Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အမေစု Passport ရပြီ

နွယ်ပင်May 9, 20121min75715

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရက ၂၄ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် Passport နိုင်ငံကူးလက်မှတ် ထုတ်ပေးလိုက်ပါပြီ။ ယခုအချိန်မှာ အမေစုဟာ နော်ဝေးနဲ့ ဗြိတိန်နိုင်ငံတို့ကို ခရီးထွက်ဖို့ ပြင်ဆင်နေပြီး Passport ကို ပြည်ထဲရေးဝန်ကြီးဌာနက 8.5.12ရက်နေ့တွင် ရန်ကုန်မြို့မှာ ထုတ်ပေးလိုက်တာဖြစ်ကြောင်း
NLDမှ တာဝန်ရှိ သူတွေက ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံအတွင်း နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေဖြစ်ပေါ်ပြီး အမေစု ဦးဆောင်တဲ့ NLD ပါတီပါ ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရပြီးတဲ့နောက်မှာအမေစုက Passport ထုတ်ပေးဖို့ လျှောက်ထားခဲ့တာဖြစ်ကြောင်းသိရှိရပါတယ် …

15 comments

  • ကိုရင်မောင်

    May 9, 2012 at 2:08 pm

    ဝမ်းသာစရာသတင်းပါ..
    နွယ်ပင်လေးရေ……

    • zarlay

      May 11, 2012 at 11:59 am

      ဒီလိုအခြေအနေမှာ မပေးလို့လည်းမရတော့ဘူးလေ

  • etone

    May 9, 2012 at 2:32 pm

    ကြားရတာ …ဝမ်းသာစရာပါပဲ … ဒါပေမယ့်လည်း .. စိတ်တော့လေးနေသေးတယ် ..
    ဉာဏ်နီဉာဏ်နက်ဗလောင်းဗလဲတွေကလည်း ရှိသေးတော့…. ။ တော်ကြာထွက်သွားပြီး … ဟိုပြောဒီပြောနဲ့ … ပြည်ဝင်ခွင့်မပေးတော့လျှင် ရင်မောရဦးမယ် … ။ နိုင်ငံတော်တာဝန် တစ်ခုခုနဲ့ပတ်သတ်ပြီး သတင်းထောက်တွေ ခြံရံကာ ပြည်ပထွက်ခွာတာမျိုးဆိုလျှင်တော့ … မြန်မာလူထုနဲ့အတူ … ကမာ္ဘကပါစောင့်ကြည့်မှာဆိုတော့…. အမေစုအတွက်ပိုပြီး ဆေ့ဗ်ဖြစ်မလားလို့ …. ။

  • Thel Nu Aye

    May 9, 2012 at 2:56 pm

    အမေစုထွက်တာကောင်းဖို့များပါတယ်။ ကမာ္ဘကပါစောင့်ကြည့်မှာဆိုတော့ ပူစရာတော့မရှိပဲပို အာရုံစိုက် လာနိုင်စေတာမို့ လက်ရှိအစိုးရ လုပ်ချင်တိုင်းလုပ်လို့မရနိုင်ပါဘူး။

  • ဗိုက်ကလေး

    May 9, 2012 at 3:43 pm

    ဒါနဲ ့
    အူးအာဂကိုလဲ နယ်စည်းမခြား အရက်သမားများနဲ ့ လှည့်လည်သောက်စားခွင့် ပြုလိုက်ပြီလားခင်ဗျ

    • Shwe Tike Soe

      May 10, 2012 at 4:17 pm

      ထောက်ခံပါတယ်ဗျို……. ကိုဂ ခမျာ အရက်သောက်ခွင့်ပါမစ်မရရှာတော့ အိမ်မှာပဲ ကစ်နေရရှာတာ.. သခမျာ မျိုမကြရှာလို…. အတင်းကြိတ်မှိတ်သောက်နေရတယ်လေ….

  • R Ga

    May 9, 2012 at 6:28 pm

    RFA News , 8May 2012 —- အခုအခါ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံကူးလက်မှတ် ရရှိထားပြီမို့ အမေရိကန် လွှတ်တော်ကနေ ကြိုဆိုရမယ့်နေ့ကို မိမိစောင့်စားနေပါကြောင်း အထက်လွှတ်တော်အမတ် မစ္စတာ ဂျွန် မက်ကိန်းက မနေ့က ပြောလိုက်ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံကူးလက်မှတ်အတွက် ပြီးခဲ့လက ပြည်ထဲရေးဝန်ကြီးဌာန အရာရှိတွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ လိုအပ်ချက်တွေကို ဆောင်ရွက်ပေးခဲ့ကြပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်လွှတ်တော်က ၂၀၀၈ ခုနှစ်မှာ ကွန်ဂရက် ရွှေတံဆိပ်ဆု ချီးမြှင့်ခဲ့ပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည် ပြည်ပခရီးထွက်မယ် ဆိုတဲ့အခါ ဒီဆုကို ကိုယ်တိုင် လာရောက်လက်ခံဖို့ အမေရိကန်လွှတ်တော်က ဖိတ်ကြားခဲ့ပါတယ်။

