စုုုံထောက်အောင်တိုုက် နှင့် ကြောင်ဝတုုတ်ဂိုုဏ်း (၃)

နောက်တစ်နေ့..နံနက် ကျွန်ုုပ်အိပ်ယာနိုုးလာတော့…

ကိုုအောင်တိုုက်မှာ မနေ့ကရန်ကုုန်တက္ကသိုုလ်စာကြည့်တိုုက်မှယူဆောင်လာခဲ့သော စာအုုပ်အထူကြီးကိုု စိတ်ဝင်တစားဖတ်နေသည်ကိုုတွေ့ရလေသည်။

ဘေးတွင်ချထားသော လပ်ကီးစရွိုက်စီးကရက်အဆီခံများနှင့်ပြည့်နေသော ဆေးလပ်ပြာခွက်ကိုုကြည့်ခြင်းဖြင့် တစ်ညလုုံးနီးပါးစာဖတ်ထားသည်ကိုုခန့်မှန်းမိပါသည်။

 

အောင်တိုက် ။ ။ ကိုုသူရနိုုးပြီလားဗျ…ရေသွားချိုးဗျာ…
ပြီးရင် သုုံးပန်လှမှာ အာလူးဟင်းချာပါတီလေးကိုု ချိုစိမ့်လေးတစ်ခွက်နဲ့စားပြီး အချိန်မလင့်ခင်အလုုပ်လေးဆက်ကြဦးစိုု့…

 

ပြောပြောဆိုုဆိုု ကိုုအောင်တိုုက်သည် စာအုုပ်ထူကြီးကုိုလက်မှချပြီးနောက် ခြံပြင်သိုု့ထွက်ပြီး ကျွန်ုုပ်တိုု့နေထိုုင်ရာ အမှတ်(၂၃၂)၊ စရည်းပင်လမ်း၊ သုုဝဏ္ဏဟူသော ကြေးဆိုုင်းဘုုတ်အား သေချာစိုုက်ကြည့်နေလေတော့သည်..
စိုုက်ကြည့်၍ အားရသည်နှင့် ဧည့်ခန်းအတွင်းရှိခုုံပေါ်တွင် ပြန်ထိုုင်ပြီး စာအုုပ်ထူကြီးအားပြန်လည်ဖတ်နေပြန်တော့သည်…

 

ကျွနုု်ပ်ရေချိုးပြီး အပြင်သွားရန်အတွက် မော်တော်ကားလေးအား မောင်းနှင်မည်အပြုတွင်…

 

အောင်တိုက် ။ ။ ကိုုသူရ ကျွန်တော်မောင်းမယ်ဗျ…. အခုုအချိန်မှာ အတွေ့အကြုံမရှိသေးတဲ့ခင်ဗျား ကားမောင်းဖိုု့မသင့်တော်ဘူး…
ကျွန်တော်တိုု့သွားမယ့်လမ်းကိုု ကြိုခန့်မှန်းတဲ့လူရှိသလိုု…အချိန်မရွေးလုုပ်ကြံခံရနိုုင်တယ်ဗျ…
စုုံထောက်အလုုပ်ဆိုုတာ အသက်ကိုုအလောင်းအစားလုုပ်ပြီး အမှန်တရားကိုုရှာဖွေရတာမဟုုတ်လား…ကိုုသူရရယ်…

 

ပြောပြောဆိုုဆုိုနှင့် ယာဉ်မောင်းသူဘက်တွင် ကိုုအောင်တိုုက်ဝင်ထိုုင်ပြီး သံသုုမာလမ်းအတိုုင်း မြို့ထဲသိုု့မောင်းနှင်လာခဲ့ပါသည်…
လမ်းတွင် ကိုုအောင်တိုုက်ပြောသောစကားများမှာ အတွေ့အကြုံမရှိသူ ကျွန်ုုပ်အဖိုု့ အသဲတယားယား ရင်တဖိုုဖိုုသာရှိပါတော့သည်…

