Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ပျော်ကြ ၊ မြူးကြ သင်္ကြန် ခါသမယ

နွယ်ပင်April 4, 20121min108025

နှစ်စဉ်မြန်မာ့ရိုးရာရေသဘင် ပွဲတော်ပျော်မြူးကြပုံတွေက တစ် နှစ်ထက်တစ်နှစ်ပိုမိုထူးခြားမှုတွေ ရှိလာပါတယ်။ ၂၀၁၂ ခုနှစ်ဧပြီ မှာတော့ သင်္ကြန်မတိုင်မီ ဧပြီ (၁) ကို အာရုံစိုက်နေမိလို့သင်္ကြန်ကို တောင်မေ့နေတယ်လို့လူငယ်တစ် ယောက်ကပြောပါတယ်။
ကန်တော်ကြီးနဲ့ အင်းယာကန် ပတ်သတ်လည်မှာ နှစ်စဉ်တိုးမ ပေါက်အောင်စည်ကားနေကြဖြစ် လို့ဒီနှစ်မှာလည်း ကန်တော်ကြီး ရဲ့ ပတ်ပတ်လည်မှ သင်္ကြန်ဖို့ နှစ် ပတ်အလိုကတည်းကမဏ္ဍာပ်တွေ အပြိုင်အဆိုင်ဆောက်နေတာကို တွေ့ရပါတယ်။ ရန်ကုန်မြို့နေလူ ငယ်တွေစိတ်ဝင်တစားစုံစမ်းကြ တာကတော့ မဏ္ဍာပ်ဈေးနှုန်းတွေ ပါ။ တစ်နေ့ချင်းမဏ္ဍာပ်ထိုင်ရင် ဈေးဘယ်လောက်၊ ALL Days ဘယ်လောက်စိတ်ဝင်တစားရှိကြ ပေလိမ့်မယ်။ ကန်တော်ကြီးပဲလေ့(စ်) ဟိုတယ်အနီးက ဆောက်လုပ်နေ ဆဲမဏ္ဍာပ် (၈)ခုက ဈေးနှုန်းတွေ မှာ အမျိုးမျိုးတွေ့ရပါတယ်။ ဈေး အသက်သာဆုံးတွေ့ခဲ့ရတာကတော့ Friends 4ever မဏ္ဍာပ်ပါ။ All Days ကို ၃၅၀၀ဝ နဲ့ ပေးထားပြီး ၁၂ ရက်၊ ၁၃ ရက်တွေမှာ ၁၀၀၀၀၊ ၁၄ ရက်နေ့ ၁၅၀၀၀၊ ၁၅ ရက်နေ့ ၂၀၀၀ဝ နဲ့ နောက်ဆုံးရက် ၁၆ ရက်နေ့မှာ ၂၅၀၀ဝနဲ့ Lucky Draw အစီအစဉ်ကို ၁၆ ရက်နေ့ မှာ ထည့်သွင်းထားတာတွေ့ရပါ တယ်။
အခြားသောမဏ္ဍာပ်တွေမှာ ဈေးနှုန်းအသင့်အတင့်တွေ့မြင်ရ ပြီး နာမည်ကြီး X2o မဏ္ဍာပ်က တော့ အကျနေ့မှာပဲ ၁၅၀၀၀၊ All Days ကို ၆၀၀၀ဝ တောင်း ထားပါတယ်။ ထူးထူးခြားခြားသီ ဆိုပျော်ဖြေမှုအစီအစဉ်တွေ၊ DJ တင်ဆက်မှုတွေနဲ့ ထူးမယ့်သင်္ကြန်၊ မြူးမယ့်သင်္ကြန်လို့ဆိုရမှာပါ။
ပူပြင်းလွန်းတဲ့နွေရာသီမှာ သင်္ကြန်လည်ရတာထက်မဏ္ဍာပ် မှာ အေးအေးဆေးဆေးထိုင်ရတာ ပဲ ပိုကောင်းမလား၊ ပျော်ပျော်ပါး ပါးလည်ကြပတ်ကြမလား။ အစဉ် အလာမပျက်ပျော်စရာနှစ်သစ်ကူး သင်္ကြန်ကာလကိုရောက်ဖိုရက် အနည်းငယ်ပဲလိုပါတော့တယ်။ လူငယ်မောင်မယ်တို့ရိုးရာအစဉ် အလာမပျက်မြန်မာ့မူမြန်မာ့ဟန် မပျက်တဲ့ရိုးရာနှစ်သစ်ကူးအစဉ် အလာကိုထိန်းသိမ်းကြဖို့တော့ အလေးထားကြရမှာဖြစ်ပါတယ်။

