Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ရန်ကုန်တွင် အလှည့်ကျ လျှပ်စစ်မီးပေးဝေမှု ဧပြီ ၂ ရက်စမည်

နွယ်ပင်March 30, 20121min162337

ရန်ကုန်မြို့အတွက် လျှပ်စစ်မီးဖြန့်ဖြူးပေးဝေမှုကို ဧပြီ ၂ ရက်မှ စတင်၍ အလှည့်ကျမီးပေးစနစ်ဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ ဒုတိယ ဥက္ကဋ္ဌဦးမောင်မောင်လတ်ကပြောသည်။

မီးပေးဝေမှုကို နှစ်စဉ်ကဲ့သို့ A.B.C အုပ်စု (၃)ခုခွဲ၍ မနက် ၅ နာရီမှ ၁၁ နာရီတစ်ကြိမ်၊နေ့လည် ၁၁ နာရီမှညနေ ၅ နာရီတစ်ကြိမ်၊ ညနေ ၅ နာရီမှ ည ၁၁ နာရီ အထိ တစ်ကြိမ်၊ ည ၁၁ နာရီမှ နံနက် ၅ နာရီအထိ တစ်ကြိမ်နှုန်းဖြင့် အလှည့်ကျ ပေးဝေသွားမည် ဖြစ်သည်။ထို့ကြောင့် အုပ်စုတစ်စု မှာ တစ်ရက်လျှင် ၆ နာရီကြာမီး ပေးချိန်နှစ်ကြိမ်ရမည်ဖြစ်သည်။

အုပ်စုခွဲမီးပေးဝေရခြင်းမှာ လျှပ်စစ်သုံးစွဲမှုပမာဏမြင့်တက်လာ ပြီး ထုတ်လုပ်မှုအပိုင်းမှာ တိုး၍ထုတ်လုပ်နိုင်ခြင်းမရှိသောကြောင့် ဓာတ်အားလိုအပ်ချက်မြင့်နေသဖြင့် အလှည့်ကျစနစ်အား လုပ်ဆောင်ရခြင်းဖြစ်ကြောင်းဦးမောင်မောင်လတ်ကဆက်လက်ပြောသည်။

နှစ်စဉ်တွင် ဇူလိုင်လမှသာ လျှပ်စစ်မီးအပြည့်ပေးသည့် စနစ်ကို ပြန်လည်စတင်သော်လည်း ယခုနှစ်၌ ဇူလိုင်လမတိုင်ခင်တွင် လျှပ်စစ်မီးအပြည့်ပေးသည့် စနစ်အား ပြန်လည်ကျင့်သုံးနိုင်ဖွယ်ရှိသည်။ သို့သော်အလှည့်ကျမီးပေးဝေမှုအား H အုပ်စုအဖြစ် အရေးကြီး သောနေရာများအား ထိုစနစ်ကျင့်သုံးမည်မဟုတ်ဘဲထိုအုပ်စုဝင်များမှာ လုံခြုံရေးဆိုင်ရာနေရာများ၊ ဆေးရုံများ၊ ပုဂ္ဂလိကဘဏ်များအပါအဝင် ဘဏ်အားလုံး၊ ဘူတာကြီး၊ ဆက်သွယ်ရေး၊ လေဆိပ်၊ သံရုံး၊ စည်ပင်ရေစက်များ၊ နိုင်ငံပိုင်စက်ရုံ၊ CNG ပေးဝေရာ နေရာများ၊ ရဲဌာနများအား တစ် နှစ်ပတ်လုံး မီးအပြည့်ပေးသွား မည်ဖြစ်ကြောင်းသတင်းရရှိသည်။

7Day News Journal

37 comments

  • manawphyulay

    March 30, 2012 at 10:56 am

    အေပရယ်မှ စမယ်တဲ့လား… မီးပျက်နေတာတော့ ခုတစ်ပတ်လောက်ရှိပြီ။ မလာတာများနေတယ်။ အလှည့်ကျက ကိုယ့်အလှည့်ဘယ်တော့လဲလို့တောင် ပြောရမလိုဖြစ်နေပြီ။ မစခင်ထဲက ပျက်နေတာကြာလှပြီညီမရေ… မြို့ထဲနေသူတွေ အတော်ဒုက္ခခံစားရမှာ မြင်ယောင်နေတယ်။

