မတော်တဆ ယာဉ်တိုက်မှုတစ်ခုကြောင့် (၁၀)နှစ်သား ဂျပန်ကလေးငယ် တစ်ယောက် ဘယ်လက်တစ်ဖက် ဆုံးရှုံးသွားခဲ့ရသည်။ တစ်နေ့သော် သူသည် ဆရာတစ်ဦးထံ ဂျုဒိုပညာကို သင်ယူခဲ့သည်။ သူသည် ကြိုးစားစွာ သင်ယူခဲ့သော်လည်း သင်ယူကာလ (၆)လအတွင်း ဆရာသည် သူ့အား တိုက်ခိုက်နည်း တစ်နည်းသာ သင်ပေး ခဲ့ပြီး ထိုနည်းကိုသာ ထပ်သလဲလဲ လေ့ကျင့်စေခဲ့သည်။ ဆရာကို နောက်တစ်နည်း ထပ်သင်ပေးရန် တောင်းဆိုခဲ့သော်လည်း ဆရာက သူ့အတွက် ဤတစ်နည်းနှင့် လုံလောက်ပြီဖြစ်ကြောင်း ပြောခဲ့သည်။ ဆရာ၏ ဆိုလိုချက် အဓိပ္ပါယ်ကို သူ နားမလည်ခဲ့သော်လည်း မပြတ်လေ့ကျင့်ခဲ့သည်။ သို့နှင့် လအတန် ငယ်ကြာသောအခါ ဆရာက သူ့အား ပြိုင်ပွဲဝင်စေခဲ့သည်။ ပြိုင်ပွဲတွင် ဆရာသင်ပေးသည့် နည်းကိုသာ ကျွမ်းကျွမ်းကျင်ကျင် ကစားရင်း တစ်ဖက်လူအား အနိုင်ရခဲ့သည်။ နောက်ဆုံး […]