NLD အမတ်များသိစေချင်ပါသည်။

YE YINT THUApril 26, 20121min24217

NLD အမတ်လောင်းများ ယနေ ့အထိ လွှတ်တော် မတက်နိုင်သေးတာသိရလို ့ကိုယ့်နိုင်ငံ အတွက် ကြားရတာစိတ်မကောင်းပါဘူး။ ကျွန်တော်တို ့က လွှတ်တော်ထဲကိုရောက်စေချင်လို ့မဲပေးခဲ့တာပါ။

ဒီင်္လိုမှန်းအစကသာသိခဲ့ရင် ပြည်သူ ့အတွက်လွှတ်တော်ထဲဝင်ပြီး တကယ် အလုပ်အကျွေးပြုချင်တဲ့ တစ်ခြားပါတီက ဝါရင့်သဘာရင့်ပုဂ္ဂိုလ်တွေကိုဘဲမဲပေးမှာပေါ့ဗျာ။

ဒီကိစ္စနဲ ့ပတ်သက်ပြီး ရလိုက်တဲ့သင်ခန်းစာကတော့ နောက်တစ်ခါရွေးကောက်ပွဲလုပ်ရင်တော့ လွှတ်တော်ထဲကို တကယ်သတ္တိ ရှိရှိနဲ ့သွားမယ့်သူ၊ ဥပဒေဘောင်ထဲကနေ သိက္ခာရှိရှိ အလုပ်လုပ်မယ့်သူကိုဘဲမဲပေးတော့မယ် NLD ရေ။

ဒါပေမယ့် သမိုင်းကပေးတဲ့ သင်ခန်းစာတွေကိုတော့ သိစေချင်တယ်။

မြန်မာနိုင်ငံ သမိုင်းမှာရှိခဲ့ဘူးတဲ့ ဖွဲ ့စည်းပုံအခြေခံတွေထဲ မှာပြီးပြည့်စုံတဲ့ ဖွဲ ့စည်းပုံအခြေခံဥပဒေ ဆိုတာ မရှိခဲ့ပါဘူး။ အနည်းနဲ ့အများတော့ ချို ့ယွင်းချက်အားနည်းချက်ကလေးတွေတော့ပါ ခဲ့တာ ဟာသမိုင်းမှာ အထင်အရှားရှိခဲ့ဘူးပါတယ်။

ဗိုလ်ချုပ်တို ့ရှိစဉ်အခါကရေးဆွဲခဲ့တဲ့ 1947 constitution မှာတောင် အင်္ဂလိပ်ဆီကလွတ်လပ်ရေးအမြန် ရယူနိုင်ဖို ့ရေးဆွဲခဲ့တဲ့အတွက် အင်္ဂလိပ်အလိုကျ အဲဒီထဲကတစ်ချို ့အချက်တွေကို ဘဝင်မကျပေမယ့် ထည့်ရေးခဲ့ရတယ်လို ့သမိုင်းကဆိုထားပါတယ်။

ယနေ ့  ခေတ် ဖွဲ ့စည်းပုံအခြေခံဥပဒေမှာလည်း ပြင်ဆင်လိုတဲ့ အချက်များရှိရင် လွတ်တော်ထဲမှာ တင်ပြဆွေးနွေးပြီးပြင်လို ့ရပါတယ်လို ့သမ္မတကြီးကိုယ်တိုင်ပြောထားပြီးသားပါ။

အခုချိန်မျာ NLD အမတ် 40 ကျော်ရဲ ့ဆန္ဒကအဓိကလား ၊ မဲပေးခဲ့တဲ့ ပြည်အများစုရဲ ့ဆန္ဒအဓိကလား ဆိုတာကို စဉ်းစားစဉ်းစားသင့်တယ်။

ဒီစာသားလေးတစ်ခုရဲ  ့အဓိပ္ပါယ်က ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်ရေးအတွက်ဘယ်လောက်ထိများ အနှောက်အယှက်ဖြစ်နေလို ့လဲ???