  • ဆူး

    March 30, 2012 at 11:07 am

    အမလေး မီးတကယ် ပြန်ပျက်တော့မှာလား..
    ဆူး တို့ ရပ်ကွက်မှာ မီးပျက်တဲ့ အချိန် ခြံ ထဲ ဆင်းနေလို့ မရဘူး အိမ်တိုင်းက မီးစက်ကြီးတွေ နဲ့ မီးခိုးတွေ ခြံပြင် ဘက်ကို ခေါင်းတိုင် လှည့်ထားတာ အသက်ရှုလို့တောင် မကောင်းဘူး။ မီးစက်မမောင်းနိုင်ရင် စိတ်ပျက်ဖို့ ကောင်းတယ်။

  • Moe Z

    March 30, 2012 at 11:13 am

    ခြံထောင့်မှာ တဲထိုးပြီးနေရတော့မယ်ထင်တယ် 🙁
    ရေချိုးခန်းထဲစာကြည့်စားပွဲရွှေ့ထားဦးမှ ..

  • ဇွဲမာန်အောင်

    March 30, 2012 at 11:14 am

    တော်သေးတာပေါ့။ Aprilမှ စလို့။
    အခုတောင် တနေ့ကို 5ခါလောက် ပျက်ပျက်နေတာ။
    အလှည့်နဲ့ပေးရင်လည်း မီးအားပြည့်ရင် ကောင်းမယ်နော်။
    မီးအားက အရမ်းကျတာဘဲ။ အရင်ကတော့ ခရမ်းချဉ်သီးလောက်ပေါ့။
    အခုတော့ ဇီးသီးနဲ့ အပြိုင် နင်လား ငါလားဘဲ။

  • Uncle Lay

    March 30, 2012 at 11:15 am

    “ ပိုနေလို့ရောင်းတာ” ။ ။ လိုသွားလို့ အလှည့်ကျပေးတာ….။

  • Khaing Khaing

    March 30, 2012 at 11:19 am

    ဘာာာာာာာ မီးပျက်မယ်ဟုတ်လား …. ရက်စက်လိုက်တာ … ရက်စက်လိုက်တာ …. နွေခေါင်ခေါင်မှာ ပူပူ လောင်လောင်နေရဦးမှာပေ့ါ …. ညဘက်ဆို …. အဟင့် ရွတ်ဖတ် ….

  • FattyCat

    March 30, 2012 at 11:22 am

    နောက်ဆုံးတော့ ဒုံရင်းက ဒုံရင်းပါပဲ

  • Wow

    March 30, 2012 at 11:23 am

    ဒါနဲ့ ထိုင်းကိုတောင် လျှပ်စစ်ဓာတ်အားရောင်းမလို့ ဆို….ဆို….ဆို….

  • ဗိုက်ကလေး

    March 30, 2012 at 11:44 am

    ခေတ်မီဖွံ ့ဖြိုးတိုးတက်နေတဲ့ မြန်မာနိုင်ငံတော်ကြီး
    ကျောင်းဒဂါရဲ့ စကားလေးနဲ ့ပြောလိုက်ပါ့မယ်..

