စုုံထောက်အောင်တိုုက် နှင့် ကြောင်ဝတုုတ်ဂိုုဏ်း (၁)
တစ်နေ့ ကျွနုု်ုပ်သူရဇော်သည် အလုုပ်အကုိုင်များအဆင်မပြေခြင်း၊ ဇနီးမယားမှာ လင်ငယ်နေခြင်း၊ ဓနဥစ္စာများအပိုုင်စည်းခံရခြင်းစသော ဘေးဒုုက္ခအရပ်ရပ်ကိုု ခါးစည်း၊ ရင်စည်းခံပြီးနောက်
အလုုပ်အကိုုင်မယ်မယ်ရရမရှိသည်ဖြစ်သောကြောင့် ကြုံရာကျဘန်းလုုပ်ကိုုင်စားသောက်ရင်း နာမည်ကျော်စုုံထောက်ကြီးအောင်တိုုက်နှင့် အလုုံဆိပ်ကမ်းတစ်နေရာတွင် စုုံစည်းမိကြသည်….
အောင်တိုုက် ။ ။ ကိုုသူရ၊ ခင်ဗျား စိတ်ဓာတ်ကျတယ်ဆိုုပြီး စာတွေလဲဆက်မရေး၊ အရက်ကိုုအဖော်ပြုလိုု့ ဒီလိုုကုုန်စိမ်းထမ်းလိုုက် အရက်သောက်လိုုက်လုုပ်နေလိုု့ ခင်ဗျားဖြစ်မလား
သူရဇော် ။ ။ ကိုုအောင်တိုုက်ရယ်…ခင်ဗျားနဲ့ ဂျာနယ်တိုုက်မှာ နှစ်ခါသုုံးခါပဲ ဆုုံဖူးပေမယ့် ကျုပ်အဖိုု့တော့ ငယ်ပေါင်းလိုုကိုု ခင်မင်မိပါတယ်…
ဒါပေမယ့်ဗျာ ကံကြမ္မာက ကျွန်တော့်ကိုု လှိုင်းတံပိုုးတင်မကဘူး၊ မုုန်တိုုင်းပါတိုုက်ချလိုုက်တာဆိုုတော့….
အောင်တိုုက် ။ ။ ဒီမှာ ကိုုသူရ ကျုပ်တိုု့မြန်မာလူမျိုးတွေက တစ်ခုုခုုဆိုု ကံကြမ္မာဆိုုတဲ့ မမြင်ရတဲ့ဟာကြီးကိုုပဲဆွဲထည့်နေကြတော့တာပဲ…
တကယ်တော့ ကံကြမ္မာဆိုုတာ အလုုပ်ပဲဗျ…ကိုုယ်လုုပ်တဲ့အလုုပ်ရဲ့ အကျိုးကိုုပဲခံစားရတာ…အခုုချက်ချင်းခံစားရတာနဲ့
ဘဝခြားပြီးမှခံစားရတာပဲကွာတယ်…
ကဲဗျာ…မှုခင်းဂျာနယ်တွေမှာ စာရေးကောင်းတဲ့ခင်ဗျားကိုု ကျွန်တော့အလုုပ်အတွက် မှတ်တမ်းရေးဖိုု့နဲ့ တိုုင်ပင်ဖော်တိုုင်ပင်ဖက်
အလုုပ်ပေးမယ်… ကုုန်လဲမထမ်းနဲ့တော့…အရက်ကိုုလဲကြိုးစားပြီး ဖြတ်နိုုင်အောင်ဖြတ်ဗျာ…ကျွန်တော်နေတဲ့အိမ်မှာ
ခင်ဗျားအတူလာနေဗျာ…တိုုင်ပင်ဖော်ရတာပေါ့…
သူရဇော် ။ ။ ကျေးဇူးကြီးပါပေဗျာ…ကိုုအောင်တိုုက်ရယ်…
ကိုုအောင်တိုုက်ဆိုုတာ မြန်မာနိုုင်ငံ စုုံထောက်လောကမှာ နာမည်ကြီးအလွတ်စုုံထောက်တစ်ဦးဖြစ်ပြီး၊ ကြံခိုုင်သန်မာသော ကိုုယ်ခန္ဓာကြံခိုုင်မှုနဲ့ ယောင်္ကျားပီသသော အရပ်အမောင်း၊ မြင်မြင်ခြင်းလူတစ်ဦးတစ်ယောက်မှ ယုုံကြည်ကိုုးစားခြင်းခံရလောက်သော ပင်ကိုုယ်အရည်အသွေးများနှင့်ပြည့်စုုံပြီး၊ အမှုတိုုင်းကိုု ဥပဒေအတိုုင်းဆောင်ရွက်ခြင်းထက်