    ဒါပေမဲ့ အမေရိကန်ပြည်ထောင်စုကို ဒေါ်အောင်ဆန်းစုကြည် ဘယ်နေ့ ဘယ်ရက် ရောက်ရှိမယ် ဆိုတာကိုတော့ မစ္စတာ ဂျွန် မက်ကိန်းက မပြောဆိုခဲ့ပါဘူး။

    အာအက်ဖ်အေက ရရှိတဲ့ သတင်းအရ ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ဇွန်လလယ်ကနေ လကုန်ပိုင်းအထိ ဥရောပကို သွားရောက်မှာဖြစ်ပြီး အမေရိကန်ပြည်ထောင်စုကို ဩဂုတ်လထဲမှာ လာရောက်ဖွယ် ရှိတယ်လို့ သိရပါတယ်။

  • R Ga

    May 9, 2012 at 6:29 pm

    VOA News , 8May 2012 — မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာအစိုးရက နိုင်ငံကူးလက်မှတ်-Pass Port စာအုပ် ထုတ်ပေးလိုက်ပြီမို့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နှစ်ပေါင်း ၂၄ နှစ် အတွင်း ပထမဆုံး အကြိမ် ပြည်ပခရီးစဉ်တွေ ထွက်ခွင့်ရတော့မှာ ဖြစ်ပါတယ်။ ခုလို ဒေါ်အောင်ဆန်းစုကြည် ပက်စ်ပို့ရတဲ့ အပေါ်မှာ အမေရိကန် အထက်လွှတ်တော်အမတ်တွေက ဘယ်လို ဝမ်းသာကြိုဆိုခဲ့ကြတဲ့အကြောင်း မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်အတွက် ခရီးသွားလက်မှတ် ပက်စ်ပို့စ်စာအုပ်ကို ပြည်ထဲရေး ဝန်ကြီးဌာနက ရန်ကုန်မြို့မှာ အင်္ဂါနေ့က ထုတ်ပေးလိုက်တာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ရှိသူ တဦးက ပြောပါတယ်။ ဒါဟာ နိုဘဲလ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ရှေ့လထဲ ဥရောပကို သွားဖို့စီစဉ်နေတဲ့ ခရီးစဉ်အတွက် အဆင်ပြေသွားစေတာ ဖြစ်ပါတယ်။ အခုလို ဒေါ်အောင်ဆန်းစုကြည် ပက်စ်ပို့စ် စာအုပ်ရသွားတဲ့အတွက် ဝမ်းသာတဲ့ အကြောင်း အမေရိကန် အထက်လွှတ်တော် အမတ်တွေ က ပြောဆိုကြပါတယ်။

    အခုကိစ္စက မြန်မာ့နိုင်ငံရေးမှာ တိုးတက်လာတာကို ဖော်ပြတယ်လို့ ၂၀၀၄ ခုနှစ် အမေရိကန် သမ္မတရွေးကောက်ပွဲတွေမှာ ဒီမိုကဂရက်ပါတီ သမ္မတလောင်းနေရာကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးတဲ့ လက်ရှိ အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ Massachusetts ပြည်နယ် အထက်လွှတ်တော်အမတ် John Kerry က ပြောပါတယ်။

    “ဒီမိုကရေစီ လမ်းခရီးမှာ လူထုကို ဦးဆောင်ဖို့ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ တာ၊ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်နေတာကိုတွေ့ရတာ တကယ့်ကို စိတ်လှုပ်ရှားစရာပါ။ ခေတ်သစ်ဒီမိုကရေစီ တိုးတက်ပြောင်းလဲမှု ဖြစ်ရပ်တွေထဲက အကောင်းဆုံး ဖြစ်ရပ် တခု ပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ဟာ လူအတော်များများအတွက် သူရဲကောင်းတယောက်ပါ။ ပိတ်ဆို့ ဒဏ်ခတ်မှုတချို့ နဲ့ ပတ်သက်ပြီး ပြန်လည် စမ်းစစ်မှုတွေလုပ်ဖို့ ပြင်ဆင်နေတဲ့အချိန်မှာ အခုလို ဒေါ်ေအောင်ဆန်းစုကြည်ကို ခရီးသွားလာနိုင်အောင် ပက်စ်ပို့စ်ထုတ်ပေးတာက နောက်ထပ် တိုးတက်မှု ခြေလှမ်းတရပ်ပါပဲ။ ကျနော်တို့ အတော်များများကို လှုံ့ဆော်လိုက်တဲ့ တိုးတက်မှုတခုပါပဲ။”

