စုုံထောက်အောင်တိုုက် နှင့် ကြောင်ဝတုုတ်ဂိုုဏ်း (၄)
ဦးခန့်ချောနှင့်တွေ့ဆုုံပြီးနောက်…
အိမ်အပြန်လမ်းတွင်…ABC ကားဂိတ်သို့ ဝင်ရောက်စုုံစမ်းရာ တိုုက်မိမည်ကဲ့သိုု့ဖြစ်သွားသော ခရီးသည်တင်ကားနှင့်အတူ
စပါယ်ယာရော၊ ယာဉ်မောင်းပါ ခဏဟုထွက်ခွာသွားပြီး ပြန်မရောက်လာကြောင်း ဂိတ်မှူးက ပြောကြားပါသည်…
ထိုုကားနှင့် လိုုက်ပါမည့်ခရီးသည်များမှာလဲ ဒေါသထွက်လျက်ရှိကြောင်းကိုုလဲ မျက်မြင်သိရှိခဲ့ရပါတော့သည်…
ကျွန်ုုပ်တိုု့လဲ ထုိုကားပြန်ရောက်လာပါက အကြောင်းကြားပေးရန် ဖုုန်းနံပါတ်ပေးခဲ့ပြီးနောက်…
နေအိမ်ရှိရာ သုုဝဏ္ဏသိုု့ ဆက်လက်မောင်းနှင်ခဲ့ပါတော့သည်…
နေအိမ်သိုု့ရောက်ရှိပြီး…
ကျွန်ုုပ်မှာ လပ်ကီးစရွိုက်ဆေးလိပ်လေးမီးညှိရင်း အိမ်ရှေ့ ကုုလားထိုုင်ပေါ်တွင် ဇိမ်ယူနေခိုုက် ကိုုအောင်တိုုက်မှာ
စာရွက်တစ်ရွက်နှင့် စာကြည့်တိုုက်မှယူဆောင်လာသော စာအုုပ်ထူကြီးမှ စာအချို့ ကိုုဖတ်လိုုက် ချရေးလိုုက်နှင့်အလုုပ်ရှုပ်လျက်ရှိပေသည်…
ကိုုအောင်တိုုက်အလုုပ်ရှုပ်နေပုုံကိုုကြည့်ရင်း ကျွန်တော်နားမလည်နိုုင်တော့သောကြောင့် ဖွင့်ဟမေးလိုုက်ရာ…
အောင်တိုုက် ။ ။ ကိုုသူရ…ကျွန်တော်ခင်ဗျားကုို ကိုုယ်ကိုုတိုုင်လိုုပဲယုုံကြည်ထားတဲ့လူတစ်ယောက်…
ခင်ဗျားကိုု ကွယ်ဝှက်စရာဘာမှမရှိဘူး…အခုုကိစ္စက ကျွန်တော်ကိုုယ်တိုုင် တစ်ပိုုင်းတစ်စပဲသိသေးတဲ့ကိစ္စဗျ…
ဓားမြှောင်လေးကိုု သေချာကြည့်ရင်းနဲ့ ဘာကိုု သတိထားမိလဲဆိုုတော့ ဓားမြှောင်လက်ကိုုင်မှာ ရိုုမန်နံပါတ်တွေကိုု ကျွန်တော်တွေ့ခဲ့တယ်…
အစကတော့ အလှအပအနေနဲ့ ထွင်းထားတယ်ပဲထင်ခဲ့တာ…နောက်တော့မှ အဲဒီနံပါတ်လေးတွေက III , IV , X , XIII, XXI ဆိုုပြီးတွေ့တယ်…အဲဒီနံပါတ်လေးတွေကိုု အင်္ဂလိပ်သချင်္ာနဲ့ ပြန်ရေးရင် 34101321 လိုု့ရတယ်ဗျ… အဲဒီနံပါတ်အတိုုင်းစာကြည့်တိုုက်မှာရှာကြည့်တော့ ၁၉၂ဝ ခုုနှစ်က စာရေးဆရာမကြီး အမ်.အေ.မာရေး (M.A. Murray) ရေးခဲ့တဲ့… အီဂျစ်နတ်ဘုုရားများဒဏ္ဍာရီ ဆိုုတဲ့ စာအုုပ်ကိုု ကုုဒ်နံပါတ် 34101321 မှာ အမှတ်မထင်ရှာတွေ့ခဲ့တယ်…