တိုင်းပြည်အတွက်တကယ်လိုအပ်မယ်ဆိုရင်လက်ရှိအခြေခံ ဥပဒေထဲက ဘယ်စားသားကိုဘဲဖြစ်ဖြစ် ပြုပြင်နိုင်ဖို ့ အခုလွတ်တော်တက်နေကြတဲ့ ပါတီအသီးသီးကအမတ်တွေလည်း ဒီလောက်အထိ လက်ပိုက်ကြည့်နေကြမှာမဟုတ်ပါဘူး။

တစ်နေ ့ဆီကကြားလိုက်ရတာတစ်ခုကိုတော့ကြုံတုန်းပြောပြချင်ပါသေးတယ်။ အခုလွှတ်တော်တက်နေတဲ့ရန်ကုန် သင်္ကန်းကျွန်းမြို ့နယ်ကလွှတ်တော်အမတ် ဦးသိန်းညွန် ့တင်သွင်းတဲ့ အဆိုတစ်ခုကို တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များက ဝိုင်းဝန်းထောက်ခံကြတယ်ဆိုဘဲ။

စေတနာသန် ့သန် ့နဲ ့အနီးစပ်ဆုံး ဥပမာလှလှလေးတစ်ခုတော့ နောက်ဆုံးအနေနဲ ့ထပ်ပြောပါရစေ။

ကန်ရတာက အိမ်ကွင်း ၊ ပရိတ်သတ်အများစုက ကိုယ့်ပရိတ်သတ် ၊  ဒိုင်လူကြီးကလည်း လက်ဆောင် penalty တစ်လုံးပေးပြီး ကိုယ့်ဖက်ကသာသာထိုးထိုးလေးရပ်တည်ပေးနေတာတောင်မှ ရည်မှန်းချက် ပန်းတိုင်မရောက် ဘဲ မုဆိုးဘဝကနေ သားကောင် ဘဝကိုရောက်သွားရရှာတဲ့  Champion league semi final က ဘာစီလိုနာ လိုမဖြစ်စေချင်ဘူး။

ဒီဖြစ်စဉ်လေးကို သင်ခန်းစာယူဖို ့NLD အမတ်လောင်းများကို နီးစပ် တဲ့သူများပြောပေးကြပါဦး။

 

 

17 comments

  • အိမ်လွမ်းသူ

    April 26, 2012 at 7:04 pm

    အင်း… no comment !! ဟဲ..ဟဲ..( မောင်ခင်ညွန့်မီဒီယာကို ဖြေသောလေသံ) ဝူး… ဝူး… ဝူး…………………………..

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 26, 2012 at 7:20 pm

    ဒီအကြောင်းကတော့ ခုတစ်လော သိပ်ပြော ကြတာဘဲနော
    NLD ကို လက်ရှိအေခြနေတွေနဲ့ ရွေးကောက်ပွဲဝင်ဘို့အကြောင်းကတည်းက ကျုပ် ( မိမိတစ်ဦးတည်းအမြင် )
    ကတော့ သိပ်လက်မခံခြင်ဘူး ဒါပေသိ သူတို့ရဲ့အတွေ့ကြုံအခက်ခဲတွေကြားက သူတို့ရဲ့လုပ်ဆောင်ချက်တွေကို
    တော့ လုံးဝထောက်ခံတယ် သူတို့က လက်ရှိအခြေနေမှာ သူတို့ဘယ်လိုရင်ဆိုင်နေရတယ်ဆိုတာ
    သူတို့အသိဆုံး
    ဒါကြောင့် ဒီအကြောင်းတွက်အတိုဆုံးအဖြေကတော့
    ( နှစ်ရှည်လများကြံ့ကြံ့ခံရပ်တည်လာတဲ့ NLD ဟာ စောက်ချဉ်မဟုတ်ဘူး )
    ပိုဆိုးတာက အဖွားကြီးကို ဘာဖြစ်တယ်ညာဖြစ်တယ် ဝေဖန်နေတဲ့ခွေးမသားတွေ ခွေးမသမီးတွေ
    အဲ့သည်အဖွားကြီးက နှစ်ရှည်လများ သူ့ဘဝတစ်ခုလုံးကို စတေးခဲ့ပေးတာတွေကိုထောက်ရှု့ပြီး
    ဒီအဖွားကြီးက စောက်ရူးထမယ်လို့ထင်နေတာလား
    အဲ့သည်အဖွားကြီးအောင်မြင်ခဲ့ဘူးတဲ့ ဥပဒေပညာတွေရယ်
    ခင်ဗျားတို့စစ်အာဏာရှင်တွေရဲ့ ဥပဒေလက်တစ်လုံးခြားလုပ်တဲ့စောက်ကျင့်တွေကိုထောက်ရှု့ခြင်းအားဖြင့်
    NLD မှာ လွှတ်တော်ထည်းကိုဝင်ဘို့ လိုအပ်တဲ့ကျောနောက်နောက်ခံဥပဒေမရှိသေးလို့ဖြစ်မှာဘဲလို့
    နည်းနည်းလေးမှ မတွေးမိကြဘူးလား 👿