 

အောင်တိုုက် ။ ။ ကိုုသူရ အခြေအနေအရ ကျွန်တော်တိုု့အချိန်မရွေးလုုပ်ကြံခံရနိုုင်တယ်…
ဒီနေ့မနက်စောစော ကျွန်တော်တိုု့ အိမ်ကိုု လာချောင်းကြည့်တဲ့လူရှိတယ်…
ကျွန်တော်တိုု့ ဘယ်အချိန်အပြင်ထွက်မလဲလိုု့ သေချာလာကြည့်တာ…
အဲဒီတော့ အခုုသွားမယ့်လမ်းတလျောက် အချိန်မရွေး အန္တရာယ်နဲ့ ကြုံနိုုင်တယ်…
အခုုကျွန်တော်တိုု့ ရင်ဆိုုင်နေရတဲ့လူတွေကလဲ တော်ရုုံတန်ရုုံအရည်အချင်းနဲ့ ဂုိုဏ်းဖွဲ့လှုပ်ရှားနေဟန်မတူဘူး…
ဓနအင်အားရော၊ ပညာဗဟုုသုုတအင်အားပါတောင့်တင်းလေတော့ သေချာအကွက်ချစီစဉ်ပြီး လုုပ်ကြံမယ်ဆိုုရင်
လက်သည်တောင်မပေါ်လိုုက်ပဲ မာလကဈာန်ကြွသွားနိုုင်တယ်…ကိုယ့်လူရေ…

 

သူရ ။ ။ နေပါဦး..ကိုုအောင်တိုုက်ရယ်…ခင်ဗျားကလဲ အိမ်ကိုုလာချောင်းမှန်း ဘယ်လိုုသိလဲဗျ.

 

အောင်တိုုက် ။ ။ ဒါကတော့ ဒီလိုုဗျ… ကျွန်တော်က မနက်တိုုင်း အိမ်ရှေ့ထွက်ပြီး အိမ်ကိုုပြန်အကဲခတ်တတ်တယ်…
လုုပ်ငန်းသဘောအရ အချိန်တော်တော်များများ အပြင်မှာရှိနေတာဆိုုတော့ ကိုုယ့်လုုံခြုံရေးအတွက်လဲဂရုုစိုုက်ရတယ်ပေါ့ဗျာ…
ကျွန်တော်တိုု့ရဲ့ အိမ်ခြံစည်းရိုုးက နဲနဲမြင့်တော့ချောင်းကြည့်မယ့်လူက ခြေဖျားထောက်ကြည့်မှ အိမ်ထဲကိုု မြင်သာမယ်…
အဲဒီတော့ ချောင်းကြည့်တဲ့လူက ခြံစည်းရိုုးနံရံကိုု လက်ထောက်အားယူပြီး ကြည့်ရတော့မယ်…
တခြားနေရာကကြည့်မယ်ဆိုုရင်လဲ… အိမ်ကပြူတင်းပေါက်တွေ ပိတ်ထားတာကြောင့် ဖွင့်ထားတဲ့အိမ်ရှေ့တံခါးမကြီးက
ကြည့်မှပဲသိနိုုင်မယ်လေ…
အဲဒီတော့ သူကလက်ထောက်လိုုက်တဲ့နေရာက အိမ်နံပါတ်ရေးထားတဲ့ ကြေးဆိုုင်းဘုုတ်တစ်ခုုဖြစ်နေတော့လက်ရာထင်ကျန်ခဲ့တယ်…
နောက်တစ်ခုုထူးခြားတာက လာချောင်းကြည့်တဲ့လူက မိန်းခလေးဗျ…
ပိုုပြီးခင်ဗျားမြင်သာအောင်ပြောရင်…ဆံပင်လေးကိုု အခွေလေးတွေလိုုကောက်ပြီး အရောင်နဲနဲထည့်ဆိုုးထားတယ်…

 

သူရ ။ ။ ကိုုအောင်တိုုက်က တွေ့လိုုက်တာလား…

 

