မဲပေးရန် သဘောထား ကွဲလွဲမှုမှ လင်မယားကွဲ သည်ထိဖြစ်

မြသဲ ( 17082011 )April 2, 20121min23010
ကားဖြတ်ရွေးကောက်ပွဲတွင် ပါတီအကြိုက်ချင်းမတူကြသည့် လင်မယားများအကြား သဘောထားကွဲလွဲပြီး နောက်ဆုံး တရားဝင်ကွာရှင်း ပြတ်စဲသည်အထိ ရှိနေကြောင်း သတင်းရရှိသည်။စစ်ကိုင်းမြို့နယ် ဒေါင်းမ နှင့် ဆင်မြေ ရွာတို့တွင် လင်မယားအကြား မဲပေးမည့်ပါတီမတူသည့် သဘော ထား ကွဲပြီးနောက် တရားဝင် ကွာရှင်းမှုများရှိသည် ဟု စစ်ကိုင်းမြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မဲရုံကိုယ်စားလှယ် တဦးကပြောသည်။

“ရပ်ကွက်ရုံးမှာ တရားဝင်ကွာရှင်းတာ ၁၄ တွဲရှိပြီ၊ ဘာဖြစ်လို့လဲဆိုတော့ မိန်းမတွေက ကြံ့ခိုင်ရေးပါတီက လမ်းခင်းပေးမယ်၊ လမ်းမီးတိုင် တွေ ဆောက်ပေးမယ် ဆိုတဲ့အချက်အပေါ် ကြံ့ခိုင်ရေးကို မဲပေးဖို့လုပ်နေကြတယ်၊ ဒါကို  လင်ယောကျာင်္းတွေက မဲမပေးရဘူးအန်အယ်ဒီ ကိုပဲ မဲပေးရမယ်ဆိုပြီး လင်မယား ကွဲကုန်ကြတော့တာပဲ”

အလားတူ ပါတီအကြိုက်ချင်းမတူညီသည့် သဘောထားကွဲလွဲမှုကြောင့် သမက်နှင့် ယောက္ခဖြစ်သူများ ကြားတွင်လည်း ပြဿနာများဖြစ် နေကြောင်း သူက ဆက်ပြောသည်။

အဲန်အယ်ဒီပါတီ နှင့် ကြံ့ခိုင်ဖွံ ့ဖြိုးရေးပါတီ အလံအဲန်အယ်ဒီပါတီ နှင့် ကြံ့ခိုင်ဖွံ ့ဖြိုးရေးပါတီ အလံ

“ဒေါင်းမရွာက ယောက္ခမဖြစ်တဲ့သူက သမက်ရှိတဲ့ ညောင်ကုန်းရွာကိုသွားတော့ သမက်ဖြစ်သူက ယောက္ခမကို ခင်ဗျားက ကြံ့ခိုင်ရေး၊ ကျုပ်က NLD။ ကျုပ်တို့ရွာကိုမလာရင်ကောင်းမယ် ဆိုပြီး အကြီးအကျယ် စကားများကြတော့တာပဲ။”

ထို့အပြင် မဲပေးမည့်ပါတီများနှင့် ပတ်သက်၍့ သဘောထားကွဲလွဲမှုကြောင့် တချို့ ခမီးခမက်များမှာလည်း လမ်းတွင်တွေ့လျှင် နုတ်မဆက်ပဲနေခြင်းများ၊ “သေခန်းပြတ်ပဲ မလာတော့နဲ့” ဆိုတဲ့အထိ အငြိုးအစွဲ ထားခြင်းများလည်း ဖြစ်ပေါ်နေကြောင်း အခြား ဒေသခံတဦးက ပြောသည်။

ဧပြီလ ၁ ရက်နေ့တွင် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် စစ်ကိုင်းမြို့နယ်ရှိ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် (NLD) ပါတီမှ ဦးခင်မောင်သိန်း နှင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ ဦးစိုးနိုင် တို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ယခုကဲ့သို့ ထောက်ခံသည့်ပါတီနှင့်ပတ်သက်ပြီး သဘောထားကွဲလွဲမှုကြောင့် ကွာရှင်းပြတ်စဲသည့် ဖြစ်ရပ်များမှာ ၂၀၁ဝ ရွေးကောက်ပွဲ ကာလတွင် တခြား ပြည်နယ်နှင့်တိုင်းရှိ မြို့နယ်များတွင်လည်း ရှိခဲ့ကြောင်း သိရသည်။

10 comments

  • shwe kyi

    April 6, 2012 at 1:47 pm

    အသိတစ်ယောက် ရဲ့ အမေနဲ့ အဒေါ် လည်းမဲရုံကအပြန်ရန်ဖြစ်လာကြတယ်တဲ့။ သူ့အမေက ခွပ်ဒေါင်းလေ

  • ဗိုက်ကလေး

    April 6, 2012 at 1:54 pm

    ဂျီးဒေါ်ရေ
    ဘယ်ကရတယ်ဆိုတာ Credit ပေးလိုက်ပါဗျို ့..
    တစ်နေရာမှာ ကျနော်ဖတ်ပြီးသားမိုလို ့ပါ
    စိတ်မရှိပါနဲ ့..
    သိန်းနှစ်ဆယ်လောက်ချီးဘာ

