Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Myside ဘိုင်းရပ်စ် (bias)

မြစပဲရိုးJuly 16, 20151min73222

မနက် က ရွာထဲ အမြန် ဝင် အကြည့်  ကြောင်ကြောင် ရဲ့ ပို့စ် ခေါင်းစဉ် ကို မြင်ပြီး အသေအချာမဖတ်သေးဘဲ ရန်ထောင် လိုက်မိတာ တွေး ပြီး နဲနဲ ရှက် သွားတယ်။
များများတော့ မဟုတ်ပါဘူး။ 😉
အားလုံး ဖြစ်နေကျ သဘောမှာ ရှိတာဘဲ။
တစ်ဖက်သပ် ကိုယ့်အမြင်၊ ကိုယ့် အတွေး  နဲ့ ဒါဆို သူတော့ ဒီလို ပြောတော့မှာဘဲ။ ဒီလို လုပ်တော့မှာဘဲ ဆို တဲ့ စိတ် ရှေ့တန်းထားပြီး ကိုယ့်ဟာကို ကောက်ချက်ချ တာတို့၊ ဆုံးဖြတ်ချက်ချတာတို့ လုပ်လိုက်ခြင်းပါ။
သိုးဆောင်း မှာတော့ Confirmation bias (or) myside bias ပေါ့။

အဲဒီလို အကြောင်းမျိုး ကို ပြောဖို့ အတွက် ကိုယ့်ပေါင် ကိုယ်သာသာ လှန်ထောင်း ပြီး ပြောရမယ် ဆိုရင် အဖေ က အရင်က ယူနီဖောင်းဝတ်တစ်ယောက်ပါ။
အစိမ်းရောင် တော့ ဝုတ်ဘူး။  :-))
အခု ခေတ်မှာ သိပ်ပြီး လူမုန်းမများတော့ပေမဲ့ ဟိုးရှေး မဆာလာခေတ် မှာ တော့ ပြည်သူ့ချဉ်ဖတ်ကြီးပေါ့။ (လူဝင်မှု မဟုတ်)
အဖေ၊ အမေ ကုန်သည် ပွဲစား များမို့ အစိုးရဝန်ထမ်း ကို အထင်ကြီးကြတဲ့ ခေတ်မှာ သူ့နည်း သူ့ဟန် တော့  ပေါ်ပြူလာ ဖြစ်ခဲ့ပါတယ်။
အဖေ ဂျူတီဝင်ဖို့ အဖြူရောင်ယူနီဖောင်းဝတ်ပြီး ရင် အတော်လေး ကြည့်ကောင်းတယ်။ ကြည့်ပြီး အင်မတန် သဘောကျတာ။
မနက်စောစော လို လာကြို တဲ့ ကား နဲ့ ပါသွားတဲ့ အဖေ့ ကို လက်ပြကျန်ရတာ၊ ပြန်အလာ ကားသံကြားရင် ပြေးကြို ရတာ အင်မတန် ဂုဏ်ယူတာပေါ့။
နဲနဲကြီးလာတော့ အစ်ကို က ပင်လယ်ထွက်တဲ့ အလုပ်လုပ် ဖို့ သင်တန်း တက်တယ်။
အဲဒီမှာ သူ့သူငယ်ချင်း တွေ က သူ့ကို နောက်ကြတယ်။
မင်းတို့ ငါတို့ ကျွေးတာ ပေးတာတွေ နဲ့ လူဖြစ်လာတာ၊ ဘာညာပေါ့။
အစ်ကို့ မှာ တစ်အားစိတ်တို တယ်။
ဒါကို “ဟုတ်တာပြော တာ ဘာဖြစ်လဲ” လို့ ကြားက နေ သူများတွေ ဘက်က ရှေ့နေလိုက်ခဲ့သေး။
ဒါတောင် အဖေ က သူများတွေ ထက် စာရင် အများကြီး လောဘ နဲ တယ်ခေါ်မယ်။
မိဘ က ချမ်းသာခဲ့ဖူးတော့ သိက္ခာမဲ့လောက်အောင် တော့ အဆင့်မနိမ့်ခဲ့ဘူး။
မဟုတ်ရင် ကိုယ်လဲ သူဌေးသမီး ပေါ့။
အခုတော့ အဖိုး အဖွား လက်ထက် က ပေးခဲ့တာလေး တွေ နဲ့ မို့သာ လူလူသူသူ နေရ တယ်ခေါ်မယ်။
အိမ်တောင် အမေ့ ဘက်က အဖွား ကျေးဇူး နဲ့ ပိုင်လိုက်ရတာ။
ဒါကြောင့် အဖေ အလုပ်နဲ့ နယ်ဘက်တွေမှာ ရောက်ရင် အမေ့ ကို ပွဲစားလုပ်ကြ သတဲ့။
အများကြီး မဟုတ်တောင် မကင်းခဲ့တာ တော့ ဝန်ခံပါတယ်။

