Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

လူလိမ်လား အနုကြမ်း စီးတာလား

မိုခ်ိဳApril 26, 20121min31523

မြန်မာပြည်မှာ နည်းအမျိုးမျိုးသုံးပြီးလိမ်လည်တတ်တဲ့လူလိမ်တွေရှိပါတယ်။ မသိနားမလည်တဲ့သူတွေ၊
အယုံလွယ်သူတွေ ၊လောဘကြီးသူတွေ၊ အားနာတတ်သူေတွေဟာ လူလိမ်တွေရဲ့သားကောင်ဖြစ်တတ်
တယ်လို့သိထားတဲ့ ကျမ၊ စာအစုံဖက်လေ့ရှိပြီး ၊လူတိုင်းကိုအယုံအကြည်မရှိတတ်၊ အား
မနာတတ်တဲ့ကျမ ၊ အလိမ်ခံ ရလိမ့်မယ်လို့ဘယ်တုန်းကမှမထင် မိပါဘူး။ ဒါပေမယ့် လူလိမ်
က အိမ်ပေါ်ထိ ဆိုက်ဆိုက်မြိုက်မြိုက ်တက်လာပြီး တစ်မိသားစု လုံးကို လိမ်တာပါ။ လိမ်တယ်ဆိုတာထက်
ခြိမ်းခြောက် တဲ့ပုံစံ ပိုပေါက်ပါတယ်။
မှတ်မှတ်ရ ၂၀၀၉ ခုနှစ် သင်္ကြန်ပြီးကာစ နှစ်ဆန်း ၂ရက်နေ့ အိမ်မှာ ကျမရယ်၊ အမေရယ်၊
ကျမမောင်ရယ်၊ သားသား(၅နှစ်)ရယ် ရှိနေချိန် လူတစ်ယောက် အိမ် ထဲဝင်လာပါတယ်။ ခြံဝင်း တံခါး ကအမြဲတမ်း သော့ချိတ်
ထားတတ်ပေမယ့် အဲဒီနေ့ကသားတိုု့တူဝရီး မုန့်ထွက်ဝယ်ပြီး သော့ပြန်ချိတ်ဖို့မေ့ခဲ့လို့အဲဒီလူ
အလွယ်တကူ အိမ်ထဲရောက်လာတာပါ။ အဲဒီလူ က ကျမနာမည်ကို (အိမ်မှာခေါ်တဲ့အတိုင်း) ခေါ်ပြီး
တဆက်တည်း “ကျတော် က ကိုချို ရဲ့ သူငယ်ချင်းပါ။ စင်္ကာပူက ခဏ အလည်ပြန်လာတာ။
ကိုချို က သူ့အမျီုးသမီး ဒဂုံမှာနေ တယ်၊ ရောက်ရင် ဝင် လည်ပါဆိုလို ့ဒီနားက သူငယ်ချင်းဆီ လာရင်းဝင် လာတာ” လို့ပြောလည်းပြော ခုံ ပေါ်လည်းဝင်ထိုင် လိုက်ပါတယ်။
အဲဒီအချိန်တုန်းက အမျိုးသား စင်္ကာပူ ရောက်နှင့်နေပြီး ကျမတို့ သားအမိက လည်းလိုက်ဖို့ပြင်ဆင်နေ တဲ့ အချိန်ပါ။ အမျိုးသားက မိတ်ဆွေအပေါင်းအသင်း များပါတယ်၊ သူ့အပေါင်းအသင်းအားလုံးနီးနီးကိုလည်း ကျမသိပါတယ်။ ဟိုရောက်မှ ခင်တဲ့မိတ်ဆွေသစ်တွေ ရဲ့ နာမည် နဲ့ အကြောင်းတွေကိုလည်း သူပြောပြလို့ လူချင်းမတွေ့ဘူး ပေမယ့်ရင်းနှီး နေပါတတယ်။
ကျမ နဲ့အမျိုးသားနဲ့က နေ့တိုင်း အဆက်အသွယ်ရှိပါတယ်။ ကျမက နေ့တိုင်း internet ဆိုင်သွားပြီး pfingo, g talk , vzo အဆင်ပြေ ရာနဲ့ ခေါ်တယ်။ အပြင် ထွက်ရင်း internet ဆိုင်ရှေ့ ဖြတ် လျှောက် မိလို့ စိတ်ကူးပေါက်ရင်လည်း ဝင် ခေါ် လိုက်တာပဲ။ သူ့ဘက်ကလည်း တနေ့ကို ၂ခါလောက် အနည်းဆုံး ဖုန်းခေါ်တယ်။