နောင်တော်လေး၊ နေမင်းညို (hotnewsweekly)

သစ်ထူးလွင်မှ ဖော်ပြပါသည် ။

25 comments

  • ဖားသက်ပြင်း

    April 4, 2012 at 12:29 pm

    ရင်ထဲကိုအေးမြသွားမယ် …ရေခဲရေ…
    အသည်းထဲထိ အေးမြသွားမယ် …ရေခဲရေ…..
    လောင်းမလား အစ်ကို့ ..လောင်းမလားအစ်ကို့
    လောင်းမလား အစ်မ ..လောင်းမလားအစ်မ….

    တိန်…
    နာပြန်မှာ မီလည်း မမီဝှူး…

    :'(

    • marblecommet

      April 6, 2012 at 4:21 am

      ကိုရင်က ဟိုတစ်ခါပြောတော့
      သုံးလပိုင်းဆို အခု ပြောင်းသွားတယ်ပေါ့
      ဒါနဲ့ ခီညား ….
      ကိုဆူးတို့နဲ့ လိုက်မယ်ဆို
      ကျုပ်ကတော့ ခင်ဗျား ဟိုဒင်းတစ်လုံး ဆွဲခဲ့မယ်ဆိုတာလေး
      သတိရနေတယ်…
      ဟိဟိ….
      ခင်တဲ့
      ငကမ်း…

      • ဖားသက်ပြင်း

        April 6, 2012 at 7:01 am

        ဆွဲခဲ့ပါ့မယ်ဗျ…
        သင်္ကြန်ပြီးမှ ရောက်မယ် ကိုကမ်းရေ…

        ခင်ဗျား နားထောင်ချင်တယ်ဆိုတဲ့ ..
        ကျုပ်ရဲ့ ငွေကြေးစွန်းထင်းအနုပညာအကြောင်း…
        စကော့တလန် စမ်းရေလေးလောင်းလို့….

        ချီးယားစ်…..

        😀

  • အံစာတုံး

    April 4, 2012 at 12:51 pm

    အင်း ..
    သင်္ကြန် .. သင်္ကြန် …
    ငါကတော့ ရွာပြန်ပြီး ဥပုသ်စောင့်တော့မယ် …
    😀

  • ဗိုက်ကလေး

    April 4, 2012 at 12:52 pm

    ဟုတ်တယ်ဂျီးဒေါ်ရေ
    ဆိုင်ရာ သာသနာ့ဘောင်မှာ ဝင်နေကြတာ အကောင်းဆုံး
    ဘယ်နှယ် သင်္ကြန်ခုတုံးလုပ်ြုပီး မူးဖို ့ရူးဖို ့ပဲ သိနေကြတာကလား
    ကျုပ်ဘော်ဒါ အူးပေဆို သာသနာ့ဘောင် ရာသက်ပန်ဝင်တော့မယ်ပြောတယ်ဗျာ
    ဝမ်းသာလှပါဘိတောင်း

  • Khaing Khaing

    April 4, 2012 at 1:25 pm

    တို့တွေမြူးမယ် ဒီသင်္ကြန်ဝယ် …. မြူးကိုမြူးမယ် ဒီလိုချိန်ခါဝယ် …. ကြိုက်တဲ့လူတွေ့ရင် နို့ဆီခွက်နဲ့ ပက်မယ်…..
    နွယ်ဘင်ရေ သင်္ကြန်တော့ရောက်လာပြီကွယ် ချစ်သူကအဝေးရောက်နေတော့ မီးတစ်ယောက် တည်းအဖော်မဲ့ရပြီပေ့ါ …. သင်္ကြန်ပိတ်ရက်တွေ ချစ်သူမရှိရင် ပိတ်ရက်တွေဟာ အဓိပ္ပာယ်တယ်ကွယ် … သင်္ကြန်ကို မေ့ချင်ယောင်ဆောင်နေရတယ် ……. ဘယ်နှစ်များမှ ချစ်သူနဲ့သင်္ကြန်ကိုနွဲရပါ့မလဲကွယ် … အရင်နှစ်ကဆို သင်္ကြန်မှာ ချစ်ချစ်နဲ့ကဲဖို့ ပြင်နေပြီ ခုတော့ ……. ခုတော့ ……..အဟင့် အဟင့် ….