မိမိကိုုယ်ပိုုင်ဆုုံးဖြတ်ချက်ဖြင့် မှန်သည်ထင်လျှင် တရားခံပင်ဖြစ်လင့်ကစား၊ အကာအကွယ်ပေးတတ်သောကြောင့် လူအများယုုံကြည်ကိုုးစားကြသော အလွတ်စုုံထောက်တစ်ဦးဖြစ်ပါသည်။ ထုိုသိုု့ နာမည်ကြီးခြင်း၊ အမှုအခင်းစုုံစမ်းရာတွင် တိကျမှန်ကန်ခြင်း၊ စေ့စပ်ခြင်းဟူသော အရည်အချင်းများကြောင့် ရန်ကုုန် စီအိုုင်ဒီမှ လွန်စွာမနာလိုုခြင်းခံရသော စုုံထောက်တစ်ဦးဖြစ်ပြီး၊ မကြာခံ ချောက်ချခြင်းခံရသော်လည်း၊ မခိုုင်လုုံသောကြောင့် လွတ်နေသည်ချည်းသာဖြစ်၏…
တစ်မနက် ကိုုအောင်တိုုက်နှင့်ကျွန်တော် သုုံးပန်လှ လက်ဘက်ရည်ဆိုုင်တွင်…ချိုပေါ့တစ်ခွက်စီနှင့် ငါးအသားလုုံးကြော်လွေးနေခိုုက်…
အသက်(၅၀)ခန့်ရှိသော အမျိုးသမီးကြီးတစ်ဦးသည် ဆိုုင်အတွင်းသိုု့ ခပ်သုုပ်သုုပ်ခြေလှမ်းဖြင့်ဝင်လာပြီး….
အမျိုးသမီးကြီး ။ ။ ဆရာကိုုအောင်တိုုက် မဟုုတ်လား….
အောင်တိုုက် ။ ။ ဟုုတ်ပါတယ်…ဘာကိစ္စရှိလိုု့ပါလဲ….
အမျိုးသမီးကြီး ။ ။ ဆရာ့ကိုု ကျွန်မရဲ့သခင်မလေးက တွေ့ချင်ရှာလွန်းလိုု့ ဆရာ့ကိုု ဖိတ်ခိုုင်းလိုုက်ပါတယ်….ပြောပြောဆိုုဆိုုဖြင့်
လိပ်စာကဒ်လေးတစ်ကဒ်ကိုု ထုုတ်ပေးရင်း….
အမျိုးသမီးကြီး ။ ။ သခင်မလေးက ဆရာနဲ့ နှစ်ယောက်ခြင်းဆွေးနွေးဖိုု့ ဆန္ဒရှိနေပါတယ်…ဆရာ့ရဲ့ အကျိုးတော်ဆောင်ခအနေနဲ့လဲ
တစ်ပြားတစ်ချပ်မှမလျော့စေရပါဘူးလိုု့မှာလိုုက်ပါတယ်…. အချိန်သိပ်မရလိုု့ ကျွန်မကိုုတော့ ခွင့်ပြုပါဦးဆရာ….
ခပ်သုုတ်သုုတ်ဆိုုင်အတွင်းမှ ထွက်ခွာသွားပြီး ဆိုုင်ရှေ့လမ်းတွင်ဖြတ်သွားသော Taxi တစ်စီးကိုု ဈေးပင်မဆစ်နိုုင်ပဲ
တက်ကာထွက်ခွာသွားပါသည်… အမျိုးသမီးကြီးထွက်ခွာသွားတော့မှ ပေးခဲ့တဲ့ လိပ်စာကဒ်လေးကိုု ဖတ်ကြည့်လိုုက်ရာ….
အငြိမ်မင်းသမီး ယူနီဗာစတီဆူးခက်
ဆူးဝင်နီခြံ
အမှတ် (၁၄၅)၊ သံလွင်လမ်း၊ ကမာရွတ်မြို့နယ်၊
ရန်ကုုန်၊ မြန်မာနိုုင်ငံ။
အောင်တိုုက် ။ ။ ဘယ်လိုုလဲ ကိုုသူရ၊ မင်းသမီးဆူးခက်ကိုုယ်တိုုင် ဖိတ်ကြားရတယ်ဆိုုတော့ ခင်ဗျားစိတ်လှုပ်ရှားသွားလား….
ကျုပ်သိသလောက်တော့ မင်းသမီးဆူးခက်က ပြည်တွင်း၊ ပြည်ပနဲ့နိုုင်ငံရေးအသိုုင်းအဝုိုင်းကိုုပါ ဝင်ဆန့်တဲ့မင်းသမီး
သူကုိုယ်တိုုင်က ကျုပ်ကိုုတွေ့ချင်တယ်ဆိုုတော့ မထူးခြားပဲကိုု မနေဘူး…
ကဲသွားကြရအောင် ကိုုသူရရေ….