အဲဒီတော့ သူနဲ့ကျမကြား ဘယ် သူငယ်ချင်းတွေ ခဏပြန်တယ်၊ ဘယ်သူ့မိန်းမလာလည်တယ်၊ ပနီစူလာမှာ ဘယ်သူတွေနဲ့တွေ့တယ်ဆိုတာက အစ၊ ဒီနေ့ ဘာချက်စားတယ်၊ အလုပ်ထဲမှာ ဘယ်လို ဆိုတာ ကအလည်၊ သားသား အီးဘယ်နှခါပါတယ်၊ ရှူးဘယ်နှခါ ပေါက်တယ် ဆိုတာအဆုံး ပြောစရာမကျန်ရအာင် ပြောဖြစ်ကြတယ်။
ဒီတော့ အဲဒီရက်ပိုင်း ဘယ် သူငယ်ချင်းမှ လာမယ်လို့လည်းပြော သံ မကြား မိတဲ့ အပြင် နာမည် မေးလိုက်တော့လည်း ကိုယ်မကြားဖူးတဲ့ နာမည် ဖြစ်နေတယ်။ အဲဒါနဲ့ ကျမက “အလုပ်ထဲကလား၊ အိမ်မှာ အတူတူ နေတာ လား” လို့ မေးလိုက်တော့ “အတူနေဖူးတယ်” လို့ မရေမရာ ပြန်ဖြေရင်း အနားမှာ ထိုင်နတဲ့ သားသားကို သူ့ ပေါင် ပေါ် ကောက် တင်လိုက်တယ်။ အဲဒီမှာ ကျမ သံသယ စ ရှိသွားတယ်၊ ခင်ပွန်း သည် စင်္ကာပူ စရောက်တည်း က သူငယ်ချင်းတွေ နဲ့ပဲ နေဖြစ် တဲ့အပြင် အခြား အတူနေ အိမ်သားတွေ ရဲ့ နာမည် တွေ လည်း ပြောထားဖူး သလို တချို့ ဆို VZO ချက်ရင်း လှမ်းတွေ့ ဖူးတယ်။
သူ့ သားမတ် အပေါင်းသင်း များတာ သိထားတဲ့ အမေ ကတော့ သံသယမရှိပဲ လူကြီးပီပီ စကားတွေ ဖောင်နေလေရဲ့။ အမေက သူတို့ “သားမိတွေတောင် နောက်လထဲလောက် လိုက်သွားကြမှာလေ” လို့ ပြောလိုက် တော့ဒီလူ အံ့ ဩသလို ဖြစ်သွားတဲ့ မျက်နှာကို ချက်ချင်း ပြင်လိုက်ပြီး “ ဟုတ်တယ် ဟိုကလူတွေက မိန်းမနဲ့ ကလေးတွေ ကို အလည် ခေါ်တတ်ကြတယ်လေ ” လို့သံယောင် လိုက်ပြီး ပြန်ပြောတယ်။ အမေ ကလည်း “သူတို့က အလည် မဟုတ်ဘူး ၊ လိုက်နေ ကြမှာ” လို့ ပြောလိုက်တော့ အဲဒါဆို “ညဉ်း က part time လိုက် လုပ် လို့ ရတာပေါ့” လို့ ပြောပြန်ရော။
ကျမသံသယတွေလည်း ပို ကြီးလာတယ်၊ ဒီ လူ ပြောတာတွေ က ဟုတ်သလိုလိုနဲ့ လွဲနေတယ်။ ခင်ပွန်းသည် သူငယ် ချင်းတွေ အကုန်လုံး ကျမတို့ လိုက် လာမှာ သိတဲ့ အပြင် နေဖို့ အိမ်ခန်း ပါ ကူရှာပေးနေတာ ကြ တာဆိုတော့ သူငယ်ချင်း မှန်ရင် အံ့ ဩသွားစရာ အကြောင်းမရှိဘူး။ နောက်ပြီး ကျမနဲ့ ကျမခင်ပွန်း တကျောင်းတည်း ဆင်းမှန်း အားလုံးသိထားကြတော့ ကျမကို part time လိုက် လုပ်ဖို့ ဘယ်သူမှ မပြောကြ ပဲ၊ ဘာသင်တန်းတွေ တတ်ထားသင့်တယ်၊ CV တွေ ဘယ်လိုရေးထားရတယ် ဆိုတာမျိုး ပဲ အကြံ တွေ ပေးကြတယ်။
