Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

စုုံထောက်အောင်တိုုက် နှင့် ကြောင်ဝတုုတ်ဂိုုဏ်း (၂)

ကျွန်တော်တိုု့ ရန်ကုုန်တက္ကသိုုလ်စာကြည့်တိုုက်သိုု့ရောက်ရှိသွားချိန်တွင် ကိုုအောင်တိုုက်သည် ခြင်္သေ့အရွက်ကလေး (၂)ရွက်ဖြင့် တံခါးအားဖွင့်စေပြီး
စာကြည့်တိုုက်ထဲသိုု့ဝင်ကာ အတော်အတန်ကြာအောင် စာအုုပ်များ လှန်လှောရှာဖွေလေသည်….

မိနစ် (၃၀)ခန့်ကြာသောအခါ… စာအုုပ်တစ်အုုပ်ကိုု ပိုုက်လျှက်

အောင်တိုုက် ။         ။ ကိုုသူရရေ…ဒီကိစ္စက ကျွန်တော်တစ်ယောက်ထဲ ရှင်းလိုု့တော့မရတော့ဘူးဗျ… ကိုုယ့်ထက်တတ်သိနားလည်တဲ့လူဆီကိုုတော့ ပြေး

ရမယ်…ဝေသာလီဆောင်ဘက်ကိုုမောင်းတော့ဗျာ…

ကျွန်တော်လဲ ကိုုအောင်တိုုက်ရဲ့ လမ်းညွှန်ချက်အတိုုင်း ဝေသာလီဆောင်ဘက်ကိုု ကျူကျူကားလေးအပြင်းမောင်းထွက်ခဲ့ပါတော့သည်…
ထိုုသုို့ သွားရောက်နေစဉ် စဉ်းစားမိသည်က ကိုုအောင်တိုုက်မှာ လက်ရုုံးရည်တင်မက နှလုုံးရည်ပြည့်ဝပြီး စည်းကပ်ကိုုးကွယ်သင့်သူကိုု ကိုုးကွယ်တတ်သော
အကျင့်ကောင်းရှိသည့် ယောင်္ကျားကောင်းတစ်ယောက်ဖြစ်နေခြင်းကိုု လက်မခံ၍ မရနိုုင်လောက်အောင် လေးစားအံ့ဩမိပါသည်….
သိုု့သော်ငြားလဲ ထိုုသိုု့အရည်အချင်းပြည့်ဝသောယောင်္ကျားကောင်း ဘေးနားတွင် ကြင်သူဇနီးမယားရှိမနေခြင်းကား အံ့ဩစရာဖြစ်ပေသည်…
လူတိုုင်းတွင်လဲ အားနည်းချက်ရှိကြသည်မဟုုတ်ပါလော….
(ထိုုအကြောင်း အပြည့်အစုုံကိုု စုုံထောက်အောင်တိုုက်နှင့် အုုပ်ထိန်းသူမမကြီး ဝတ္တုတွင် ဖော်ပြပါမည်….စာရေးသူ)

ဝေသာလီဆောင်သိုု့ရောက်သောအခါ…
ကိုုအောင်တိုုက်မှာ အသက်(၅၀)ဝန်းကျင်ခန့်ရှိသော တရုုတ်သွေးနှောသည့် ဥပတိရုုပ်ရှိသည့် လူကြီးတစ်ဦးနှင့် တွေ့ဆုုံပြီး မိတ်ဆက်ပေးပါသည်…

အောင်တိုုက် ။         ။ ကိုုသူရရေ…ဒါကတော့ ပရောဖက်ဆာဒေါက်တာပါလေရာပဲဗျ… သမိုုင်းကြောင်းကိုု အရမ်းကျွမ်းကျင်သလိုု..