  • ဗိုက်ကလေး

    April 26, 2012 at 7:43 pm

    ကာတွန်းဟာဂျူလီရဲ့ ပုံထဲက စကားလေးသတိရတယ်
    http://a7.sphotos.ak.fbcdn.net/hphotos-ak-snc7/579299_282103081878548_100002365754291_653388_1205535080_n.jpg
    လေးစားတာနဲ ့ ထိန်းသိမ်းကာကွယ်တာ ဘာများကွာနေလို ့လဲဆိုတော့
    ထိန်းသိမ်းကာကွယ်တယ်ဆိုတာက အများမကြိုက်လဲ ဖြိုဖျက်လို ့မရတော့ဘူးတဲ့
    ဥပမာ-ရှေးဟောင်း အဆောက်အဦတဲ့ဗျာ..

    ရှင်းမလိုလိုနဲ ့ရှုပ်တဲ့ စကားနှစ်လုံး….လေးနက်လှပါတယ်..
    မလိုအပ်ပဲနဲ ့တော့ ဟိုဘက်ဒီဘက် ပြိုင်ငြင်းပြီး ပြင်ဖို ့ကြိုးစားနေကြမယ်မထင်ဘူး…
    ဆိုတော့…
    ဘွားဒေါ်ကြီး လွှတ်တော်ထဲရောင်အောင် အရပ်ကူပြီး လူဝိုင်းကြရန်လိုမင်ထင်ပါတယ်.
    အထူးသဖြင့် အနေအထားရှိတဲ့ ကြံ့ဖွံ ့ ပါတီက ဦးဆောင်ပြီး သဘောထားကြီးစွာ ပူးပေါင်း ကူညီမယ်ဆို….ဘယ်လောက်ကောင်းမတုန်းပေါ့ဗျာ..

    ဖတ်မိသမျှလေး ကိုးကားပြီး ပွါးခဲ့ပါတယ်ဗျို ့

  • သားငယ်

    April 26, 2012 at 8:49 pm

    အကြောင်း မဲ့သတ်သတ်တော့ ဒေါ်အောင်ဆန်းစုကြည် တို ့အဖွဲ ့လွတ်တော်ထဲဝင်ဖို ့ကြန် ့ကြာနေတာ မဟုတ်လောက်ပါဘူး.။
    ကိစ္စတစ်ခု ရှိကို ရှိလိမ့်မယ် လွတ်တော်ထဲမှာ လက်ရှိ အင်အားကြီးပါတီက ငွေကြေးအရရော လူအင်အားအရ ရော အာဏာ အရပါ
    အဖက်ဖက်က သာနေတာ ပြီးတော့လည်း နှစ်ပေါင်း နစ်ဆယ် လောက် အချိန်ယူပြီး ပြင်ဆင်ထားတဲ ့အင်အားကြီး ပြိုင်ဘက်ကို
    ရင်ဆိုင်ဖို ့အတွက် တော့ ကိုယ့်ဘက်က လည်း လုံခြုံအောင် ပြင်ဆင်ဖို ့လိုအပ်ပါလိမ့်မယ်။ အဲ့ဒီအတွက် ဘဲပြင်ဆင် အချိန်ယူနေရ
    တာဘဲဖြစ်မယ်လို ့ယုံကြည်မိတယ်။