ကျမလည်း သံသယ ရှိ သွားပြီ ဆိုတော့ ဒီလူ့ ကို သေချာ ကြည့် လိုက်ပါတယ်။ ဒီလူက တီရှပ် ကို ဂျင်းဘောင်းဘီ ထဲထည့်ဝတ်ထားပြီး အပေါ်က ရှပ် အကျင်္ီ အပြင် ထုတ်ဝတ် ထားပါတယ်။ မျက်လုံးတွေက ဂဏာမငြိမ်ပဲ တအိမ်လုံးကို ကျီးကန်း တောင်းမှောက် လိုက် ကြည့် နေပါတယ်။ ကျမ သံသယ ရှိတာကို သူလည်း ရိပ် မိပုံရပြီး ကျမကို လုံးဝမကြည့် ပဲ အမေ့ ကိုပဲ ရောပြီး စကားတွေ ပြောနေပါတယ်။
သူပြောတာတွေ က “ကိုချိုက သူ့သားကိုအရမ်းချစ်တာ ၊ သူ့သားအကြောင်း အမြဲ ပြောတယ် ” တို့၊ “ ကျတော် တို့ သူငယ်ချင်းတွေ အားရင် ပင်နီစူလာနဲ့ ဘုန်းကြီးကျောင်း အမြဲ သွားတယ် ” တို့။ အမေက သူ့သားမက် ကို ဒီရက် ပိုင်း သွေးတိုးနေလို့ ဘီ ယာ ဖြတ်ခိုင်းပြီး သံပရာရည်ပဲ သောက်ခိုင်းရတယ်ဆိုတော့ သူက “ကျတော် တောင် သူ့ ကို သံပရာရည် ဖျော် တိုက် ခဲ့ရသေးတယ်” လို့ပြော ပြန် တယ်။ တကယ်တော့ဒီလူ စကားများများပြောလေ အမှားပါလေ ပါပဲ။
တဦးတည်းသော သားကို အဖေက အရမ်းချစ်တယ် ဆို တာ ဘယ်တော့ မှ မမှားနိုင်တဲ့ စကားဖြစ်လို့ ဒီ တခွန်းတော့ မှန်သွားပေမယ့် ၊ ကျမခင်ပွန်း ဘယ် ဘုန်းကြီးကျောင်း မှ မသွားဖူးတာ ကျမ သိပါတယ်။ သူငယ်ချင်းတွေအိမ် ကို သွားလည် လေ့ မရှိပဲ ပင်နီစူလာ မှာပဲ ဆုံလေ့ ရှိလို့ အတူနေ အိမ်သားက လွဲရင် သံပရာရည်ကို ဘယ်သူက ဘယ်လိုဖျော်တိုက်မှာလဲ။ ဝယ်တိုက်တယ်ဆိုရင်တာင် ဟုတ်တုတ်တုတ်ရှိသေး။
ကျမဒီလူကို လိမ် နေမှန်း သိလိုက်ပေမယ့် ဘာအတွက် လိမ်နေတယ် ဆိုတာ ကိုတော့ စဉ်းစာမရဖြစ်နေပါတယ်။ ကြာကြာတောင် မစဉ်းစားလိုက် ရပါဘူး၊ စကားပြောရင်း သူ့ရဲ့ ဦးတည်ချက် ကို ရောက်လာပါပြီ။ “ ကျတော်တို့ ဒီနားက ဘီယာဆိုင် မှာ ဝင် သောက်ပြီး ပြန် အထွက်မှာ ကျတော့ကားက တခြား ကားတစီးကို နည်းနည်း ဝင် အောင်းမိသွားလို့ လျော်ပေးရ မှာ ပိုက်ဆံ နည်းနည်း လိုသွားတယ် ၊ ကိုချိုပြောဖူးလို့ ကိုချို တို့အိမ် ရှိတာ သတိရ သွားလို့ ဝင် အကူညီတောင်းတာပါ၊ သိပ်များပါ ဘူး သုံးသောင်း ခွဲ လောက်ပါပဲ၊ မနက် ဖြန် ပြန်လာပေးပါ့မယ်။” ဒီလူ ကျမကို လုံးဝမကြည့် ပဲ အမေ့ ကိုပဲ ကြည့် ပြီး သူ့ လာ ရင်း ကိစ္စ ကိုပြောပါပြီ။