အဲဒီစာအုုပ်ကိုု သေချာဖတ်ကြည့်လိုုက်တော့ စစ်ခမက် (Sekhmet) ဆိုုတဲ့ နတ်ဘုုရားအမအကြောင်း ရှာတွေ့တယ်ပေါ့…သူက ခြင်္သေ့မျက်နှာ ပိုုင်ဆိုုင်ထားတဲ့ နတ်ဘုုရားမ…ဒါပေမယ့် တစ်ချိန်မှာ သူမ အမှားလုုပ်ခဲ့တဲ့အတွက် ဒဏ်ခတ်ခံရပြီး ဘက်ဆက် (Bastet) ဆိုုတဲ့ ကြောင်မျက်နှာနဲ့ နတ်ဘုုရားလိုု့လဲ လူသိများတယ်လိုု့ စာအုုပ်ထဲမှာ ကျွန်တော်ဖတ်လိုုက်ရတယ်…သေချာစဉ်းစားတော့ ကြောင်မျက်နှာနဲ့ နတ်ဘုုရားဟာ ကြောင်ဝတုုတ်ဂိုုဏ်းနဲ့ တစ်နည်းနည်းဆက်သွယ်နေရမယ်လိုု့ စဉ်းစားမိပြန်ရော…အဲဒီအပြင် ဦးမင်းမတ်ကလဲ အဲဒီနတ်ဘုုရားရုုပ်တွေနဲ့ ပတ်သက်နေတာဆိုုတော့…
ထိုုသုို့ အီဂျစ်နတ်ဘုုရားများအကြောင်းကိုုရှင်းပြနေစဉ် တယ်လီဖုုန်းမြည်သံကြားသဖြင့် ကျွန်တော်ကောက်ကိုုင်လိုုက်ရာ…တဖက်မှ အရေးကြီးသဖြင့် ဆာကူရာတာဝါရှိ AMM ကုုမ္ဗဏီသိုု့ အမြန်လာရောက်ပါရန်အကြောင်းကြားခြင်းကိုုခံရပါသည်…
ထိုုသိုု့ ဆင့်ခေါ်ခြင်းခံရသောကြောင့် မော်တော်ကားလေးအားထုုတ်ပြီး မြို့တွင်းသိုု့ ကိုုအောင်တိုုက်မောင်းနှင်ချိန်တွင်၊ ရေကျော်လမ်းသိုု့အရောက် ကိုုအောင်တိုုက်မှ…
အောင်တိုုက် ။ ။ ကိုုသူရ…ဖုုန်းကတော့ AMMကဖုုန်းပဲဗျ…ခက်တာက AMMက လူဆက်တာပါလိုု့ဘယ်သူက အာမခံတုုန်း… ကိုုအောင်တိုုက်အမေးကိုု ဖြေရန်အဖြေမရှိသဖြင့် ပြန်ကြည့်နေရုုံကလွဲပြီး ကျွနုု်ပ်မတတ်နိုုင်ခဲ့ပါ…
ကိုုအောင်တိုုက်မှ ကားကိုု လမ်းဘေးထုိုးရပ်ပြီး…
အောင်တိုုက် ။ ။ အဲဒီဖုုန်းကိုု ပြန်ဆက်ဗျာ… နောက်ဆုုံး ဒီဖုုန်းကိုု ဘယ်သူခေါ်တာလဲလိုု့ မေး… အဲဒီလူရှိသေးရင် ဘယ်မှမသွားပဲကျွန်တော်တိုု့ကိုု စောင့်နေပေးဖိုု့ပြောပါ…
ကိုုအောင်တိုုက် ညွှန်ကြားချက်အတုိုင်း ဖုုန်းပြန်ဆက်ရာ…ဖုုန်းခေါ်ဆိုုသွားသူမှာ မိန်းကလေးတစ်ဦးဖြစ်ပြီး အလုုပ်ကိစ္စတစ်ခုုနှင့် ဖုုန်းဆက်ခွင့်တောင်း ဆက်သွားခြင်းဖြစ်ကြောင်းသိလုိုက်ရသည်… ဖုုန်းဆက်သူ၏ ပုုံစံကိုု
သူရ ။ ။ ကိုုအောင်တိုုက်….ဒါဆိုုအတုုကြီးပေါ့…
ထုိုစဉ် ဖုုန်းတစ်ဖန်မြည်လာသဖြင့် ကြည့်လိုုက်ရာ…မင်းသမီးဆူးခက်၏ အိမ်မှတယ်လီဖုုန်းဖြစ်နေကြောင်းတွေ့ရှိရပါတော့သည်….
