နွယ်ပင်January 19, 20111min1796
ပဲခူးမြို့မှ ကျား/မလူငယ်များက စစ်မှုမထမ်းမနေရဥပဒေကို ဆန်ကျင်ရန် လူငယ်ထုအတွင်း စည်းရုံးပြောဆိုမှုများကို ယခုရက်ပိုင်းအတွင်းပြုလုပ်နေကြောင်း FREEDOM NEWS GROUP မှ သိခဲ့ရှိရသည်။ အသက်(၂၀)အရွယ် ပဲခူးလူငယ်တစ်ဦးက “စစ်မှုမထမ်းရင်ထောင်(၅)နှစ်မကလို့(၁၀)နှစ် ချလဲခံမယ်၊ စစ်သားတော့လုံးဝမလုပ်နိုင်ဘူး” ဟုပြောပါသည်။ ရန်ကုန်မြို့မှ နိုင်ငံရေးလေ့လာသူ စာရေးဆရာအယ်ဒီတာတစ်ဦးက မြန်မာနိုင်ငံအတွင်း စစ်မှုမထမ်းမနေရ ဥပဒေကြောင့် “တစ်နိုင်ငံလုံးမှာ ဆန့်ကျင်မှုတွေဖြစ်လာနိုင်တယ်၊ ဒါကို နအဖ အနေနဲ့ဘယ်လိုဖြေရှင်းမလဲဆိုတာကို စောင့်ကြည့်ရမှာဖြစ်တယ်လို့”ဟု ဆိုသည်။ ပဲခူးမြို့မှ လူငယ်ကဘဲ “ပြည်ပရန်မရှိဘဲ လူငယ်တွေကို အတင်းစစ်မှုထမ်းခိုင်းတာဟာ တစ်နိုင်ငံလုုံးမှာရှိတဲ့လူငယ်တွေကို မုဒိန်းကျင့်တာဘဲ၊ လုံးဝလက်မခံဘူး၊ ပြည်ပရန်ရှိလို့ တိုင်းပြည်ကိုအသက်ပေးပြီးကာကွယ်မယ်၊ ပြောနေစရာတောင်မလိုဘူး၊ ကျနော်တို့တွေလဲထမင်းစာနေတဲ့လူတွေဘဲ နားလည်ပါတယ်” ဟုပြောသည်။ အခုပြဌာန်းတဲ့ဥပဒေကို နအဖအသိုင်းအဝန်းကလွဲရင် အားလုံးဆန်ကျင်ဘို့အတွက် အသင့်ဖြစ်နေကြတယ်လို့သိရသည်။ ပဲခူးမြို့မှ ကိုနေဝင်းကလည်း “ကျနော်တို့နိုင်ငံမှာ နိုင်ငံ၊ လူမှု၊ စီးပွါး၊ […]