Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မြင်မိပါသည်…

ေလ ဒီFebruary 27, 20131min3055

ဒီမိုကရေစီတဲ့-ပြည်သူကရွေးကောက်တင်မြှောက်ထားသော ကိုယ်စားလှယ်များ အုပ်ချူပ်သောစနစ်….
ဒီမိုကရေစီဆိုရင် လူတိုင်းနီးပါးကတော့ လွတ်လပ်သော စနစ်လို ့ထင်မြင်မိပါလိမ့်မယ်။အမှန်လည်းလွတ်လပ်ပါသည်။သို ့သော် တန်ဖိုးရှိသောလွတ်လပ်ခြင်းများ တန်ဖိုးထားအပ်သော လူ ့အဖွဲ ့အစည်းများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်သောစနစ်တစ်ခုသာ
ဖြစ်ပါသည်။ငြင်းခုန်သံများဖြင့် ဆူညံနေသော ကမ္ဘာကြီးတစ်ခု ဖန်တီးရန်ပေါ်ထွက်လာခြင်းမဟုတ်ပါ။အမှန်တရားဖြင့် လွတ်လပ်စွာတည်ရှိနေသော လူ ့အသိုင်းအဝိုင်းကောင်းတစ်ခု ဖြစ်ပေါ်လာစေရန်သာဖြစ်သည်။ယနေ ့မြင်တွေ ့နေရသော ဒီမိုကရေစီ
အသုံးချ ပုံရိပ်များမှာ အရုပ်ဆိုးရုံသာမက အကျဉ်းတန်လှပါသည်။ဤသို ့ပင်ထင်မြင်မိပါသည်။ကျွန်မတို ့မြန်မာနိုင်ငံတွင် ပုဂံ၊ပင်းယ၊အင်းဝ၊ညောင်ရမ်း၊ကုန်းဘောင် အစရှိသဖြင့် ခေတ်အဆက်ဆက် မြန်မာအမျိုးသမီးများဧ။် တန်ဖိုးကို မှတ်ကျောက်တင်နိုင်ပေသည်။
မျက်မှောက်ခေတ်တွင်လည်း ကမ္ဘာနှင့်ရင်ဘောင်တန်းပြီး တာဝန်ကိုယ်စီထမ်းဆောင်နေသော မြန်မာအမျိုးသမီးများ ရှိနေပါသည်။သို ့သော်လည်း ထိုသူရဲကောင်းအမျိုးသမီးများဧ။် တစ်ခန်းတစ်နား ပုံရိပ်များ ဖော်ပြခဲသည်။တွေ ့မြင်ခဲ့ပါသည်။လွတ်လပ်ပြီ
ဆိုသော ခေါင်းစဉ်အောက်တွင် တတ်ကြွစွာပါဝင်လှုပ်ရှားနေသော သူတို ့ဧ။်ပုံရိပ်တို ့သည်ကား အင်တာနက်ကော်နက်ရှင်ထက်ပင် မြန်ချင်ပါသေးသည်။ အမှန်အတိုင်းဝန်ခံရလျှင် ကိုယ့်ဂုဏ် ကိုယ့် သမိုင်းဖြင့် နေလာခဲ့ကြသော ကျွန်မတို ့မြန်မာ အမျိုးသမီးထုသည်
မှားယွင်းသောလွတ်လပ်မှုများအောက်တွင် ပျော်ပျော်ကြီးငြိမ်သက်နေကြပေသည်။အားလုံးဟုမဆိုလိုနိုင်ပါ။ကျွန်မဧ။် ရိုးသားသောခံစားချက် စစ်စစ်သာဖြစ်ပါသည်။
အမေရိကန် သမ္မတကြီး အေဗရာဟမ် လင်ကွန်းရဲ ့ စကားလေးတစ်ခုကို တော်တော်သဘောကျမိပါသည်။ ” I don’t know who my grandfather was,I’m much more concerned to know what his grandson will be”… “ကျွန်တော့်အဘိုးဘယ်သူဘယ်ဝါ
ဆိုတာထက် ကျွန်တော့သား ဘာဖြစ်မလဲဆိုတာ ပိုအရေးထားပါတယ်….”။ဒီစကားလေးအတိုင်းပါပဲ ကျွန်မတို ့လည်းကိုယ်ဘာဖြစ်ဖို ့ဆိုတာထက် ကိုယ့် generation ဘယ်လိုဖြစ်ရမလဲဆိုတာကိုပါ အရေးပေးသင့်နေပါပြီ။လက်ရှိ လူတိုင်းလူတိုင်း မိမိတိုးတတ်ရေး
ကောင်းစားရေး သာပဓာန ဆိုလျှင် သေချာပါနေပါပြီ ကျွန်မတို ့အသက်အရွယ် ကြီးလာလေလေ လွတ်လပ်မှူအလွဲသုံးစား လုပ်သော လူငယ်ထုအရှိန်အဟုန်နဲ ့တိုးတတ်လေလေ ပါ။ပညာတတ်များ မိုက်လျှင် ပို၍ခက်သည်ဆိုသကဲ့သို ့ပင်။မိုက်သာမိုက်နိုင်သည်
မတ်မတ်တော့ မရပ်တတ်သေးပါ။ အခြားနိုင်ငံများတွင် အသက် ၁၈ နှစ်ပြည့်ပြီးလျှင်ကိုယ်ပိုင်အသိစိတ်ဓာတ်ဖြင့် အလုပ်လုပ်ကြသည်။ကျွန်မတို ့လူငယ်များကိုလည်း ထိုကဲ့သို ့ပင်ဖြစ်စေချင်သည်။မိဘများကိုယ်တိုင်ကိုက သားသမီးများ မိမိကိုယ်ကိုယ်အားကိုးချင်လာအောင်
အားကိုးတတ်လာအောင် လမ်းဖွင့်ပေးနို်င်ရမည် ဟုထင်ပါသည်။မှားယွင်းသော ယဉ်ကျေးမှုအောက်တွင် နစ်မြောနေသော လူငယ်ထုများ အမြောက်အမြားရှိနေပါသည်။မည်သို ့ကယ်တင်ရမည်နည်း။ရုပ်သံလိုင်းများတွင်လည်း ဖက်ရှင်ရေစီးကြောင်း သာအကြည့်များသည်။
အင်တာနက်တွင်လည်း ချက်တင်တတ်ဖို ့သာ စိတ်ဝင်စားသည်။ကျောင်း ၊ သင်တန်းတွင်လည်း အလှအပသာ ဦးစားပေးသည်။တကယ်ကြိုးစားနေသော လူငယ်ထုရှိနေပါသည်။ထိုအနည်းငယ်သော ပမာဏ ဖြင့် ကျွန်မတို ့အနာဂတ်ကို မည့်သို ့ဖန်တီးမည်နည်း။ကျွန်မ
အဆိုးမြင် ဝါဒီ တစ်ယောက်အဖြစ်သို ့လုံးလုံးရောက်ရှိနေပါပြီ။ကျွန်မဧ။် အဆိုးမြင်များကို ပြောင်းလဲနိုင်မည့် နည်းလမ်းများရှိပါမည်လော….။