အောင်တိုုက် ။ ။ ကြေးဆိုုင်းဘုုတ်ပေါ်ကလက်ရာကိုုကြည့်ခြင်းအားဖြင့် မိန်းခလေးလက်ရာလိုု သေးသေးသွယ်သွယ်ဖြစ်နေတာရယ်နဲ့
ခြေဖျားထောက်ကြည့်တဲ့နေရာကခြေရာမှာ ဖိနပ်ရာကယောင်္ကျားစီးလိုုအရာမဟုုတ်ပဲ
ထိပ်ဖျားနဲနဲချွန်တဲ့ဖိနပ်ရာကြောင့် မိန်းခလေးလိုု့ သတ်မှတ်တာ…
ခြေထောက်အရွယ်အစားအရလဲ ယောင်္ကျားလေးလိုု့ပြောရအောင်သေးတယ်ဗျ…အရမ်းသေးသေးရယ်လိုု့လဲပြောမရဘူး…
၅ပေ ၁ဝလက်မရှိတဲ့ ခြံတံခါးကိုု ကြည့်ဖိုုဆုိုရင် မိန်းကလေးအနေနဲ့ အနည်းဆုံး ငါးပေ၊ လေးလက်မလောက်တော့
အရပ်အမောင်းရှိသင့်တယ်…
ငါးပေခွဲလောက်အရပ်အမောင်း ယောင်္ကျားလေးဆိုုရင် ခြေထောက်ကအနဲဆုုံး တစ်ထွာနဲ့လက်နှစ်လုုံးခန့်ရှိသင့်တယ်ပေါ့…
အဲဒီထက် သေးသွယ်နေတော့လဲ မိန်းခလေးလိုု့သတ်မှတ်တာပေါ့ဗျာ…
ထူးထူးခြားခြား ပုပုသေးသေးယောင်္ကျားလေးဆိုရင်တော့ ကျုပ်မှန်းတာ မှားပေမပေါ့ဗျာ…

 

သူရ ။ ။ ဒါနဲ့ ဆံပင်အကြောင်းကရောဗျ

 

အောင်တိုက် ။ ။ စုံထောက်လုပ်တယ်ဆိုတာ ကိုယ့်အန္တရာယ်ကို ရှောင်ဖို့ မျက်စိလျင်ရတယ်ဗျ…
လာချောင်းကြည့်တဲ့ မိန်းကလေးခမျာ အလောတကြီးလာချောင်းတော့ သူ့ရင်စိုု့လောက်နေရာမှာရှိတဲ့
ခြံတံခါးဝက ကြေးဆိုင်းဘုတ်ထောင့်လေးမှာဆံပင်ကညှိကျန်ခဲတယ်…ဒါကိုသတိမထားမိပဲ ထွက်သွားတာဆိုခြင်းအားဖြင့်
အတွေ့အကြုံရင့်ကျက်တဲ့ လူတစ်ယောက်မဟုတ်ဘူးဆိုုတာတော့သိတာတယ်…အဲဒီဆံပင်လေးက ပုံမှန်ဆံပင်သားမဟုတ်ပဲ
အရောင်နဲနဲဆိုးထားပြီး၊ ကြေးဆိုင်းဘုတ်မှာငြိလို့ ဆောင့်ဆွဲလိုုက်တဲ့ဒဏ်ကြောင့် ကောက်နေတာထက်
အပုူပေးကောက်ထားတဲ့ အကောက်မျိုးမိုု့ ပြောတာဗျ…

 

သူရ ။ ။ ကိုအောင်တိုက်ရယ်…ခင်ဗျားရဲ့ ပါရမီကတော့ ထူးကိုထူးပါတယ်ဗျာ…

 

