နွယ်ပင်June 18, 20131min34517
ဒီပိုစ့်က တင်ပြီးသားပါ ဒါပင်မယ့် ပျက်တဲ့အထဲ ပါသွားလို့ မကျေနပ်လို့ ပြန်တင်ပါအိ သူများမှာ (6) လနေမှ ပိုစ့်လေး တစ်ခါရေးပါတယ် ပျက်သွားတဲ့ အထဲပါသွားတယ် …… နွယ်ပင် အခုတစ်လော အလုပ်မှာ ပင်ပန်းလို့ စိတ်ရှုပ်စိတ်ပျက်နေရတဲ့ ကြားထဲ ရာသီဥတုကလည်း မသာယာ နောက် အိပ်ရာနိုးရင်လည်း ခေါင်းကကိုက်နဲ့ အလုပ်ကို သွားရင် လူက ညည်းစိစိကြီးနဲ့ စိတ်ထဲ မရွှင်မလန်းဖြစ်နေတာ အတော်ကြာပီ အဲတာကြောင့်ထင်တယ် စိတ်ကလည်း မလန်းမဆန်းဖြစ်နေတော့တာပဲ .. အဲတာနဲ့ အိမ်မှာ ဟာသကား ငှားကြည့်တော့လည်း စိတ်နဲ့ လူနဲ့ကလည်း သိပ်မကပ်သလို ဖြစ်နေပြန်တော့ ရီစရာကလည်း မကောင်း စိတ်မလန်းတဲ့ အပြင် ပိုပြီး စိတ်ရှုပ်တဲ့ ခံစားမူပဲ ရတယ် .ဒါနဲ့ ပီးခဲ့တဲ့ […]


နွယ်ပင်January 31, 20134min1937
ကျောက်ကလပ်ဘုရားက အပြန်မှာတော့ ဇွဲကပင်တောင်ဘက်ခဏ0င်ပြီး ကော့ကသောင်ဂူကို ဆက်လက်ထွက်ခွာခဲ့ပါတယ် … ကော့ကသောင်ဂူကို ရောက်တဲ့ အချိန်မှာ နည်းနည်းမှောင်ရီတောင်သန်းနေပင်မယ့် ကားပေါ်ပါ ယောကကျာင်္းလေး အုပ်စုကတော့ စိတ္တသုခရေကန်မှာ ရေဆင်းချိုးဦးမယ်ဆိုပြီး တက်ကြွနေကြလေရဲ့ ဒီကန်မှာတော့ ယောကျာင်္းလေး မိန်းကလေးမခွဲထားဘဲ အတူတူ ဆင်းချိုးရတာ ဖြစ်လို့ ဘယ်မိန်းကလေးမှ ရေချိုးဆင်းတာ မတွေ့ရပါဘူး နောက် ညနေစောင်းလဲ ဖြစ်ပြန် ရေကလည်း တောင်ကြားက ကြလာတဲ့ရေဖြစ်လို့ စိမ့်ပြီးအေးနေတာကြောင့်လဲ ပိုပြီးမချိုးဖြစ်ကြတော့ပါဘူး … ကော့ကသောင်မှာ ဘုရားဖူးပြီး အပြန်မှာတော့ တည်းခိုရမယ့် နေရာကိုပြန်ပြီး ညနေစာစားလို့ ဘားအံမှာ (1) ညအိပ်ပြီး နောက်နေ့ မနက်စောစောမှာတော့ မော်လမြိုင်ကို ဆက်လက်ထွက်ခွာခဲ့ပါတယ် … ေ0းကနေလှမ်းရိုက်ထားသော ဇွဲကပင်တောင် ကော့ကသောင်ဂူ ကော့ကသောင်ဂူ အပြင်ဘက်တွင်တွေ့ရသော မြတ်စွာဘုရားနှင့် ရဟန်းတော်များ […]