5 comments

  • Myo Thant

    February 28, 2013 at 9:07 am

    ( ” I don’t know who my grandfather was,I’m much more concerned to know what his grandson will be”… “ကျွန်တော့်အဘိုးဘယ်သူဘယ်ဝါ
    ဆိုတာထက် ကျွန်တော့သား ဘာဖြစ်မလဲဆိုတာ ပိုအရေးထားပါတယ် )

    “ကျွန်တော့်အဘိုးဘယ်သူဘယ်ဝါ
    ဆိုတာထက် သူ့ရဲ့ မြေး ဘာဖြစ်မလဲဆိုတာ ပိုအရေးထားပါတယ် . . . . . အဲဒီလိုဖြစ်ပါလိမ့်မယ်

  • ရာမည

    February 28, 2013 at 9:32 am

    ကျွန်တော်ကိုယ်တိုင်မကြာမီကျင် ့သုံးရမည် ့နည်းလမ်းကတော ့
    မမြင်ရတာကိလေသာ သူ ့ဟာသူငြိမ်း၏ တဲ့

  • mamanoyar

    February 28, 2013 at 10:55 am

    မိန်းကလေးတွေအဝတ်အစားအရမ်းဟော့ပြီးဝတ်တာတော့
    သဘောမကျပါဘူး မြန်မာမိန်းကလေးတစ်ယောက်အနေနဲ့ပေါ့……
    ဆင်ခြင်သင့်တယ်လို့ထင်မိပါတယ်

  • တိမ်မည်း

    February 28, 2013 at 11:54 am

    စာရေးသူက ခေတ်လူငယ်ကိစ္စရယ် အမျိုးသမီး မလုံ ့တလုံ ကိစ္စရယ် နှစ်ခုကို ပြောထားတယ်လို ့မြင်ပါတယ်….