နိုုင်ငံတကာဆက်ဆံရေးမှာလဲ မြန်မာနိုုင်ငံမှာ အတော်ဆုုံးဆရာကြီးပဲ…နိုုင်ငံတော်သမ္မတကြီးကိုုယ်တိုုင်

အတုိုင်ပင်ရတဲ့ပုုဂ္ဂိုဟ်ပေါ့ဗျာ..
ဒေါက်တာ ။            ။ ကိုုအောင်တိုုက်ကလဲဗျာ…ကျွန်တော့လိုု ကြက်ကန်းဆန်အိုုးတိုုးမိတဲ့ အဖိုုးကြီးတစ်ယောက်ကိုု အထင်မကြီးစမ်းပါနဲ့ဗျာ

ဒါထက်လာရင်းကိစ္စကရောဗျ…

အောင်တိုုက် ။        ။ လာရင်းကိစ္စကတော့ဗျာ ဓားကိစ္စပဲဗျ….ကျွန်တော် အမှုကိစ္စ တစ်ခုုလိုုက်ရင်းနဲ့ ဓားတစ်ချောင်းနဲ့ပတ်သက်လာလိုု့

ကိုုယ်တိုုင်မဆုုံးဖြတ်နိုုင်တော့ ဟင်းလေးအိုုးကြီးကိုု အကူအညီလာတောင်းရတာပေါ့ဗျ…

ဒေါက်တာ ။            ။ ကဲ..ပြစမ်းပါဦး….

ဒေါက်တာပါလေရာကြီးမှာ ကိုုအောင်တိုုက်ကမ်းပေးသော ဓားမြှောင်ငယ်ကိုု သေချာကြည့်ရှုပြီးနောက်…စားပွဲထဲမှ အလားတူဓားမြှောင်ငယ်တစ်ချောင်းကိုု
ထုုတ်ယူလာပြီး….

ဒေါက်တာ ။          ။ ဒီကိစ္စကတော့ ပေါ့သေးသေးကိစ္စ မဟုုတ်ပေဘူးဗျ….
ဒီဓားမြှောင်ငယ်က အာဖရိက ဂွတ်ဟုုတ်အငူ (Good Hope) ဘက်က သူကောင်းမျိုးနွယ်တွေသုုံးခဲ့တဲ့ ဓားမြှောင်ငယ်ပဲဗျ…
အဓိပ္ဗါယ်ကတော့ ဓားမြှောင်ငယ်ရရှိတဲ့လူက ဂိုုဏ်းတစ်ခုုရဲ့ ဘုုံရန်သူအဖြစ် သတ်မှတ်ခံရတဲ့လူ…
ရှင်းရှင်းပြောရရင် အသတ်ခံရမယ်လူပေါ့…ဂိုုဏ်းအချင်းချင်း စပိုုင်တွေ အပေးအယူလုုပ်ရင်လဲ သုုံးတယ်ပေါ့ဗျာ…
ဓားမြှောင်အရိုုးမှာရေးထာတာက စွဟိလိ (Swahili) ဘာသာစကားနဲ့ ကက်ဟီ (Kadhi) ဆိုုတာက တရားမျှတာခြင်းလိုု့

အဓိပ္ဗါယ်ရတယ်ဗျာ…

ကျွန်တော့ဆီကိုု ဒီဓားလေးရောက်နေတာ အနှစ် (၃၀)ကျော်ခဲ့ပြီဗျ…
ကျွန်တော် သမိုုင်းကျောင်းသားစာကြမ်းပိုုးဘဝတုုန်းက ကျွန်တော်နဲ့အရမ်းခင်ခဲ့တဲ့ သူငယ်ချင်းတစ်ယောက်က လက်ဆောင်ပေးခဲ့တာ…
သူလဲ ခင်ဗျားလိုု နာမည်ကြီး စုုံထောက်ပဲလေဗျာ…ကျွန်တော်သိရသလောက်တော့ အဲဒီအမှုက မပေါ်ခဲ့ဘူး….
သူပြောခဲ့ဖူးတာကတော့ အဲဒီဂိုုဏ်းက အရမ်းလျှို့ဝှက်ပြီး ဂိုုဏ်းသားတွေကလဲ အရည်အချင်းပြည့်ဝလွန်းလိုု့ ဘယ်လိုုမှ