အောင်တိုက် ။ ။ ကျုပ်ဘဝကိုက စုံထောက်လုုပ်စားဖိုု့ ဖြစ်လာတာ…နောက်ကြုံမှ အုုပ်ထိန်းသူမမကြီးနဲ့ ကျွန်တော့ဇာတ်လမ်းပြောပြမယ်ဗျာ…
အခုုတော့ အာရုုံစိုုက်ပြီး အလုုပ်လုုပ်ဦးစိုု့…

 

သူရ ။ ။ ကျွန်တော်က ခင်ဗျားကို မိန်းမတွေ စိတ်မဝင်စားတဲ့ဘုုန်းကြီးလူထွက်လိုလူလိုု့ထင်နေတာဗျ…ဟားဟားဟား

 

အောင်တိုုက် ။ ။ ကျုပ်လဲ ဤလောကီလူသားပုရိသယောင်္ကျားပေပဲဗျာ…အချစ်မှာတော့ တစ်ခါမွေ့လျော်ဘူးတာပေါ့…ဟားဟားဟား…

 

ထိုုသိုု့စကားတပြောပြောနှင့်လာကြစဉ် ABC အနီးသိုု့ရောက်သောအခါ ခရမ်း၊ သုုံးဂွသိုု့သွားသော ခရီးသည်တင်ကားကြီးတစ်စီးသည်…
ကျွန်ုုပ်တိုု့ ကားရှိရာသိုု့ ရှိန်ပြင်းပြင်းဖြင့် ခေါင်းထုိုးဝင်ရောက်လာသည်ကိုု ကိုုအောင်တိုုက်မှ ကျွမ်းကျင်စွာရှောင်တိမ်းပြီး လမ်းဘေးသိုု့ထိုုးရပ်လိုုက်လေသည်….
ထိုုအချိန်တွင် မော်တော်ကားစပါယ်ယာလေးမှ လာရောက်ပြီး ရိုုကျိုးစွာဖြင့် သူတိုု့၏အမှားအတွက် လာရောက်တောင်းပန်လေသည်…

 

ကိုုအောင်တိုုက်မှာ ဘာမှမပြောပဲ စပါယ်ယာလေးကို ခြေစွန်းခေါင်းစွန်းကြည့်ပြီးနောက်နှုတ်ခမ်းတစ်ချက်တွန့်ပြုံးပြကာ လိုရာခရီးသိုု့ဆက်ခဲ့ပါသည်…

 

သူရ ။ ။ တော်သေးလိုု့ပေါ့ဗျာ… ကျွန်တော်ဆို စကားတပြောပြောနဲ့ဝင်အတိုုက်ခံရမှာပဲ…
တော်တော်စည်းကမ်းမရှိတဲ့ လိုင်းကားသမားတွေပဲဗျာ…

 

အောင်တိုုက် ။ ။ လိုုင်းကားသမားတွေတဲ့လားဗျာ…ခင်ဗျားကားနံပါတ်ကိုု မှတ်မိလား…
ကျုပ်ကတော့ မှတ်ထားတယ်… ၉က/၆၂၄၈ ဗျ
အပြန်ကျရင် ဝင်မေးလိုုက် ခုုနမောင်းတဲ့ ဒရိုုင်ဘာရယ်…စပါယ်ယာရယ် ရှိတော့မှာမဟုတ်ဘူး…
လွန်ခဲ့တဲ့ တစ်ပတ်လောက်ကမှ အလုုပ်လာလုုပ်တဲ့ လူသစ်တွေဖြစ်နေလိမ့်မယ်…ပြီးရင်ဒီနေ့ မမျှော်လင့်ပဲပျောက်သွားလိမ့်မယ်
ဘယ်တော့မှလဲ အဒီကားဂိတ်ကို ပြန်လာတော့မှာမဟုုတ်ဘူးဗျ…

 

သူရ ။ ။ တိကျလှချည်းလား ကိုုအောင်တိုုက်ရဲ့…

 

