Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


နွယ်ပင်March 30, 20121min156837
ရန်ကုန်မြို့အတွက် လျှပ်စစ်မီးဖြန့်ဖြူးပေးဝေမှုကို ဧပြီ ၂ ရက်မှ စတင်၍ အလှည့်ကျမီးပေးစနစ်ဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ ဒုတိယ ဥက္ကဋ္ဌဦးမောင်မောင်လတ်ကပြောသည်။ မီးပေးဝေမှုကို နှစ်စဉ်ကဲ့သို့ A.B.C အုပ်စု (၃)ခုခွဲ၍ မနက် ၅ နာရီမှ ၁၁ နာရီတစ်ကြိမ်၊နေ့လည် ၁၁ နာရီမှညနေ ၅ နာရီတစ်ကြိမ်၊ ညနေ ၅ နာရီမှ ည ၁၁ နာရီ အထိ တစ်ကြိမ်၊ ည ၁၁ နာရီမှ နံနက် ၅ နာရီအထိ တစ်ကြိမ်နှုန်းဖြင့် အလှည့်ကျ ပေးဝေသွားမည် ဖြစ်သည်။ထို့ကြောင့် အုပ်စုတစ်စု မှာ တစ်ရက်လျှင် ၆ နာရီကြာမီး ပေးချိန်နှစ်ကြိမ်ရမည်ဖြစ်သည်။ အုပ်စုခွဲမီးပေးဝေရခြင်းမှာ လျှပ်စစ်သုံးစွဲမှုပမာဏမြင့်တက်လာ ပြီး ထုတ်လုပ်မှုအပိုင်းမှာ တိုး၍ထုတ်လုပ်နိုင်ခြင်းမရှိသောကြောင့် […]


နွယ်ပင်March 29, 20121min3396
ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိ ရုပ်ရှင် ဇာတ်ကားရိုက် ကူးရေးအတွက် ဗိုလ်ချုပ်အောင်ဆန်း နေရာတွင် ပါဝင် သရုပ်ဆောင်ရန် လာရောက် လျှောက်ထားသည့်လူ ၁၅ရ ဦးအနက်မှ သရုပ်ဆောင် (၁၄) ဦးအား မဏာမ ရွေးချယ်လိုက်ပါသည်။ ထိုရွေးချယ်မှုကို မတ်လ ၂၄ ရက်နေ့က ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့ ရုံးခန်း၌ အမှတ် (၁၀၁-ဘီ) ၊ ဓမ္မစေတီလမ်း ၊ ကမာရွတ်မြို့နယ် ၂၄/၃/၂၀၁၂ ရက်နေ့ ညနေ ခြောက်နာရီ ပြုလုပ်သော ၁၀/၂၀၁၂ ပုံမှန် အစည်းအဝေး၌ ရွေးချယ်လိုက်ခြင်း ဖြစ်သည်။ ထိုရွေးချယ်ခြင်း ခံရသည့် သူများကို ဧပြီလ (၇) ရက်တွင် လူတွေ့ စစ်ဆေးမည်ဖြစ်၍ မပျက်မကွက် လာရောက်ရမည် ဖြစ်သည်။ ပဏာမ […]


နွယ်ပင်March 22, 20122min189836
ငါးကိုဆားဆနွင်းနယ်ထားတာပါ သရက်သီးလေးကို ဒီလိုလေး ပါးပါးလှီးတယ် တစ်နေ့တစ်နေ့ အိမ်ရှင်မတစ်ယောက်ရဲ့ တာဝန်ကလည်း မသေးဘူး ချက်ရပြုတ်ရ လျှော်ရဖွတ်ရနဲ့ ဟင်းတွေကလည်း နေ့တိုင်းချက်နေရတော့ ဘာချက်ရမှန်းကို မသိတော့ဘူး အပြောင်းအလဲ လေးလဲဖြစ်အောင်နေ့တိုင်းစားနေရတာနဲ့ မတူအောင် တစ်မျိုးလေးစမ်းချက်ကြည့်မယ်ဆိုတော့ ဒီတစ်ပတ်ထုတ် 7 day journal ထဲက ငါးဟင်းလေးချက်ကြည့်မလား စိတ်ကူးမိတယ် ။အခုဟာ ရာသီဥတုကလည်း ပူလာတော့ သိပ်အီတာမျိုးမဟုတ်ဘဲ ငါးကို ချဉ်စပ်လေး ချက်စားဖြစ်တယ် ။ အရင်ဆုံး ငါးကိုဆားဆနွင်းနယ်ပြီး နပ်ထားတုန်း သရက်သီးစိမ်း ခပ်ရွယ်ရွယ်တစ်လုံးကို ခပ်ပါးပါးလေးလှီးထားပါတယ် .ပြီးရင် ကြက်သွန်ဖြူနီကိုဆီသတ် ငပိစိမ်းစားလေး နည်းနည်းပါထည့်ပြီး သတ်ပါတယ် ဆီသတ်တာ ရလောက်ပြီဆို ခုနကလှီးထားတဲ့ သရက်သီးစိမ်းလေးကို ထည့်ပြီး သရက်သီးနွမ်းသွားပြီဆို ဆားဆနွင်းနယ်ထားတဲ့ ငါးကိုထည့် ရေအနည်းငယ်ထည့်ပြီးဆူအောင်တည်ပါတယ် ။ ဟင်းအိုးကဆူပြီဆိုရင်တော့ […]


