မနက် က ရွာထဲ အမြန် ဝင် အကြည့် ကြောင်ကြောင် ရဲ့ ပို့စ် ခေါင်းစဉ် ကို မြင်ပြီး အသေအချာမဖတ်သေးဘဲ ရန်ထောင် လိုက်မိတာ တွေး ပြီး နဲနဲ ရှက် သွားတယ်။ များများတော့ မဟုတ်ပါဘူး။ 😉 အားလုံး ဖြစ်နေကျ သဘောမှာ ရှိတာဘဲ။ တစ်ဖက်သပ် ကိုယ့်အမြင်၊ ကိုယ့် အတွေး နဲ့ ဒါဆို သူတော့ ဒီလို ပြောတော့မှာဘဲ။ ဒီလို လုပ်တော့မှာဘဲ ဆို တဲ့ စိတ် ရှေ့တန်းထားပြီး ကိုယ့်ဟာကို ကောက်ချက်ချ တာတို့၊ ဆုံးဖြတ်ချက်ချတာတို့ လုပ်လိုက်ခြင်းပါ။ သိုးဆောင်း မှာတော့ Confirmation bias (or) myside bias ပေါ့။ […]