အောင်တိုုက် ။ ။ ခင်ဗျားအဖြေသိတော့မှ မှန်လား၊ မှားလား အပြန်မှာဝင်မေးရင်း တိုုက်ကြည့်တာပေါ့ဗျာ…
အော်….ဒါထက် စပါယ်ယာကောင်လေးလက်ဖျံနဲ့ လက်မောင်းမှာ ဆေးမှင်ကြောင် ထိုုးထားတယ်ဆိုုတာ မမေ့နဲ့နော်…

 

ထိုုသိုု့ ကိုုအောင်တိုုက်နှင့် ကျွန်တော်တိုု့ စကားတပြောပြောဖြင့်လာခဲ့ရာ နောက်ဆုုံး AMM Company တည်ရှိရာ ဗိုုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဆူးလေလမ်းထောင့်ရှိ
Sakura Tower (၅)ထပ်သိုု့ ရောက်ရှိခဲ့ပါသည်….

 

AMM Company ဧည့်ကြိုများကိုု မေးမြန်းပြီးနောက် ကိုုအောင်တိုုက်သည် ကုုမ္ဗဏီ၏ CEO အဖြစ်တာဝန်ယူထားသူ ဦးခန့်ချောဟုုသိရပြီး တွေ့ဆုုံခွင့်တောင်းရာ
ဦးခန့်ချောမှ ခွင့်ပြုလုိုက်သဖြင့် ကျွန်ုုပ်ဆုံဆည်းခွင့်ရခဲ့ပါသည်။ ဦးခန့်ချောမှာ တွေ့တွေ့ချင်းပင် လှိုက်လှဲသောအပြုံးဖြင့်…

 

ခန့်ချော ။ ။ အခုုလိုု နာမည်ကြီး စုုံထောက်ကြီး ကိုုအောင်တိုုက်နဲ့ တွေ့ရမယ်လိုု့ထင်ကိုုမထင်ထားဘူးဗျာ…
ဒါပေမယ့် ကျွန်တော်တိုု့ ကုုမ္ဗဏီကလဲ အရုှုပ်အရှင်းတွေ လုုပ်မထားဘူးဆိုုတော့ ဘာများလိုုအပ်သလဲ
ဘာတွေများပြသနာရှိနေလဲ သိချင်ပါတယ်..ကိုအောင်တိုက်…

 

အောင်တိုုက် ။ ။ ကုုမ္ဗဏီအနေနဲ့ အရှုပ်အရှင်းရှိမရှိ ကျွန်တော်မသိပေမယ့်…ခင်ဗျားတိုု့ ကုုမ္ဗဏီနဲ့ ပတ်သက်နေတဲ့ ဦးမင်းမတ်မှာတော့
ပြသနာတစ်ခုုရှိနေတယ် ဦးခန့်ချော….

 

ကိုုအောင်တိုုက်သည် ဦးခန့်ချော၏ မျက်နှာရိပ်ကိုု ခဏမျှ အကဲခတ်လိုုက်စဉ်…ဦးခန့်ချောကတစ်ဆက်တည်း…

 

ခန့်ချော ။ ။ ဦးမင်းမတ်က ဒီကုုမ္ဗဏီရဲ့ Founder ဆိုုတာတော့ဟုုတ်တယ်ဗျ…
ဒါပေမယ့် သူကလူတမျိုး၊ ရှယ်ယာရာခိုုင်နှုန်းတော်တော်များများ ပိုုင်ဆိုုင်ထားပေမယ့် တနှစ်နေလိုု့ တစ်ခါလာတဲ့လူမျိုးမဟုုတ်ဘူး…
အစစ ကျွန်တော်ကပဲ စီမံခန့်ခွဲလုုပ်ပေးရတယ်…
ကျွန်တော်ကိုုယ်တိုုက်ကလဲ The Black ဆို အမျိုးသားအသုုံးအဆောင်အဝတ်အထည်တွေထုုတ်လုုပ်ပြီး
Export လုုပ်နေတာဆိုုတော့ အလုပ်တွေကလဲ…သိပ်မအားဘူးဗျ…
အလုုပ် (၂)ခုုဆိုုတော့လဲ ပင်ပန်းသကိုုး…သားကျွေးမှုမယားအကြီး…အလတ်…အငယ်ကျွေးမှုကိုုးဗျ… ဟားဟားဟား
တမျိုးတော့မထင်နဲ့နော်…ကျွန်တော်က ပျော်တတ်လိုု့နောက်တာပါ…
ခင်တဲ့လူတွေကတော့ ကျွန်တော့် Brand ကိုုအစွဲပြုပြီး ဘလက်ချော (Black Chaw) လိုု့ခေါ်ကြတယ်ဗျ…