နွယ်ပင်March 21, 20121min53412
အမေရိကန် ပါမောက္ခ ရောဘတ်လိုင်ဘာမင် ရိုက်ကူးခဲ့သော မှတ်တမ်းတင် ရုပ်ရှင်ဇာတ် ကားဖြစ်သည့် They call it Myanmar:Lifting the Curtain ကို အမေရိကန်ပြည် ထောင်စု၏ ရွေးချယ် သတ်မှတ်ထားသောရုံ များတွင် စတင် ပြသလျက် ရှိနေသည် ဟု အေပီ သတင်း တစ်ရပ်အရ သိရသည်။ အဆိုပါမှတ်တမ်းတင်ရုပ်ရှင်ဇာတ်ကား ကို ပါမောက္ခ ရောဘတ်လိုင်ဘာမင်သည် မြန်မာနိုင်ငံသို့ ပြည်တွင်းမှ ရုပ်ရှင် ထုတ်လုပ်သူများ အားလေ့ကျင့်ပေးရန် သွား ရောက်ရာ တွင် ၎င်း၏ ကိုယ်ပိုင် မှတ်တမ်းတင် ရုပ်ရှင်ဇာတ်ကား အဖြစ် ရိုက်ကူးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ ထိုဇာတ်ကားက သတိမူမိစေရန် ပြုထား သည်မှာ မကြာသေးမီက မြန်မာနိုင်ငံသည် စွန့်စားမှုနှင့် မကင်းသောပြုပြင်ပြောင်းလဲမှုများ […]


နွယ်ပင်March 19, 20121min84119
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်သူ့လွတ်တော်ဥက္ကဌ သူရဦးရွှေမန်းမှ ဝန်ထမ်းတွေကိုလစာတိုးပေးရန်နှင့် ဝန်ထမ်းများအကျင့်ပျက်ခြစားမှုများရှိပါက ထိရောက်စွာအရေးယူရန် ပြောကြားခဲ့ ပြီးနောက် ဝန်ထမ်းများကို ထောက်ပံ့ကြေးငွေ (၃၀၀၀ဝိ)ကျပ်စီ တိုးမြင့်ပေးလိုက်ပြီဖြစ်ပါတယ်။ ဒီအမိန့်ထုတ်ပြန်ပြီးနောက်ရက်မှာဘဲ ရန်ကုန်တိုင်း ဒေသကြီး၊ ကျောက်တံတားရဲစခန်းမှ စခန်းမှူးရဲအုပ်ဇော်နိုင်အောင်နှင့်ဒုရဲအုပ်အောင်ကျော်သူ တို့သည် ဒေါ်လာပွဲစား(၃)ဦးအား ဖမ်းဆီးချုပ်နှောင်ထားပြီးမှ လာဘ်လာဘအဖြစ် ငွေကျပ်(၄)သိန်း တောင်းကာ ပြန်လွှတ်လိုက်ပါတယ်။ ဒီကိစ္စနဲ့ပါတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာနမှဝန်ကြီးသိရှိသွားပြီး ချက်ခြင်းဘဲ စစ်ဆေးခိုင်းကာ အဖြစ်မှန်ပေါ်ပေါက်တဲ့အတွက် စခန်းမှူးရဲအုပ်ဇော်နိုင်အောင်နှင့်ဒုရဲအုပ်အောင်ကျော်သူတို့ထံမှ ချက်ခြင်းလပ်ယူထားသည့်ငွေများအား သိမ်းဆီးကာ အမှုနှင့်ဖမ်းချုပ်စစ်ဆေးနေပါတယ်။ ဒါကြောင့် ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း၏ ပြောကြားချက်အား ပြည်ထဲရေးဝန်ကြီးမှ ချက်ခြင်းအကောင်အထည်ဖော်လျှက်ရှိပါကြောင်း ဝန်ထမ်းများအနေဖြင့် လပ်ပေးလပ်ယူကိစ္စ များကို မပြုလုပ်ကြရန်ရှောင်ရှားနိုင်ရန်အတွက်ကျောက်တံတားမြို့နယ်မှ ဝန်ထမ်းတစ်ဦးအနေဖြင့် ဝန်ထမ်းများသိရှိနိုင်ရန် အသိပေးတင်ပြပါတယ်။ ကျောက်တံတားမြို့နယ်မှ ဝန်ထမ်းတဦး မှတ်ချက် ။ သစ်ထူးလွင်မှဖော်ပြသည် ။