    • marblecommet

      April 6, 2012 at 4:22 am

      ဟဲ့ …ကောင်မလေး
      ခွက်စောင်း မခုတ်ရဘူးနော်….

  • zawgyi min

    April 4, 2012 at 4:09 pm

    zawgyimin တို့တော့ တရားစခန်းကိုပ` ဒိုးတော့မယ်။
    ဟ` ဟ` ..

  • နှစ်သစ်ကူးမို့ချစ်ဦးကို ရှာဖွေ……….ဘယ်ရပ်ဌာနေဘယ်ဆီများသွားပါလိမ့် နေစိမ့်တဲ့သူရေ……….
    သင်္ကြန်ဒိုးလေး..မြူးကြွ.တို့နန်းဗဟို…………………ကဲလာ မဏ္ဍပ်ရှေ့လာ…………..
    ရှာပုံတော်မင်းသားကြီး မဏ္ဍပ်တကာရောက်ခဲ့ပြီ……………….မနှစ်ကပေးတဲ့သူ့လိပ်စာ

    တုံဘူးဆို တုံဘူးဆိုပက်………………..
    ရေ ရေတွေစိုကုန်ပြီ…………………….
    ဟော………….ဟော ဟော့တော့ ဗျန်းကနဲစို ချမ်းလိုက်တာရှင်ရယ်…………
    နို့ဆီခွက်နဲ့ပက်တာလောက်တော့ ရီတာပေါ့ရီတာပေါ့
    ဂိုက်ပေးကြမ်းတဲ့ကိုလူကြွားရေ…………………………….
    ချမ်းပါတယ်ခင်ဗျ သင်္ကြန်ရေတွေအေးပါတယ်ဆို…………သင်္ကြန်ရေကချမ်းပါတယ်ဆို…………
    ကြွက်လဲလန် ခွက်လဲလန်…………..
    သင်္ကြန်ခါမှီ စံဌာနီ ရေဖလားနဲ့သင်္ကြန်ကစားကြသည်……………..
    ဒီမှာတင်းတယ် တင်းတယ် တင်းတယ် .ဟေ့…………………….
    သင်္ကြန်မိုးလေးရေ စိုရုံဖျန်းပက်အုံး………………
    အဖြူကတမျိုး အနီကတမျိုး……….ဒီမဏ္ဍပ်ကအလှဆုံး
    အိုဗလာဒိအိုဗလာဒ………………………………
    အေးစေကြောင်းလောင်းတဲ့လုံမ ထူးထူးခြားခြားလှကြပါစေ…………..
    သင်္ကြန်ရေ ………….အေးချမ်းလို့လှပါကြပါစေ
    ပက်လိုက်တော့ချမ်းတုံချမ်းတုံချမ်း…………………..
    အချစ်ဦးနဲ့မြူးမည် မြူးမည် ရွွှဲအောင်ပင်မောင်လေလောင်းလိုက်မည်.
    ဝါးတားဝါးတားလာမလုပ်နဲ့

    မြနန္ဒာရေညိုညိုရစ်ခါသန်း…………ရွှေမန်းတောင်ရိပ်

    • ဖားသက်ပြင်း

      April 6, 2012 at 7:03 am

      ရပ်ကြီးသူ ခင်ခင်လေး ..
      ယဉ်ယဉ်ကျေးကျေး ..
      သူ့ဟန်ပန်…

      လေးပေါက် ကျနော်တော့ ဘာကြောင့်ရယ်မသိ…
      သင်္ကြန်သီချင်းဆိုရင် ဒီသီချင်းကို
      မန်းတောင်ရိပ်ခို ထက်တောင် နှစ်သက်သေးရဲ့ဗျာ..
      လေးပေါက်တို့ မန်းလေး သီချင်းပဲထင်ရဲ့…
      ရာဇဝင်လေး သိရမယ်ဆိုရင် သိချင်သား…