နွယ်ပင်January 29, 20135min46115
ဘုရင့်ညီဂူကနေ ကသောကမျောလေး ဘုရားဖူးပြီးမှာတော့ ကျောက်ကလပ်ဘုရားရှိရာကို ထွက်လာခဲ့ပါတယ် … နေ့လည်စာကို မော်လမြိုှုင်မှာမနက် (9း30) လောက်မှာ စားလာခဲ့တယ်ဆိုတော့ ဘုရင့်ညီဂူက အပြန်လမ်းမှာ ဗိုက်တွေက အချက်ပြနေပါပြီ … ဒါနဲ့ ဘာစားရင်ကောင်းမလဲ ဘယ်ဆိုင်မှာ ထိုင်လို့ ကောင်းမလဲဆိုပြီး စားသောက်ဆိုင်လေးတွေကိုလိုက်ကြည့်တော့ သာသနာ့အလံတော်နဲ့ (969) ဆိုတဲ့ တံဆိပ်လေးတွေကပ်ထားတဲ့ ဆိုင်တော်တော်များများကိုတွေ့လိုက်ရတယ် ဒီလိုတံဆိပ်လေးတွေကပ်ထားတာ ဘာမှန်းမသိပင်မယ့် သာ့သနာအလံပါတော့ တစ်ခုခုပဲဆိုပြီး ဒီတံဆပ်လေးကပ်ထားတဲ့ ဆိုင်လေးမှာ အဆာပြေလေး တစ်ခုခုစားဖြစ်ပါတယ် … ပြီးတော့ စပ်စပ်စုစုနဲ့ နွယ်ပင်တစ်ယောက် ဆိုင်ရှင်ဆီမှာ တံဆိပ်လေးတွေ အကြောင်းစုံစမ်းဖြစ်ခဲ့ပါတယ် .. ဆိုင်ရှင်ပြောပြတာကတော့ ဒီ (969) အမှတ်တံဆိပ်လေးတွေက ဆိုင်တွေ၊ အိမ်တွေ၊ ယာဉ်တွေမှာ အမှတ်အသား တစ်ခုအနေနဲ့ရော ဘေးအန္တရာယ်ကင်းရှင်း စေဖို့ အတွက်ရော […]


နွယ်ပင်January 28, 20134min56820
အခုတစ်လော နွယ်ပင်တစ်ယောက် သူများတွေ ခရီးထွက်တယ်ပြောတိုင်း ခရီးထွက်ချင်တယ်ဆိုပြီး ရောဂါရနေတာ တော်တော်ကြာပြီ … ဟိုခရီးဆိုလည်းလိုက်ချင် ဒီခရီးဆိုလည်း လိုက်ချင်နဲ့ သူငယ်ချင်းတွေကိုလည်း ခရီးထွက်ဖို့ လိုက်ဆွယ်နဲ့ တစ်ယေက်ထဲကို ယောက်ယက်ခတ်ပြီး ဂနာမငြိမ်ဖြစ်နေတာလေ … အိမ်က တစ်ယောက်သောသူကိုလည်း တစ်ချိန်လုံး ခရီးသွားမယ်ချည်း ပြောနေလို့ သူလည်းနားပူနေတာ တော်တော်ကြာနေပြိ … ဒါပင်မယ့် ကိုယ်ကသာ ခရီးထွက်ချင်နေတာ ခရီးတွေကလည်း သွားမယ်လို့ ပြင်လိုက် ပျက်လိုက် စီစဉ်လိုက် ပျက်လိုက်နဲ့ နောက်ဆုံးတော့ လက်လျှော့ပြီး သွားတော့ဘူးလို့ စိတ်ကို ဒုံးဒုံးချလိုက်ကာမှ ဟိဟိ တစ်ယောက်သောသူက ခရီးသွားမယ်တဲ့ နက်ဖြန်တဲ့ အလုပ်ကို ခွင့်ယူလိုက်ဆိုပြီးပြောတော့ ဘယ်ရမလဲ သွားချင်ရက်လက်တို့ နွယ်ပင်တို့က အ0တ်စားအိတ်တောင် ပြင်ပြီးသွားပြီ ဒါပင်မယ့် ဘယ်ကို သွားမှန်းမသိသေးဘူး ခရီးကို […]


