စုံထောက်အောင်တိုက် နှင့် ကြောင်ဝတုတ်ဂိုဏ်း (၁၀)
မောင်အာဂ အပြေးအလွှားဖြင့် ဦးဘလက်ချောရှိရာသို့ ဖုန်းလှမ်းဆက်သည်။ ဦးဘလက်ချောမှာ ညက အလုပ်များသောကြောင့် အိပ်ရာမှပင်မထနိုင်သေး…
“ ဦးဘလက်ရေ၊ ကိုဝတုတ်ကို ကြောင်ကြီးအဖွဲ့က ဖမ်းထားလိုက်တယ်လို့သတင်းကြား တယ်… ကိစ္စကတော့ ဘာမှသေချာမသိသေးဘူး…”
“ မောင်အာဂ၊ ဦးဘလက်လဲ အဲဒါပဲစဉ်းစားနေတာ… မင်းတစ်ခုတော့ပြောမယ်… အခု အိမ်ပြန် နွယ်ပင်ကိုခေါ်…ပြီးရင် ရန်ကုန်ကိုသွား၊ ရှာရမယ့်လူနာမည်က…ကိုရင်စည်သူ”
ဦးဘလက်ချောသည်… ပစ္စတိုသေနတ်တစ်လက်နှင့် အမေရိကန်ဒေါ်လာတစ်သိန်းကို ထုတ်ပေးလိုက်လေသည်…ထို့နောက် တရုတ်ဘုံကျောင်းများတွင် စာချသောစာရွက်လေး တစ်ရွက်ထုတ်ပေးပြီး၊ ထိုစာရွက်ဖြင့် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့လသာလမ်းရှိ တရုတ်ဘုံကျောင်းသို့ သွားရောက်ရန် ဖြစ်ပေသည်…
မောင်အာဂလဲ ပိုက်ဆံနှင့်သေနတ်ကို ဆွဲယူပြီး ချစ်သူနွယ်ပင်ရှိရာသို့ အပြေးအလွှား ထွက်လာခဲ့သည်… နောက်ပိုင်းတွင် ဦးဘလက်ချောနှင့် ဦးကမ်းကြီးလဲ အဖမ်းခံခဲ့ရ ကြောင်းကြားသိခဲ့သည်…သို့သော် ဦးမင်းမတ်မှာ ပျောက်ဆုံးလျက်ရှိနေပေတော့သည်…
မောင်အာဂနှင့် နွယ်ပင်တို့ တစ်ညမိုတယ်တစ်ခုတွင် တည်းခိုပြီးနောက် အီဂျစ်နိုင်ငံ ကိုင်ရိုမှတစ်ဆင့် ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ထွက်ခွာလာခဲ့ပါသည်… ဂိုဏ်းချုပ်ကြောင် ကြီးတို့ဘက်မှ အသဲအသံလိုက်လဲရှာဖွေမှုကို ငွေကြေးသုံးဖြေရှင်းပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ တစ်ဆင့်ရန်ကုန်မြို့သို့ရောက်ရှိခဲ့သည်… နိုင်ငံတိုင်းလိုလိုတွင် ဂိုဏ်းသားများရှိခြင်းကြောင့် လိုက်လံစုံစမ်းဖမ်းဆီးမှုများကို ကြုံကြိုက်ခဲ့ရသော်လည်း ကံကောင်းထောက်မသဖြင့် လက်မတင်လေးလွတ်မြောက်ခဲ့သည်ချည်းဖြစ်သည်။
ရန်ကုန်သို့ရောက်ရောက်ချင်း မြောက်ဥက္ကလာရှိ ချမ်းမြေ့ဆိုသော ခပ်သန့်သန့် ဂျောင်ကျကျ တည်းခိုခန်းတွင် အခန်းတစ်ခန်းအား လပြတ်စနစ်ဖြင့်ငှားရမ်းပြီး၊ အဝတ်အစားများဝယ်ယူခြင်း၊ ဆက်သွယ်ရန်ဖုန်းဝယ်ယူခြင်းတို့ပြုလုပ်ပြီးနောက် အငှားကားတစ်စီးကို ငှားယူပြီး လသာလမ်းရှိ တရုတ်ဘုံကျောင်းသို့ ထွက်ခွာလာ ခဲ့ပါသည်…
တရုတ်ဘုံကျောင်းသို့ရောက်သောအခါ တရုတ်အဖိုးကြီးတစ်ယောက်နှင့်တွေ့ဆုံသော အခါတွင် ဦးဘလက်ချောပေးလိုက်သော စာရွက်အပိုင်းအစလေးကိုပြလိုက်သည်နှင့် သူ့နောက်လိုက်ပါခဲ့ရန် အမူအယာပြပြီးနောက် ဘုံကျောင်းအတွင်းရှိ နောက်ချောင် ကျသော နေရာတွင်အိပ်နေသော ဘိန်းစားတစ်ယောက်ထံသို့ခေါ်သွားလေးသည်…
ဘိန်းစားနားသို့ရောက်သောအခါ အဖိုးကြီးမှ တရုတ်စကားဖြင့်ပြောလိုက်သောအခါ ဘိန်းစားမှာ သောက်နေသောဆေးလိပ်ကိုဖွာထုတ်လိုက်ပြီး….