    အထဲမှာ က ကျားတွေချည်းဘဲ အခု အဆိုတစ်ခု တင်သွင်းမယ် ပြည်သူအတွက် အကျိုးရှိမယ့်အဆို ဒါပေမယ့် အခြားပါတီက သူတို ့
    လူတွေထိခိုက်နိုင်မယ်ထင်ရင် သူတို ့လူအင်အားနဲ ့ပယ်လိုက်ရင်လည်း အလကားဖြစ်သွားမှာဘဲ..ငါးထောင်တန်ဖုန်း ကိစ္စကို လွတ်တော် ထဲမှာ အဆိုတင်သွင်းတယ်. ဆက်သွယ်ရေးဝန်ကြီးက မလိမ့်တစ်ပတ်လုပ်ပြီး ဖြေသွားတာဘဲ မြန်မာပြည်မှာ ဆက်သွယ်ရေး ကောင်းမွန်ဖို ့ကြိုးစားလုပ်ဆောင်နေကြောင်း ဖုန်းများကိုလည်း တန်ဖိုးနည်းဖုန်းများ ချထားပေးနိုင်ရန် စီစဉ်နေသည့်
    အကြောင်းများ ပြန်လည်ဖြေကြားသွားတယ်.. ငါးထောင်တန်ကိစ္စကို နှာစေးသွားတယ်..ကြံ့ဖွံ ပါတီက ဘတ်စုံဒေါင့်စုံ အဖက်ဖက်
    ကနေပြီးတော့ သူတို ့သက်စိုး ရှည်ဖို ့အတွက် နည်းလမ်းပေါင်းစုံ သုံးပြီးပြင်ဆင်ထားတယ် ဆိုတာကို သိထားသင့်ပါတယ်။
    အခု ရေတွင်းတူး အခုရေကြည်သောက် ချင်လို ့မဖြစ်သေးပါဘူး အချိန်တစ်ခု ပေးရပါမယ်. တစ်ဖက်က ပြိုင်ဘက်က အင်အားကြီး
    လေ ကိုယ်ပေးရမယ့်အချိန်ကြာလေပါဘဲ. သူတို ့ကလည်း လူတွေဘဲ ဗျာ အခွင့်အရေးတွေကို ဘယ်လိုလုပ် လွယ်လွယ်စွန် ့လွတ်
    ချင်ကြမှာလည်း…ကိုယ်တွေ ဘက်က လည်း အများအတွက် အကျိုး ဖြစ်မယ့်ကိစ္စကို တောင်းဆို နိုင်သလောက်တောင်းဆိုရမှာဘဲ
    အဲ့ ဒီတော့ ပြင်ဆင်ချိန်ပေးပါ .နားလည်ပေးပါ..ဒီကောင်တွေက အမျိုးမျိုးနည်းလမ်း ဥပဒေတွေသုံး ပြီး ထောင်ထဲကို ထည့်ခဲ့ကြ
    တာကို နားလည်ပါ. နောက်ထက် တန်ဖိုးရှိတဲ ့အချိန်တွေကို ထောင်ထဲဝင်ပြီး မဖြုန်း ဖြစ်ဖို ့အတွက်တော့ ကိုယ့်ဘက်က အများ
    ကြီးပြင်ဆင်ဖို ့လိုပါလိမ့်မယ်..လို ့ပြောချင်ပါတယ်

  • eveningstar

    April 26, 2012 at 10:44 pm

    ဒိုင်လူကြီးကလည်း လက်ဆောင် penalty တစ်လုံးပေးပြီး
    ကိုယ့်ဖက်က သာသာထိုးထိုးလေးရပ်တည်ပေးနေတာတောင်
    ဟုတ်ပမလား မောင်ရဲရင့်သူရယ် ဒါ့ထက်တောင်ပိုသေး အဘရဲ့။

  • paukpauk

    April 26, 2012 at 10:47 pm

    သားငယ် says:
    (ဒီကောင်တွေက အမျိုးမျိုးနည်းလမ်း ဥပဒေတွေသုံး ပြီး ထောင်ထဲကို ထည့်ခဲ့ကြ
    တာကို နားလည်ပါ. နောက်ထက် တန်ဖိုးရှိတဲ ့အချိန်တွေကို ထောင်ထဲဝင်ပြီး မဖြုန်း ဖြစ်ဖို ့အတွက်တော့ ကိုယ့်ဘက်က အများ
    ကြီးပြင်ဆင်ဖို ့လိုပါလိမ့်မယ်..လို ့ပြောချင်ပါတယ်….)

