SawAungDecember 10, 20151min5036
တစ်ရက်က မြေပဒေသာကျွန်းကနေ အပင်လေး နှစ်ပင်ဝယ်ခဲ့တယ်။ နွယ်လို အနွယ်လေးတွေ ကျနေတဲ့အပင်လေးတွေပါ။ ကျတော်အရင်က စိုက်ဖူးခဲ့တဲ့ အပင်လေးတွေလိုပါပဲ ကျတော်ကြားဖူးတာက သံယောဇဉ်ပင်လို့ခေါ်ပါတယ်။ သူက အရွက်ပုံစံအမျိုးမျိုးရှိပါတယ်။ အသည်းပုံလိုအရွက်ပုံစံလည်းရှိသလို ခပ်ထူထူ လှလှလေးလည်းရှိတယ်။ အခု ကျတော်ဝယ်ခဲ့တဲ့အပင်က အသည်းရှိတ်ပုံစံလေးရယ် ခပ်ထူထူအရွက် အပင်လေးရယ် ဝယ်လာခဲ့တယ်။ အသည်းပုံစံအပင်ကတော့ အပွင့်နီနီလေးတွေ သေးသေးလေးတွေပွင့်တယ်တဲ့။ အရွက်ထူထူအပင်ကတော့ အပွင့်နီနီ ခေါင်းလောင်းလို ခပ်ကြီးကြီးပွင့်တယ်တဲ့။ အခုတော့ ခေါင်းလောင်းလိုပွင့်တဲ့ အပင်က အဖူးထွက်လာပြီ။ သိတဲ့သူများ အပင်နာမည်လေး ဘာလေး အလင်းပြပါဦးဗျာ။   လေးစားစွာဖြင့် အောင်မိုးသူ