 

အောင်တိုုက် ။ ။ ဒါနဲ့ ဦးခန့်ချောရေ…ကျွန်တော့အတွက်က ဦးမင်းမတ်အကြောင်းက ပိုုအရေးကြီးနေလိုု့ သိသလောက်တော့ပြောပေးပါဦးဗျ…

 

ခန်ချော ။ ။ ပြောရမယ်ဆိုုရင်တော့ ဦးမင်းမတ်က လူတမျိုးဗျ…
ဒီကုုမ္ဗဏီကိုု စထောင်တော့ ကျွန်တော်နဲ့စပ်တူလုုပ်နေတဲ့ The Black ကနေပြီး ငွေအရင်းတွေထုုပ်သွားတယ်…
သူလုုပ်တဲ့ကိစ္စက ငှက်ပျောသီးအခြောက်လှမ်းထုတ်လုုပ်ရောင်းချဖိုု့…
အာဖရိကကနေ ငှက်ပျောသီးတွေကိုတင်ပိုု့ပြီး မြန်မာနိုုင်ငံရဲ့ အကြီးဆုုံး ရေငွေ့စုုပ်အခြောက်ခံစက်ရုုံ (Dehydrate) စက်ရုုံကိုု
တည်ဆောက်ခဲ့တယ်…
ငှက်ပျောသီးကနေ အချိုရည်၊ သွားရည်စာအမျိုးမျိုးအထိ ထုတ်လုုပ်ပြီး မြန်မာနိုုင်ငံရဲ့ အကြီးဆုုံး ငှက်ပျောသီးဆက်စပ်ပစ္စည်းစက်ရုုံကိုု
တည်ထောင်ခဲ့တယ်…
နောက်ပိုုင်းမှာတော့ သူကိုုယ်တိုုင်လဲ သိပ်စိတ်မဝင်စားတော့ပဲ အီဂျစ်ရဲ့ ယဉ်ကျေးမှုသမိုုင်းနဲ့ ရှေးဟောင်းပစ္စည်းတွေကိုုပဲ အာရုုံစိုုက်လာခဲ့တယ်ဗျ…

 

အောင်တိုုက် ။ ။ သူက အီဂျစ်ယဉ်ကျေးမှုနဲ့ပတ်သက်ပြီး ဘာတွေများ ပြောဆိုုတာကြားဖူးလဲဗျ…

 

ခန့်ချော ။ ။ ကျုပ်သိရသလောက်ကတော့ သူစိတ်အဝင်စားဆုုံးက အီဂျစ်နတ်ဘုုရားတွေနဲ့ ဆက်စပ်နေတဲ့သမိုုင်းကြောင်းတွေဗျ…
သူရုုံးခန်းထဲမှာလဲ ငှက်မျက်နှာ၊ ကြောင်မျက်နှာတွေနဲ့ အီဂျစ်နတ်ဘုုရားရုုပ်ထုုလေးတွေတော့အများကြီးပဲဗျ…
သုူ့ရုုံးခန်းသော့တော့ရှိပါတယ်…ဒါပေမယ့် ရှာဖွေဝရမ်းပါမှကျွန်တော်တိုု့ ဖွင့်ပြချင်ပါတယ်…

 

ကိုုအောင်တိုုက်နှင့် ကျွန်ုုပ် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး…ရေရွတ်လိုုက်မိသည်က…

