kaiJune 10, 20254min710
ပန်းခြံများနှင့် လူ့အသိုင်းအဝိုင်းထိတွေ့ဆက်ဆံမှုသည် နှစ်ကာလများကြာရှည်လာသည်နှင့်အမျှ ထင်ရှားသောမိုင်တိုင်များကို နှစ်ဦးနှစ်ဘက် သဘောတူစွာ စိုက်ထူနိုင်ခဲ့ကြသည်။ Los Angeles တွင်နေထိုင်သော မြန်မာပြည်မှလာရောက်အခြေချလာသူများသည် San Gabriel Valley တွင် လူဦးရေထူထပ်ပါသည်။ Monterey Park မြို့သည် San Gabriel Valley တွင် တည်ရှိပြီး မြန်မာအများစုနေထိုင်ကြသောမြို့ဖြစ်သည်။ မြန်မာများ US သို့ ရွှေ့ပြောင်းလာချိန် ၁၉၆၂ နောက်ပိုင်းတွင် တကြိမ်၊ ၁၉၈၈နောက်ပိုင်းတွင် တကြိမ်၊ ၂၀၀၇၊ ၂၀၂၁ ခုနှစ်များတွင် Los Angeles သို့ စစချင်းရောက်ရှိလာသောမြန်မာအများအပြားသည် ဘဝကိုအသစ်တဖန်ပြန်စရန်အတွက် အာရှသားပိုင်လုပ်ငန်း အများအပြားရှိပြီး မြန်မာကွန်မြူနတီအင်အားတောင့်သော Monterey Parkတွင် အများပြည်သူအပမ်းဖြေရန် ပန်းခြံ၁၄ခုရှိသည်။ မြန်မာအသိုင်းအဝိုင်းနှင့် ယဉ်ကျေးမှုအတွက် ဗဟိုအချက်အချာ Barnes Park Los […]