    လွန်ခဲ့တဲ့ ၁၅ နှစ်က ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျနေချိန် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေ အိမ်မှာ သွားရောက်တွေ့ဆုံခဲ့တာ နောက်ဆုံးဖြစ်သလို ခုတကြိမ် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန် ပြည်ထောင်စုမှာသာ ပြန်လည်တွေ့ဆုံခွင့်ရမယ်ဆိုရင် အတိုင်းထက်အလွန် ဝမ်းသာမိမှာ ဖြစ်တယ်လို့လည်း မစ္စတာကယ်ရီက ပြောပါတယ်။

    မြန်မာ့အရေးမှာ ရှေ့တန်းကနေ အားပေးထောက်ခံနေသူ တစ်ဦးဖြစ်ပြီး ဒီနှစ်အစောပိုင်းက မြန်မာနိုင်ငံကို သွားရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ကိုယ်တိုင်တွေ့ဆုံခဲ့တဲ့ ရီပတ်ဘလီကဲန် ထိပ်တန်း ခေါင်းဆောင် တဦးဖြစ်တဲ့ အယ်ရီဇိုးနားပြည်နယ် အထက်လွှတ်တော် အမတ် John McCain ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ပြည်ထောင်စုမှာ တွေ့ခွင့်ရဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။

    “သူ ပတ်စ်ပို့စ် ရသွားတဲ့အတွက် ကျနော် အရမ်း ဝမ်းသာပါတယ်။ ကွန်ဂရက်စ်လွှတ်တော်မှာ သူ့ကို နှုတ်ဆက် တွေ့ဆုံခွင့်ရမယ့်နေ့ကို ကျနော် မျှော်လင့်နေပါတယ်။ ကွန်ဂရက်စ်လွှတ်တော်က သူ့ကို ရွှေတံဆိပ် ဆု ပေးအပ်ထားတာပါ။ အခု ဒီဆုကို သူကိုယ်တိုင်ရဲ့လက်ထဲကို ပေးအပ်ခွင့်ရဖို့ ကျနော်တို့ မျှော်လင့်ပါတယ်။ သူ့အတွက် ကျနော်တို့ အရမ်းဂုဏ်ယူပါတယ်။ မြန်မာနိုင်ငံက တိုးတက်ပြောင်းလဲမှုတွေ ရှေ့ဆက်သွားနိုင်ဖို့လည်း မျှော်လင့်ပါတယ်။”

    အမေရိကန်ရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေကို လုံးဝ ရုပ်သိမ်းလိုက်တာမျိုး မလုပ်ဘဲ ယာယီရုပ်သိမ်းမှုတွေ နဲ့ မြန်မာနိုင်ငံတွင်း အပြောင်းအလဲဖြစ်အောင် ရှေ့ဆက်တွန်းအားပေးသွားရမယ်လို့လည်း မစ္စတာ မက်ကိန်းက ပြောပါတယ်။ ဒီနှစ် အစောပိုင်းက မစ္စတာမက်ကိန်းနဲ့အတူ မြန်မာနိုင်ငံကို လိုက်ပါသွားခဲ့တဲ့ နယူးဟမ့်ရှိုင်းယားပြည်နယ် ရီပတ်ဘလီကဲန် အထက်လွှတ်တော်အမတ် Kelly Ayotte ကလည်း အခုလို ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံကူးလက်မှတ် ထုတ်ပေးမှုနဲ့အတူ မြန်မာနိုင်ငံက နိုင်ငံရေး တိုးတက်ပြောင်းလဲမှုတွေဟာ အားရစရာဖြစ်တဲ့ အကြောင်း ပြောပါတယ်။