“ အနောက်ကလဲမဟုတ်၊ အရှေ့လဲမကျနဲ့ တောင်ဘက်ရဲ့မြောက်ဖက်ကလာတာလား”
အူကြောင်ကြောင်စကားကို နားမလည်သောမောင်အာဂမှာ စိတ်မရှည်ဟန်ဖြင့်…
“ ဟေ့ကောင်ဘိန်းစားဘာတွေပြောနေတာလဲ… မင်းလိုကောင်ကိုများကွာ ဦးဘလက်ချောက လူလိုထားဆက်ဆံလို့ ”
“ ဒီလိုခေတ်ကာလမှာ ရန်ကုန်မြို့လည်ကောင်မှာ ဘိန်းစားနေနိုင်တယ်ဆိုမှတော့ မင်းလိုအသက်လုပြေးလာရတဲ့ကောင်ထက် စွမ်းလို့ပေါ့ကွ….”
“မင်းဘယ်လောက်စွမ်းသလဲဆိုတာ ငါ့ကိုပြောစမ်းပါကွာ…”
မောင်အာဂမှာ စိတ်အစာမကြေဖြစ်ရာမှ ခါးကြားထဲမှ သေနတ်ကိုဆွဲထုတ်ချိန်လိုက်စဉ် မောင်အာဂ လည်ပင်းပေါ်သို့ လက်ရာအလွန်မြောက်သော ငှက်ကြီးတောင်ဓားတစ်စင်း အရံသင့်ထောက်ထားပြီးဖြစ်လေသည်…
“ငါ့နာမည် ပေါက်ဖော်…. အရှေ့ကျွန်းက နှူးဘာဂိုဏ်းနဲ့ ကြောင်ဝတုတ်ဂိုဏ်းရဲ့ ကြားက သံတမန်…. ငါသိသလောက်က မင်းတို့ကို ဦးဘလက်ချောလွှတ်လိုက်တာ… လွှတ်လိုက် တယ်ဆိုပေမယ့် ကိစ္စရှိလို့မဟုတ်ဘူး အရေးပေါ်အခြေအနေကြောင့်…”
“ ဟုတ်တယ်မဟုတ်လားဟေ့ကောင်…”
ဓားအောက်ရောက်နေပြီဖြစ်သော မောင်အာဂမှာ မလှုပ်သာတော့သဖြင့်….
“ဟုတ်တယ်… ဦးဘလက်ချောတို့၊ ကိုကြောင်ဝတုတ်တို့၊ ကိုကြီးကမ်းတို့ အဖမ်းခဲလိုက်ရတယ်…”
“ဒါဆိုရင် မင်းကဘယ်လိုကယ်မယ် ဆုံးဖြတ်ထားတုန်း”
“မသိလို့ခင်ဗျားဆီကိုလာတာပေါ့… သိမှတော့ ခင်ဗျားကို…. တော်ဗျာခင်ဗျား…”
ပေါက်ဖော်သည် အာဂလည်ပင်းပေါ်မှာ ဓားကို ရုပ်လိုက်သည်…
ထို့နောက် ခေါင်းအုန်းအိပ်နေသော စာအုပ်ကို ပစ်ပေးလိုက်သည်…
မင်းသေချာဖတ်…
“ နောက်(၄)ရက်နေရင်… မင်းတို့ဂိုဏ်းချုပ်ကြောင်ကြီး ရန်ကုန်ကိုရောက်လိမ့်မယ်…
တည်းခိုမယ့်နေရာက ချက်ထရီယန်ဟိုတယ်… ကျန်တာတွေကိုတော့ မင်းကိုယ်တိုင် အခန်းတစ်နေရာက ပါရလိမ့်မယ်….”
“ ခင်ဗျားကရော… ဘာလုပ်မှာတုန်း…”
မောင်အာဂမှာ မကျေမနပ်လေသံဖြင့်မေးလိုက်သည်….