အစဆွဲထုုတ်မရခဲ့ဘူးတဲ့…
သူ့နာမည်က ဆားပုုလင်းနှင်းမောင်တဲ့…လူတော်တစ်ယောက်ပါဗျာ…

အောင်တိုုက် ။       ။ ကျေးဇူးအထူးတင်ပါတယ် ဒေါက်တာပါလေရာ… ကျွန်တော့အတွက် အဖိုုးမဖြတ်နိုုင်တဲ့ သမိုုင်းအချက်အလက်တွေပါပဲ…

သွားဦးမယ်ဗျာ…နောက်မှဆုုံကြတာပေါ့…
ကိုုအောင်တိုုက် ကားလေးပေါ်သိုု့ရောက်တဲ့အခါ…

အောင်တိုုက် ။             ။ ကိုုသူရရေ… ကမ်းနားလမ်းက စာတိုုက်ကြီးနားကိုုမောင်းဗျာ….
အဲဒီနားက သင်္ဘောကုုမ္ဗဏီကိုု သွားမယ်ဗျို့…ကျွန်တော်တိုု့ လိုုချင်တဲ့ သဲလွန်စကိုု အဲဒီမှာရနိုုင်တယ်….
ဒါနဲ့ အဲဒီက ကုုမ္ဗဏီပိုုင်ရှင် အပျိုကြီး Rose ကတော့ ကျလောက်တဲ့ရုုပ်ရည်နော…

ခင်ဗျားကိုုယ်ခင်ဗျား နဲနဲသထားမှတော်ကာကျမယ်….
ဟားဟားဟား….

ကျွန်တော်နှင့် ကိုုအောင်တိုုက်တိုု့ Rose Maritime Co.,Ltd သိုု့ရောက်သောအခါ…

ကိုုအောင်တိုုက်သည် ပိုုင်ရှင် မမRose ကိုုယ်တိုုင် ခရီးဦးကြိုပြုပြီးနောက် ရုုံးခန်းအတွင်းသိုု့ခေါ်ယူကာ လိုုအပ်သည့်အကူအညီများကိုုပေးပါသည်…

အောင်တိုုက် ။           ။ Rose ရေ…ကျွန်တော့ကိုု တစ်ခုုလောက်အကူအညီပေးပါဗျာ… ဒီရက်ပိုုင်းမှာ အာဖရိကဖက်က

ပြန်လာတဲ့သင်္ဘောသားများရှိလားဆိုုတာသိချင်လိုု့ဗျာ…

Rose ။                   ။ ကိုုအောင်တိုုက်ရေ…အာဖရိကဘက်ပြန်လာတဲ့လူဆိုုတာ တော်တော်ရှားရှားပါးပါးပဲဖြစ်လိမ့်မယ်…
၁၈၆၉ခုုနှစ် စုူးအက်တူးမြောင်းဖွင့်ပြီးကတည်းက အမေရိကားဘက်ကိုု သွားတဲ့သင်္ဘောအားလုုံးလိုလိုု ခရီးတိုုတဲ့

