နောက်တစ်နေ့..နံနက် ကျွန်ုုပ်အိပ်ယာနိုုးလာတော့… ကိုုအောင်တိုုက်မှာ မနေ့ကရန်ကုုန်တက္ကသိုုလ်စာကြည့်တိုုက်မှယူဆောင်လာခဲ့သော စာအုုပ်အထူကြီးကိုု စိတ်ဝင်တစားဖတ်နေသည်ကိုုတွေ့ရလေသည်။ ဘေးတွင်ချထားသော လပ်ကီးစရွိုက်စီးကရက်အဆီခံများနှင့်ပြည့်နေသော ဆေးလပ်ပြာခွက်ကိုုကြည့်ခြင်းဖြင့် တစ်ညလုုံးနီးပါးစာဖတ်ထားသည်ကိုုခန့်မှန်းမိပါသည်။ အောင်တိုက် ။ ။ ကိုုသူရနိုုးပြီလားဗျ…ရေသွားချိုးဗျာ… ပြီးရင် သုုံးပန်လှမှာ အာလူးဟင်းချာပါတီလေးကိုု ချိုစိမ့်လေးတစ်ခွက်နဲ့စားပြီး အချိန်မလင့်ခင်အလုုပ်လေးဆက်ကြဦးစိုု့… ပြောပြောဆိုုဆိုု ကိုုအောင်တိုုက်သည် စာအုုပ်ထူကြီးကုိုလက်မှချပြီးနောက် ခြံပြင်သိုု့ထွက်ပြီး ကျွန်ုုပ်တိုု့နေထိုုင်ရာ အမှတ်(၂၃၂)၊ စရည်းပင်လမ်း၊ သုုဝဏ္ဏဟူသော ကြေးဆိုုင်းဘုုတ်အား သေချာစိုုက်ကြည့်နေလေတော့သည်.. စိုုက်ကြည့်၍ အားရသည်နှင့် ဧည့်ခန်းအတွင်းရှိခုုံပေါ်တွင် ပြန်ထိုုင်ပြီး စာအုုပ်ထူကြီးအားပြန်လည်ဖတ်နေပြန်တော့သည်… ကျွနုု်ပ်ရေချိုးပြီး အပြင်သွားရန်အတွက် မော်တော်ကားလေးအား မောင်းနှင်မည်အပြုတွင်… အောင်တိုက် ။ ။ ကိုုသူရ ကျွန်တော်မောင်းမယ်ဗျ…. အခုုအချိန်မှာ အတွေ့အကြုံမရှိသေးတဲ့ခင်ဗျား ကားမောင်းဖိုု့မသင့်တော်ဘူး… ကျွန်တော်တိုု့သွားမယ့်လမ်းကိုု ကြိုခန့်မှန်းတဲ့လူရှိသလိုု…အချိန်မရွေးလုုပ်ကြံခံရနိုုင်တယ်ဗျ… စုုံထောက်အလုုပ်ဆိုုတာ အသက်ကိုုအလောင်းအစားလုုပ်ပြီး အမှန်တရားကိုုရှာဖွေရတာမဟုုတ်လား…ကိုုသူရရယ်… […]