ကိုုအောင်တိုုက်၏ ချယ်ရီကျူကျူကားလေးအားမောင်းပြီး ဆူးဝင်နီခြံကြီးရှိရာသိုု့ ထွက်ခွာလာခဲ့တော့သည်…..
ဆူးဝန်နီခြံသိုု့အရောက်…ဒရဝမ်မှာ ခြံတံခါးကိုု အသင့်ဖွင့်ပေးပြီး၊ ခဏနေက တွေ့ခဲ့သောအမျိုးသမီးကြီးမှ ဧည့်ခန်းအတွင်းထိုုင်စေပြီး စကားစပြောပါတယ်…
အမျိုးသမီးကြီး ။ ။ ဆရာ သခင်မလေးက စာဖတ်ခန်းထဲမှာ စောင့်နေပါတယ်…ဆရာတစ်ဦးထည်းတွေ့မယ်လိုု့ မှာကြားထားပါတယ်…
အောင်တိုုက် ။ ။ ခင်ဗျားတိုု့ သခင်မလေးကိုု ပြောလိုုက်ပါ…သူရက ကျွန်တော့အသက်နဲ့လဲပြီးယုုံကြည်ရတဲ့လူတစ်ယောက်မိုု့ သူ့ကိုုမယုုံကြည်ခြင်းဟာ
ကျွန်တော့ကိုုမယုုံကြည်ခြင်းဖြစ်တယ်…တကယ်လိုု့ ဒီကိစ္စကိုု လက်မခံနိုုင်ဘူးဆိုုရင်…ကျွန်တော်အခုုထပြန်ပါ့မယ်…
ကိုုအောင်တိုုက်စကားအဆုုံး အမျိုးသမီးကြီးမှ စာဖတ်ခန်းဟုုထင်ရသော အခန်းသိုု့ ဝင်သွားပြီး သူမ၏သခင်မထံ အကြောင်းကြားဟန်တူပါသည်။ ယခုုကဲ့သိုု့ ခေတ်ကြပ်ကြီးထဲတွင် အစေခံ၊ မာလီ နှင့်နေနိုုင်သော မင်းသမီးဆူးခက်၏ ချမ်းသာကြွယ်ဝမှုမှာ အတိုုင်းမသိများပြားကြောင်း ခန့်မှန်းနိုုင်ပါသည်…။
ခဏအကြာတွင် အမျိုးသမီးကြီးမှာ အခန်းအတွင်းမှ ပြန်ထွက်လာပြီး ကျွန်တော်တိုု့ (၂)ဦးအား အခန်းအတွင်းသိုု့ ဝင်စေပါသည်…
အခန်းထဲတွင် Cold Water ရေမွှေးရနံ့လေးများကိုု ရရှိနေပြီး စားပွဲပေါ်တွင် စာရွက်လေးတစ်ရွက်၊ ဓားမြှောင်သေးသေးလေးတစ်ချောင်းနှင့်
စိတ်ပျက်လက်ပျက်ဆုုံလည်ကုုလားထိုုင်ပေါ်တွင် ထိုုင်နေသော မင်းသမီးဆူးခက်အား တွေ့ရှိရပေသည်…
ဆူးခက် ။ ။ ဆရာအောင်တိုုက် ကျွန်မ ဆရာ့ကိုု အားကိုုးတကြီးနဲ့ ပင့်လိုုက်တယ်…အခုုလိုုလာပေးတဲ့အတွက်လဲ အတိုုင်းမသိဝမ်းသာတယ်…
ဆရာနဲ့အတူလာတဲ့ ကိုုသူရကိုုလဲ ကျွန်မပြဿနာအတွက် နှုတ်လုုံစိတ်ချရမယ်လိုု့လဲ မေ ျှာ်လင့်ပါတယ်…
အခုု ကျွန်မကြုံနေရတဲ့အချက်က ဒီစာကြောင့်ပါပဲ
ကိုုအောင်တိုုက်က စာကိုုယူဖတ်ပြီးနောက် တစ်စုုံတရာကိုု လေးလေးနက်နက်စဉ်းစားဟန်ပြုပြီး…စာရွက်ကိုု ကျွန်တော့လက်သိုု့လွှဲပေးလိုုက်ပါသည်…
စာတွင်ရေးထားသည်ကတော့…..
မင်းသမီးဆူး…
ကံကြမ္မာအလှည့်ပြန်လာပြီ…
မင်းရဲ့သွေးနဲ့ အသက်ကိုုဖက်နဲ့ထုုတ်ထား…
ပတ္တမြားကိုု မပေးရင်…ဘဝတစ်ပါးကိုုပြောင်းပစ်ပေးမယ်….