စူးအက်ကနေပဲဖြတ်သွားတယ်ဆိုုတော့ အာဖရိကဖက်ကိုု တကူးတကမသွားရင်မရောက်ဖြစ်တော့

ကျွန်မတိုု့အနေနဲ့ ခွဲထုုတ်လိုု့လွယ်ပါတယ်…

Rose မှာ ဖုုန်းကိုု ကောက်ကိုုင်လိုုက်ပြီး (၆)လအတွင်း အာဖရိကဖက်မှ ပြန်လာသောသင်္ဘောသားများ
စာရင်းကိုု တောင်းယူလေသည်…
စာရင်းများရသောအခါ…ဓာတ်ပုုံနှင့်တကွ ကိုုယ်ရေးရာဇဝင်များကိုုပါ…Print ထုုတ်ပြီး ကိုုအောင်သိုုက်အားအပ်နှံခဲ့ပါသည်…
ရရှိသောစာရင်းများ ကိုုယ်ရေးရာဇဝင်များကိုု ယူ၍ ကိုုအောင်တိုုက်၏ သူငယ်ချင်းတစ်ဦးဖြစ်သူ Khine & Sisters (K&S) Airline ပိုုင်ရှင် ဒေါ်ခိုုင်ခိုုင်အားသွားရောက်တွေ့ဆုုံပြီးနောက် (၆)လအတွင်း အာဖရိကနိုုင်ငံများဘက်မှလာသူများ၏ ဝင်ထွက်မှုစာရင်းကုို အဆက်အသွယ်ကောင်းများဖြင့်ရရှိခဲ့ပြန်သည်…

ကျွန်တော်နှင့် ကိုုအောင်တိုုက်တိုု့ လိုုအပ်သောစာရွက်စာတမ်းများရရှိသည်နှင့် နောက်တစ်နေ့နံနက်စောစောဆူးဝင်နီခြံကြီးသိုု့ ဦးတည်ထွက်ခွာခဲ့ပါသည်….
ဆူးဝင်နီခြံကြီးသိုု့ရောက်သောအခါ…မင်းသမီးဆူးမှာ ကိုုယ်တိုုင်စိုုက်ပျိုးထားသော နှင်းဆီပင်များအား ပိုုးသတ်ဆေးဖြန်းခြင်း၊ ရေလောင်းခြင်းများပြုလုုပ်လျက်
ရှိသည်ကိုု မြင်ရသောအခါ မနေ့က အပူများငြိမ်းအောင်ပြုလေသလားဟုုပင် စိတ်ထဲထင်မြင်မိပေ၏…

ဆူး ။               ။ ကိုုအောင်တိုုက်…စောတယ်နော်…
အောင်တိုုက်။             ။ ကျွန်တော်က အမှုတစ်ခုု မပြီးမပြတ်မချင်း ကောင်းကောင်းအိပ်မရတာကတော့ ထုုံးစံလိုုဖြစ်နေပါပြီဗျာ…
ကျွန်တော်တစ်ခုုသိချင်တာက အခုုကျွန်တော်ပြတဲ့လူတွေထဲမှာ ခင်ဗျားပြောတဲ့အမတ်မင်းဆိုုတဲ့လူပါလား…မပါလားပဲ…

မင်းသမီးဆူးကိုု ကိုုအောင်တိုုက်မှ ဓားမြှောင်ငယ်အကြောင်းနှင့် ဖြစ်နိုုင်ချေရှိသောကောက်ချက်များကိုု ပြောကြားရင်း…Rose နှင့် ခိုုင်ခိုုင်တိုု့ထံမှရရှိသော
စာရွက်စာတမ်းများကိုု ပြသလျှက်ရှိရာ…ကျွန်တော်မှာ ကျယ်ဝန်းလှသော ဆူးရဲ့ ခြံဝန်းအတွင်းလှည့်ပတ်ကြည့်ရှုရင်း အီဂျစ်အကများဖြင့်နာမည်ကြီးသလောက်
အီဂျစ်ယဉ်ကျေးမှုများကိုု နှစ်သက်သည့် မင်းသမီးဆူး၏ ခြံဝန်းအတွင်းမှ အီဂျစ်ဆန်ဆန်ပြုပြင်အလှဆင်ထားမှုများကိုု ကြည့်ရှုနေမိပါသည်…

ကိုုအောင်တိုုက်နှင့်ဆူးတိုု့မိနစ် (၂၀)ခန့်စကားပြောပြီးချိန်တွင်…

အောင်တိုုက်။             ။ ကိုုသူရရေ….အဖြေကတော့ထွက်ပြီဗျ…
အမတ်မင်းဆိုုတဲ့လူ နာမည်အရင်းက ဦးမင်းမတ်တဲ့…မွန်လူမျိုး..