ကျွန်ုုပ်ဖုုန်းကိုု ပြန်လည်ဖြေကြားလုိုက်သည့်အခါ…ဖုုန်းဆက်သူမှာ မင်းသမီးဆူးခက်မဟုုတ်ပဲ သူမ၏အိမ်တော်ထိန်းအမျိုးသမီးကြီး ဖြစ်နေရုုံမျှမက အသံမှာကတုုန်ကယင်နှင့်…
အမျိုးသမီးကြီး ။ ။ ဆရာကိုုအောင်တိုုက်ရယ်…ကယ်ပါဦး…သခင်မလေးတော့ ဒုုက္ခတွေ့ပါပြီ… သခင်မလေးအသတ် ခံလိုုက်ရလိုု့….
ကျွန်ုုပ်နှင့် ကိုုအောင်တိုုက်တိုု့ ရောက်ရာနေရာမှ ဆူးဝင်နီခြံကြီးဘက်သိုု့ ဦးတည်သွားရောက်ခဲ့ပါသည်…
ဆူးဝင်နီခြံကြီးသိုု့ ရောက်သောအခါ ခြံဝတွင်…ရဲကားများ ဆေးရုုံကားများပြည့်လျက်ရှိသည်ကိုု တွေ့ရပြီး…ပခုုံးတွင် ငွေရောင်အပွင့်သုုံးပွင့်တင်ထားသော ရဲတစ်ယောက်မှာ လဲကျနေသော မင်းသမီးဆူးခက်နံဘေးတွင် သဲလွန်စများရှာဖွေလျက်ရှိသလိုု၊ ဓာတ်ပုုံရိုုက်ခြင်း၊ ပေကြိုးဆွဲတိုုင်းခြင်း၊ လက်ဗွေရာရှာခြင်းစသောအလုုပ်များဖြင့် တခြားရဲများမှာလဲ ပျားပန်းခပ်မျှ အလုုပ်ရှုပ်လျက်ရှိပါတော့သည်..
ကိုုအောင်တိုုက်မှာ လူအများကြားတိုုးဝှေ့ဝင်သွားပြီး၊ အလောင်းကိုု ကြည့်ရှုပြီးနောက်…
အောင်တိုုက် ။ ။ အခုုတော့ထားခဲ့လိုုက်ဦးဗျာ.. မနက်ဖြန်မှ ရင်ခွဲရုုံကိုု လိုုက်သွားကြမယ်…မှုခင်းဆရာဝန်နဲ့တွေ့ပြီး အကျိုးအကြောင်းမေးမယ်…
ကျုပ်မှန်းတာမမှားဘူးဆိုုရင် ဂစ်တာကြိုးလိုု သံကြိုးသေးသေးလေးနဲ့ နောက်ကနေ လည်ပင်းကိုုဆွဲလှီးသတ်တာ….
နောက်တစ်နေ့နံနက် ကျွန်ုုပ်နှင့် ကိုုအောင်တိုုက်တိုု့ ရန်ကုုန်ဆေးရုုံကြီးရင်ခွဲရုုံသိုု့ရောက်သောအခါ
အောင်တိုုက် ။ ။ ကျွန်တော် မှုခင်းဆရာဝန်နဲ့ တွေ့ချင်ပါတယ်…
လူတစ်ဦးလက်ညှိုးထိုုးပြသဖြင့် အလောင်းတစ်ခုအနားတွင်ထိုင်ကာ တစ်ခုခုစဉ်းစားနေသောဆရာဝန်တစ်ဦးကို တွေ့ရပါသည်…
အောင်တိုုက် ။ ။ မှုခင်းဆရာဝန်ထင်ပါ့…ကျွန်တော် အလွတ်စုံထောက်အောင်တိုက်ပါ…
ဆရာဝန် ။ ။ အဲလက်(စ)ကျော်ကိုုပါ…ခင်ဗျားကိုုတော့ စုုံထောက်ကျော်ကိုုအောင်တိုုက်မှန်းသိပါတယ်ဗျာ…
အောင်တိုုက် ။ ။ ရမ်းသန်းခန့်မှန်းရင်းက ကြက်ကန်းဆန်အိုုးတိုုးတာပါဗျာ…
AKKO ။ ။ လာရင်းကိစ္စက…
အောင်တိုက် ။ ။ မင်းသမီးဆူးခက်ရဲ့ Result လေးသိချင်လိုု့ပါဗျာ…
AKKO ။ ။ ခင်ဗျားအမှုသည်ဆိုုရင်တော့ စိတ်မကောင်းပါဘူး…လူသတ်သွားတဲ့လက်နက်က ဂစ်တာကြိုး ဝ.၀၂၅၄ မီလီမီတာ ဂိတ်ရှိတဲ့ကြိုးနဲ့ သတ်သွားတာ….တွေ့ဖူးသမျှထဲမှာ အသပ်ရပ်ဆုုံးနဲ့ သေချာလေ့ကျင့်ထားတဲ့လူဖြစ်မယ်လိုု့ကလွဲရင် ဘာမှမပြောနိုုင်ဘူး..