နွယ်ပင်February 28, 20121min4068
မကြာမီ ကာလတစ်ခုအတွင်း ယာဥိစီးခများကို i-Pay ကတ်စနစ်များဖြင့် အသုံးပြုသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မထသ (ဗဟို)မှ အတွင်းရေးမှူးဦးဘမြင့်က ဖလား ဝါးနယူးစ်ဂျာနယ်သို့ ပြောကြားခဲ့ပါသည် ။ အဆိုပါ i-Pay ကတ်စနစ်ကို အသုံးပြုရန်အတွက် ကစ္ဆပနဒီကုမ္ဂဏီမှ စက်များနှင့် ကတ်များကို အခမဲ့ပေးဝေ တပ်ဆင်ပေးသွား မည်ဖြစ်ကြောင်း၊ထိုသို့ ပြုလုပ်ရန်အတွက်လည်း ၎င်းကုမ္ဂဏီအနေ ဖြင့် အစိုးရအဖွဲ့သို့ တင်ပြထားကြောင်း သိရသည်။” ‘i-Pay ကတ်စနစ်က တော်တော်ကို ကောင်းတာပါ။ ကစ္ဆပနဒီဆိုတဲ့ ကုမ္ဂဏီက ဒီစက်ကို ကားတစ်စီးစီး ပေါ်မှာ တစ်လုံးအခမဲ့ တပ်ပေးမယ်။ နောက်ခရီးသွားတွေအတွက်လဲငါးရာတန်၊ တစ်ထောင်တန်ကတ်တွေ ကို အခမဲ့စဝေပေး မယ်လို့ပြောပါတယ်။ အသုံး ပြုရမယ့်ပုံစံက ခြစ်ရတဲ့စနစ်မဟုတ်ဘူး။ ကတ်ကိုစက်နဲ့ကပ်လိုက်ရင် သူရဲ့ခရီးစဉ်ကို အော်တိုဖြတ်ပေးတယ်။ ဘယ်တော့လောက်ဖြစ်မလဲ ဆိုရင် […]


နွယ်ပင်February 27, 20121min148575
အတိုကြိုက်တဲ့မမ 43ကားပေါ်မှာ ပေါင်ကိုကိုက်ခံရသတဲ့…. ဒီဘလော့က တခြားဘာသာကိုယိုးစွပ်တာလည်း မဟုတ်ပါဘူး။ ကိုယ်တို့မြန်မာမိန်းခလေးတွေ အနေအထိုင် မတတ်လို့ခံရတာကိုပြောချင်တာပါ။ မိန်းခလေးတယောက်က ဒီအကြောင်းကိုပြန်ပြောပြရတာ ရှက်ဖို့တော့ ကောင်းပေမယ့် မတတ်နိုင်ဘူးလေ။ ဒါကတော့ ပြောပြအသိပေးရမှာပဲ။ ကဲ…. 43ကားပေါ်မှာပေါ့။ ကားကကြပ်ကြပ်နဲ့ဆိုပေမယ့် စပယ်ယာကလည်း ချောင်ပါတယ်အော်ပြီး လူခေါ်။ ကားပေါ်ကလူတွေကလည်း ဟိုနားကပ် ဒီနားတိုးပေါ့။ အဲ့အချိန် ဘောင်းဘီပေါင်သာသာဝတ်ထားတဲ့ မမ ခြေတံကလည်းလှမှလှနဲ့ ကားပေါ်တိုးတက်လာရော။(သူ့အလှသူဖော်တာ…. ဒါဘာမှားလို့လဲနော်) နေစရာ နေရာလိုက်ရှာ၊ မရှိတော့ ထိုင်ခုံတစ်ခုံနားတိုးပြီး ရပ်တယ်။ ထိုင်ခုံမှာထိုင်နေတာက (ကန်တော့နော်) ကုလား။ ဘယ်ယောက်ျားမဆိုတော့ ကိုယ့်ရှေ့မှာ ခြေတံအဖွေးသားနဲ့ လာရပ်နေရင် စိတ်တော့လှုပ်ရှားတာပဲ(နော့..)။ ဒီမှာလည်းဒီလိုပဲ။ တစ်မှတ်တိုင်လောက်လည်း စီးပြီးရော အဲ့ကုလားက မမရဲ့ပေါင်ကို လှမ်းနမ်းတယ်ဆိုပဲ (အဲ ဘယ်လိုသုံးရမှန်းကိုမသိပါဘူး…. စိတ်တွေလည်းညစ်ပါတယ်) မမက အော်တာပေါ့။ […]


