ဦးသုDecember 15, 20141min38931
ဖေ့ဘွတ်မှာ မတင်ချင်လို့ ဒီမှာတင်လိုက်တာ ဘုန်းကြီးနဲ့တက်တူး နဲ့ မအပ်စပ်ဘူးရယ်လို့တော့မဟုတ်ပါဘူး ရန်ကုန်ဘဆွေရဲ့ မြန်မာပြည်သား စာအုပ်ထဲမှာဆိုရင် တန်ဆောင်မုန်းညမှာ ကိုရင်ကြီးကတစ်ရွာလုံးက ယောက်ျားပျိုတွေကို ထိုးကွင်းထိုးပေးတာလေ။ အခုလာထိုးတဲ့ ဘုန်းကြီးကတော့ အဲဒီနေ့က ညနေသုံးနာရီလောက် ဘုန်းကြီးနှစ်ပါးလာမေးတယ် လက်မောင်းက ထိုးထားတဲ့ပုံလေးပြင်ချင်လို့ပါတဲ့ ဟုတ်ကဲ့ ရပါတယ်ဆိုတော့ ဈေးပြောတော့ဘုန်းကြီးက မတတ်နိုင်ပါဘူး အဲဒါနဲ့ လက်မောင်းအတွင်းသား မှာမြားနတ်မောင် သေးသေးလေးထိုးချင်ပါသတဲ့ ဂျိုးလေးလဲပါမှ ဖြစ်မတဲ့ ရပါတယ်ဖျာ့ဆိုတော့ကာ ည ရနာရီလောက်လာထိုးလို့ရလားဆိုတော့ အော်ဘုန်းကြီးဆိုတော့လူရှင်းတဲ့အချိန်လာထိုးတာပဲရပါတယ်လေဆိုပြီးလက်ခံလိုက်မိတယ်။ အချိန်ကာလကိုကြည့်ပြန်တော့ ကထိန်ပွဲကြီးပြီးကာစ နှစ်ရက်မြောက်မှာပေါ့ ။ ဘုန်းကြီးေ တွရေလန်းနေတဲ့အချိန်လေ ဘာတဲ့ ဖုန်းဆိုင်မှာတောင် S5 လာဝယ်သတဲ့ ringtone လေးကလဲ (ပါးပြင်မှာ သနပ်ခါးလေးနဲ့ ချစ်စရာကောင်းလိုက်တာကွာ) ဆိုပဲ။ ဖေ့ဘွတ်မှာ ဖတ်မိတာပါ။ အဲဒါထားပါတော့ ဘုန်းကြီးကရောက်လျှင်ရောက်ချင်းဆိုသလို ဖုန်းတွေဝင်လာပါတယ် […]