    သားငယ်ရေ… ထောင်ထဲဝင်ပြီးအချိန်ဖြုန်းတယ်တော့ မပြောပါနဲ့ကွာ…။
    မောင်ရင်ကော အမှန်တရားအတွက် ထောင်ထဲ ဝင်ရဲခဲ့လား။ ကိုမင်းကိုနိုင်တို့လို အမှန်တရားအတွက် ထောင်ထဲဝင်ရဲခဲ့သူတွေ မရှိခဲ့ရင်၊
    ဒေါ်စုလို နေအိမ်အကျယ်ချုပ်မှာ ကြံ့ကြံ့ခံရဲတဲ့သူတွေ မရှိခဲ့ရင် … ခုလိုအပြောင်းအလဲတွေ အလိုလိုဖြစ်လာမယ်ထင်နေလို့လား..။
    ခေတ်တစ်ခုပြောင်းလဲဘို့ဆိုတာ လူလိမ်မာ ငကြောက်တွေ လမ်းခင်းပေးဘို့ လိုသလို… သတ်တိရှိတဲ့ Principles ရှိတဲ့ လူမိုက်တွေလဲ လိုတာပဲ…

    ရာဇဝင်တင်ခံရဲတဲ့ သူရဲကောင်းဆိုတာ ဒီထက်ပိုပြီး လေးနက်ပါတယ်၊

  • Patriotic Burma

    April 27, 2012 at 12:21 am

    Everyone thought NLD and Daw Su should attend the parliament now.But I don’t think so.I totally agree with Daw Su.We should wait for a perfect moment.I mean in this time the government can’t afford to do that little repair, when the real important facts that NLD ask to repair, what will they gonna do?Think about that.As paukpauk said,who else can do better than Daw Su as she sacrifice herself to get nowadays advantages?

  • kai

    April 27, 2012 at 1:42 am

    NLD အမတ်လောင်းများ ယနေ ့အထိ လွှတ်တော် မတက်နိုင်သေးတာသိရလို ့ကိုယ့်နိုင်ငံ အတွက် ကြားရတာစိတ်မကောင်းပါဘူး။ ကျွန်တော်တို ့က လွှတ်တော်ထဲကိုရောက်စေချင်လို ့မဲပေးခဲ့တာပါ။

    ဒီင်္လိုမှန်းအစကသာသိခဲ့ရင် ပြည်သူ ့အတွက်လွှတ်တော်ထဲဝင်ပြီး တကယ် အလုပ်အကျွေးပြုချင်တဲ့ တစ်ခြားပါတီက ဝါရင့်သဘာရင့်ပုဂ္ဂိုလ်တွေကိုဘဲမဲပေးမှာပေါ့ဗျာ။

    မဲပေးရွေးတယ်ဆိုတာ.. သူ့လုပ်ပုံကိုင်ပုံ..သူတို့ပါတီ.. အုပ်စု..အဖွွှဲအစည်းရဲ့…ပေါ်လစီတွေကြိုက်လို့.. ကိုယ့်ကိုယ်စား. ရှေ့ထွက်ရင်ဆိုင်နိုင်ဖို့ လူရွေးပေးလိုက်တာဖြစ်ပါတယ်..
    လွှတ်တော်ထဲကိုရောက်စေချင်လို ့မဲပေးလိုက်တယ် ဆိုရင်တေ့ာ.. ရည်ရွယ်ချက်မှားနေပါပြီ..

    ထားပါတော့… 🙂
    ဟိုး…အရင်ကတည်းက..ညှိထားကြတာမှာ..
    NLD ကရွေးကောက်ပွဲဝင်လာရင်.. လွှတ်တော်၊ တရားရေးနဲ့.. အစိုးရက.ဒါတွေဒါတွေလုပ်ပေးပါမယ်..
    ဆိုပြီး.. မလုပ်ပေးနိုင်သေးလို့.. (ကတိမတည်နိုင်သေးလို့) အချိန်အခါစောင့်နေရတာလို့.. ဘာလို့မမြင်ကြည့်သလဲ..