ကြောင်ဝတုုတ်ဂိုုဏ်း
ဆူးခက် ။ ။ လွန်ခဲ့တဲ့ (၂)ရက်လောက်က လူတစ်ယောက်လာပြီး ကျွန်မဆီအဲဒီစာနဲ့ ဒီဓားမြှောင်သေးသေးလေးကိုု ပိုု့ခိုုင်းပါတယ်…
လာပိုု့တဲ့ လူကတော့ ပိုုက်ဆံရလိုု့လာပိုု့တဲ့ အမှိုက်ကောက်သမားပါ…
လာပိုု့တဲ့လူပြောချက်အရတော့ အရပ်ရှည်ရှည် ပိန်ပိန်နှာခေါင်းချွန်ချွန် မျက်မှန်တဲ့လူလိုု့သိရလိုု့ချက်ချင်းကားနဲ့ထွက်လိုုက်တော့
စာပိုု့တဲ့လူကိုုတွေ့ပါတယ်…
သူက သေနတ်ထုုတ်ပြပြီးပြောသွာတာက…ကြောင်ဝတုုတ်ဂိုုဏ်းကိုု အံမတုုနဲ့ ပေးစရာရှိတာ လိမ်လိမ်မာမာနဲ့ပေးလိုုက်….
ကျုပ်နာမည်လဲမှတ်ထား…အမတ်မင်းတဲ့…
ကျွန်မကလဲအငြိမ့်မင်းသမီးဆိုုတော့ ဒီသတင်းတွေအပြင်မထွက်ချင်တာတစ်ကြောင်း၊ ရဲကိုုလဲ မယုုံကြည်ရဲတာကြောင့်
ဆရာ့ကိုုခေါ်တိုုင်ပင်တာပါ…မီဒီယာကဖွမှာကိုုလဲမလိုုလားဘူးလေ…
အောင်တိုုက် ။ ။ အဲဒါကတော့ တော်တော်ထူးဆန်းနေပြီ…
အစကတည်းက မသိစေချင်လိုု့ တခြားလူနဲ့ ပိုု့ခိုုင်းရင် သူကစောင့်နေစရာမလိုုဘူးလေ…
အခုုကျတော့ လုုပ်ပုုံကိုုင်ပုုံက တော်တော်ပိရိပြီး သွေးအေးမယ့်ပုုံပဲ….ဒါနဲ့ အဲဒီ အမတ်မင်းဆိုုတဲ့လူကိုုရော အခုုတွေ့ရင်မှတ်မိပါ့မလား
ဆူးခက် ။ ။ မှတ်မိပါတယ်ဆရာ…ဒါပေမယ့် သူတိုု့ ပြောတဲ့ပတ္တမြားဆိုုတာလဲ ကျွန်မမသိသလိုု၊ ကြောင်ဝတုုတ်ဂိုုဏ်းနဲ့လဲ
ကျွန်မအဆက်အသွယ်မရှိခဲ့ဘူးလေ…
အောင်တိုုက် ။ ။ ဒါကတော့ မဆူး ကျွန်တော်တိုု့ ကြိုးစားပြီး အဖြေရှာကြရမှာပေါ့…မဆူးအနေနဲ့လဲ သတိရရင်ရသလိုု အကြောင်းအရာလေးတွေကိုု
မကွယ်မဝှက်ပဲပြောပေါ့… ကိစ္စအကြောင်းကြီးငယ်ရှိရင် ကျွန်တော့ဖုုန်းကိုု ဆက်ပြီးပြောနိုုင်ပါတယ်…အခုုတော့ ကျွန်တော့်ကိုုခွင့်ပြုပါဦး
ဒီဓားမြှောင်လေးနဲ့ စာကိုုတော့ ယူသွားခွင့်ပြုပါ….တစ်ရက် (၂)ရက်အတွင်း…အကြောင်းတစ်ခုုခုုပြန်ပါ့မယ်….
ကျွန်တော်တိုု့ နှစ်ယောက် ဆူးဝင်နီခြံကြီးမှ ပြန်လည်ထွက်ခွာပြီးနောက်…
အောင်တိုုက် ။ ။ ကိုုသူရ…ရန်ကုုန်တက္ကသိုုလ်စာကြည့်တိုုက်ဖက်မောင်းဗျာ…စာကြည့်တိုုက်ထဲဝင်ရအောင်….
သူရ ။ ။ ကိုုအောင်တိုုက်ကတော့ နောက်ပြီ…စာကြည့်တိုုက်ပိတ်ထားတယ်လေဗျာ…
အောင်တိုုက် ။ ။ မပူပါနဲ့ ကိုုသူရရယ်…ကျွန်တော့မှာ ငွေဆိုုတဲ့ သော့လေးရှိပါတယ်…
ဆက်ရန်….