    ခေတ်လူငယ်ကိစ္စကတော့ အစိုးရဘက်ကရော မိဘတွေဘက်ကရော ဆရာဆရာမတွေဘက်ကရော…..
    အများကြီးပြုပြင်ပေးဖို ့လို ပါတယ်…..
    အထူးသဖြင့် မိဘတွေပေါ့နော်…. ငယ်ငယ်တည်းက တအားအလိုလိုက်ကြတာကိုး…….
    ပီးတော့ ပတ်ဝန်းကျင်… ရုပ်ဝတ္တုကို အားပြုလွန်းတဲ့ ခေတ်သစ်ဟာ ရအောင်ယူမှ သာမယ်ဆိုတဲ့ စိတ်က ကလေးတွေ မှာ ရှိပါတယ်….
    ရီးစား ငွေ ပညာရေး ကအစ မရအရ ယူမယ် ဆိုတာက လူကြီးတွေက အစ ကလေးတွေအဆုံးဖြစ်နေကြတာပါ……
    ပိုက်ဆံပေးရင်ရတယ်ဆိုတဲ့ ခေတ်မှာ စည်းတခုကိုပြင်ဖို ့ဆိုတာ သိပ်ခက်ပါတယ်…..
    လောကကြီးကလည်း တနေ ့ မကြိုးစားရင်ဖြင့် တဆင့်လျော့ယုံဖြင့် တဘဝလုံး ပြောင်းသွားနိုင်တဲ့ ခေတ်ကို….
    သာသာနာနဲ ့ စိတ်များပျော့အောင် လုပ်မလားဆိုတော့လည်း……
    ကိုယ်သာသနာက ဘုန်းကြီးတွေကအစ အရိုအသေတန်မယ့် အပြုအမှူများကလည်းရှိနေ…..
    တခြားသာသနာကလည်း ငွေ လူ အာဏာ အမျိုးမျိုးသော အနှောင့်အယှက်အများကလည်းရှိနေ….
    ဆိုတော့ ဘုရားပြောသလိုပဲ ခေတ်ကိုက ဆုတ်ခေတ်…..
    ပျက်ဖို ့ပဲရှိတယ်…….. ဖြစ်ဖို ့မရှိသေးဖူး………………
    သဲကန္တာရအလယ်က အိုင်ထွန်းနေတဲ့ ရေကန်ငယ်လေးကို ခန်းမခြောက်သွားဖို ့အထွက်….
    မိတ်ဆွေ သင်ဘယ်လောက် အားထုတ်နိုင်မှာလဲ………
    အားထုတ်နိုင်တာ တခုပဲရှိတယ်…. သိပ်အများကြီးမစဉ်းစားပါနဲ ့…..
    မိမိ ကိုယ်ကို ကောင်းအောင်လုပ်ပါ……….. မိမိကောင်းရင် မိမိ မိသားစုကို ကောင်းအောင် လုပ်ပါ…..
    အဲ့လောက်လုပ်နိုင်ရင်ကို လေးစားပါတယ်…. ချီးကျူးပါတယ်… ဂုဏ်ယူပါတယ်……
    အဲ့လိုပြောလို ့ သိပ်များ အတ္တကြီးတယ်လို ့များထင်သလား…..
    မေးပါရစေ…. မိမိကို်ယ်ကို ကောင်းအောင် မလုပ်နိုင်တဲ့သူတယောက်ဟာ တိုင်းပြည်ကို ကောင်းအောင် ဘယ်လောက် လုပ်နိုင်မလဲ… ပတ်ဝန်းကျင်ကိုကော….. ဘယ်လောက်မျှော်မှန်းထားလဲ……
    ပြသာနာအများစုက တကယ်တမ်းတော့ အနီးလေးပါ….. သိပ်အဝေးကြီးမကြည့်ပါနဲ ့….
    အဝေးကြီး ကြည့်ဖို ့ တာဝန်ယူထားတဲ့လူတွေ သပ်သပ်ရှိပါတယ်…..
    သူတို ့လုပ်ပါလိမ့်မယ်………………..
    (မှတ်မှတ်သားသားစကားတခုရှိပါတယ်…. မုန် ့ဆီကြော်ဆိုတာ အလယ်ကနေ စမစားရဖူး… အနားသားလေးကနေ စစားရတယ်….. 🙂 )