    နောက်ရှင်းတယ် ဆရာရေ့..
    ဆုတ်သာဆုတ်

    • Moe Z

      March 30, 2012 at 11:47 am

      ဗိုက်ကလေးဖြစ်သွားရပြန်ပြီလား 😀

      • ဗိုက်ကလေး

        March 30, 2012 at 12:05 pm

        ဝုတ်ဂဲ့ဘာ ချာမ

        ချာမ..ချာမ
        တားတားဒို ့ဂို စာသင်ပြ
        😆

        • Mical David ko Jar Yit

          March 30, 2012 at 1:08 pm

          ဗိုက်ကြီး မဟုတ်လို့ တော်သေးတာပ
          နို့မို့ဆို တညိုးဂီး ဖစ်နေမှာ…ခိခိ

    • Thel Nu Aye

      March 30, 2012 at 3:28 pm

      ဟဲ့မိစိန်ပေါက် ဘီလိုဖစ်တွားတာတုန်းအေ့။ အခုတလောညီးတို့ဒွေနာမယ်လောက်ပြောင်းနေကြတာ။

  • နွယ်ပင်

    March 30, 2012 at 11:46 am

    မီးပျက်တဲ့ ကိစ္စကို ဧပြီ(2) မှ စမယ်လို့ ကြော်ငြာထားပင်မယ့်
    အခုကတည်းက မီးတွေကတော့ ပျက်နေတာပါပဲ ..
    တကယ်မီးဖြတ်တဲ့ အခါကျရင် အဆင်ပြေပြေ မီးဖြတ်နိုင်ဖို့
    အခုကတည်းက ကြိုတင်အစမ်းလေ့ကျင့်တဲ့ သဘောနဲ့
    တစ်နေ့ကို (2ခါမှ 3ခါ) အထိ မီးဖြတ်အစမ်းလေ့ကျင့်ပွဲကြီး စတင်နေပါပြီ …. 😛

  • Gipsy

    March 30, 2012 at 11:57 am

    2012 မှာ ဒွတ်ခ တစ်လှေကြီးကြုံရတော့မှာပါလား …။
    မြို့နယ်တိုင်း နေရာတိုင်းမှာ အနီရောင်တွေ မြင်နေရလို့ ညစ်ပတ် စုတ်ပဲ့ တာလား…။
    တရက်ကို ၄ . ၅ ကြိမ်လောက်မီးပျက်ချင်ယောင်ဆောင်တာ ဒီလိုစကားမျိုး ပြောချင်လို့လား…။
    လား…လား….လား…
    လားပေါင်းများစွာနဲ့ ရန်ကုန်မြို့ တိုင်ခန်းကျဉ်းကျဉ်း နေသူတွေ အရှင်လတ်လတ် ငရဲ ကျပေတော့အံ့..။

  • laypai

    March 30, 2012 at 12:40 pm

    ဘာမှ မဟုတ်ဖူး မြစ်ဆုံ ကိစ္စ ပြန်စ ချင် လို့ အကွက်ဆင်တာ။
    ဒီတခါ လျှပ်စစ် ဝန်ကြီး ဘာ ပြော မယ် မှတ်လဲ၊ မြစ်ဆုံ ရေအား လျှပ်စစ် မှ မလုပ်ရင် မြန်မာ နိုင်ငံ အတွက် လျှပ်စစ် စွမ်းအင် မလုံ လောက် နိုင်ပါဘူး လို့ အရှက်မရှိ ပြောမယ် ထင်တယ်။

  • အာကြီး

    March 30, 2012 at 12:44 pm

    ခွေးသူခိုးအိုကြီးများ ၊ ဆွံ့အ နားမကြား မျက်မမြင် သူတော်ကောင်းယောင်ဆောင် ကြွက်သူခိုးကြီးများ၊
    အမလေးဗျာ.. သူတို့ကိုပြောရတာ ငရဲကြီးတော့မယ်ထင်တယ်။
    အဲ့ကောင်တွေက မီးသူခိုးတွေ

  • Yoko Ono Bono

    March 30, 2012 at 12:59 pm

    မီးမှန်ပေးမယ်ဆိုပြီးမီတာခတွေတက်ပြီးတော့….ဦးလေးတို ့ကစစ်သားတွေဖြစ်ပြီး ကတော့ပါရဲ့ -ာ-ည် ပါးစပ်တွေ နဲ ့… 🙁 ” မယုံနိုင်ဘူးးးးးအချစ်ရေ အပြင်မှာ မီးပျက်သွားတဲ့ည “

  • KoNyeinChan

    March 30, 2012 at 1:31 pm

    ဟာ.. ဒို ့နိုင်ငံဂျီးက မီးခဏခဏလာဒယ်နော.. ဟို လဒ ပြောဒုံးက ပိုလို ့နိုင်ငံဂျားဒေါင် ရောင်းစားနေရပါဒယ်ဆို…??? ပြောတဲ့ပါးစပ်က ဘယ်အပေါက်နဲ ့မှားသလဲမသိ??? ဘာလုပ်လုပ် ခေါင်း(ဂေါင်း) သုံး စေချင်တယ်