37 comments
Khaing Khaing
March 30, 2012 at 11:35 am
ကိုဖက် ရီအောင်မစနဲ့ဗျာ …. ဂျပုကောင်ကိုများ ကြံခိုုင်သန်မာသော ကိုုယ်ခန္ဓာကြံခိုုင်မှုနဲ့ ယောင်္ကျားပီသသော အရပ်အမောင်း၊ မြင်မြင်ခြင်းလူတစ်ဦးတစ်ယောက်မှ ယုုံကြည်ကိုုးစားခြင်း ”မ” ခံရလောက်သော လို့ရေးပါကိုဖက်ရယ် …. တူရကအပေအတေ အလေအလွင့် ခစ်ခစ် …တော်ပြီ ရီချင်လို့ ဆက်မရေးနိုင်တော့ဘူး … တူရလင်ကြည့်နေတယ် ….
Shwe Tike Soe
March 30, 2012 at 1:41 pm
အမလေး အပုကောင်က ချောလွန်းလို. သူပဲ သဲသဲ လှုပ်နေပြီးတော့… ဟွန်.
မုန်းထာအေ..
Khaing Khaing
March 30, 2012 at 2:13 pm
သဲသဲ လှုပ်နေတာက နာနင့်နဲ့တွေ့တုန်းက ပုရွက်ဆိပ်ကိုက်လို့ပါအေ …. ညည်းကိုလှုပ်စရာလား .. ချဉ်ပအေ … ဟင့်…
နွယ်ပင်
March 30, 2012 at 11:38 am
ဇာတ်လမ်းကတော့ စိတ်ဝင်စားစရာပါပဲ ကိုဖက်ရေ …
ဒါပင်မယ့် အလွတ်စုံထောက်ကတော့ ….
” ကိုုအောင်တိုုက်ဆိုုတာ မြန်မာနိုုင်ငံ စုုံထောက်လောကမှာ နာမည်ကြီးအလွတ်စုုံထောက်တစ်ဦးဖြစ်ပြီး၊ ကြံခိုုင်သန်မာသော ကိုုယ်ခန္ဓာကြံခိုုင်မှုနဲ့ ယောင်္ကျားပီသသော အရပ်အမောင်း၊ မြင်မြင်ခြင်း လူတစ်ဦးတစ်ယောက်မှ ယုုံကြည်ကိုုးစားခြင်းခံရလောက်သော ” သိပ်မဟုတ်လောက်ဘူးထင်တယ်
ပြောင်းပြန်တွေးပြီး ဖတ်ရမလားဟင် 🙂
Shwe Tike Soe
March 30, 2012 at 1:42 pm
အေးပေါ့လေ သများတို.က ပေါင်သလုံးကိုကိုလောက် ဘယ်ခန်.မလဲအေ…….. ခိခိခိ 😀
ဆူး
March 30, 2012 at 11:40 am
ချိုမိုင်မိုင် က ခဲ့တာ ဘယ်လို သိလည်း မသိဘူး ဇတ်လမ်းတွဲ အရှည်ကြီးထဲ ပါနေပါကောလား.. သေပြီ ဆရာ ဖြစ်တော့မယ် ထင်တယ်။
manawphyulay
March 30, 2012 at 1:20 pm
မဆူးရယ် ပေးစရာရှိတဲ့ ပတ္တမြားကို ပေးလိုက်ပါ။ အသက်အန္တရာယ်ရှိပါတယ်။ မနော စိတ်ပူလို့ပါနော်…. 😛
ဆူး
March 30, 2012 at 1:48 pm
ဆူး လည်း စဉ်းစားနေတာ.. ဘယ်တုံးက ရထားတဲ့ ပတ္တမြားလဲ မသိဘူး.. သူကတော့ အတင်းကာရော တောင်းနေပြီ။
ကြောက်လိုက်တာ.. အဟိ
Thel Nu Aye
March 30, 2012 at 3:12 pm
ဟိုနေ့က ဝယ်လာတဲ့အင်္ကျ ီမှာ ကပ်ထားတဲ့ကျောက်တွေထဲမှာပါတဲ့ ပတ္တမြား ဖြစ်မှာပေါ့။ တလုံးတလေပဲ ဖြုတ်ပေးလိုက်ပါ မဆူးရယ်။ မပေးမခြင်းတော့ ဒီဇာတ်လမ်းက ပြီးမှာမဟုတ်ဘူး။ ကိုရီးယားကားတွေလို နှစ်ပေါက်သွားလိမ့်မယ် ထင်တယ်။ မတော်ကျန်တဲ့လူတွေပါ အမှု့တွဲထဲပါတော့မယ်။ အင်းဖက်ဖက်ကက် ဖက်ဖက်ကက် အခုလောငြိမ်နေတယ်မှတ်တာ ဒင်းက ကြံနေတာကိုး။ ဇာတ်လမ်းပြောပါတယ်။
R Ga
April 2, 2012 at 4:31 pm
ဆူးရေ ဟံသာဝတီအဝိုင်းက ပတ္တမြားကြီးများလားမသိဘူးနော် မြန်မြန်ပေးလိုက်လေ။ကြောင်ဝတုတ်ဂိုဏ်းက သိပ်ကြောက်ဖို့ကောင်းတယ်။