နွယ်ပင်December 31, 20125min30123
ရာဇာနေ0င်း မိုးယံ စိုးသူ ေ0ဠုကျော် ကောင်းပြည့် ရန်အာင် ခန့်စည်သူ ထွန်းအိန္ဒြာဗို ခိုင်သင်းကြည် သူထူးစံ ခိုင်သင်းကြည် သူထူးစံ သဇင် ပြေတီဦး & အိန္ဒြာကျော်ဇင် မေသန်းနု မြတ်ကေသီအောင် နိုင်နိုင်း ခင်သန်းနု အေးမြတ်သူ လွင်မိုးနှင့် မိသားစု စိုးပြည့်သဇင် & စနီ္ဒမြင့်လွင် ထက်တက်မိုးဦး & ဇူးမြတ်ထက် လူမင်း နှင့် မိသားစု စိုးမြတ်သူဇာ & စိုးမြတ်နန္ဒာ The sign Of love အဖွဲ့သားများ ဓာတ်ပုံ – FOTOMOJAW


နွယ်ပင်December 31, 20124min40635
သက်မွန်မြင့် ချစ်သုေ0 ချစ်စနိုးဦး စရံတီမိုးမြင့် စရံတီမိုးမြင့် အိချောပို ခင်လေးနွယ် ခရစ္စတီးနား 0တ်မှုန်ရွှေရည် 0ိုင်းစုခိုင်သိန်း မိုးယုစံ မေဖြူဖြူ ဖြိုးသိရီခေတ် ပြည့်ဖူးခိုင် နန်းသူဇာ ခင်ဇာခြည်ကျော် ပွင့် ဓာတ်ပုံ – FOTOMOJAW


နွယ်ပင်December 15, 20122min32115
အခုတစ်လော တစ်ကွက် ကာတွန်းလေးတွေကို ခဏခဏ ဖတ်နေမိတယ် ကိုယ်ပြောချင်တဲ့ အကြောင်းအရာကို ကာတွန်းပုံ တစ်ကွက်လေးနဲ့ ထိထိမိမိချပြနိုင်တဲ့ အတွက် သဘောကျနေမိတယ် ဒါကြောင့် သဘောကျမိတဲ့ တစ်ကွက်ကာတွန်းလေးတွေကို တင်ပြပေးလိုက်ပါတယ် …


နွယ်ပင်September 26, 20121min40935
အခုတစ်လော ထမင်းစားရတာ စားမကောင်းလို့ အလုပ်က သူငယ်ချင်းတွေ စုပြီး ချဉ်ငံစပ်လေး တစ်ခုခု ချက်စားကြရအောင်ဆိုပြိး စဉ်းစားတော့ လွယ်လွယ်နဲ့ သိပ် ကိရိကထ သိပ်များနဲ့ “ပုဇွန်အစိမ်းသုပ်နဲ့ တုံယမ်းဟင်းရည်” လေးချက်စားဖြစ်ကြတယ် ဒါနဲ့ ရွာသူားတွေလည်း သားရည်ယိုအောင် အဲ ဟုတ်ပါဘူး :hee: စားစေချင်လို့ တင်ပေးလိုက်ပါတယ်နော် … စားချင်စဖွယ် ပုစွန်အစိမ်းသုပ်လေးပါ …. ပုစွန်အစိမ်းသုပ်မယ်ဆိုရင်တော့ ဗနီကာရယ် ကြက်သွန်နီရယ် ငရုသီးစိမ်းရယ် နံနံပင်ရယ် သံပုရာသီးနဲ့ ဟင်းခတ်မှုန့်တို့လိုအပ်ပါတယ် ။ အရင်ဆုံး ပုဇွန်တွေကို အခွံခွာပြီး ဗနီကာရည်လေးနဲ့ မိနစ်အနည်းငယ်စိမ်ပါတယ် ။ ပုစွန်လေးတွေ နည်းနည်း အနီယောင်သန်းလာပြိဆိုရင်တော့ ဆယ်လို့ရပါပြီ ပြီးရင်တော့ ကြက်သွန်နီပါးပါးလှီး ငရုပ်သီးစိမ်းပါးပါးလှီးကာ သံပုရာသီးလေး ညှစ်လို့ ဟင်းခတ်မှုန့် အနည်းငယ်ထည့်ကာ နောက်ဆုံးမှာတော့ […]