  • Thel Nu Aye

    March 30, 2012 at 2:41 pm

    မနှစ်ကတော့အစိုးရအသစ်မို့ မီးတွေကောင်းချင်ယောင်ဆောင်ပြီး ဒီနှစ်တော့ အစိုးရဟောင်းသွားလို့ဖြစ်မယ်။ ဒုံရင်းဒုံရင်းနဲ့ candle party ပြန်ကျင်းပရတော့မယ်။

  • amatmin

    March 30, 2012 at 2:45 pm

    မဲပေးတဲ့နေ့ မီးမလိုပါဘူး ဒီတော့ ၁ ရက်နေ့ကတည်းက ဖြတ်ပါလား..
    အင်း ၂ရက်နေ့မှ ဖြတ်မယ်ဆိုတော့ ၁ ရက်နေ့ ရလာဒ်တွေကို စောင့်ကြည့်ဦးမလားဘဲ..
    အချိတ်အဆက်နဲ့လုပ်တတ်တဲ့ သောက်ကျင့်လေးတွေပေါ့ ….

    ဆိုင်မဆိုင်တော့ မသိပေမဲ့ ကိုယ်ထင်တာ ကိုယ်ပြောတာပဲ.. 🙂

    • Mလုလင်

      March 30, 2012 at 2:58 pm

      အမတ်မင်း က ကိုယ်ထင်တာ ကိုယ်ပြောတယ် ပေါ့ ….

  • ster kyawkyaw

    March 30, 2012 at 3:00 pm

    လာရမဲ. အချိန်တော. အပြည်.အဝ လာစေချင်ပါတယ်။

  • ster kyawkyaw

    March 30, 2012 at 3:15 pm

    လူနေရပ်ကွက်တွေကို တတ်နိုင်ရင် ညပိုင်း (၆ နာရီ နောက်ပိုင်း) မှန်မှန် ပေးနိုင်ရင် ကောင်းမယ်။ စက်မှုဇုန် တွေက တော. တမျိူးပေါ.။

  • နေ ဒေါင်း

    March 30, 2012 at 3:23 pm

    ခေတ်ပြောင်းသွားပြီ
    မီးပျက်တာကိုမကြိုက်ရင်
    အစိုးရကိုဆန္ဒပြတောင်းဆိုခွင့်ရှိပါတယ်
    ပြည်သူလူထု လိုအပ်ချက်မဖြည့်ဆီးပေးနိူင်တာ
    အစိုးရတရပ်ရဲ. ညံ့ဖျင်းမှုလို. ယူဆ နိူင်ပါတယ်
    အခြားအခြားသောတိုင်းပြည်များမှာဆို
    ဒီလိုကိစ္စများဖြစ်ပေါ်လာပါက
    လျှပ်စစ်ဝန်ကြီးက ပြည်သူလူထု ကို
    ကြိုတင် အစီရင်ခံခြင်း စာဖြင့်ဖြစ်စေအကြောင်းကြားခြင်းတို.ကို
    တပတ်လောက် ကြိုတင်လုပ်ဆောင်ရပါတယ်
    ထိုကဲ့သို.လုပ်ဆောင်ရန်ပျက်ကွက်ပါက
    တရားစွဲဆိုခြင်းအထိပင်ပြုလုပ်နိုင်ကြောင်းနှင့်
    ပြည်သူလူထုကို နိူင်ငံပိုင် ရုပ်သံများမှတဆင့်
    ကြေနပ်သည်ထိခိုင်မာသောအကြောင်းအရာများနှင့်တကွ
    ရှင်းလင်းတင်ပြ၍တောင်းပန်ရပါကြောင်းကိုအသိပေးနိူးဆော်အပ်ပါသည်………ခင်ဗျား…..
    လုပ်ချင်လုပ်……ရှုပ်ချင်တိုင်းရှုပ်၍မရတော့ပါခင်ဗျား…..
    MEDIA များကို ဖွပေးစေချင်ပါသည်ခင်ဗျား…………………………..

