အမျိုးမျိုးရှိနိုင်ပါသေးတယ်..

      အဲဒီလို… 🙂

      • နွေဦး

        April 25, 2012 at 10:05 am

        သဂျီးသောက်တဲ့ဆေးလေး ညွှန်ပါဦး
        ကျွန်တော်ဆေးသောက်ဖို့ လိုနေဘီဗျ..း) ။

Leave a Reply