      (အို … အဟောင်းတွေအသစ်ဖြစ်ကုန်ဘာဘီလေ…)

      😀

  • စုံ စုံ

    April 4, 2012 at 4:44 pm

    နွယ်ပင့်ပို့စ်နဲ့ လေးပေါက်မန်းတာနဲ့တင် သင်္ကြန်အတွက်တော်တော်လုံလောက်သွားသလိုဘဲ

    ဒီနှစ်သင်္ကြန်ဘယ်မှမသွားဘဲအိမ်မှာဘဲခွေကြည့်ရင်းနှပ်ပါမယ်ဆိုမှ
    မီးတွေကမလာတော့ ဘယ်နှယ့်လုပ်ရပါ့ 🙁 🙁

  • R Ga

    April 4, 2012 at 5:16 pm

    ဘာမှလာ မပြောကြနဲ့ သင်္ကြန် မှာ ဘာမှ အကုန်မခံနိုင်ပါ။ ဒါကြောင့် တရား စခန်း ဝင်မည်လို့လည်း မထင်ပါနဲ့..။ သင်္ကြန်ကို လည်း မပျော်နိုင်တော့ သူများ ပျော်တာတွေကြည့်ပြီး နေမည်။ ဘေးနားမှာ တော့ ဘီယာရှိရင် အားလုံးအဆင်ပြေမည်။ သူများကို ရေပက်လို့ ကုန်မည်ပိုက်ပိုက်များအား။
    ကိုဗိုက်ထဲကိုထည့်မည့် ဘီယာများဖြင့်သာ အစားထိုးမည်။ မည်သည့်ကားဖြင့်မှလည်း မလည်ပါ။

    • Khaing Khaing

      April 4, 2012 at 8:53 pm

      ဂတို့ကတော့လုပ်ပြီ ……. နွယ်ဘင်ပြောထားတယ်နော် သူကမလည်ရရင်မနေနိုင်ဘူးတဲ့ သူ့မှာ သင်္ကြန်ပိုးရှိတယ် ……. ဂကိုဘီယာနဲ့ထားမယ် နွယ်ဘက်ကို မခိုင်ခေါ်သွားမယ် ဒါဗြဲ ……..

  • aye.kk

    April 4, 2012 at 6:49 pm

    အခါရက်မြတ်..
    မမေ့အပ်ဘူး..
    အထူးဝနာ..
    ပွားခါအားထုတ်..
    အဟုတ်ဝေနေ..
    ရန်တွေကင်းပ..
    အေးမြပါစေ..
    မေတ္တာဝေ၍..
    ဆုချွေတောင်းတာကောင်းဆုံးလေ။။

  • windtalker

    April 4, 2012 at 8:19 pm

    သင်္ကြန်မှာ ယောက်ျားဆိုရင် ၊ ဘော်ဒါတွေ စုပြီး ၊ စုထားတဲ့အဖွဲ ့ထဲ က တစ်ယောက်ရဲ ့အိမ်မှာ ၊ ဘီယာအရက်အမြည်း စုပြီး ၊ ဖဲရိုက်ဗျား ။
    မိန်းမ ဆိုရင်လဲ ကိုရီးယားကားအတွဲလိုက်ဝယ်ပြီး ၊ ဘော်ဒါတွေစု ၊ လက်ဖက်လေး ဘာလေးသုပ်စားပြီး ကြည့်ကြ ပြောစရာအကြောင်းများ ကို မည်သူ ့အကြောင်းမှ မချန်ဘဲပြောကြ ၊ အဲဒါမှ ပျင်းသေးရင် ပိုကာလေး ဘာလေးဒေါင်းကြ ။
    အဲဒါ ငွေကုန်သက်သာမယ့် သင်္ကြန်ရက်ကျော်နည်း ၊ ဘိုးဘိုးပေ ရှာဖွေထားသည် ။

    • marblecommet

      April 6, 2012 at 4:24 am

      ကျုပ်အစက
      ရိပ်ကြီးခိုမလို့ စီစဉ်ထားတာ
      ကေသာကို နမြောတာရယ်
      ခင်ဗျား အစီအစဉ်ကို သဘောကျတာရယ်နဲ့
      မထူးပါဘူး
      သင်္ကြန်တွင်းမှာ ကြွက်တွင်းတွေကို
      ကျုပ်အခန်း ဖိတ်မန္တကပြုလိုက်တာက
      ပိုကောင်းမယ်ထင်ပါရဲ့ ရဲဘော်ကြီး….