ခင်တဲ့လူတွေက…ကိုုမတ်လိုု့ ခေါ်ကြတယ်…

AMM ဆိုုတဲ့ Export, Import Company မှာ ရှယ်ယာ ၄၀% ပိုုင်ဆိုုင်ထားပြီး…

အာဖရိကကနေပြီးတော့…လွန်ခဲ့တဲ့ (၄)လအတွင်း…

မြန်မာနိုုင်ငံကိုု သင်္ဘောအယောင်ဆောင်ပြီးတော့ စိန်တွေကိုုတင်သွင်းနေတဲ့
သူဌေးတစ်ယောက်ဗျ…
ခိုုင်ခိုုင်ပေးလုိုက်တဲ့ စာရင်းထဲမှာ တောင်အာဖရိကကနေပြီးတော့ မြန်မာနိုုင်ငံကိုု (၄)ကြိမ် လေယာဉ်ပျံနဲ့
Rose ပေးလုိုက်တဲ့ စာရင်းထဲမှာ တောင်အာဖရိကကနေပြီးတော့ပဲ မြန်မာနိုုင်ငံကိုု (၃)ကြိမ်

သင်္ဘောသားအဖြစ်နဲ့ အလုုပ်လုုပ်ကိုုင်နေတယ်လိုု့ သိရတယ်…

ကျောထောက်နောက်ခံကောင်းတဲ့အပြင် ဇွဲလဲတော်တော်ကောင်းတဲ့လူပဲဗျ….

သူရ ။              ။       ဒါဆိုုရင် ကျွန်တော်တိုု့ ဘယ်ကနေစပြီး စုုံစမ်းကြမလဲဗျ…

အောင်တိုုက် ။       ။ အမတ်မင်းဆိုုမှတော့ဗျာ….AMM ကစမှာပေါ့ဗျ….

 

ဆက်ရန်-

21 comments

  • Mလုလင်

    March 30, 2012 at 3:22 pm

    မျှော်နေတယ် နော့ .. အားပေးပါဒယ်။

  • Khaing Khaing

    March 30, 2012 at 3:23 pm

    အော် လက်စသတ်တော့ နာလေယာဉ်ကုမ္ပဏီကနေ သွားလိုက်လာလိုက်လုပ်နေတဲ့ မင်းမတ်ဆိုတာ လူဇိုး သူခိုး ဂျပိုးကို နာကတော့ နာ့ကိုလာငမ်းနေတယ်ထင်ပြီး လေယာဉ်ခတွေ ဈေးလျှော့ပေးလိုက်ရတာ မွန်လူမျိုး ဆိုပဲလား မိဂီမနဲ့အမျိုးတော်တယ် ကိုမတ်ကဂျပန်ဘက်ကိုလည်း တစ်ခါသွားဖူးတယ် ကိုဖက်ရေ .. သတင်းထပ်ပေးတာနော်. ……….

  • ဆူး

    March 30, 2012 at 3:27 pm

    စိတ်ဝင်စားဖို့တော့ တော်တော် ကောင်းလာပြီ။
    နောက်အပိုင်းတွေ သွေးမအေးရလေအောင် ဆက်တိုက် မြန်မြန်လေး တင်ပေးပါ။
    အဆက်ပြတ်မှာ စိုးလို့..