 

“ကြောင်မျက်နှာနှင့်နတ်ဘုုရား ”

 

ဆက်ရန်-

19 comments

  • weiwei

    April 2, 2012 at 10:33 am

    ဇာတ်လမ်းက တော်တော်စိတ်ဝင်စားဖို့ကောင်းလာပြီ …
    ကိုရီးယားဇာတ်လမ်းတွဲလိုပဲ ကောင်းခန်းရောက်ပြီဆိုရင် ရပ်လိုက်တာကတော့ ဆိုးတယ် …
    အပိုင်း (၄) ကို စောင့်မျှော်နေပါတယ် …

  • ဖားသက်ပြင်း

    April 2, 2012 at 10:38 am

    ဘဘ ဘလက်တောင် ပါလာပြီပေါ့ …
    😀
    စောင့်ဖတ်နေပါတယ်ဗျား…

    ခင်တဲ့

  • သူရဇော်

    April 2, 2012 at 11:22 am

    နွယ်ပင်တောင် ပါလာပီ အဟီး ဇာတ်ရှိန်တော့ မြင့်လာပဟ။။။။ စုံထောက်ပုပုလေးက ဘယ်ဆိုးဒုန်း

    • Shwe Tike Soe

      April 2, 2012 at 1:09 pm

      အခု နင့်ဆရာနော် မစော်ကားနဲ. ဝတ္ထုထဲမှာ ဇာတ်သိမ်းပေးလိုက်ရမလား မဲတူမ ဟွန်…

  • ကိုရင်မောင်

    April 2, 2012 at 11:30 am

    စာရေးဆရာကြီးမင်းသင်္ခကိုမှီလာပြီနော်
    ဆက်ရေးပါအားပေးနေပါတယ်…..

  • ဗိုက်ကလေး

    April 2, 2012 at 11:50 am

    ဆားပလင်း ကြောင်တုတ်ကွ
    ရေလည်ဂွတ်တယ်
    ဆက်ဆွဲထားဗျို ့..

  • နွယ်ပင်

    April 2, 2012 at 12:12 pm

    ွှဇာတ်ရှိန်ကတော့ ကောင်းသထက်ကောင်းလာပြီ ကိုဖက်ရေ
    ဒါနဲ့ အရပ် ငါးပေ၊ လေးလက်မဆိုတာကို ဘယ်အချိန်က တိုင်းသွားတာလဲဟင် … 😀

  • Shwe Tike Soe

    April 2, 2012 at 1:05 pm

    မူးရင် မရေး ရ ရေးရင် မမူးရ ဗျို………. ခိခိခိ 😀

  • ဆူး

    April 2, 2012 at 1:38 pm

    နွယ်ပင် ရဲ့ ဆံပင် ကောက်ကောက်လေး နဲ့ ဒေါက်ဖိနပ် စီးပြီး လာချောင်းတာ တယောက်တည်းလား.. ကိုယ်ရံတော် သံချောင်း.. အဲ… အာဂ ကော မပါဘူးလား။
    ကြောင်မျက်နှာ နတ်ဘုရား ဆိုတော့ မျက်နှာ ဝိုင်းဝိုင်း မျက်တွင်းညိုညို ဆံပင်က ဘရိတ်ကီ ဆံပင်မျိုးနဲ့ ကြောင်မျက်နှာ လား မသိဘူးနော်..

  • FattyCat

    April 2, 2012 at 2:12 pm

    အော်…ခက်ကြပါပြီ….
    ဆံပင်အကောက်နဲ့ဆိုတိုင်း…နွယ်ပင်လို့ဘယ်သူပြောတုန်း….

    အဲဒီရှေ့မှာ လူ(၂)ယောက်ပါသေးတယ်…အဲဒါ ဘယ်သူတွေဖြစ်မတုန်း….

