စဆရ ႀကီးFebruary 25, 20121min98734
“……………………………………………..” နာရီမှ လက်တံသည် သန်းခေါင်ကိုကျော်ပြီး မနက်ပိုင်းသို့ပင် အတော်လေးရောက်နေပြီဖြစ်သည်။ အိပ်ခန်းသည်ကား အမှောင်ထုကြီးစိုးလျက်၊ အဲကွန်းသံမှတစ်ပါး အရာရာသည် ဆိတ်ငြိမ်လျက်သား။ သက်ရှိလောကကြီးသည်ကား အမှောင်ထုအောက်တွင် ပျောက်ကွယ်တိတ်ဆိတ်လျက်။ လူသားအားလုံး အိပ်မောကျနေသယောင်ယောင်ပင်။ ကိုရင်ရှူံးတစ်ယောက် အိပ်ယာထဲတွင် လူးကာလှိမ့်ကာဖြင့် အိပ်မရဖြစ်နေသည်။ ညနေမှအဖြစ်အပျက်ကို တစ်နုံ့နုံ့ပြန်တွေးကာ အတွေးများ များပြားလွန်းနေသည်။ စေ့စေ့တွေး၊ ရေးရေးပေါ်ဆိုသလို ဖြစ်စဉ်များ ဖြစ်ပျက်ခဲ့သည်များ၊ ပြောဆိုခဲ့သည့်စကားလုံးများ နားထဲတွင် တစ်လုံးစ နှစ်လုံးစ ပြန်လည်လာရိုက်ခတ်နေသည့်အလား။ အဆုံးတွင်မတော့ သက်ပြင်းကြီးတစ်ချက်သာ ချရင်း ကိုယ့်ကိုယ်ကို ဖြေသိမ့်လိုက်ရတော့သည်။ ဘာပဲပြောပြော ဘယ်သူမပြု မိမိမှုပဲလေဟု။ အရာရာသည်ကား ကိုယ့်လူမျိုးများနှင့် အတူနေလိုသော ကိုရင်ရှူံး၏ လျှာရှည်မှုများကြောင့်ပင်၊ အဘယ်သို့ကဲ့များ ယခုကဲ့သို့ စကားများ ပလ္လင်ခံနေရပါမူ….. (၁) အရှေ့အလည်ပိုင်းဒေသသို့ ကိုရင်ရှူံးရောက်နေသည်မှာ နှစ်အတော်အတန်ပင်ကြာပြီဖြစ်သည်။ ရောက်စကပင် […]