  • Thel Nu Aye

    March 30, 2012 at 3:33 pm

    ပြီးရင် ပေါင်းချုပ်ထုပ်ပေးပါ။ စုဖတ်ချင်လို့။ အတွဲတွေသိပ်မဝေးနဲ့နော်။ ဆက်တိုက်တင်။

  • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

    March 30, 2012 at 3:37 pm

    ကောင်းတယ်ဗျကိုဖက်ရ …..
    ထပ်မျှော်နေတယ် နောက်နေ့ပေါ့ တစ်နေ့ထဲနှစ်ခါမတင်ရဆိုတော့လဲအင်း………… နောက်တစ်ခါတင်များ
    များတင်ပါဗျ ကိုရီးယားကားစောင့်ကြည့်နေရတဲ့အတိုင်းပဲတစ်ရက်မှ နှစ်မျက်နှာတဲ့ လူဇိုးကြီး………

  • နွယ်ပင်

    March 30, 2012 at 3:41 pm

    ဇာတ်ရှိန်ကတော့ မြင့်လာပြီ ..
    မွန်လူမျိုး မင်းမတ်ကတော့ ဒါမျိုးတွေ လုပ်နေကြထင်ပါတယ်
    ရုပ်ကြည့်တော့ မထင်ရဘူးတကယ် ………… 😛

  • FattyCat

    March 30, 2012 at 3:57 pm

    စနေ၊ တနင်္ဂနွေကျတော့ ဖတ်တဲ့လူတွေနဲတာရယ်…
    ကျွန်တော်ကိုုယ်တိုုင်ကလဲ အင်တာနက်နဲ့ဝေးနေတာရယ်တွေကြောင့် တင်ဖြစ်မှာမဟုုတ်လိုု့ ဒီနေ့ (၂)ပိုုစ့်တင်ပေးလိုုက်တာပါ…
    ကြာရက် (Week Day) တွေမှာတော့ တစ်နေ့ကိုု တစ်ပိုုင်းနှုန်းနဲ့ မြန်မြန်တင်ပေးပါ့မယ်…
    အားပေးကြတာကျေးဇူးတင်ပါတယ်…
    ပေါင်းချုပ်ပြန်ထုုတ်ပေးပြီးရင် စာအုုပ်ပါထုုတ်ရောင်းကျမယ်လေ….ဟီး

    အတိတ်စိမ်းတော့ပေးလိုုက်မယ်နော်….
    (၁၀)ပိုင်း ကျော်ချင်ကျော်သွားမှာ…ဇွဲရှိရှိရေးတာ…ဇွဲရှိရှိအားပေးနော်…

    • ဆူး

      March 30, 2012 at 4:57 pm

      ကိုရီးယားကား ညည MRTV-4 မှာ ၁၅မိနစ်စာ စောင့်စောင့် ကြည့်ရသလို ဖြစ်နေတော့မယ် ထင်တယ်။

    • Thel Nu Aye

      March 30, 2012 at 5:59 pm

      အင်း မြဝတီက ကိုရီးယားကားလို ကြော်ငြာအရှည်ကြီးဝင်လို့ကတော့ နာဖို့သာပြင်။

  • ကိုရင်မောင်

    March 30, 2012 at 3:58 pm

    ကြောင်ဝတုတ်ရေ…အားပေးနေပါတယ်
    မြန်မြန်ဆက်တင်ပါဗျို့…….