  • Thit Sar Lin

    March 30, 2012 at 3:26 pm

    ဗိုက်ကလေး..ပျောက်နေတာကြာပြီ.. ညည်းရဲ့ ဆရာတွတ်ပီရော.နေကောင်းရဲ့လား
    မီးကတော့အခုတောင်ပျက်လိုက်လာလိုက်ဖြစ်နေပြီလေ.
    နွေရောက်ရင်အမြဲတမ်းမီးက ပျက်နေကြပဲလေ…ဓါတ်အားတွေခြိုးခြံချွေတာရမယ်လေ

    • Mလုလင်

      March 30, 2012 at 4:07 pm

      နွေရောက်တိုင်း မပျက်ပါဘူး .ရှေ ့နှစ် 2011 က နွေဆိုပေမယ့် မီးမပျက်ပါဘူး။ ကြားတာတော့ ရဲရွာ ရေအားလျှပ်စစ် က မှန်းချက် နဲ့ နှမ်းထွက် မကိုက် ဖူးလားလို့ ..

  • Onyx

    March 30, 2012 at 3:55 pm

    လျှပ်စစ်တွေပိုလို့ လျံလို့ နိုင်ငံခြားကိုတောင် ရောင်းရပါတယ်လို့ ပြောတဲ့ လူကို ရှင်းခိုင်းသင့်ပါတယ်။
    နေဒေါင်းပြောသလိုပဲ အကြောင်းအရင်း ခိုင်ခိုင်မာမာပြပေးဖို့လဲ လိုပါတယ်။ ငါက ဒီဌာန က လူကြီးပဲ
    ငါလုပ်ချင်သလို ငါလုပ်မယ် ၊ ငါလုပ်ချင်တဲ့ အချိန်လုပ်မယ် ဆိုတာတွေလဲ ပြင်ဖို့ အချိန်တန် နေပါပြီ။
    ကြေငြာတာလား ?ပြည်သူ လူထုကို မျက်စိထဲ မထားပဲ လုပ်ချင်သလိုတွေလုပ်နေတုန်းပဲဆိုရင်
    ဒီဌာန မှာ ဒီလိုလူကြီးတွေ ရှိသင့်သေးလား ဆိုတာလဲ သမ္မတ ကြီးကိုလဲ မေးချင်ပါတယ်…..

  • char too lan

    March 30, 2012 at 4:24 pm

    ရပါတယ် အလှည့်ကျပေးလဲ ပြသနာမဟုတ်ဘူး အဲ့ဒီအလှည့်ကျကိုမှ အုပ်စုခွဲပီး ပေးတာကိုတောက်ညင်အကပ်ဆုံး ဒတောင်းဇားအုပ်စု အေ ဆိုရင် မီးမပြတ်ဘူး
    အုပ်စု စီ – ဒီ ကျတော့ လာချိန်တောင် ကောင်းကောင်းမလာဘူး 🙁

    • Thel Nu Aye

      March 30, 2012 at 6:30 pm

      အောင်မယ်လေ့ ချာချာရေ။ တူကြောတာနဲ့ အုပ်စု အေထဲမပါအောင်ဆုတောင်းရတော့မလို။ အင်းဘီရှိုရင်တော့မဆဲဘူးမှတ်လား။

  • fatty

    March 30, 2012 at 5:22 pm

    ကဲဒီအတိုင်းငြိမ်ခံနေလို့တော့မဖြစ်ဘူးဗျို့ …
    ယပ်တောင်လေးတွေခပ်နေကြပါလို့ပြောမလို့ပါ

  • alinsett

    March 30, 2012 at 7:34 pm

    ဖူလုံ ရုံမက..ပို့လျှံ..နေပါသဖြင့်…..ဆိုတဲ ့စကားလုံးလေးကို အမြဲ.သုံးတတ်သူတို ့ရေ….