ဒီလူ လူလိမ် ဆိုတာ ကျမအတွက်တော့ သေချာသွားပြီ ဆိုတော့ သူ့ မျက်လုံးကိုသေချာ ကြည့် ပြီး ကျမ လည်း “ အတော် ပဲ ဒီနေ့ ကျမ ကိုချို့ ဆီ ဖုန်းမဆက်ရသေးဘူး အခု ဖုန်းခေါ်ပြီး ပြောလိုက်မယ်၊ ရှင်လည်းရှင့် သူငယ်ချင်းနဲ့ ပြောရတာပေါ့ ”လို့ ပြောပြီး ဖုန်းကို ကောက်ကိုင် လိုက်ပါတယ်။

ဟင်းချက်ချိန် ရောက် သွားလို့ မနက်ဖြန် ဆက်ပါမည်။

23 comments

  • Moe Z

    April 26, 2012 at 3:48 pm

    အာ .. စိတ်ဝင်စားနေပါတယ်ဆိုမှ 😀

  • amatmin

    April 26, 2012 at 3:56 pm

    အမမိုချို ရယ်..ကောင်းခန်းရောက်မှ ဖြတ်ရတယ်လို့..
    ကျနော်တော့ အဲ့လိုမျိုး လိမ်တာကို လူမိသွားပဟလို့.
    ခံစားမိချိန်မှာ ဖြစ်ပျက်သွားမဲ့ မျက်နှာကို ကြည့်ချင်လိုက်တာဗျာ…
    အခုတော့ အမ အရေးကောင်းလို့ စိတ်နဲ့ပဲ ပုံဖော်ထားသေးတယ်.. 🙂

  • etone

    April 26, 2012 at 3:57 pm

    အစ်မ မိုချိုရေ … အဲ့လိုကြီးမလုပ်ရဘူးလေ …. တို့လို့တန်းလန်းထားခဲ့တယ် … ဟင့် 😥
    စိတ်ဝင်တစားနဲ့ ဖတ်နေတာ … အပျော်ကြံတယ် … လူချိုးးးးးးးးးးးးး

    ခဏနေတော့ အကြောင်းပြချက်ရှာပြီး …. တန်းပြီးလစ်ပြေးတယ်လို ကိုယ့်ဘာသာကိုယ် ဒုတိယပိုင်းကို စိတ်ကူးနဲ့ ဆက်ပုံဖော်လိုက်ပါတယ် အဟိ 😆