အောင်တိုုက် ။ ။ အင်း…ကျုပ်ကတော့ ခန့်မှန်းလိုု့မရနိုုင်တာအပြင်…ကျားပေါက်လေးကိုု လိုုချင်မှတော့ သားရဲတွင်းထဲဆင်းရတော့မှာပဲ… ကိုုသူရရေ… အပြန်လမ်းမှာ သတင်းစာတိုုက် တစ်ခါထည်းဝင်ပြီး Data Entry အမျိုးသမီးတစ်ဦးအလိုုရှိသည်ဆိုုပြီး ကြော်ငြာ ဝင်ထည့်မယ်ဗျာ…အင်္ဂလိပ်စကားပြောဆိုုနိုုင်ပြီး ဘာသာပြန်တာဝန်ပါ ပူးတွဲထမ်းဆောင်နိုုင်ရမယ်လိုု့ သေချာထည့်ရေးဗျို့ ….
ကျွန်တော်လဲ ကိုုအောင်တိုုက်ရဲ့စိတ်ကူးကုို လိုုက်စဉ်းစားပြီး ရူးချင်ချင်ဖြစ်မယ့်အစား၊ သူ့အတွက် ထောက်အကူပြုစေရန် ကူညီခြင်းမှာ အကောင်းဆုုံးဖြစ်မည်ဟုု စဉ်းစားမိ၍ မြန်မာ့အလင်းသတင်းစာတိုုက်ဖက်သိုု့ ကားမောင်သွားရန် အဆင်သင့်ပြင်ထားလိုုက်ပါတော့သည်…
ဆက်ရန်-
18 comments
FattyCat
April 4, 2012 at 11:40 am
အပိုုင်း (၄)ကိုု တင်နေတုုန်း…ကော်နတ်ချင်က ကျသွားတော့ ပြသနာပေါင်းစုုံတက်ပြီး…တစ်ဝက်ပဲပေါ်တယ်ဗျာ…
အဲဒါနဲ့ ညက ပြန်ပြင်တင်ထားပြီး…Comment ကအရေးထဲ ပိတ်သွားသေးတယ်…
အခုုတော့ အားလုုံးစိုုပြေလိုု့…စာဖတ်ပရိတ်သတ်ကြီးကိုုလဲ…
စပ်တငံ့ငံ့ဖြစ်သွားရတဲ့အတွက် ရတနာပုုံတယ်လီပိုု့ကိုုယ်စား စာရေးသူမှတောင်းပန်ပါတယ်…
မတော်တဆ ကော်မန့်ကိုု ပိတ်မိသွားတဲ့အတွက်လဲ…
လက်ခုုပ်တီးအားပေးချင်တဲ့သူများကိုု အနှောက်အယှက်ပေးရာရောက်သဖြင့် စာရေးသူ၏လက်ချောင်းများကိုုယ်စား စာရေးသူမှတောင်းပန်အပ်ပါတယ်…
ဘဝင်ခိုုက်တယ်ဆိုုရင်ဖြင့် လက်ခုုပ်သံလေးတွေကြားချင်သေးတယ်ဗျာ…
ခင်တဲ့-
ကြောင်ဝတုုတ်
Moe Z
April 4, 2012 at 11:42 am
ဖျောင်း .. ဖျောင်း … ဖျောင်း 😀
ဖားသက်ပြင်း
April 4, 2012 at 11:47 am
တိန်…
သူမို့ မကြောက်မရွံ့ …ဂတ်တူဆိုကြီး ကို သတ်ပစ်ပီး
လက်ခုတ်တီးခိုင်းနေတယ်…
ကြောက်တယ်..တီးဇယာလား …
လက်ခုတ်မတီးပေမယ့် ..အကျယ်ကြီး ၃ခါအော်ပီး အားပေးသွားပါတယ်ဗျာ…
အကျယ်ကြီး အကျယ်ကြီး အကျယ်ကြီး..
