Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

လစာတိုးပေးပြီးပထမဆုံး လာဘ်ပေးလာဘ်ယူကိစ္စအရေးယူခြင်း

နွယ်ပင်March 19, 20121min81219

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်သူ့လွတ်တော်ဥက္ကဌ သူရဦးရွှေမန်းမှ
ဝန်ထမ်းတွေကိုလစာတိုးပေးရန်နှင့် ဝန်ထမ်းများအကျင့်ပျက်ခြစားမှုများရှိပါက
ထိရောက်စွာအရေးယူရန် ပြောကြားခဲ့
ပြီးနောက် ဝန်ထမ်းများကို ထောက်ပံ့ကြေးငွေ
(၃၀၀၀ဝိ)ကျပ်စီ တိုးမြင့်ပေးလိုက်ပြီဖြစ်ပါတယ်။

ဒီအမိန့်ထုတ်ပြန်ပြီးနောက်ရက်မှာဘဲ ရန်ကုန်တိုင်း
ဒေသကြီး၊ ကျောက်တံတားရဲစခန်းမှ စခန်းမှူးရဲအုပ်ဇော်နိုင်အောင်နှင့်ဒုရဲအုပ်အောင်ကျော်သူ တို့သည် ဒေါ်လာပွဲစား(၃)ဦးအား ဖမ်းဆီးချုပ်နှောင်ထားပြီးမှ လာဘ်လာဘအဖြစ် ငွေကျပ်(၄)သိန်း တောင်းကာ
ပြန်လွှတ်လိုက်ပါတယ်။

ဒီကိစ္စနဲ့ပါတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာနမှဝန်ကြီးသိရှိသွားပြီး ချက်ခြင်းဘဲ စစ်ဆေးခိုင်းကာ အဖြစ်မှန်ပေါ်ပေါက်တဲ့အတွက် စခန်းမှူးရဲအုပ်ဇော်နိုင်အောင်နှင့်ဒုရဲအုပ်အောင်ကျော်သူတို့ထံမှ ချက်ခြင်းလပ်ယူထားသည့်ငွေများအား သိမ်းဆီးကာ အမှုနှင့်ဖမ်းချုပ်စစ်ဆေးနေပါတယ်။

ဒါကြောင့် ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း၏ ပြောကြားချက်အား ပြည်ထဲရေးဝန်ကြီးမှ ချက်ခြင်းအကောင်အထည်ဖော်လျှက်ရှိပါကြောင်း ဝန်ထမ်းများအနေဖြင့် လပ်ပေးလပ်ယူကိစ္စ များကို မပြုလုပ်ကြရန်ရှောင်ရှားနိုင်ရန်အတွက်ကျောက်တံတားမြို့နယ်မှ ဝန်ထမ်းတစ်ဦးအနေဖြင့် ဝန်ထမ်းများသိရှိနိုင်ရန် အသိပေးတင်ပြပါတယ်။