  • water-melon

    April 26, 2012 at 4:01 pm

    အမလေး ဇာတ်ရှိန်ကောင်းတုန်း
    ှမီးပျက်တာ
    နာလိုက်ကွာ
    မျှော်နေပါမယ် အန်တီချို

  • နွယ်ပင်

    April 26, 2012 at 4:18 pm

    အစ်မမိုချိုရေ ကောင်းခန်းရောက်တုန်း ဖြတ်လိုက်တာ တိခနဲပဲ
    တကယ့်ကိုရီယားကားအတိုင်းပါပဲလား ..
    ဒုတိယပိုင်းကို မျှော်နေပါတယ် ………….

  • kaung kin pyar

    April 26, 2012 at 4:19 pm

    အန်တီချို….ရက်စက်တယ်…။ တရုတ်ကားထဲကလို တိခနဲဖြတ်ပစ်တယ်..(ကောင်းခန်းရောက်မှကို ဆိုလိုပါသည်။) လူဇိုးမဂျီး…။ ဟွန့်………

  • jujuma

    April 26, 2012 at 4:26 pm

    အာ ကြော်ငြာက ဝင်သဟ …

  • R Ga

    April 26, 2012 at 4:53 pm

    စိတ်အထင် ဒီလူက အစ်မ အင်တာနတ်ဆိုင် မှာ အစ်မယောက်ျားနဲ့ ပြောတာ ဆိုတာတွေကြားခဲ့လို့ဖြစ်မယ်။ နောက်တစ်ခု အစ်မက အစ်မယောက်ျားနဲ့ စကားပြောရင် အစ်မနာမည် ထည့်ထည့်ပြောတတ်တယ်နဲ့တူတယ်။ ဒီလိုလူတွေက တော်ယုံလူဆိုရင်အလိမ်ခံရမှာသေချာတယ်။ ဒါပေမဲ့ အစ်မက လိုလူကြတော့မရဘူး။ စိတ်အထင် နောက်တစ်ပုဒ်မှာ ကလေး ကိုပေါင်ပေါ်ကမခြပဲ ချိန်းခြောက်မယ်နဲ့တူတယ်။

  • ဗိုက်ကလေး

    April 26, 2012 at 4:54 pm

    ဟာဂျာ..
    အူးလေး ရေလည်ရက်စက်တယ်ဗျာ..

    • R Ga

      April 26, 2012 at 5:16 pm

      ဘာရက်စက်ဆိုလည်း ဆရာဗိုက်ရယ်။

      • ဗိုက်ကလေး

        April 26, 2012 at 6:03 pm

        သောက်နေရင်းတန်းလန်း အရက်ကုန်သွားသလို ခံစားရလို ့ပါ အူးဂရယ်

  • KoNyeinChan

    April 26, 2012 at 5:12 pm

    ဖတ်လို ့ကောင်းနေတုန်း ဆတ်တငတ်ငတ် တိုးလို ့တန်းလန်း … ဝဋ်လိုက်မယ် ကျပ်ကျပ်လုပ်
    ရေချိုးတုန်း ရေပြတ်.. ကိုရီးယား ကား ကြည့်တုန်း မီးပြတ်.. လမ်းလျှေက်တုန်း ဖိနပ်ပြတ် (မဖြစ်ပါစေနဲ ့လို ့) 😀

  • အိမ်လွမ်းသူ

    April 26, 2012 at 6:56 pm

    အဲဒါ ကိုရီးယားကား ဘယ်လောက်ကြည့်လဲ ဆိုတဲ့ သက်သေပဲ။ ဘယ်နေရာမှာ ဘယ်လိုဖြတ်လိုက်ရင် တော့ ပရိတ်သတ်တွေ ဟာကနဲ ဖြစ်သွားမယ်ဆိုတာ မမိုးချို တို့ကနောကြေနေပြီ။ ဟိ.. ဟိ… အရားဂါးစတာ…

