နွေဦးJanuary 2, 20141min48114
ငယ်ငယ်တုန်းက ကျောင်းတက်ရရင် ပျော်နေတာဘဲ.. အတန်းသစ်တက်ရတော့မယ်ဆို ရင်တွေတောင်တုန်ခဲ့ရတယ်.. ကျောက်တံ အသစ်ရမယ်ဆို ပျော်လိုက်တာ.. ကျောက်တံ အဟောင်းတုုံးတုံး ကြီးကို မလိုချင်တော့ဘူး… ကျောက်သင်ပုန်း အသစ်ရမယ်ဆိုလဲပျော်တာတွေ ဘယ်ထားရမှန်းမသိအောင်ဘဲ.. ကျောက်သင်ပုန်းအဟောင်း ဘောင်ပြုတ်နေတာ မလိုချင်တော့ဘူး.. အတန်းသစ်တက်ရမှာမို့ အင်္ကျီ အသစ်လေးဝတ်ရတယ်… ခတ်ကြွားကြွားလေးပေါ့..   အတန်းနဲနဲ ကြီးလာတော့ ကျောက်တံ ကျောက်သင်ပုန်းအစား ခဲတံ စာအုပ်တွေ အသစ် ကိုင်လာရတယ်… အဲဒီ့နောက် ဖောင်တိန်.. ပြီးတော့ ဘောပင် တခေတ်ပြောင်းတော့….. အသစ်ပြောင်းတိုင်းအသစ်ပြောင်းလို့ စိတ်ချမ်းသာခဲ့ ပျော်ခဲ့ရတယ်.. လူတိုင်း အသစ်တွေနဲ့ ပျော်ခဲ့စိတ်ချမ်းသာခဲ့ကြဘူးတယ်မလား…   ဒီတော့ အသစ်ဆိုရင် ကောင်းမှာဘဲလို့ .. မျှော်လင့်ပြီး အတင်းတောင်းကြတာ..     ခုတော့.. အသစ်တွေနဲ့ မပျော်နိုင်ကြတော့ဘူးမလား.. အသစ်တွေကြောင့် […]