    ဒါလေးများ…. :mrgreen:

  • kyeemite

    April 27, 2012 at 8:34 am

    အတွေးအမြင် ချဲ့ကြည့်ပါအုံး မောင်ရဲရင့်သူရာ..ဘာတဲ့..
    ဒီစာသားလေးတစ်ခုရဲ ့အဓိပ္ပါယ်က ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်ရေးအတွက်ဘယ်လောက်ထိများ အနှောက်အယှက်ဖြစ်နေလို ့လဲ???
    ဆိုဘဲ…
    စာများများဖတ်ဖို့လိုနေသေးတယ်ကွ ကောင်လေးရ…

  • ကြောင်ကြီး

    April 27, 2012 at 9:12 am

    နာမည်ထဲမှာ ရဲဆိုတဲ့စာလုံး ပါနေလို့လားမသိဘူး.. ရဲကျင့်ရဲကြံအတိုင်းပဲ ကူလီကူမာနဲ့…။ အိညှက်အိညှက်လာမလုပ်နဲ့ ရဲစုတ်တွေ ထောင်ထဲရောက်သွားရင် ဘာဖြစ်ကုန်ဒယ်မှတ်လဲ…။ မင်းဆြာဂျီး အန်အယ်လ်ဒီပဲ့ထွက် ငမတ်တွေကိုပြောလိုက်… အန်အယ်လ်ဒီ ၂၀၁ဝတုန်းက ဝင်မပြိုင်လို့ ခမောက်မျက်နှာနဲ့ အမတ်ဖြစ်ကုန်တာ ကျေးဇူးမကန်းနဲ့လို့…။ ပြီးခဲ့တဲ့ ဂျားဖြတ်ရွေးကောက်ပွဲမှာ အဲဒီ့ပဲ့ထွက်တွေ ဘာဖြစ်ကုန်လဲ…။ ရှက်တတ်စမ်းဘာကွာ…။

  • thet pying phyo

    April 27, 2012 at 10:47 am

    Dear Ko Bite Kalay, Ko Pauk Pauk Ko Thar Ngal and Ko Micheal, your speeches are quite correct, i support all of you.

    • Swal Taw Ywet

      April 27, 2012 at 11:41 pm

      Dear Thet Pying Phyo,
      Please let me support your comment.
      I do admire you all.

      Let’s try our best for our mother land.
      With respect,
      Swal Taw Ywet.

  • thet pying phyo

    April 27, 2012 at 10:53 am

    Ko Bite Kalay, your speech is quite correct, i support all of you. Anyway, the word anyone chosen is very important. So we’ll care of that.

  • ahnyartamar

    April 27, 2012 at 11:05 am

    အစကတည်းက လိုချင်တာကို ရအောင်လုပ်ယူမှဖြစ်မယ် ကိုရဲရင့်သူရေ အစကောင်းမှ အနှောင်းသေချာ မဟုတ်လားဗျာ အခု လွှတ်တော်အစည်းအဝေးကလည်း ပထမအကြိမ် တတိယပုံမှန်အစည်းအဝေးရဲ ့နောက်ဆုံးအပိုင်းဖြစ်နေပါပြီ ဒါကြောင့် NLD က သူတို့ဖြစ်ချင်တာကို ရအောင်ယူပြီး ပထမအကြိမ် စတုတ္တပုံမှန်အစည်းအဝေးကိုတော့ မဖြစ်မနေ တက်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

  • jujuma

    April 27, 2012 at 1:35 pm

    ဒီစာသားလေးတစ်ခုရဲ ့အဓိပ္ပါယ်က ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်ရေးအတွက်ဘယ်လောက်ထိများ အနှောက်အယှက်ဖြစ်နေလို ့လဲ???

    ဖြစ်ရလေခြင်း….ဥပဒေအပေါ်က သူတို့ကနေနေတယ်ဆိုတဲ့သဘောသက်ရောက်နေပါတယ်ဗျ …
    ဥပဒေ အထက်မှာ မည်သူမှ မရှိစေရ ဆို တာ နားလည်တဲ့သူတိုင်း သဘောပေါက်နိုင်ပါတယ်ဗျာ ….