    “ကျမ ဘဝတလျှောက် တွေ့ဖူးသမျှ လေးစားအားအကျဆုံး ပုဂ္ဂိုလ်တွေထဲက တဦးပါ။ အခု သူ ပတ်စ်ပို့စ် စာအုပ်ရသွားပြီ ဆိုတော့ ကျမ အရမ်း ဝမ်းသာပါတယ်။ မြန်မာနိုင်ငံမှာ တိုးတက်ပြောင်းလဲမှုတွေ ဖြစ်နေ တာကို ကျမတို့တွေ့နေရတာကတော့ အသေအချာပါပဲ။ ဒီထက်ပိုပြီး ပြောင်းလဲဖို့လည်း လိုအပ်ပါတယ်။ မကြာသေးခင်က ရွေးကောက်ပွဲနဲ့ ပါလီမန်မှာ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက် တင်မြှောက်ခံရတာ ကို တွေ့ရတာ တကယ့်ကို အားတက်စရာပါ။ နောက်ထပ် တိုးတက်မှုတွေ လုပ်ဆောင်ဖို့ လိုအပ်သလို ပိတ်ဆို့ဒဏ်ခတ်မှုတွေ လျှော့ချပေးဖို့မှာ ဒီတိုးတက်မှုတွေက ဘယ်လောက်အရေးပါသလဲ ဆိုတာကို သူတို့တွေ နားလည်အောင်လုပ်ဖို့ ကျမတို့ဘက်ကလည်း နိုးနိုးကြားကြား ဆောင်ရွက်ကြရမှာပါ။ ဒါပေမဲ့ လက်ရှိ အပြောင်းအလဲတွေကတော့ အားတက်စရာ အင်မတန် ကောင်းပါတယ်။”

    မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ရှေ့လထဲမှာ နော်ဝေးနဲ့ ဗြိတိန်နိုင်ငံတွေကို ခရီးထွက်ဖို့ ပြင်ဆင်နေတာဖြစ်သလို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း မြန်မာနိုင်ငံကို မကြာခင်က လာရောက်ခဲ့စဉ် ကုလသမဂ္ဂဌာနချုပ်မှာ လာရောက် မိန့်ခွန်း ပြောကြားဖို့ ဖိတ်ခေါ်ချက် ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က လက်ခံထားတာ ဖြစ်ပါတယ်။

    အခု ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပေးတဲ့ နိုင်ငံကူး လက်မှတ်ကတော့ သက်တမ်း ၃ နှစ် ဖြစ်ပါတယ် ရှင်။

    By မခင်ဖြူထွေး

  • မိုးတိမ်

    May 9, 2012 at 11:14 pm

    ကို R Ga ရေ post နဲ့ comment မှားနေသလိုပဲဗျ။ ခင်ဗျားဟာက post ဖြစ်နေသလိုပါပဲ။
    ဘာပဲပြောပြော မခင်ဖြူထွေးကို လက်မထောင်သွားပါ၏။ဟိဟိ စတာပါ။

    • R Ga

      May 10, 2012 at 9:32 am

      ပို့စ်လေး ပိုပြည်စုံသွားအောင်ရယ်။ ပိုစ့်တင်လိုက်ရင် သူကြီးက ဆူမှာဆိုးလို့ရယ်လုပ်လိုက်တာ

  • kotun winlatt

    May 9, 2012 at 11:19 pm

    မင်္ဂလာသတင်းတစ်ပုဒ်ပါပဲဗျာ…။

  • htoosan

    May 10, 2012 at 6:46 am

    ကဲကဲ .. သူကြီးတို့လည်း ကြိုဖို့ ပြင်ထားတော့ .. ဝါရှင်တန် သွားဖို့ ပိုက်ပိုက်စုတော့..

    • kai

      May 10, 2012 at 6:56 am

      သတင်းစာထုတ်တဲ့.. ၆နှစ်လုံးလုံး.. ဒေါ်အောင်ဆန်းစုကြည်ကို တစိုက်မတ်မတ်.. ထောက်ခံရပ်တည်ပြီး. ဆိုင်ရာသတင်းဓါတ်ပုံတွေထည့်ပေးခဲ့တာမို့.. အဲဒါကို အသိအမှတ်ပြုသောအားဖြင့်.. ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်…

      ယူအက်စ်မှာ မြန်မာအများဆုံးစုနေတဲ့.. လော့စ်အိန်ဂျလိစ်ကိုလာသင့်ပါကြောင်း..
      အသိပေးလိုက်ရပါတယ်ခင်ဗျား.. :mrgreen:

  • snow white

    May 10, 2012 at 3:55 pm

    ကောင်းတဲ့သတင်းလေးပါ ဝမ်းသာစရာသတင်းပါဘဲလေ ။

  • ပြည်ဝင်ခွင့်မပေးမှာ ကိုပူပန်စရာမလိုဘူးထင်ပါတယ်။
    ဘာလို ့လဲ ဆိုတော့. ခုလိုထွက်လည်မယ်ဆိုတာ လက်ရှိ
    သမ္မတအပေါ် သူဘယ်လောက်ယုံကြည်ကြောင်းပြသလိုက်
    တာပါ။

Leave a Reply