နွယ်ပင်February 25, 20121min104625
ရန်ကုုန်မြို့မှာပြေးဆွဲနေတဲ့ အမျိုးသမီး သီးသန့်ယာဉ်လိုုင်းတွေကိုု အမျိုးသမီးထုုက သဘောကျကျေနပ်တဲ့ အတွက် တိုုးချဲ့ပြေးဆွဲသွားဖိုု့ရှိနေပါတယ်။ အမျိုးသမီးတို့၏ ကာယိန္ဒြေအချက်ပေး ကာကွယ်ရန် အင်္ဂါနေ့တိုင်း ဝီစီဝေပြီ ဆိုတဲ့ အကြောင်းကိုလည်း ပေါ်ပြူလာ သတင်းမှာအခုလိုဖော်ပြထားပါတယ်။ Whistle for help အစီအစဉ်အရ အပတ်စဉ် အင်္ဂါနေ့တိုင်း ရန်ကုန်မြို့တွင်း လူစည်ကားရာ အရပ်များတွင် ဝီစီနှင့် အသိပေး စာစောင်များကို ဝေငှနေကြောင်း အခရာ အမျိုးသမီးအဖွဲ့မှ သိရသည်။ ရန်ကုန်မြို့တွင်း ဘတ်စကားယာဉ်များတွင် အမျိုးသမီးများအပေါ် ကာယိန္ဒြေနှာင့်ယှက်မှုကို ရပ်တန့်ရန် ရည်ရွယ်၍ ဖေဖော်ဝါရီ ရ ရက်နေ့မှ စတင်ကာ ဝေငှခြင်းဖြစ်ကြောင်း ယင်းအဖွဲ့မှ သိရသည်။ ကာယိန္ဒြေ နှောင့်ယှက်ခံရမှုသည် အမျိုးသမီးများ အတွက် ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်ခြင်းကြောင့် အမျိုးသမီးများ အနေဖြင့် ယခုကဲ့သို့ နှောင့်ယှက် […]


နွယ်ပင်February 24, 20121min70514
ကိုမင်းကိုနိုင်မှ ကို်ဆောင်းဦးလှိုင်၏ ပုံတူပန်းချီကားအား အမှတ်တရအဖြစ် ပေးအပ်စဉ် ၁၇.၂.၂၀၁၂ (သောကြာနေ့) ည (ရးဝ၀) နာရီအချိန်တွင် ရန်ကုန်မြို့၊ အမျိုးသားကဇာတ်ရုံ၌ ကျင်းပခဲ့သော ဆောင်းဦးလှိုင်(တစ်ကိုယ်တော်) ဖျော်ဖြေမှု “နှလုံးသားတွေလှူမယ့်ည” တေးဂီတ ဖျော်ဖြေ ပွဲတွင် ရရှိသမျှ ဝင်ငွေအားလုံး (၁၂၆) သိန်းတိတိအား သုံးပုံခွဲ၍ နာရေးကူညီမှုအသင်း(ရန်ကုန်)၊ ၈၈ ကျောင်းသားများအဖွဲ့တို့အား လှူဒါန်းပြုလုပ်မည် ဖြစ်သော်ငြားလည်း ယင်းည ဖျော်ဖြေပွဲ၌ စင်မြင့်ပေါ်သို့ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌနှင့် ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်တို့အား တက်ခွင့် မပြုခြင်း၊ အသင်း၏ ယူနီဖောင်းဖြစ်သော အဖြူအနက် ဝတ်စုံတို့အား လဲလှယ်ခိုင်းခြင်း၊ နာရေးကူညီမှု အသင်း(ရန်ကုန်) မော်တော်ယာဉ်များအား အမျိုးသားကဇာတ်ရုံ ဝင်းအတွင်းသို့ ဝင်ရောက်ခွင့် မပြုခြင်း စသည့် အခက်အခဲ အပိတ်အပင်များကြောင့် စင်မြင့်ထက်ပေါ်တွင် […]