    ဒီဥပဒေကို ပဲ လက်တစ်လုံးခြားလုပ်လာခဲ့ တာ နှစ်ပေါင်းများ စွာ ခံခဲ့ရပြီးတာတောင် မသိလေရော့သလား ….

  • ba gyi

    April 28, 2012 at 10:14 am

    ဒေါ်စု နှင့် အဖွဲ့ချုပ်မှ သည်စာသားလေးပြောင်းဘို့ တောင်းဆိုတယ် ဆိုရာမှာ-
    သည်စာသားကလေးဟာပြည်သူ့နှင့်တိုင်းပြည်အတွက်တောင်းဆိုကြမည့်ပြည်သူ့ကိုယ်စားလှယ်တွေအ တွက်ရေရှည်မှာအချုပ်အနှောင်ကင်းကင်းဆောင်ရွက်နိုင်ဘို့ပဲ။
    သည်တော့ ဒါကိုပြင်ပေးရမှာကြောက်နေပြီဆိုကတည်းက၊ပြင်လို့ရအောင်ဝိုင်းဝန်းမဆောင်ရွက်ဘူးဆိုရင်
    အဲသည်အဖွဲ့အစည်း၊အဲသည်လူပုဂ္ဂိုလ်တွေဟာပြည်သူနဲ့တိုင်းပြည်အတွက်လုံးဝမဟုတ်ပဲ၊ကိုယ့်အတွက် သာစဉ်းစားတယ်ဆိုတာပိုထင်ရှားစေတာတွေ့ရပါမယ်။
    သည်လိုအချိန်မှာ ပြင်ဆင်သင့်တာတွေပြင်ပေးတာနှင့် တိုင်းပြည်ရဲ့တိုးတက်မှုတွေ တစ်ဆင့်ပြီးတစ် ဆင့် လမ်းပွင့်ပြီးအားလုံးကောင်းမည်ကို၊လက်တွေ့ ရှိနေပါလျှက်၊ပြင်ဆင်ပေးလို့ရတဲ့ပါဝါ (ပြည်သူ့ထံမှ ဓါးပြတိုက်ထားတဲ့ပါဝါ)ရှိနေတဲ့ ကြံ့ဖွတ် ပါတီဟာ၊ ပြင်ဘို့မလုပ်ဆောင်ဘူးဆိုရင် သူတို့ ပါတီရဲ့တိုင်းပြည်
    လူမျိုးပေါ်ထားတဲ့စေတနာရုပ်ညံ့မှုဟာ၊လွတ်တော်သမိုင်းဝင်ဖြစ်တော့မှာပါ။သူရို့အဖတ်ဆယ်ဘို့အခွင့်အရေးပေးတာကိုယူတတ်ရင်၊အမြင်ကောင်းတွေကိုသူရို့ရနိုင်မှာပါ။
    အဖွဲ့ချုပ်ကတော့ စကားလုံး ပြင်ပြင်/မပြင်ပြင်လွှတ်တော်ထဲ ဝင်လို့ရတဲ့နည်းတွေရှိနေမှာပါ။ခုချိန်မှာတော့ တရားဝင်မှတ်ပုံတင်ပြီး၊ပြည်သူမှလည်းတရားဝင်ရွေးချယ်ထားသောကိုယ်စားလှယ်တွေဖြစ်တာမို့၊သူရို့ လွယ်လွယ်နဲ့ပြန်ဖျက်လို့မရတော့ဘူး၊လွှတ်တော်ထဲအချိန်မရွေးပြန်ဝင်နိုင်ပါတယ်၊အားလုံးစိတ်ရှေကြဘို့ပါပဲ။

  • THE MOON

    April 30, 2012 at 1:04 am

    ရွာသားတို ့ရေ။
    ““ပြင်ပေးရင်လွှတ်တော်တက်မယ်။ပြင်မပေးရင်လွှတ်တော်မတက်ဘူး””
    ဆိုတာထက်။
    ““ပြင်ပေးရင်ပြည်သူအတွက်ဘယ်လိုအကျိုးရှိတယ်။ပြင်မပေးရင်ပြည်သူတွေအကျိုး
    ဘယ်လိုထိခိုက်စေနိုင်တယ်””ဆိုတာကိုဆွေးနွေးကြရင်ပိုမကောင်းဘူးလား။

Leave a Reply