ကျောက်တံတားမြို့နယ်မှ ဝန်ထမ်းတဦး

မှတ်ချက် ။ သစ်ထူးလွင်မှဖော်ပြသည် ။

19 comments

  • နတ်ဆိုးလေး

    March 19, 2012 at 12:23 pm

    အင်းကိစ္စသေးသေးလေးတွေ ဘဲ လုပ်ပြနေလို့ ဘာမှ အရေးမပါဘူးထင်တယ်။ ချဲ ဖမ်းတဲ့ ကိစ္စတွေမှာ ဒိုင်ကြီးတွေ မဖမ်းဘဲနဲ့ ကော်မရှင်လေး တွေ လိုက်ဖမ်းတာ ဟာ လုံးဝမဖြစ်သင့်ပါဘူး။ ဘာလို့ အဓိက မိန်းတွေ ကျတော့ မဖမ်းဘဲနဲ့ လက်ခွဲလေးတွေကို ဖမ်းရတာလဲ။ အမှန်က သူတို့ တွေက ဦးစားပေးဖမ်းရမှာပေါ့ ။ ပိုက်ဆံမရှိလို့ စီးပွားရေး အဆင်မပြေလို့ ချဲရောင်းပြီထမင်းစားနေတဲ့ သူတွေကြ အကုန်လိုက်ဖမ်းပြီး ဖုန်းတလုံးနဲ့ တနယ်လုံးဖြန့်နေတဲ့ ပုဂ္ဂိုလ်တွေကြ လွတ်ထားတယ်။ဘာလို့လဲ ? ရှင်းရှင်းလေး အကောင်ကြီးရင် ပိုက်ဆံ များများရတယ်။ ကော်မရှင်တွေက အဲ့လောက်မှ မပေးနိုင်တာကိုး။ဒါလား ပျောက်မှာ လာဘ်ပေးလာဘ်ယူ။

  • နတ်ဆိုးလေး

    March 19, 2012 at 12:30 pm

    ကိုအံစာ ထိပ်ဆုံးကချည်းဘဲ သူကအရင်ဦးသွားပြန်ပြီ။ တော်တော် လက်သွက်တာဘဲ ။

  • etone

    March 19, 2012 at 1:45 pm

    တကယ့်ကိုပြောင်းလဲနေလျှင်လည်း တိတိလင်းလင်းပြောင်းလဲဖို့ လိုပါတယ် .. ရေတတ်ငါးဇင်ရိုင်းလို လုပ်လို့ မရပါဘူး …. ။
    နေရာတိုင်းမှာ ထိထိရောက်ရောက် အရေးယူမှုတွေလည်း ပြုလုပ်သင့်ပါတယ် … ။ လာဘ်ပေးလာဘ်ယူစနစ်ဆိုးပြီး .. ပျောက်ပြယ်သွားသင့်ပြီ … ။

  • နွယ်ပင်

    March 19, 2012 at 1:58 pm

    ပြောင်းလဲဖို့ဆိုတာကတော့ လိုဦးမယ်ထင်တယ် …
    ဒီအကျင့်ကြီးက ရှေးရိုးစွဲလာသလို စွဲနေတာဆိုတော့
    လာမယ်ကြာမယ်ထင်ပါတယ် …………… 🙁
    လာဘ်ပေးလာဘ်ယူစနစ်ဆိုတာက ပျောက်ပြယ်သွားသင့်တာ ကြာပါပြီ ……..

  • ဆူး

    March 19, 2012 at 3:18 pm

    အကောင်းဘက်ကို ဦးတည် လာဖို့ မျှော်လင့်ပါတယ်။
    လာဘ်စားရင် သေဒဏ် ဆိုတဲ့ တရုတ်မှာတောင် မျိုးမှ မပြုတ်တာ သိပ်တော့ မထင်ဘူး။
    ပေါ်ပေါ်တင်တင် မဟုတ်ပဲ နည်းနည်း ရွံ့သွားမယ်လို့ပဲ ထင်တယ်။

  • pyaponthu

    March 19, 2012 at 4:17 pm

    ခေါင်က မှမလုံတာ။အရင်ဆုံး ခေါင်ကို ကြိုတင်ကာပါ။ဒါမှမဟုတ်ရင် သူတို့လူကြီးတွေ လဒ်စားတာကော ဘယ်လို အပြစ်ပေးမလဲ။ပြည်သူ့ အသံကိုမှန်မှန်ကန်ကန် ဖေါ်ပြပေးတဲ့သစ်ထူးလွင်ဆိုဒ်ကို ပိတ်ပစ်တာကော ဘာသဘောလဲ။မီဒီယာ လွတ်လပ်ခွင့်ဆိုတာ ဘာလဲ….အောက်ခြေကိုမကြည့်နဲ့အပေါ်အရင်ရှင်း