နွယ်ပင်July 27, 20121min37023
ဒါကတော့ နာနတ်သီးနဲ အသီးအရွက်တွေ လှီးထားတာပါ … ကြော်ပြီးသွားတဲ့ နာနတ်သီး ဝက်သား ချိုချဉ်ကြော်ပါ …. တစ်နေ့နေ့ အိမ်ရှင်မတစ်ယောက် အနေနဲ့ ဘာဟင်းချက်ရမလဲ ဘယ်လိုဟင်းလေး ချက်ရင်ကောင်းမလဲဆိုုပြီး စဉ်းစားရတာကလည်း အလုပ်တစ်ခုလိုပါပဲ … ဒါနဲ့ အခုတစ်လော နာနတ်သီးလေးတွေပေါလာတာနဲ့ လုပ်မစားဖြစ်တာကြာပြီဖြစ်တဲ့ နာနတ်သီး ဝက်သား ချိုချဉ်ကြော်လေး လုပ်စားဖို့ စဉ်းစားမိသွားတယ် . ဒီဟင်းလေးက လုပ်စားရတာလည်းလွယ်ကူပြီး ထမင်းနဲ့ပဲစားစား ဒီအတိုင်းလေးပဲ စားစား စားလို့ကောင်းတဲ့အတွက် ရွာသူားတွေအတွက် တင်ပြပေးလိုက်ပါတယ် ။ ပထမဦးဆုံး ဝက်သားကို ဆား၊ ဆနွင်းနယ်တဲ့အထဲ သကြားလေးပါ အနည်းငယ်ထည့်ပြီး ပြုတ်ပေးပါ ။ ဝက်သားပြုတ်နေတုန်းမှာ ပါဝင်တဲ့ အသီးအရွက်တွေကို လှီးချွတ်ထားပါတယ် ။ ဝက်သားပြုတ်အိုးက ရပြီဆိုရင်တော့ ဝက်သားကို အနေတော် […]


နွယ်ပင်June 23, 20122min60433
အခုတစ်လော အနုပညာရှင်ရပ်ဝန်းမှာ နာမည်ကြီးနေတဲ့ အနုပညာရှင်တို့ရဲ့ စုံတွဲပုံရိပ်လေးတွေပါ …အခုလက်ရှိ အပြင်မှာလည်းတကယ်တွဲခုတ်နေကြတဲ့ အနုပညာရှင်တို့ရဲ့ စုံတွဲပုံရိပ်လေးတွေကို မကြည့်ရသေးတဲ့ ရွာသူားတွေအတွက် တင်ပြပေးလိုက်ပါတယ်နော် …… RH Boy + စံရတီမိုးမြင့် မြင့်မြတ်နှင့်သူ၏ Girlfriend အောင်လနှင့်သူ၏ Girlfriend ထွန်းထွန်းနှင့်သူ၏ Girlfriend