    အမျိုးသမီး မလုံ ့တလုံ ကိစ္စကတော့…….
    ကိုယ်ပတ်ဝန်းကျင် နဲ ့လည်း အများကြီးဆိုင်ပါတယ်…..
    မြန်မာအမျိုးသမီးတွေ ဝတ်တယ် မှန်ပါတယ်…..
    အခုနေ ရန်ကုန်သွားရင် အလန်းတွေ အများကြီး တွေ ့ရမယ်…..
    မေးပါရစေ…. အာရှမှ ကျောင်းသူများကိုယှဉ်ပြထားတဲ့ ပုံမြင်ဖူးပါသလား….
    မြန်မာမိန်းကလေးက အယဉ်ဆုံးပါပဲ….
    ဒါဆိုလုံလောက်ပီလား… မလုံလောက်သေးဖူးလို ့ဖြေပါရစေ……
    ခေတ်ဆိုတာ ခေတ်တိုင်းသွားမှ သင့်လျော်မယ်…..
    ခေတ်တခုပြောင်းတိုင်း ဆိုးကျိုးရှိသလို ကောင်းကျိုးလည်း ရှိတယ်…..
    ဒါဆို အကောင်းဘက်ကနေ လက်ခံပေးဖို ့ပဲလိုတာပါ…..
    တအားကြီးဟော့တာတော့ လုပ်နဲ ့ပေါ့ကွယ်….
    လန်ဟိုက်နဲ ့မီနီစကပ်ဆိုရင်တော့ လွန်တာပေါ့……
    မားကတ်တင်းမမများကလွဲလို ့….. သူတို ့က အလုပ်သဘောအရကို….
    ဖီလစ်ပိုင်က နိုင်ငံခြားသူ တယောက်ဆိုပြောဖူးပါတယ်…..
    သူတို ့ဆီမှာ မိန်းကလေးတွေက ကမ်းခြေသွားရင် ဘီကီနီဝတ်တယ်တဲ့….
    နင်တို ့ဆီမှာ မိန်းကလေးတွေက ဒီအတိုင်းဆင်းကြတယ်တဲ့……
    ခေတ်ပေါ့နော် ခေတ်…..
    ဒီနေ ့ ဘီကီနီ ဝတ်တယ် နောက်နေ ့ မိမွေးတိုင်းဆင်းချင်ဆင်းမှာပေါ့….
    ဆိုတော့ကား……
    မလုံ ့တလုံ ဝတ်ခြင်းသည်…. စီးပွားရေးအရ ဘောစိခိုင်းလို ့ဝတ်ခိုင်းတာပါသလို…
    တချို ့တချို ့က ကြော်ငြာချင်းလို ့လို ဝတ်တာလည်းပါပါတယ်….
    တချို ့တချို ့ကလည်း မဝတ်တက်မစားတက်မို ့ ပေါ်လိုပေါ်မှန်းမသိ ဝတ်မိတာလည်း ရှိပါတယ်…..
    (ကျွန်တော်သူငယ်ချင်းမတယောက်ဆိုလက်တွေ ့ သူ ့ဘာသာ ဝတ်တာ ဘာပေါ်နေမှန်းမသိဖူး…. ကိယ်က မနဲ လိုက်ဖုံးပေးရတယ်… :kwi: )
    အကောင်းမြင်တာ မမြင်တာကတော့ မိမိသာလျှင်ဆိုင်ကြောင်း……..

    လေးစားလျက်
    တိမ်မည်း

  • မောင် ပေ

    February 28, 2013 at 6:55 pm

    အခု ဖေ့ဘုတ်မှာ ဗုဒ္ဓဘာသာသာသနာတော်စည်ပင်ပျံ ့ပွားရေး ၊ ထိန်းသိမ်းစောင့်ရှောက်ရေး အတွက်
    ဒလန်တွေကော ၊ အမှန်အကန်တွေကော ဝိုင်းပြောလာနေကြတာကို သတိထားမိကြမှာပါ
    အဲဒီ့အဖွဲ ့တွေနောက်ကို လူငယ်တွေ (မေးရော ၊ ဖီးမေးပါ) တော်တော်များများ လိုက်ပါလာကြတယ်
    အဲဒါလေးကနေ အစပြုပြီး ၊ အနာဂတ်အတွက် စိတ်ဓါတ် စည်းကမ်း နီတိ တွေ ပြဋ္ဌာန်း တည်ဆောက်သွားမယ် ဆိုရင် တော်တော်ကောင်းမှာပဲ

Leave a Reply