  • Shwe Tike Soe

    March 30, 2012 at 4:59 pm

    ငါ့နှယ့်နော် ဒီ သပွတ်အူ အရုပ်ထုပ် အမှုကိုမှ လက်ခံမိရက်သားဖြစ်သွားတယ်….
    ဒီပို.စ် အဆုံးသတ်ရင် ဝတ္ထု အရင်ထုတ်မယ် ပြီးရင် ဗီဒီယိုရိုက်မယ်…. စာနယ်ဇင်းပွဲကိုတော့ တတောင်းချားကြီးများ ဟော်တယ်မှာ..
    တောင်းလို.ရတဲ့ ထမင်းကျန်ဟင်းကျန် ဘူဖေး နဲ. ကြွရောက်လာတဲ့ လူချီးမင်းများနဲ. စာနယ်ဇင်း ငဖွများအား… တည်ခင်းဧည့်ခံကာ…
    အငြိမ့်မင်းသမီး မဆူးမှ ဆက်ဆီဒန်.ဖြင့်၄င်း၊ သင်္ဘောကုန်ပါပြီပိုင်ရှင် မမအုံမှ သင်္ဘောသီးအစိ တစ်ယောက်တစိကျ၎င်း၊ လေယာဉ် ကုန်ပါပြီ ပိုင်ရှင် အခိုင်မှ ပုဇင်း တစ်ကောင်ဖင်ကြားညှပ်ကာ လေယာဉ်မယ်အဖြစ် လေယာဉ်(ပုဇင်း)စီးပြကာ ဖျော်ဖြေပါမည်…… အကြောင်း… အသိပေးအပ်ပါသည်……..
    ကျွန်တော်နှင့် ကျွန်တော်အိုင်ပီ မဲတူမကတော့ အမှူမပြီးမချင်း ပြေးနေရလို. မလာနိုင်ပါကြောင်း…
    စာရေးသူ ဖက်ကပ်ကတော့ စာအုပ်ရောင်းရငွေအား ယောက္ခမ အကြွေးဆပ်ရန် ကြိုးစားရောင်းချမည်ဖြစ်ကြောင်း…

  • Khin Latt

    March 30, 2012 at 6:35 pm

    ဒါမျိုးလဲ ဖြစ်သကိုး ကြောင်ဝလေးရယ်။
    ရီလိုက်ရတာ။
    ဟေ့ ဇာတ်လမ်းဆုံးလို့ မှ နာ့နံမယ် မပါရင်တော့ နင်တော့ အတေဘဲမှတ်။ 😉

  • blackchaw

    March 30, 2012 at 8:06 pm

    ညီလေးရေ။
    ဇာတ်လမ်းတွေဘာတွေ ခဏထားလိုက်ပါ။
    အရေးအသားကိုက သေသွားတဲ့ မင်းသိင်္ခကြီး
    လူပြန်ဖြစ်ပြီး ရေးထားသလားတောင် ထင်ရပါတယ်။
    အမှတ် ၁ မှာကတည်းက ဖတ်နေတာ
    အမှတ် ၂ မှာ ကြိုက်သွားပြီ။
    စနေ၊ တနင်္ဂနွေ နားမယ်ဆိုတာကတော့ သိတ်မရားဘူးထင်တာပဲ။
    :mrgreen:

  • windtalker

    March 30, 2012 at 8:29 pm

    ဆန်းဒေးစကူး ထဲမှာ အမတ်မင်း ဘာတွေ ဆက်လုပ်မလဲ လို ့တွေးနေရတော့မယ် ကိုဖက်ကတ်ရေ ။

  • padonmar

    March 30, 2012 at 8:50 pm

    ဂီဂီရဲ့ လူစွမ်းကောင်းတွေဇာတ်လိုပဲ။
    တစ်ရွာလုံး ပြဇာတ်ကရတော့မယ်ထင်တယ်။
    အရီးလတ်က နာ့နာမည်မပါရင် တေပြီမှတ် ဆိုတော့
    ဦးကြာကလည်း အားကျမခံ နာ့နာမည်မပါရင် ကားနဲ့တိုက်ပစ်မယ်။:D

  • ဦးဦးပါလေရာ

    March 30, 2012 at 11:37 pm

    အခုမှ ရွာထဲဝင်ဖြစ်တော့ အပိုင်း(၂)တောင်ရောက်နေပြီ။
    ဇတ်ရည်လည်အောင် (၁)ကို ဖတ်ရဦးမယ်..
    ဖက်ဖက်ကက်က ဒါမျိုးလဲဖြစ်တယ်လား…။
    အခန်းဆက်အားပေးမလို့ ရက်မခြားနဲနော်..။