နွယ်ပင်June 18, 20121min88752
အခုတစ်လော သင်္ကြန်အပြီးလောက်ကတည်းက တွေ့တွေ့လာရတာက မိန်းကလေးအများစု ချက်ဖော်ပြီး ဝတ်စားလာတာကိုပါ နောက် ဖက်ရှက်ဆိုင်တော်တော်များများမှာလည်း တိုတိုကားကားနဲ့ ချက်ဖော်ပြီး ဝတ်ရတဲ့ အဝတ်စားတွေလည်း တွေ့လာရတယ် ကိုယ်တွေက အသက်ကြီးလာလို့လားတော့ မပြောတက်ဘူး ဒီချက်ဖော်စတိုင်ကိုတော့ ကြည့်ရတာ စိတ်ထဲတစ်မျိုးကြီးပဲ ကဲ MG က ရွာသူားတွေကရော ချက်ဖော်စတိုင်ကို စိတ်ထဲဘယ်လိုနေကြလဲ ပြောကြပါဦး…


နွယ်ပင်May 9, 20121min35515
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရက ၂၄ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် Passport နိုင်ငံကူးလက်မှတ် ထုတ်ပေးလိုက်ပါပြီ။ ယခုအချိန်မှာ အမေစုဟာ နော်ဝေးနဲ့ ဗြိတိန်နိုင်ငံတို့ကို ခရီးထွက်ဖို့ ပြင်ဆင်နေပြီး Passport ကို ပြည်ထဲရေးဝန်ကြီးဌာနက 8.5.12ရက်နေ့တွင် ရန်ကုန်မြို့မှာ ထုတ်ပေးလိုက်တာဖြစ်ကြောင်း NLDမှ တာဝန်ရှိ သူတွေက ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံအတွင်း နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေဖြစ်ပေါ်ပြီး အမေစု ဦးဆောင်တဲ့ NLD ပါတီပါ ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရပြီးတဲ့နောက်မှာအမေစုက Passport ထုတ်ပေးဖို့ လျှောက်ထားခဲ့တာဖြစ်ကြောင်းသိရှိရပါတယ် …


နွယ်ပင်April 4, 20121min53325
နှစ်စဉ်မြန်မာ့ရိုးရာရေသဘင် ပွဲတော်ပျော်မြူးကြပုံတွေက တစ် နှစ်ထက်တစ်နှစ်ပိုမိုထူးခြားမှုတွေ ရှိလာပါတယ်။ ၂၀၁၂ ခုနှစ်ဧပြီ မှာတော့ သင်္ကြန်မတိုင်မီ ဧပြီ (၁) ကို အာရုံစိုက်နေမိလို့သင်္ကြန်ကို တောင်မေ့နေတယ်လို့လူငယ်တစ် ယောက်ကပြောပါတယ်။ ကန်တော်ကြီးနဲ့ အင်းယာကန် ပတ်သတ်လည်မှာ နှစ်စဉ်တိုးမ ပေါက်အောင်စည်ကားနေကြဖြစ် လို့ဒီနှစ်မှာလည်း ကန်တော်ကြီး ရဲ့ ပတ်ပတ်လည်မှ သင်္ကြန်ဖို့ နှစ် ပတ်အလိုကတည်းကမဏ္ဍာပ်တွေ အပြိုင်အဆိုင်ဆောက်နေတာကို တွေ့ရပါတယ်။ ရန်ကုန်မြို့နေလူ ငယ်တွေစိတ်ဝင်တစားစုံစမ်းကြ တာကတော့ မဏ္ဍာပ်ဈေးနှုန်းတွေ ပါ။ တစ်နေ့ချင်းမဏ္ဍာပ်ထိုင်ရင် ဈေးဘယ်လောက်၊ ALL Days ဘယ်လောက်စိတ်ဝင်တစားရှိကြ ပေလိမ့်မယ်။ ကန်တော်ကြီးပဲလေ့(စ်) ဟိုတယ်အနီးက ဆောက်လုပ်နေ ဆဲမဏ္ဍာပ် (၈)ခုက ဈေးနှုန်းတွေ မှာ အမျိုးမျိုးတွေ့ရပါတယ်။ ဈေး အသက်သာဆုံးတွေ့ခဲ့ရတာကတော့ Friends 4ever မဏ္ဍာပ်ပါ။ All Days […]