    • myanmarcitizen

      March 19, 2012 at 5:09 pm

      အဲ့ဒါပြောတာပေါ့ ပါးစပ်က ဘုရားဘုရား လက်က ကားယားကားယားဆိုတာ။ ဒီနေ့မှပိတ်လိုက်တာ ထင်တယ် မနက်ကတောင်ခနကြည့်လိုက်သေးတယ်။နာက်ပြန် ဖွင့်ကြည့်တော့မရတော့ဘူး။ ကိုမိုးသီးဇွန်လဲ ပြန်လာပါခေါ်တယ် ဒါပေမယ့် သူ့ blog ကတော့ ဘန်းထားတုန်းပဲ။ လုပ်မယ်ဆိုရင်လဲ ထိထိရောက်ရောက်လုပ်ပါ။ တောင်းစား၊ ခိုးစား၊ ဟောက်စား၊ ချောက်စား၊ လုစား၊ နေတဲ့သူတွေအများကြီးပါ သေသေချာချာ အရေးယူ သင့်တယ်။ customဆိုသိပ်ဆိုး (ရာထူးကဖြင့်သေးသေး ဖုန်းနဲ့၊ ကားနဲ့၊ အိမ်နဲ့ သူ့လခဘယ်လောက်ရလို့ ဝယ်နိုင်မှာလဲ) နောက်ပြီး ပြည်ထဲရေး passport ရုံးမှာလဲ ခုထိ ဟိုအနား ၁၀၀ဝ ဒီအနား ၁၀၀ဝ ပေးရတဲ့ ကိစ္စမပျောက်သေးဘူးထင်တယ်။

    • ကြောင်လေး

      March 20, 2012 at 8:21 am

      -ဝုတ်ဒယ်
      -ပျာပုံသူပြော ဒါ ထောက်ခံတယ်။
      “လစာတိုးပေးပြီး”ပထမဆုံး လာဘ်ပေးလာဘ်ယူကိစ္စအရေးယူခြင်း မဟုတ်ပါဘူး၊
      လစာမတိုးသေးပါဘူး၊တိုးဖို့ ကြေညာထားတာပဲရှိပါသေးတယ်၊ ဧပြီမှ စခံစားရမှာပါ၊
      အဲဒါသူတို့ဟာသူတို့………………………………………………………………….
      …………………………………………………………………………………………

  • နတ်ဆိုးလေး

    March 19, 2012 at 7:25 pm

    ကြည့်ချင်ကြတယ်ဆိုရင် သစ်ထူးလွင် ဆိုဒ်ကိုကြည့်လိုရပါတယ်။ ultrasurf 10.17 နဲ့ Proxy ကျော်ကြည့်လို့ ရပါတယ်။

  • htet way

    March 19, 2012 at 8:56 pm

    ကောင်းတယ်ဗျာ ။
    ငွေများတရားနိုင်ဆိုတဲ့ စကားပုံကိုပြင်ချိန်ရောက်ပြီ။
    နယ်ကို ဒီလိုလုပ်ရင် အင်း…. ။

  • ပေစိ

    March 19, 2012 at 10:47 pm

    ကြိုက်တယ်ဗျို့အားပေးပါတယ် ပြည်ထဲရေးဝန်ကြီးခင်ဗျား အခြားလာဘ်စားတဲ့သူတွေရှိသေးတယ် နေပြည် တော်မှာပဲ ဆက်ဖမ်းပေးပါဦး

  • surmi

    March 19, 2012 at 11:23 pm

    ကောင်းလှောင်.တေး ….ကောင်းလှောင်.တေး (ဆရာကြီး အီကြာကွေးလေသံ)
    တစ်ကယ်သာဒီလိုဆိုရင် တိုင်စရာတွေအများကြီးဘဲဗျ ။ တိုင်ဦးမယ် …..။

