ေလ ဒီMarch 3, 20131min2152
”  ရတနာ ” ဟူသည် “နှစ်သက်မွေ ့လျော်ခြင်းကိုဖြစ်စေတတ်ဧ။်” ဟူသောအနက်၊” အလေးအမြတ်ပြုအပ်” ဟူသောအနက်၊ “အဖိုးများစွာ ထိုက်တန်ဧ။်” ဟူသောအနက်၊ “အတုမရှိ” ဟူသော အနက်များကိုဖော်ဆောင်သည့် ပါဠိစကားလုံးပင်ဖြစ်ဧ။် ။မြန်မာတို ့နေ ့စဉ် ဘုရား ရှိခိုးမှုပြုသောအခါ ဘုရားရတနာ ၊ တရားရတနာ ၊ သံဃာရတနာ ဟူ၍ သုံးကြိမ်တိုင်အောင် ရှိခိုးကန်တော့ခြင်းသည် ရတနာကဲ့သို ့အမြတ်တနိုးတန်ဖိုးထားအပ်သော ရခဲကြုံခဲလှသော ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်ခြင်းပင်။မိမိတို ့အမြတ်တနိုးတန်ဖိုးထားသော ရွှေငွေရတနာတို ့ကိုကိုင်တွယ်ရာတွင် တရိုတသေဖြင့် အပွန်းအပဲ့ မခံနိုင်သကဲ့သို ့ပင် ဘုရား တရား သံဃာ ဤရတနာသုံးပါးကို ကိုးကွယ်ရာတွင်လည်း တရိုတသေ ဖြင့်တန်ဖိုးထားရပေမည်။မြန်မာ အများစုသည်မိမိတို ့ပိုင်ဆိုင်သည့် ရွှေထည် ငွေထည် ပွန်းပဲ့မည်သာစိုးရိမ်သည်။ ဘုရားရှိခိုးရာတွင် ထိခြင်းငါးပါးဖြင့်ညီစွာ […]


ေလ ဒီFebruary 27, 20131min2385
ဒီမိုကရေစီတဲ့-ပြည်သူကရွေးကောက်တင်မြှောက်ထားသော ကိုယ်စားလှယ်များ အုပ်ချူပ်သောစနစ်…. ဒီမိုကရေစီဆိုရင် လူတိုင်းနီးပါးကတော့ လွတ်လပ်သော စနစ်လို ့ထင်မြင်မိပါလိမ့်မယ်။အမှန်လည်းလွတ်လပ်ပါသည်။သို ့သော် တန်ဖိုးရှိသောလွတ်လပ်ခြင်းများ တန်ဖိုးထားအပ်သော လူ ့အဖွဲ ့အစည်းများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်သောစနစ်တစ်ခုသာ ဖြစ်ပါသည်။ငြင်းခုန်သံများဖြင့် ဆူညံနေသော ကမ္ဘာကြီးတစ်ခု ဖန်တီးရန်ပေါ်ထွက်လာခြင်းမဟုတ်ပါ။အမှန်တရားဖြင့် လွတ်လပ်စွာတည်ရှိနေသော လူ ့အသိုင်းအဝိုင်းကောင်းတစ်ခု ဖြစ်ပေါ်လာစေရန်သာဖြစ်သည်။ယနေ ့မြင်တွေ ့နေရသော ဒီမိုကရေစီ အသုံးချ ပုံရိပ်များမှာ အရုပ်ဆိုးရုံသာမက အကျဉ်းတန်လှပါသည်။ဤသို ့ပင်ထင်မြင်မိပါသည်။ကျွန်မတို ့မြန်မာနိုင်ငံတွင် ပုဂံ၊ပင်းယ၊အင်းဝ၊ညောင်ရမ်း၊ကုန်းဘောင် အစရှိသဖြင့် ခေတ်အဆက်ဆက် မြန်မာအမျိုးသမီးများဧ။် တန်ဖိုးကို မှတ်ကျောက်တင်နိုင်ပေသည်။ မျက်မှောက်ခေတ်တွင်လည်း ကမ္ဘာနှင့်ရင်ဘောင်တန်းပြီး တာဝန်ကိုယ်စီထမ်းဆောင်နေသော မြန်မာအမျိုးသမီးများ ရှိနေပါသည်။သို ့သော်လည်း ထိုသူရဲကောင်းအမျိုးသမီးများဧ။် တစ်ခန်းတစ်နား ပုံရိပ်များ ဖော်ပြခဲသည်။တွေ ့မြင်ခဲ့ပါသည်။လွတ်လပ်ပြီ ဆိုသော ခေါင်းစဉ်အောက်တွင် တတ်ကြွစွာပါဝင်လှုပ်ရှားနေသော သူတို ့ဧ။်ပုံရိပ်တို […]


ေလ ဒီOctober 21, 20121min59120
ညဧ။်တိတ်ဆိတ်မှူသည် အလင်းရောင်ဝင်လာသည်နှင့် ပြိုပျက်ရလေပြီ။ဪ.. နေ ့စဉ်ထမ်းဆောင်နေကြတာဝန် ထမ်းဆောင်ရန် ပြင်ဆင်ရပေဦးမည်..။ ကျွန်မစိတ်ထဲတွင် တီးတိုးရေရွတ်မိရင်း အိပ်ယာမှကြိတ်မှိတ်၍ထလိုက် ပါတော့သည်။ဒီနေ ့တော့ကျောင်းကိုပုံမှန်ထက် ပိုစော၍ရောက်ရမည်ဟု ကျွန်မပြင်ဆင်လိုက်သည်။ဒီနေ ့ကျွန်မတို ့ကျောင်းဧ။်ဆရာကန်တော့ပွဲနေ ့။ ကျောင်းဆရာမ ဟူသောဘွဲ ့ကိုခံယူမိသည့်အချိန်မှစ၍ ယနေ ့အထိစိတ်ညစ်ရမိသော အချိန်သည်  ဘက်စ်ကားစီးရသော အချိန်သာဖြစ်ပေသည်။ ကျွန်မဧ။်ကျောင်းတော်ကြီးတည်ရှိရာ လှိူင်သာယာ မြို ့တော်သစ်ဆီသို ့..ဝုန်းဒိုင်းကြဲမောင်းနှင်သော စီးတော်ယာဉ်ဒိုင်နာများဖြင့်သာ လိုက်ပါရင်း….။ ကျွန်မစာသင်ခန်းတွင်း သို ့ဝင်လိုက်လျှင်ပင် စားပွဲပေါ်တွင် အဆင်သင့်ရောက်နှင့်နေကြကုန်သော ကန်တော့ခံပစ္စည်းများကို တွေ ့ရလေသည်။ ပစ္စည်းများတန်ဖိုးမကြီးသော်လည်း ကလေးတို ့ဧ။်စေတနာ ဖြူစင်သည်။မရှိရှိတာနဲ ့ကန်တော့ကြသည်။ဆရာကန်တော့ပွဲမတိုင်မီကပင် ကလေးများကို ကျွန်မ ကြိုတင်၍မှာထားရလေသည်။”ဆရာမ ကော်ဖီမကြိုက် မုန် ့မကြိုက် ပါတိတ်ပဲကြိုက်သည်” ဟု မှာသည်မထင်လိုက်ပါနှင့်လေ ။ […]