    လုပ်ကြပါဦး။

  • windtalker

    March 30, 2012 at 9:22 pm

    ရန်ကုန်ကလူတွေ ကို အားကျမိသဗျာ ။ ကျုပ်တို ့မန်းတလေးမြို ့မှာဖြင့် ၊ ဆိုင်းမဆင့် ဗုံမဆင့်နဲ ့၊ “ မှောင်သောည မှာ မောင်ေxာပြ မယ် ( x=ဟ) ” ဆိုတဲ့ ဇါတ်သဘက်ကြီးကို အီးပီစီ က ကပြအသုံးတော်ခံနေတာ ကြာပေါ့ ။

  • ဦးဦးပါလေရာ

    March 30, 2012 at 11:58 pm

    တနိုင်ငံလုံးသုံးလို့ ၁၅၀ဝ မကုန်ဘူးဆိုတဲ့ ဟိုအရှက်မရှိသောက်ရူး ဘယ်ရောက်သွားပြီလဲ။
    ဒင်းတို့စတက်ကတည်းက လုပ်လိုက်ရတဲ့ ဟိုက်ဒရိုပါဝါစီမံကိန်းတွေ-
    သောက်သောက်လဲ ကုန်လိုက်ရတဲ့ ပြည်သူ့ဘဏ္ဍာတွေ-
    သူ့ပထွေးဆီ ကြွေးတောင်မနည်းဘူးတင်နေတာ
    အခုထိလဲ မီးလေးမှန်အောင်မလုပ်နိုင်သေးဘူး..။

  • kai

    March 31, 2012 at 4:49 am

    ဧပြီလ ၁ရက်နေ့ရဲ့.. ကြားဖြတ်ရွေးပွဲရည်ရွယ်ပြီး. … (ဝင်ပြိုင်တဲ့ပါတီ) အစိုးရက… အာဏာပြခြိမ်းခြောက်လိုက်တယ်လို့.. ခံစားရတယ်..
    ယူအက်စ်မှာဆိုရင်တေ့ာ.. လူထုက.. ေ–ာက်မြင်ကပ်ပြီး. ပြောင်းပြန်မဲပေးတာပေါ့..

    မြန်မာပြည်တော့.. မသိ..။ 😕

  • san di

    April 2, 2012 at 12:22 pm

    ကျနော်တို့မန်းလေးကတော့အချိန်တိုင်းမီးပျက်နေတာကြာပါပြီ။ စက်မှုုထဲမှာဆ်ို လာတာကမိနစ်ပိုင်း လောက်ပါပဲ။စက်မှုုထဲကဆရာကတော်တစ်ယောက်က မိီတာခအများကြီးကျတာကို တိုင်လို့စိတ်ဆိုးပြီးမီးဖြတ်တာတဲ့။ စက်မှုမှာ ဝပ်ရှော့ဆရာ ၊ဒိုင်နမိုဆရာ။ဘော်ဒီဆရာ။ဖရိန်ဆရာတွေရဲ့ မိန်းမတွေက်ို ဆရာကတော်ခေါ်တာလေ ။ဧရာဝတီကိုစချင်လို့ရမယ်ရှာနေတာထင်တာပဲ။ ဘ်ိန်းဘုရင် company မြစ်ဆုံရောက်နေတာဘာသဘောလဲ။ မြန်မာအဓိကအသက် ဧရာဝတီအတွက်ဆို အသက်စွန့် ပြီးတရုတ်တွေကိုတိုက်ထုတ်ပစ်ရမှာပဲ။ ဧရာဝတီမြစ်ရေကြောင့်ဒီလောက်အသက်ရှင်ခဲ့တာ ။အသက်စွန့်ရလည်းကျေနပ်တယ်။ နောင်လာနောက်သားများအတွက်ပေါ့ ။စဉ်းစားကြည့်စမ်းပါ မြန်မာပြည် မြေပုံထဲမှာ ”မိခင်ဧရာဝတီဟာမြောက်မှတောင်ထိစီးဆင်းနေတာလေ။ ထိပ်ကနေပိတ်လိုက်ရင် ဘုရား ဘုရား သမ္မာဒေဝနတ်မြတ်နတ်ကောင်းများ လူယုတ်မာတရုတ်များကိုဖယ်ရှားပေးတော်မူကြပါ။

Leave a Reply