😀
နွယ်ပင်
April 4, 2012 at 12:09 pm
အပိုင်း (5) ကို ဘယ်တော့တင်မလဲဗျို့
ကိုရီးယားကား ကြည့်နေရသလိုပါပဲလား ကိုဖက်ရေ …………
amatmin
April 4, 2012 at 12:10 pm
အဲဒီ ကြောင်ခေါင်းနဲ့ ဘော်ဒီလှလှ (Baset) ဆိုတဲ့ နတ်သမီးပုံလေးမြင်ဖူးချင်ကြရင်..
ဒီမှာကြည့်ကြပါကုန်….http://en.wikipedia.org/wiki/Bastet
ကိုကြောင်ဝတုတ်တို့များ ဦးမင်းမတ်ကို.ဗီးနပ်စ်လိုနတ်ဘုရားမလေးနဲ့ပက်သက်ခိုင်းတာတော့ မဟုတ်.. 🙁
ဘာပဲဖြစ်ဖြစ်.လက်ဖျောက်ကလေးတီးပြီး အားပေးသွားပါတယ်ဗျ…
mg mg
April 4, 2012 at 1:04 pm
အဲဒီဇာတ်လမ်းတွဲ သုံးခွေတစ်ထောင်နဲ့ ခိုးကူးခွေထွက်နေပြီလား သွားရှာကြည့်လိုက်ဦးမယ်။
mg mg
April 4, 2012 at 1:05 pm
အဲဒီဇာတ်လမ်းတွဲ သုံးခွေတစ်ထောင်နဲ့ ခိုးကူးခွေထွက်နေပြီလား သွားရှာကြည့်လိုက်ဦးမယ်။
စောင့်ရတာစိတ်မရှည်တော့ဘူး။
Khaing Khaing
April 4, 2012 at 1:13 pm
သူများတွေမမန့်ခင် မန့်ချင်လို့ ညကဖွင့်တာ commentကို offဖြစ်နေတယ် …… မင်းသမီးကသေသွားတယ် … ဒါကြောင့်ပြောတာပေ့ါ စုံဒေါက်ကြီးအောင်တိုက်က အသုံးမကျပါဘူးလို့ …. မသေခင်ကတည်းက ပြောထားတာခုတော့သေသွားရှာပြီ ……….. တူရဆိုတဲ့အပေအတေကောင်ကလည်း အောင်တိုက်နဲ့ ပေါင်းပြီး လက်ကီးစတွိုက်တွေဘာတွေသောက်နေတယ် ပါးစပ်ဝဲပေါက်ဦးမယ် ကြည့်လုပ်ကြည့်လုပ် …..
သူရဇော်
April 4, 2012 at 1:45 pm
အောင်မာ လပ်ကီးစရိုက်ဆိုတာက သူများနိုင်ငံမှာ အသုဘမှာ ကမ်းတဲ့ဟာမျိုးတွေ သောက်ပါဘူးအေ….. ကျုပ်တို့က မာလဘိုလိုပဲ သောက်တယ်…..အလကားရလို့…. ဟိဟိ…. မဆူးတော့သွားရှာဘီ…… ဆရာဝန်တွေ စပါယ်ယာတွေတော့ ပေါ်လာကုန်ဘီ နောက်များ ဘဒူ ဘဒူတွေ ပေါ်လာဦးမလဲမသိ….. တင်တဲ့ လူဆိုးဂိုဏ်းချုပ်လူကြီးက လူတွေကို ဆံ့ငင် ဆံ့ငင်ဖြစ်အောင်လုပ်နေတယ်…..ဒီတော့ သူ့ကို ဂြိုလ်သားတွေလိုဆဲလိုက်မယ် $%^$^%(&*^)&*^$%#$#^%&*(_ အဲဒါပဲ…..
ဖားသက်ပြင်း
April 4, 2012 at 2:17 pm
ကောင်းလေစွ…
သူလည်း မာလဘိုရို ပိတ်သတ်ပဲကိုး …
😀
MaMa
April 4, 2012 at 4:26 pm
ကြောင်ဝတုတ် ပါးစပ်ထဲ ရှိတာတွေ လျှောက်ရေးနေတယ်ထင်နေတာ ……..