  • kai

    March 31, 2012 at 5:10 am

    ဘာရယ်မဟုတ်ဖူး..
    ဦးရှံစားလုပ်ကြည့်တာ… :mrgreen:
    =

    http://en.wikipedia.org/wiki/Cape_of_Good_Hope
    The Cape of Good Hope (Afrikaans: die Kaap van Goeie Hoop, Dutch: About this sound Kaap de Goede Hoop (help·info), Portuguese: Cabo da Boa Esperança) is a rocky headland on the Atlantic coast of the Cape Peninsula, South Africa.
    ==
    http://en.wikipedia.org/wiki/Swahili_language
    Swahili or Kiswahili[3] (known in Swahili itself as Kiswahili) is a Bantu language spoken by various ethnic groups that inhabit several large stretches of the Mozambique Channel coastline from northern Kenya to northern Mozambique, including the Comoro Islands.[4] It is also spoken by ethnic minority groups in Somalia. Although only five million people speak Swahili as their mother tongue,[5] it is used as a lingua franca in much of East Africa, meaning the total number of speakers exceeds 60 million.[6] Swahili serves as a national, or official language, of five nations: Tanzania, Kenya, Uganda, the Comoros and the Democratic Republic of the Congo.
    ==
    http://en.wikipedia.org/wiki/Kadhi
    Kadhi or karhi ( Hindi: कढ़ी, Rajasthani: कड्डी/खाटो, Punjabi: ਕੜ੍ਹੀ, Gujarati: કાઢી, Urdu: کڑھی, Marathi: कढी) is an North Indian and Pakistani dish

    =

  • FattyCat

    April 2, 2012 at 1:52 pm

    သဂျီးကလဲ ဝီကီအလိုတော်ရနဲ့ပေါ့…
    ဒီက တကယ့် တောင်အာဖရိကက မဲမဲအကောင်ကြီးကိုသွားမေးပြီးထည့်ထားတာ…ဟီး

  • Rose Minn

    April 3, 2012 at 3:35 pm

    ကိုဖက်ရေဆက်ရေးပါ။ တကယ်လေးစားပါတယ်။

    ကိုယ့်ကိုယ် ကိုယ် company ပိုင်ရှင်မှန်းတောင်မသိဘူး။ ခက်တာကအော်ငါ့မလဲ သင်္ဘောသားတွေမွေးထုတ်ပေးတဲ့ company ဖြစ်လင့်ကစား အပျိုကြီးဖြစ်ရလေတယ်။ အာဟင့်အာဟင့်။ သင်္ဘောသား အလုပ်ကိုင်ရှာဖွေရေးနဲ့ အမျိုးတော်သလားမှတ်တယ်။ ဖုန်းလှည့်လိုက်တာ ဒက်ကနဲဆို သင်္ဘောသီး စာရင်း ကျလာတယ်။ အာဟိ အပြင်မှာသာဆို မလွယ်ကြော။ အိုင်တီခေတ်မှတ်လား။ ပေးလိုက်တဲ့စာရင်းတွေက အင်တာနတ်က ကနတ်ကြီးမန်းပေးလိုက်တာ လိုင်းကောင်းကောင်းနဲ့။ မြန်လိုက်တဲ့ကွန် ဂျပန်က အသံရထားထက်မြန်လွန်းလို့လေ။ ဟီဟိ။ ဖုန်းချပြီးပြီးချင်းပဲမေးဝင်လာ……….တာ။ အောင်တိုက်တွက်စာရင်တွေကလေ။ 😛 😛

  • Wow

    April 3, 2012 at 3:54 pm

    ဖတ်ပြီး ဘာမှမပြောဘဲ ပြန်ထွက်သွားပါသီ…
    နောက်အပိုင်းများကိုလဲ မသိမသာ လာဖတ်ပါမြည်
    😛

  • etone

    April 5, 2012 at 4:20 pm

    ဇာတ်လမ်းထဲမှာတော့ ..စုံထောက်ကြီး က မင်းသားကိုး ..ဟိဟိ 😆

Leave a Reply