ဆူး
April 2, 2012 at 4:35 pm
ဟံသာဝတီ အဝိုင်းက ပတ္တမြား မဟုတ်ဘူး အမဲသားတုံးကြီး။
တွေးရင်းနဲ့တောင် တော်တော် ကြောက်လာပြီ.. ဟီးးးးး
FattyCat
March 30, 2012 at 12:05 pm
ကျွန်တော် သူငယ်ချင်း ရွှေတိုုက်စိုုးရဲ့ နာမည်အရင်း ကိုုအောင်တိုုက်ဆိုုတာကိုု ကြားကတည်းက မြန်မာနိုုင်ငံရဲ့ စုုံထောက်ဝတ္တုလောကမှာ ခြေလှမ်းချဖိုု့ သင့်တော်တဲ့ နာမည်လိုု့ ယုုံကြည်ပါတယ်…
ကျွန်တော်တိုု့ရဲ့ စုုံထောက်ကျော်ကြီးကိုု ဇာတ်လမ်းထဲကအတိုုင်းခံစားပေးပါ…အပြင်က အမြင်နဲ့မခံစားကြပါနဲ့…
နောက်တစ်ခုုက ကြိုပြီးတောင်းပန်ထားမယ်နော်….
ဒီဇာတ်လမ်းမှာ ကျွန်တော်တိုု့ ရွာထဲက နာမည်ကျော်များလဲ သူ့နေရာနှင့်သူ ပါဝင်ကပြကြရမှာဖြစ်လိုု့…
နာမည်ယူသုုံးခြင်းအား…ခွင့်လွှတ်…ခွင့်ပြုပေးကြပါလိုု့….
ခင်တဲ့-
ကြောင်ဝတုုတ်
Shwe Tike Soe
March 30, 2012 at 1:52 pm
ဘုန်းကြီး ခေါင်းခေါက်ပြီးမှ လာတောင်းပန်နေတယ်… လူဆိုးသခိုးဂိုဏ်းခေါင်းဆောင်..
ကြောင်ကုန်ကူးမှု ရပ်………………. ကိုကြောင်ဖက်ကို ဖြတ် ……. ခိခိခိ 😀
weiwei
March 30, 2012 at 12:08 pm
ဆရာကြီးမင်သိင်္ခ ပြန်ဝင်စားပြီး ရေးထားသလားအောက်မေ့ရတယ် …
ဆက်ဖတ်ရသေးတာပ ..
dalearalnear dalearalnear
April 2, 2012 at 5:53 pm
ဆက်ရေးဗျို့ ဒုတိယမင်းသိင်္ခဆိုရင် မဆိုးဘူး လာလည်ရင်ထမင်းကိုဟင်းကောင်းကောင်းနဲ့ကျွေးမှာလား
သူရဇော်
March 30, 2012 at 12:08 pm
အွန်………..မရှိသေးတဲ့ ဇနီးပါ လင်ငယ်နေတယ်…………. အမငီး အဖြစ်ရယ် တယ်ဆိုးပါလားဟယ်….. ကြောင်ဝတုတ်တုတ် ခင်ညားကြီး ဝဋ်လည်မယ်မှတ် ဟွန်း……… လူဆိုးမကြီး……. ဟို ၁၂ လက်မ တစ်ပေ သုံးပေ ရွှေတိုက်က နိုင်ငံကျော် စုံထောက်ကြီးတဲ့ အဟီး…….
Shwe Tike Soe
March 30, 2012 at 2:01 pm
အောင်မယ် ကင်သပိတ်ရောင် က ပြောသေးတယ်… ငါသုံးပေ ရှည်တာ နင်ဘယ်လိုသိလဲ.. 😀
Rose Minn
March 30, 2012 at 12:16 pm
ဘာ ဘာ တူရက အပေအတေ သူတောင်းစားဟုတ်လား။ ဘာ ရွှေတိုက်က ကြံ့ခိုင်သန်မာသော မြင်းမြင်းချင်း အားကိုးချင်စရာ ဟုတ်လား။ တလွဲတွေချည်းပဲအေ။ ရွှေတိုက် အလေလိုက်တဲ့သူကိုများ။ ခြေဖျားမှ မြေကြီးနဲ့မိရဲ့လား။ စွတ်တင်နေလို့ အပေါ်တွေ ရောက်ကုန်တော့မယ်။ အဟီ အာအာဟိ။ ဆက်ရန်ကို အားပေးနေပါတယ်။
Shwe Tike Soe
March 30, 2012 at 2:07 pm
ဒါတောင် ကိုဖက်ကပ်နဲ. တားတား တက်ကစီ တစ်ခါပဲ အတူတူ စီးရသေးတယ်… တူသများကို ကြိတ်ကြွေးနေလားမသိဘူးနော်…. အော်ယောင်္ကျားမရှိတဲ့ အပျိုကြီးများ တယ်လဲ အမြင်စောင်းသကိုးကွယ်.. 😀
ဆူး
March 30, 2012 at 12:35 pm
သတင်းတွေ ကြားနေတယ်.. အခန်းဆက် အပိုင်း ၂ဝ လောက် ရှိတယ် ဆိုလား..
