awnayApril 6, 20111min910
ကိုလိုနီလက်သစ်များ၏ ရန်မှ ကာကွယ်ရန် လက်နက်သစ်များတပ်ဆင်ရန် လိုလာသည်။ ယခင်က လက်ဖြင့်တိုက်ခဲ့သည်။ ယခု လက်ဖြင့် တိုက်၍ မရနိုင်တော့။ ထို့ကြောင့် ဓာတု အဆိပ်ငွေ့လက်နက်ကို အသုံးပြုရသည်။ သို့ရာတွင် နည်းပညာ အားနည်းချက်ကြောင့် မိရိုးဖလာ ဆေးမြစ်ဆေးဥများမှ ဖန်တီးသည့် အငွေ့များကို ကာလကြာရှည် အသုံးပြုခဲ့ရသည်။ ထိရောက်သင့် သလောက် မထိရောက်။ ထိုမိရိုးဖလာ အငွေ့များသည် ပတ်ဝန်းကျင်အပေါ်ကိုလည်း မလိုလားအပ်သည့် ဆိုးကျိုးသက်ရောက်သေးသည်။ ထို့ကြောင့် အိမ်နီးချင်း တရုတ်၊ ထိုင်းစသည့် နိုင်ငံများမှ ခေတ်ပေါ် အဆိပ်ငွေ့လက်နက်များကို မှာယူတင်သွင်းရသည်။ နယ်စပ်မှ တိတ်တခိုးဝင်လာသည်များလည်း ရှိသည်။ ထိုလက်နက်သည် နယ်ချဲ့လက်သစ်များအား တိုက်ဖျက်ရေးတွင် ကာလအတော်ကြာအထိ နေရာယူထားခဲ့ပြီး အဖျက်သမားများ ထိုအဆိပ်နှင့် မယဉ်ပါးမီ အချိန်အထိ အတော် ထိရောက်မှုရှိခဲ့သည်။ သို့သော် […]