နွယ်ပင်February 21, 20121min183341
အခုတစ်လော အမျိုးသမီးသီးသန့် ယာဉ်လိုင်းတွေ ပေါ်လာလို့ ကားပေါ်မှာ မိန်းကလေးတွေကို နှောင့်ယှက်တဲ့ ကာအိန္ဓြပျက်ပြားစေတဲ့ အပြုအမူတွေ နည်းသွားတော့မှာပါဆိုပြီး ဝမ်းသာလို့မှ မဆုံးဘူး … မနေ့က အလုပ်ကို ပြန်ရောက်ပြီး သိပ်မကြာဘူး အိမ်ကိုလာနေကျ အစ်မဝမ်းကွဲ အပျိုကြီးတစ်ယောက် ဒေါကြီးမောကြီးတက်လာပါရော ဒါနဲ့ ဘာဖြစ်လာတာလဲ ဆိုပြီးမေးတော့ ကားပေါ်မှာ ထောက်လှမ်းရေးတစ်ယောက်နဲ့ ကြုံတာ ပညာပေးခဲ့ပြီး ဒေါပွလာခဲ့တာပါတဲ့ အဲ့တာနဲ့ နွယ်ပင်ကလည်း စိတ်လျှော့ပါ ကိုယ်ကလည်း ပညာပေးခဲ့တယ်ဆိုသေး ဘာဖြစ်လို့ ဒေါသထွက်ရတာလဲဆိုပြီးမေးတော့ သူက ဖြစ်ကြောင်းရယ် ကုန်စင်ကိုပြောပြပါတော့တယ် ….. Xxxxxxxxxxxxxxxxxxxxxxxxxxxx အစ်မက သူ့တို့အိမ်မှာ အလှူရှိလို့ အမျိုးတွေအိမ် လိုက်ဖိတ်ပါတယ်တဲ့ ဇဝန မှာရှိတဲ့ အမျိုးအိမ်ကို ဖိတ်ပြီး နောက်ဆုံး နွယ်ပင်တို့ အိမ်ပဲ ကျန်တော့လို့ အဲ့ကနေ […]


နွယ်ပင်February 20, 20121min4007
2012 ဧပြီ (1) ရက်နေ့တွင် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ (17) ပါတီ၏ မူဝါဒသဘောထား လုပ်ငန်းစဉ်များကို ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီစဉ်များမှ စည်းရုံးဟောပြောရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အချိန်ဇယားဖြင့် သတ်မှတ်ထုတ်ပြန်ထားပါသည် ။ မတ်လ ၁၄ ရက်နေ့မှာတော့ အမျိုးသားဒီမိုကရေစီ အဖွဲ ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ မြန်မာ့အသံ ရေဒီယိုနဲ ့ ရုပ်မြင်သံကြားကနေတဆင့် စည်းရုံး ဟောပြောပါမယ် ။


နွယ်ပင်February 17, 20121min140233
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ပြည်တွင်းကုမ္ပဏီ (၂၃)ခုမှ ပူးပေါင်း၍ တန်ဖိုးနည်း ဂျီအက်စ်အမ်ဖုန်း သန်း ၄ဝ စီမံကိန်းမှ ပထမအရစ်ဖုန်းအလုံးပါ တစ်သန်းခွဲကို မတ်လ ပထမပတ်အတွင်း ချထားပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရှိရပါသည်။ “မတ်လအတွင်းတော့ ဖြစ်အောင်ချထားပေးမှာပါ။ တန်ဖိုးကတော့ ကျပ်နှစ်သိန်းဖြစ်မှာပါ။ ရန်ကုန်မြို့အတွက် ဖုန်းအလုံးပါ တစ်သိန်းခွဲ သတ်မှတ်ထားပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာအတွက် တစ်သန်းခွဲလောက် သတ်မှတ်ထားပါတယ်ခင်ဗျာ” ဟု မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့ပါတယ် ။ မှတ်ချက် ။ သစ်ထူးလွင်မှ ဖော်ပြပါသည် ……………