  • rain pricess

    April 4, 2012 at 8:20 pm

    အင်း……….မှော်ဘီ တရားစခန်းကိုရောက်မယ်ထင်တယ်

  • cobra

    April 4, 2012 at 8:50 pm

    ဘယ်မှမသွားပဲအိမ်မှာနေမလို့ပါဆိုမှ
    သောက်မီးကပျက်ဦးမယ်။
    မီးပျက်တော့ဘာမှလုပ်စရာမရှိ
    မရှိတော့အပြင်ထွက်ကဲတာပဲကောင်းပါတယ်။

  • လည်ချင်သူများ လိုက်ခဲ့ဘို့ခေါ်၏။
    သေချာတာတစ်ခုကတော့ သင်္ကြန်တွင်း တွင် ကိုပေါက် တရားစခန်းဝင်မည်မဟုတ်ပါ။

  • Thit Sar Lin

    April 5, 2012 at 10:38 am

    သင်္ကြန်နားနီး ပြီဆိုတော့ ရင်တွေခုန်လိုက်တာ..
    အဲဒီသင်္ကြန် ခံစားချက်ကတော့ ဘာနဲ့မှလဲလို့မရပါလားနော်
    မနှစ်ကတော့ မဏ္ဍပ်တွေမှာဝတ်တာတွေကတော့ လန်ထွက်နေတာပဲ…………
    တိုင်ပတ်အကတောင်ပါလိုက်သေးတယ်….ဒီနှစ်တော့ဘယ်လိုတွေဝတ်ကြဦးမလဲမသိဘူး…..
    ဘာပဲဖြစ်ဖြစ်……….ဒါမြန်မာနိုင်ငံပါလ်ို့ပဲပြောချင်တယ်…
    ဝတ်တာလဲဝတ်ပေါ့ အေ…လွန်လွန်ကျူးကျူးတော့မဖြစ်ကြနဲ့ပေါ့…
    2012သင်္ကြန်မှာ …ဂေဇက်ရွာသူ/သားအပေါင်းစိတ်ချမ်းသာကိုယ်ကျန်းမာစွာ နှစ်သစ်ကိုပျော်ပျော်ရွှင်ရွှင်နဲ့ ဆင်နွှဲနိုင်ပါစေလို့ မနွယ်ရဲ့ post လေးကနေဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်

    • Thit Sar Lin

      April 5, 2012 at 10:49 am

      မိဖြဲမရေ..ညည်းအတွက်တော့သီးသန့်ပေါ့အေ အခုညည်းအတွက်အဓိကဆုတောင်းပေးပါတယ်..
      သင်္ကြန်ရေနဲ့ ညည်းရဲ့အပူတွေငြိမ်းအေးပါစေလို့…….
      (အပူတွေဆိုတာတော့ညည်းဟာညည်းသိမှာပါ… ……အဲဒါကိုတလွဲလိုက်ကောက်နေရင်တော့…ဒန့်ဒန့်ဒန်
      ညည်းကအရမ်းကောက်တတ်တယ်လေ….ဒါကြောင့်ပါ)

  • kyeemite

    April 5, 2012 at 3:07 pm

    နွယ်ပင်က လည်ချင်တော့ ဂဂကိုဆွဲ..
    ဂဂရယ်ဘီယာမူးတော့..ရှေ့မှောက်ရက်လဲ။
    ဟီး..စဒါနော်..

  • သူရဇော်

    April 6, 2012 at 9:33 am

    ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ……ဦးဇင်းသူရ ဘုန်းကြီးကျောင်းမှ ခေါင်းလောင်းသံပဲ နားဆင်တော့မကွယ်…………

Leave a Reply