သဂျီးတော့ နည်းနည်း မျက်ခုံး လှုပ်စရာ ဖြစ်နေပြီ။
amatmin
March 30, 2012 at 12:58 pm
ကျနော်က နေရင်းထိုင်ရင်း အမတ်မင်းဘဝက လျောကျပြီး..
ဘယ်နှယ့် လူဆိုးတွေနဲ့ များ အပေါင်းအသင်းဖြစ်မိသွားပါလိမ့်.. 🙂
ကိုကြောင်ဝတုတ်ရေ..ဆရာမင်းသိင်္ခလက်သစ်လေးကို အားပေးတယ်ဗျို့..
ဆူး
March 30, 2012 at 1:03 pm
ရှိစုမဲ့စု စာကလေး အောင်တိုက် တဲ့ ထောင်ထောင်မောင်းမောင်း စုံထောက်ကြီး ညာယူသွားတယ်။
အဲဒီစာကလေးတော့ အခုလောက်ဆို အသက်ရှိပါ့အုန်းမလား မသိဘူး။ ဘီယာဆိုင်မှာ သွားမြည်းလိုက်ရင်တော့ ခက်မယ်။ 🙁
Shwe Tike Soe
March 30, 2012 at 1:39 pm
မိတူရ နင် ငါ့အရပ်ကို ရှည်မပြစ်ပါနဲ.ဟယ်… သများက အရပ်ပုတာကို ဂုဏ်ယူနေတာ ဟဲ့ကောင်မရဲ.
အရပ်မြင့်မြင့် ခပ်ချောချော ကောင်တွေက ပေါမှပေါ…
တို.က အရပ်ပုပု ခပ်ချောချော ဆိုတာ ရှားမှရှားအေ့………
ဟဲ့ကောင်မ ငါ့အရပ်ပြန်ပုပေးစမ်း………
အစုံမထောက်ချင်ပါဘူးအေ……. ခရာအမှုတ်ခံရမှာပေါ့လို……. အဟိ…..
နင်ဇာတ်ကို သိမ်းနိုင်ရင်သိမ်း သေသေချာချာမသိမ်းနိုင်လို.ကတော့ အသေသတ်ပြစ်မယ်… လူကိုမဟုတ်ဘူး… အသေသတ်မှာ…
😀
Shwe Tike Soe
March 30, 2012 at 1:57 pm
လူမှားပြောမိတာ.. မဲတူမ ကင်သပိတ်ရောင်မဟုတ်ဘူး ဖက်ထုပ်မ ကိုပြောတာ.. အပေါ်က စာက
သူရဇော်
March 30, 2012 at 3:32 pm
အောင်မာ ကောင်မ မိတိုက်မနော် စည်ပင်သာယာကတော်မ သူ့ဘာသာလူမှားပီး လူကိုများ ကင်သပိတ်တဲ့
padonmar
March 30, 2012 at 8:45 pm
ယူနီဗာစတီ ဆူးခက်က ခေါင်းလောင်းတီးပြီး သတင်းစာရှင်းလင်းပွဲ ဝင်လာသေးလား။ 😀
windtalker
March 30, 2012 at 8:53 pm
အခုမှ ပထမပိုင်းဖတ်ရလို ့အငြိမ့်မင်းသမီး ဆူးခက် အကြောင်း သိရတယ် ။
စကားမစပ် အဲ့မင်းသမီး က ချိုမိုင်မိုင် အက နဲ ့နာမည်ကျော်ကြားလာတာ ကလားဗျ ။
မယုံ သူနဲ ့တွေ ့ရင် ကပြခိုင်းရင် သူ ကပြတယ် ။ သူ က အကပိုးက ဟိုးငယ်ငယ်ပုစိညှောက်တောက်ကတဲက ပါတာဆိုကလားဘဲ ။ ဟီဟိ
FattyCat
April 2, 2012 at 1:42 pm
မဆူးက သူအငြိမ့်မင်းသမီးဖြစ်ရတဲ့အကြောင်းကို စိတ်ဝင်တစားလာမေးတယ်ဗျာ…ဟီးဟီး
ဒီခေတ်စတိုင်နဲ့ရေးထားပေမယ့် သူက ဘာလို့ခေတ်မရှိတဲ့ အငြိမ့်မင်းသမီးဖြစ်ရတာလဲပေါ့ဗျာ…