“မသိရင်တစ်သက်လုံးမှတ်ထား ဘိန်းစားပေါက်ဖော်… ဘာမှမလုပ်ဘူး…
ဒါပေမယ့် မင်းတို့ခေါင်းဆောင်တွေအတွက် မှိန်းပြီးအကြံတွေထုတ်ပေးမယ်…
မနက်ဖြန်ကျရင် မင်းလူ(၂)ယောက်နဲ့တွေ့ရမယ်… သူတို့ မင်းကိုကူညီပြီး မင်းရဲ့ ခေါင်းဆောင်တွေကို ကယ်တင်ပေးလိမ့်မယ်…
လောလောဆယ်မင်းလုပ်ရမယ့်အလုပ်က ကင်မရာတစ်လုံးကိုယူပြီးရင် ကန်တော်ကြီးကို UNDP ရုံးနားကနေစပြီးတော့ ယူတိုးပီးယားတာဝါပါမကျန် ဓာတ်ပုံရိုက်ခဲ့ ပြန်လာပြီး ညနေထမင်းစားချိန်ကျရင် မင်းရိုက်ခဲ့တဲ့ ပတ်ဝန်းကျင်ကနေပြီးတော့ ငါအကြိုက်ဆုံးဆိုင်မှာ ထမင်းသွားစားမယ်… ကျောင်းစောင့်အဖိုးကြီးဆီမှာ ကင်မရာတောင်းသွားလိုက်…”
ထိုသို့စကားပြောပြီးနောက်… ဖက်ကြမ်းဆေးလိပ်လေးကိုဖွာရှိုက်ပြီး ပြန်လှည့်အိပ်သွားလေသည်…
မောင်အာဂနှင့် နွယ်ပင်တို့လဲ ဘာလုပ်ရမှန်းမသိသည်ကတစ်ကြောင်း၊ ဦးဘလက်ချော စီစဉ်ပေးသည့်အတိုင်း လိုက်နာရန်ဆုံးဖြတ်ပြီးသည်က တစ်ကြောင်းဖြင့် တစ်နေကုန်ခန့် ကန်တော်ကြီးတစ်ဝိုက် ဓာတ်ပုံပတ်ရိုက်လေသည်…
ညနေစောင်းသောအခါ လသာလမ်း ဘုံကျောင်းသို့ပြန်လည်ရောက်ရှိလာသောအခါ…
ဘိန်းစားပေါက်ဖော်နှင့် ရသေ့တစ်ပါးဘုံကျောင်းတွင် စကားထိုင်ပြောနေကြသည်…
သူတို့ပြောနေသောစကားများကို တစ်လုံးတပါဒမှ နားမလည်သည်ဖြစ်၍ ကင်မရာကိုသာ ဘိန်းစားလက်သို့ထိုးအပ်လိုက်ရာ…
ဓာတ်ပုံများကို သေချာကြည့်ပြီးနောက်…
“ ဒီညနေ White Rice မှာ ညစာစားမယ် ”
ရသေ့ကြီးနှင့် ဘိန်းစားတို့ (၆)နာရီခန့်အထိ စကားပြောဆွေးနွေးနေကြသည်…
ထို့နောက် ထမင်းစားမြည်ဟု ထိုင်ရာမှ၍ မောင်အာဂအား ကားငှားခိုင်းလေသည်…
အငှားကားရသောအခါ ရသေ့ကြီးနှင့် ဘိန်းစားပေါက်ဖော်တို့ ကားနောက်ခန်းတွင်ထိုင်ပြီး
“ဒီညနေ မင်းတို့တော့ ရှိတာရှာကြံစားလိုက်ကွာ… ကျောင်းစောင့်ကြီးစီစဉ်ပေးလိမ့်မယ်…”
ထိုသို့ပြောဆိုပြီးနောက် အငှားကားနှင့်ထွက်သွားလေသည်…
အာဂနှင့်နွယ်ပင်မှာ ထွက်သွားသောကားကိုငေးကြည့်ရင်း
“မောင်…ရသေ့ကြီးက Dinner စားဖို့လိုက်သွားတာလားဟင်….”
“ ငါလဲ…အဲဒါပဲစဉ်းစားနေတာ… အဲဒီဘိန်းစားပုံစံနဲ့ ရသေ့တစ်ယောက်နဲ့ အဲဒီဆိုင်ထဲကိုဝင်သွားပြီး မှာစားမယ့်ပုံကို မျက်စီထဲမင်းမြင်ကြည့်လိုက်လေ…
ငါတော့ စဉ်းစားလို့ကိုမရတော့ဘူး”
ဆက်ရန်-
14 comments
R Ga
April 26, 2012 at 5:32 pm
မနက်ဖြန်မှ သေချာထပ်ဖတ်မယ်ဗျာ အခုတော့ပြန်လိုက်ဦးမယ်။ နောက်ဆိုရင် မနက်ပို်င်းလောက်ဖြစ်ဖြစ် နေလယ်လောက်ဖြစ်ဖြစ်တင်ပေးပါလား။
amatmin
April 26, 2012 at 5:45 pm
ကိုဖက်ရေ..ဆွဲဆန့် ထားနိုင်တာကို လေးစားတယ်ဗျာ..