  • yaungchikha

    March 20, 2012 at 12:27 pm

    ခေါင်းဆောင်ပိုင်းက စပြီးပြုပြင်မှရမှာပါ၊ စံပြဆိုပြီးလာဘ်ယူတဲ့လူ တစ်ယောက်နှစ်ယောက်ကို အရေးယူပြလိုက် ပြီးရင် ဒုံရင်းဒုံရင်းနဲ့ ပြန်ဖြစ်လိုက်နဲ့ပါ၊ လုပ်မယ်ဆိုရင်လည်း တကယ့်ကို ထိထိရောက်ရောက် သာတူညီမျှမခွဲခြားပဲ လုပ်တာကောင်းပါတယ်၊

  • Khaing Khaing

    March 20, 2012 at 4:21 pm

    နိုင်ငံတော်ကလူတွေအကြောင်းမပြောချင်ဘူး စိတ်ညစ်လွန်းလို့ ပြောမဆုံးပေါင် တောသုံးတောင်ဆိုလားပဲ….

  • နေဝန်းနီ

    March 20, 2012 at 9:58 pm

    ဧပြီ1 ရက်နေ့အမှီ မဲဆွယ်နေတာ….။ အဲဒိလိုသာလုပ်ရင် လက်ရှိဝန်ထမ်း 60% လောက်ကုန်သွားမယ် တစ်ပတ်ထဲနဲ့…..။

  • ကိုတတ်ပ

    March 21, 2012 at 5:10 am

    လာဘ်ယူတဲ့သူတွေက ၉၉ ရာခိုင်နှုန်းလောက်ရှိနေတာ ဆိုတော့
    တပတ်ထဲနဲ့ ပြုတ်ပြုတ်ပြုန်းတော့မှာ ။
    ဟိဟိ ဘာပဲ ဖြစ်ဖြစ် အားရတယ် ။

  • MaMa

    March 21, 2012 at 8:09 am

    ဖတ်ဖူးတဲ့ (မစန္ဒာရေးတာထင်တာပဲ) ဂြိုလ်ကြီးကိုးလုံးဆိုတဲ့ မဂ္ဂဇင်းဝတ္ထုတိုတစ်ပုဒ်ကို သွားသတိရမိတယ်။
    မှတ်မိသလောက် ပြန်ပြောပြရမယ်ဆိုရင်…………..
    ရှင်ဘုရင်သံလျှက်ပျောက်လို့ ရှာမရတဲ့အဆုံး သီလသမာဓိနဲ့ ပြည့်စုံတယ်လို့ နာမည်ကြီးတဲ့ အမတ်ကြီးကို တာဝန်ပေးလိုက်တယ်။
    အမတ်ကြီးက သူ့သီလသမာဓိတွေနဲ့ နတ်ကောင်းနတ်မြတ်တွေကို တိုင်တည်ပြီး နိုင်ငံမှာရှိတဲ့ သူခိုးတွေခေါင်းမှာ ချို (ဦးချို) ပေါက်ပါစေလို့ ဆုတောင်းလိုက်တယ်။
    သူ့ သခိုးဖမ်းနည်း သူသဘောကျပြီး တာဝန်တစ်ခုချောချောမောမော ပြီးမြောင်အောင်မြင်တော့မှာကိုတွေးပြီး နှစ်နှစ်ခြိုက် အိပ်ပျော်သွားတယ်။
    နောက်တနေ့မနက်ကျတော့ အမတ်ကြီးကတော်က အိပ်ယာထ နောက်ကျတဲ့ အမတ်ကြီးကို နှိုးဖို့သွားတော့ အိပ်ခန်းဝကနေ အလန့်တကြား အော်ပြီး ပြေးတော့တာပဲတဲ့။
    (ဘာဖြစ်လို့လည်းတော့ မသိဘူး။) 😆

    • ကြောင်ကြီး

      March 21, 2012 at 10:25 am

      မနက်စောစောစီးစီး အမတ်ကြီးဂျို နင်းကန်ထောင်နေလို့များလား….. 😳
      နောက်တာနော် စိတ်ဆိုးနဲ့ အန်တီအပျိုကြီး… သားကချစ်လို့စတာ… :mrgreen:

Leave a Reply