အငြိမ့်မင်းသမီးအနေနဲ့တော့ ဒီအိမ်ကြီးနဲ့ ဒီလိုအစေခံတွေနဲ့မနေနိုင်တာသေချာတယ်…
အငြိမ့်မင်းသမီးတော့ မင်းသမီးပဲ ဒါပေမယ့် နိုင်ငံတော်အဆင့် နိုင်ငံရဲ့ဂုဏ်သိက္ခာကိုဖော်ကျူးတဲ့နေရာမှာ
ပါဝင်ကပြရတဲ့မင်းသမီး…
နိုင်ငံတကာလှည့်သွားလာပြီး…နိုင်ငံတော်အဆင့်ပွဲတွေမှာပဲ ကပြလို့ နိုင်ငံတော်အဆင့်နာမည်ကြီးရတာ…
အဲဒီလို အငြိမ့်မင်းသမီးဗျ…
မောလိုက်တာနော်…
ဆူး
April 2, 2012 at 1:54 pm
ဟုတ်ပါပြီ ရှင်းပြတာ ကျေးဇူးတင်ပါတယ်။
မောရင် အလှူနေကျရင် ရေသန့် တိုက်မယ် သိလား။
ရေသန့် စပွန်ဆာ ရထားလို့ အဝ တိုက်မယ်။
ဖားသက်ပြင်း
April 2, 2012 at 2:01 pm
ရေခဲ နဲ့ အမြည်း ရော စပွန်စာ မရဝူးလားဟင်င်င်….
😀
ဒက်ဂလောက် …ဒက်ဂလောက် …
ဆူး
April 2, 2012 at 2:07 pm
ဟဲ့ဟဲ့.. ဘုရား ဘုရား.. ဒကာကြီး မဟုတ်မဟတ်တွေ မစဉ်းစားကောင်းဘူးနော်။
အလှူများများ ရဖို့သာ စဉ်းစား.. 😀
FattyCat
April 2, 2012 at 3:03 pm
ဟိတ် ဝတ္တုထဲကြော်ငြာဝင်ခြင်း သည်းခံပါ….
ဆူး
April 2, 2012 at 3:07 pm
အဲဒါ ကြော်ငြာ ဝင်ခြင်း မဟုတ်ပါ။
အသိပေးခြင်းနဲ့ သတိပေးခြင်း သာ ဖြစ်ပါသည်။
Novy
April 2, 2012 at 4:01 pm
တစ်ကယ်ကတော့ ကြောင်ဝတုတ်ဂိုင်းမှာ
ဂိုင်းချုပ်ကြီးက သက်သက်ရှိပြီးသား
ပုံစံက စူမို နဘန်းသမားနဲ့ နင်လားငါလားပဲ (ဖွလိုက်အုံးမယ်)
သူကို ဖမ်းချင်ရင်တော့
ချွေးစက်များမှာ သက်သေရှာတဲ့ ချွေတွေဘူးသီးလုံးလောက်ထွက်နေရင်တော့
အဲ့ဒါ ကြောင်ဝတုတ်ဂိုင်းချုပ်ကြီးပဲ ဟီးးးးးးးးးး
etone
April 5, 2012 at 3:15 pm
ကုန်စိမ်းထမ်းနေတဲ့ ကိုသူရတစ်ယောက် ကောင်းစားတယ်ပေါ့ …. ။
အဟီး .. စုံထောက်ကြီးကလည် … ကိုသူရကို ထိလျှင် အသက်ချင်းလဲပြီး ကာကွယ်မတဲ့ … (ဗလအားကိုးဖြင့် 😆 ) မင်းသမီးဆူးခက်ကလည်း ရဲကိုမယုံ ..စုံထောက်ကြီးကိုပဲ ပုံပြီး ယုံပါသတဲ့ .. ဟိဟိ 😀
ဆူး
April 15, 2012 at 9:05 pm
ဇတ်လမ်းက အသစ်လည်း မတင်ပေးဘူး။ သင်္ကြန်တွင်း ပျင်းနေလို့.. ဟိဟိ..
စေပိုင်ထွဋ် (ပုသိမ်)
April 15, 2012 at 9:17 pm
ကန်လန့်ကာနောက်က သရုပ်ဆောင်တွေကလည်း
အသံတွေ စီစီညံနေတာပဲ
ဇာတ်လမ်းကတော့ ရွှေဥဒေါင်း လက်သစ်လေးလား ဝေ့