    ဟီးဟီး

    • R Ga

      April 3, 2012 at 3:41 pm

      ဒါနဲ့……….လက်ဖျံနဲ့ လက်မောင်းမှာ တက်တူးထိုးထားတဲ့ စပယ်ရာကောင်ကဘယ်သူတုန်း ဗျ..။ ကျုပ်မဟုတ်ပါစေနဲ့လို့ပဲဆုတောင်း ရမှာပဲ..။ ဘာပဲပြောပြော ကြောင်ဝတုတ်ဂိုဏ်းသား ဖြစ်မုန်းမသိဖြစ်နေပြီ ဗျာ.။

      • ဆူး

        April 5, 2012 at 5:53 pm

        ဆူး မှန်းတာ မမှားဘူးဆိုရင် မောင်အာဂ ဖြစ်လိမ့်မယ်လို့ ထင်ပြီးသား။

  • ဦးဦးပါလေရာ

    April 2, 2012 at 2:34 pm

    လိုင်းကားနံပါတ်ကတော့ သူ့ပြိုင်ကားကိုကိုပွတ်ဆွဲသွားလို့ အညှိုးကြီးကြီးနဲ့ မှတ်ထားတာဖြစ်မယ်.. 😀

  • Thel Nu Aye

    April 2, 2012 at 5:45 pm

    အော်အမတ်မင်းအမတ်မင်း ငှက်ပျောသီးတောင်အရည်ညှစ်နေရရှာပေါ့။

  • Khaing Khaing

    April 3, 2012 at 3:11 pm

    ကိုဖက်ရေ မအားလို့မဖတ်နိုင်သေးဘူး အားမှပဲ ဖတ်ဦးမယ် ကိုဖက်ပို့စ်မှန်းသိလို့ ဝင်တော့ မန့်သွားပါတယ် …
    တစ်ချို့လူတွေကလည်း သူတို့နာမည်လေးတွေကိုပါမလား စောင့်ဖတ်နေကြတယ် ဆက်ရေးပေးလိုက်ပါဗျို့…

    ခင်မင်စွာဖြင့်
    Khaing Khaing

  • Rose Minn

    April 3, 2012 at 4:20 pm

    အော်ရယ် ကိုမတ်စီးပွားရှာချက်ကတော့ ငှက်ပျောသီးတောင် အရည်ညစ်ရတယ်။ အိမ်လာချောင်းတဲ့မိန်းကလေးနယ် တူရအကြွေးရှင်လားမှမသိတာ။ မဟုတ်ရင် တူရမိန်းမပဲနေမယ်။ မှားကြောင်းလာတောင်းပန်တာ။ ဒါမှမဟုတ်တူရ အကြွေးရှင် အကြွေးရလိုရငြား လာချောင်းတာ။ မိတိုက်ထွက်လာတော့ ရှက်ရှက်နဲ့ပြေးတာ။ ဆံပင် ငြိကျန်ခဲ့တာနေမယ်။ တူရပြန်ပေးလိုက်ပြန်ပေးလိုက်။

  • Novy

    April 3, 2012 at 4:39 pm

    စုုံထောက်အောင်တိုုက် နှင့် ကြောင်ဝတုုတ်ဂိုုဏ်း (၄) က
    တန်းလန်း ကြီးပျို့
    ဆက်ရေးပါ ကြိုက်လွန်းလို့
    word ထဲမှာ copy paste လုပ်ထားပါတယ်
    ပြီးရင် တစ်ပေါင်းထဲဖတ်လို့ရအောင်

  • jujuma

    April 3, 2012 at 4:45 pm

    အာ ဟုတ်ပါ့ တန်းလန်းကြီး ပါလား ..ညန်ညန်ဆက်ပါဗျို့

  • FattyCat

    April 3, 2012 at 11:08 pm

    ကော်နတ်ချင်ကြောင့် တန်းလန်းကြီးဖြစ်သွားတယ်…
    ပြန်လည်ပြင်ဆင်တင်ပြီးကြောင်း သတင်းပိုု့ပါတယ်….

Leave a Reply