အမတ်မင်း သက်သေပြတဲ့ လင့်ခ်ကို သွားကြည့်လိုက်တော့မှပဲ ……
အားပါးပါးးးးးး တော်တော်ဗဟုသုတ ကြွယ်ဝတဲ့ ကြောင်မှန်းသိရတော့မယ်။
ကြောင်မျိုးနွယ်များကိုယ်စား ဂုဏ်ယူပါကြောင်းးးးးးးးးးးးးး 🙂
FattyCat
April 4, 2012 at 5:09 pm
မမရေ-
ကျွန်တော် ဒီဝတ္တုကိုု ဇနီးသည်နဲ့ရန်အဖြစ်ခံပြီးရေးထားတာပါဗျာ…
တစ်နေ့လုုံး ရုုံးမှာအလုုပ်လုုပ်ပြီး ညကျတော့ အိမ်မှာ ဒီဝတ္တုကိုုသေချာ အချက်အလက်စုုပြီးရေးတာပါ…
အားပေးကြတယ်ဆိုုရင်…နောက်တစ်ခုုက ဂေဇက်ထဲမှာ အမှတ်တရစုုံထောက်ဝတ္တုတစ်ခုုဖြစ်ရင်ပဲ ကျေနပ်ပါပြီကွယ်…
ဒီထက်ပိုုပြီးမှန်းရမယ်ဆိုုရင်…သဂျီးရဲ့ သတင်းစာထဲမှာ အခန်းဆက်ဝတ္တုအဖြစ်ပေါ့ဗျာ….
ခင်တဲ့-
ကြောင်ဝတုုတ်
ဆူး
April 4, 2012 at 6:24 pm
ဆူးခက် သေပြီ ဆိုပြီး သတင်းတွေ မနေ့ကတည်းက ကြာတယ် ဖွင့်ကြည့်လိုက်တော့.. တဝက်နဲ့ ဖြစ်နေလို့..
ဒီနေ့ကတော့ တနေကုန် အင်တာနက် ပျက်နေလို့ သတင်းသာ ကြားတယ် မမြင်ရဘူး ဖြစ်နေတယ်။
အခုမှပဲ ဖတ်ရတော့တယ်။
အားပေးသွားတယ်နော်။
kyeemite
April 5, 2012 at 9:13 am
အန်တီဆူး ကိုလေးစားပါတယ်..
တချို့ဆို ကိုယ့်နာမည်ရှင်ဇတ်ကောင်ကိုသတ်လိုက်တော့
သိပ်ကြိုက်ကြမှာမဟုတ်ဘူး..
ကြောင်ဝတုတ်တို့ ရက်စက်ချက်ကတော့ကမ်းကုန်ဘဲ..
FattyCat
April 5, 2012 at 10:31 am
အန်တီဆူးရေ-
ဇာတ်လမ်းဆိုတော့လဲ ကျရာအခန်းမှာကပြရတာပါ့…
စိတ်ဆိုးနဲ့နော်…ဇာတ်လမ်းထဲမှာတော့ လှလှလေးသေရအောင် သတ်ပေးလိုက်တယ်…
ခင်တဲ့-
ကြောင်ဝတုတ်
ဆူး
April 5, 2012 at 11:55 am
စိတ်မဆိုးပါဘူး။
ဇတ်ထဲမှာလိုပေါ့ စောစော သေတော့ စောစော နားရတာပေါ့။
Rose Minn
April 5, 2012 at 11:26 am
အော် ကိုဖက် ကိုဖက်ရွာထဲက လူတွေကိုလဲ စိတ်ဝင်တစား
အမူအရာလေးတွေ ရေးတဲ့ပုံ တော်ပါပေတယ်။ Rose လဲလူတွေ ရဲ့အမူအရာလေးတွေကို စိတ်ဝင်တစား ရှိရမယ်လို့ ပညာရသွားပါတယ်။ လောကမှာ စီးပွားရေးလုပ်မယ့်သူတိုင်းသူတိုင်း ရှိသင့်တဲ့ အချက်ပဲနော်…..။ မပါမဖြစ်ပေါ့လေ။ စဉ်းစားသင့်တာလေးပေါ့။ အမှုမဲ့ အမှတ်မဲ့မနေတာကိုပြောတာပါ။
Onyx
April 5, 2012 at 2:02 pm
ဂွတ်ရှယ်
ကောင်းလို့ အားပေးသွားပါသည် ။ ဆက်လက် စောင့်မျှော် ဖတ်ပါမည်။