ဒါနဲ့ ဘိန်းစား ဘွန်ဟောင်းလို နေရာကို ပေါက်ဖော်ကိုပေးလိုက်တာတော့ နှာကစ်သဗျို့. 😛
mg mg
April 26, 2012 at 5:46 pm
ပေါက်ဖေါ်ကြီးက သောက်ရုံသောက်တာလားလို့
ခုတော့ ဘိန်းကင်းကစော် ကိုပေါက်ဖေါ်ပေါ့။
ဗိုက်ကလေး
April 26, 2012 at 6:01 pm
တော်တေးတာပေါ့ဂျာ
ဘိန်းလေးစားပြီး အငြိမ်နှပ်နေတယ်ဆိုတာလေး ပါလာလို ့..
အင်းလေ..
ဘိန်းစားရလဲမနဲပါဘူး 😆
နောက်ခါ
အူးကြီးမိုက်မြှောက်ပေးတိုင်းလျှောက်ရေးရဘူးနော်..လူဇိုး
က်ိုကိုအိုဗာ
April 26, 2012 at 7:06 pm
ဟိုက် ရှာလဘတ်ရေ…
အားပေသွားတယ်နော့်
ဂွတ်ပါတယ် ခင်ဗျာ..
surmi
April 27, 2012 at 12:34 am
စောင်.ဖတ်နေတယ် ။ ဒါမျိုး ကြိုက်တာကိုး …….။
ရက်သိပ်မခြားနဲ.ကွယ် ….ရင်မောလွန်းလို. ။
Khaing Khaing
April 27, 2012 at 9:09 am
အော် ….. စာရေးဆရာကိုဖက်ရီးယားကလည်း ဇာတ်လမ်းကို တော်တော်ရှည်အောင်ဆွဲဆန့်နိုင်သား …. ကိုရီးယားနိုင်ငံကလူတွေသာသိရင် အိုပါးကိုဖက်ကို လှမ်းခေါ်လိမ့်မယ် …… အားပေးပါတယ်နော့ ……
Novy
April 27, 2012 at 9:57 am
အားပေးနေတယ်
ကြောင်ဖက် ရယ်
11 ရောက်တော့မယ်
အခုထိတော့ ဖတ်ကောင်းတုံး
ကြောင်ဖက်ရေးပါအုံး
windtalker
April 27, 2012 at 10:01 am
၁ ၊ ၂၊ ၃ ဖတ်ခဲ့ပြီး ၊ ကြားထဲက အပိုင်းတွေ မဖတ်ဖြစ်ဘဲ အခုအပိုင်း ကို လာဖတ်မိတော့ ၊ ကျန်တဲ့ အပိုင်းတွေ သွားဖတ်ဦးမယ်ဗျို ့။ ကိုဖတ်ကတ် လဲ အပြင်လက်ရှိဘဝမှာ ဇါတ်ဆရာ ဖြစ်ခဲ့ဖူးတယ် လို ့ထင်ရအောင် ကို ရေးကောင်းတာကလား ။
ဆူး
April 27, 2012 at 10:04 am
ပေါက်ဖော်က ဘိန်းစားပြီး မှိန်းရင်း ဆိုင်ပေါက်ဝ တံခါးကြားကို လူခြေတိတ်ရင် ထထ ချောင်းတယ်။
ဂိုဏ်းသားတွေ လူခြေတိတ်ရင် ခြေရှုပ်တယ်ဆိုလို့ စောင့်ဖမ်းတယ် ဆိုလား.. သတင်းတွေ ကြားနေတယ်။
kyeemite
April 27, 2012 at 11:02 am
ဖက်တီးကက်ရေ..နင်အန်တီဆူးဆီက
စာမူဘိုးရပီလား..ဟီး..ဘိုင်ပြတ်နေလို့
ပိုက်ဆံချေးချင်လို့…
FattyCat
April 27, 2012 at 11:05 am
ဝတ္တုက စာမူဖိုးမရးသေးဘူးလေ
ပြီးမှမပြီးသေးတာ…
ဝတ္တုကို မြန်မြန်ပြီးချင်ရင် ရွာထဲကလူတွေနဲ့ ထပ်မတွေ့မှဖြစ်မယ်…
မဟုတ်ရင် ဇာတ်ကောင်အသစ်တွေရလွန်းလို့….ဟီး…
ခင်တဲ့-
ကြောင်ဝတုတ်
blackchaw
April 27, 2012 at 11:27 am
ဝတုတ်ရေ။
အားပေးသွားပါတယ်ဗျာ။
ခင်တဲ့ –
ဘလက်
ဗိုက်ကလေး
April 27, 2012 at 11:50 am
အူးလေး..အူးလေး..
လက်မလေး ထောင်ခဲ့ဦးလဗျာ