    • Thel Nu Aye

      April 6, 2012 at 4:28 pm

      အောင်မယ်လေး။ ပိုစ့်ပျောက်နေတာ။ ဘယ်နေ့ကတင်လိုက်မှန်းတောင်မမှတ်မိတော့ဘူး။ တင်ပြီးကတဲကဘယ်ပျောက်သွားမှန်းမသိလိုက်တာ။ ဒီနေ့မှပဲပထမဦးဆုံးပြန်တွေ့ရတော့တာပဲ။ မပြီးသေးပဲ publish နှိပ်လိုက်မိတာ။ ပလွတ်ဆိုတက်သွားပြီးကတဲက သူနဲ့မတွေ့တော့တာ။ ဒီနေ့မှဘယ်လိုကဘယ်လိုပြန်ပေါ်လာပါလိမ့်။ ခရက်ဒစ်မပေးလိုက်မိလို့ ကော်မန့်ထဲမှာပေးမလို့ ဟာအခုမှပဲပြန်တွေ့တော့ ဘယ်ကယူလာမိမှန်းမေ့သွားပြီ။ ဆောရီးပါ။ ခရက်ဒစ်မပေးနိုင်တော့လို့ သဂျီးရေ။ ပွိုင့်မပေးပါနဲ့။ သစ်ထူးလွင်၊ ဒေါင်းမန်ဟုန်မဟုတ်တာတော့သေချာတယ်။ Myanmar News site ထဲကဖြစ်မယ်ထင်တယ်။ အပေါ်ပြန်ကြည့်လိုက်တာ April 2 ရက်နေ့ကတင်တာတဲ့။

  • နေဝန်းနီ

    April 6, 2012 at 9:04 pm

    ရွာထဲကလူများ သတိထားကြဖို့ပါ…။ မယူခင်ကတည်းက သေချာညှိထားကြနော် …။ ရှေ့က လုပ်ပြနေတာသေချာဖြင်အောင်ကြည့်ပြီး နောက်လူက သင်ခန်းစာယူ…။
    ( အဟီးး…… ဆြာကြီးလေသံဖြင့် အခြောက်တိုက် ဂိုက်ပေးသွားသည်….။ )

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 7, 2012 at 9:49 am

    လင်မယားကွဲခြင်းကို တရားဝင်ဆောင်ရွက်ပေးသည်
    မှတ်ချက်။ ။ ကွဲပြီးလင်မယားပြန်ပေါင်းပါက ရွှေတစ်ကျပ်သားပြန်လျှော်ရမည်
    ပုံ
    သဂျီး

    • မိုက်ကယ်ဂျော်နီအောင်ပု

      April 7, 2012 at 9:51 am

      ဒီသတင်းကို အတည်လို့မှတ်ယူလိုက်ကြမယ်ဆိုရင်တော့
      ကျုပ်တို့ ဂေဇက်ဆိုဒ်အတွက် အရှက်ရစရာတွေဖြစ်ကုန်အုန်းမယ်
      ဘူနီတွားလဲတိဝူး ကျုပ်ဟုတ်ဝူးနော်

    • ဗိုက်ကလေး

      April 7, 2012 at 10:30 am

      အူးလေး..အူးလေး..
      ကွဲလိုက် ပေါင်းလိုက်လုပ်ရင်ကော သဂျီးက ရွှေတစ်ကျပ်သား ပေးမှာပဲတဲ့လား ခင်ဂျ

      • မိုက်ကယ်ဂျော်နီအောင်ပု

        April 7, 2012 at 10:53 am

        မိန်းမရလို့ ကောင်းနေဂျဒဲ့အခချိန်ကြတော့
        ကောင်းလိုက်ဒါသဂျီးရယ်
        ဘူမှမပြောဘူး
        ကလေးတွေအကြွေးတွေပုံလာမှ ရွှေဒဂျပ်သားလာမတောင်းနဲ့
        သွားးးးးးးးးးးးးးးးးးးးးးး
        ပုံ
        သဂျီး

  • water-melon

    April 7, 2012 at 7:05 pm

    ဒါဆိုအတော်ဘဲဗျာ
    အိမ်ကယောက္ခမနဲ့ထီး ကြီးကို
    ကန်ချချင်နေတာ
    အတော်ဘဲဗျ
    ဟီး ဒါနဲ့သများက လူပျိုဗျ:D

  • alinsett

    April 7, 2012 at 7:48 pm

    ဖရဲသီးက လည်း..နေရင် းထိုင်ရင် ကြော်ငြာက ဝင်ပြီ။

    ကျွန်တော်( ကိုလင်းလေး )လည်း.. လူပျိုစစ်စစ် ကလေး ပါဗျ ။
    ဒါပေမယ့်..ဖရဲသီးလိုတော့ လိုက်ပြီး…ကြော်ငြာမနေပေါင်..။

    အလွတ်မှန်း… အားလုံး သိကြပြီးသားကို…။ ဟုတ် ဘူးလား။ အဟိ ။

Leave a Reply