ကိုကမ်းဝေးပျောက်ဆုံးနေမှုကို စုံထောက်ကိုအောင်တိုက်မှာ နေ့မအိပ်၊ ညမအိပ်စဉ်းစားနေလေသည်… ထို့အတူ ဦးဘလက်ချောထွက်ဆိုထားသော အမှုတွဲကြီးအားလဲ ထပ်ခါတလဲလဲဖတ်လိုက်… မှတ်စုများ ထုတ်လိုက်လုပ်နေရင် တစ်နေ့တစ်နေ့အလုပ်ရှုပ်လျက်ရှိပေ၏… ထို့အတူ အခြားသောအမှုများအားလက်ခံမှုမပြုရန်နှင့် အီးမေးလ်များအားလဲ သူ့ကိုယ်စားကျွန်ုပ်မှ ပြန်စာရေးပေးရလေသည်… စုံထောက်အောင်တိုက်မှာ ဆင်ပြောင်ကြီးအမြီးကျမှတစ်နေသော ကြောင်ဝတုတ်ဂိုဏ်းအမှုအား အစားအသောက်ထက်ပင်ပိုကာ အရသာတွေ့နေပုံရပေတော့၏… ဦးဘလက်ချောနဲ့တွေ့ဆုံပြီးနောက် (၃)ရက်ကြာအထိ အခန်းတွင်းအောင်းကာ နေ့လည်စာ၊ ညစာကိုပင် အခန်းတွင်းသို့ ဗန်းဖြင့်ပို့ပေးရလေသည်… (၄)ရက်မြောက်သောနေ့ မနက်(၆)နာရီခွဲ ကျွန်ုပ်အိပ်ရာနိုးချိန်တွင် စုံထောက်ကိုအောင်တိုက်မှာ အိမ်ရှေ့ခြံဝန်း အတွင်းရှိ သစ်ရွက်များအား လှဲကျင်းနေသည်ကိုတွေ့လိုက်ရသဖြင့် ကိုအောင်တိုက်အပေါ်စိုးရိမ်မှုများ အတော်လေးသက်သာရာရခဲ့ပါသည်… သူရ ။ ။ ကိုအောင်တိုက်… စောစောနိုးနေတယ်နော်… အောင်တိုက် ။ ။ စောစောနိုးနေတယ်ဆိုတာထက်… တစ်ရေးမှမအိပ်ရသေးဘူးဆိုတာပိုသေချာမယ် ကိုသူရရေ… သူရ ။ ။ ခင်ဗျားကလဲ အလုပ်လုပ်ရာမှာ သိပ်ဇွဲကြီးသကိုး… […]