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 26, 2012 at 8:34 pm

    မှန်တယ်အဲ့သည်လူဟာ လူလိမ်ဘဲ
    ဒဂယ်ဆိုရင်……………………..
    …………………………………………………
    ဟဲတော့ အိမ်ရှေ့မှာ ဘုန်းကြီးဆွမ်းရပ်နေတယ်
    ရပ်တော်မူပါဘုန်းဘုန်း ရပ်တော်မူပါ………………….
    ဘုန်းကြီးဆွမ်းလောင်းပြီးဆက်ရေးမည်

  • windtalker

    April 26, 2012 at 8:59 pm

    အဲဒီလူဆိုးကို 199 သာ နှိပ်
    ဟောဒီက လူပေလေး ကိုတော့ မိုချိုလေး နားလည်ပါစေကွယ် ။ ဟီဟိ

  • Patriotic Burma

    April 26, 2012 at 11:25 pm

    feels like I’m middle of something.:(
    just kidding.I think he’s not skillful in lying and maybe he changed the way of lying to threatening.Looking forward to your next episode.

  • kyeemite

    April 27, 2012 at 9:14 am

    မိုချို ကစာရေးကောင်းတယ်ဗျို့
    ဒါပေမဲ့ ဗိုက်ကလေးပြောသလိုဘဲ..
    သောက်နေရင်းတန်းလန်း အရက်ကုန်သွားသလို ခံစားရလို ့ပါ

  • Thel Nu Aye

    April 27, 2012 at 9:59 am

    ရွာထဲကလူတွေနှယ်နော် ကောင်းခန်းရောက်ရင်ဒီလိုချည်းပဲ။ ကိုရီးယားကကြည့်နေရသလိုပဲ။

  • Thit Sar Lin

    April 27, 2012 at 10:12 am

    ဟုတ်ပါ့ ကောင်းခန်းရောက်တုံး …မီးပျက်သွားပြီ..
    ဒါကလည်းမူပိုင်တခွေတည်းဆိုတော့ ဆိုင်မှာလည်းဋ္ဌါးကြည့်လို့မရပေသေးဘူးပေါ့လေ..
    မျှော်နေပါတယ်…….ဘာဆက်ဖြစ်မလဲဆိုတာကိုစောင့်မျှော်နေရင်း…………..
    အထူးအဆန်းဖြစ်ပြီဆိုရင်..ရှေ့နောက်အရင်မစဉ်းစားဘူး….ယုံချင်ကြတာကအရင်လေ..
    အဲဒါကြောင့်မို့လည်းလူလိမ်ပေါတာလည်းမပြောနဲ့ …ယုံတဲ့လူတွေရှိနေရင်တော့ လိမ်တဲ့လူဆိုတာလည်းရှိမှာပဲလေ..ကိုယ့်ဟာကို စဉ်းစားဆင်ခြင်မှုလေးထဲ့ပြီးမှ ယုံသင့်မယုံသင့်စဉ်းစားကြပေါ့..မမိုချိုကို ချီးကျူးပါတယ်ဗျို့

  • Novy

    April 27, 2012 at 11:34 am

    မချိုရေ…
    ဟင်းချက်ပြီးရင် ဆက်ရေးပါဗျို့.
    ဘာတွေဖြစ်မလဲလို့ စောင့်နေတယ်

  • Mon Kit

    April 27, 2012 at 12:48 pm

    ဟယ်!!! လုပ်ရက်ပါပေ့ ဂျီးတော် မိုချိုရယ်… ဆပ်တငံ့ငံ့ကြီးတော်……… 😀

  • Ma Ei

    April 27, 2012 at 2:06 pm

    မိုချိုတို့ အဲ့လိုတော်တာ…
    မျှော်နေမယ်နော်…

Leave a Reply