. နောက်ပိုင်း အစ်ကို အလုပ်ဝင်လို့ ပင်လယ် က ပြန်လာတိုင်း ဟိုပေး ဒီကမ်း လုပ်ရတာ တွေ က တော်တော်လေး ဆိုးလာတယ်။
အရင်လူ တွေထက် ပိုပြီး လောဘတက်လာကြတော့ ပိုပိုပြီး နာမည်ပျက်လာတာ မဆန်းဘူးပေါ့။
ဒီမှာ အမေ က အတော်လေး ရီ ရတယ်။
သူ့သား အလှည့် ပေးလဲ ပေးရ ရော သူ့မှာ ပြောမဆုံး တော့ဘူး။
အဲဒီ တုန်းက အမေ့ ကိုလဲ တရာ ပြ ရတာ အာပေါက်ရော။
ဒီတော့ သူက “နင့် အဖေ တို့တုန်း က အဲလို ဓားမြ တိုက်ခဲ့တာ မဟုတ်ဘူး” တဲ့။
ဒါပေမဲ့ အမေ ရယ်။ ဒီ ယူနီ ဖောင်း ဝတ် မှတော့ ဒီလိုမျိုး ဘဲ ထင်မှာမို့ စိတ်လျှော့ လို့ ပြောရသေး။
ဟုတ်တယ်လေ။
ဒီ နာမည်ပျက် တဲ့ အလုပ် အသိုင်းအဝိုင်း ထဲ က လူ ဖြစ်ခဲ့ မှတော့ သူများ အပြောခံ ရတာ ကို လက်ခံ ရုံဘဲပေါ့။
. ပြောတဲ့ သူ တွေ ကလဲ ဖြစ်ရပ် တွေ ပေါ်မှာ အခြေခံလို့ ပြောကြ၊ စွပ်စွဲကြ တာဘဲ။
ဒါကို ကိုယ်ပါတဲ့ အသိုင်းအဝိုင်း ကလဲ မှားသေး တယ်၊ အမှန်မမြင် ဘဲ မသိဟန်ဆောင်ပြီး ပြောသူ ကို ရန်လုပ်မယ်။
ကိုယ့်ကို စော်ကားသူ လို့ အမုန်းပွါးမယ် ဆိုရင်တော့ ပိုဆိုးဖို့ဘဲ ရှိတယ်။
တစ်ခြားသူ တွေ ပြောသလို ကိုယ်လဲ တကယ်ဖြစ်နေရင်လဲ မနာဘဲ အမှန်ကို လက်ခံပြီး ပါးစပ်ပိတ်ပြီး နေတာ ပိုပြီး အေးပါတယ်။
သူတို့ ပြောသလို မဟုတ်ဘူး လို့ ကိုယ့်လိပ်ပြာလုံ ရင်လဲ ဘာကို မှ နာနေစရာ မလိုဘူး။
ကိုယ်က ပိုပိုပြီး မှန်အောင် နေပြဖို့ဘဲ ရှိတယ်။
ပိုပြီး မြင့်တဲ့ စိတ်ရှိရင် ကိုယ့်အနားက အမှားတွေး နေမိသူ တွေ အမှန်တရား တစ်ခု ကို အတိုင်းအတာ နဲ့ မြင်တတ်အောင် ရှင်းပြပြီး တစ်ယောက်ချင်းက နေ အသိုင်းအဝိုင်း ကောင်းသည် အထိ ပြင်ပေးပေါ့။
ဒါဆို လူ့ အသိုင်းအဝိုင်း ထဲ မှာ တစ်ယောက် နဲ့ တစ်ယောက်၊ အသိုင်းအဝိုင်း တစ်ခု နဲ့ တစ်ခု အထင်သေးခြင်း၊ အပုတ်ချခြင်း၊ နားလည်မှု လွဲခြင်း တွေ နဲ သွားမယ်။

စွပ်စွဲ တဲ့ တစ်ဖက် ကလဲ ဒီလို ကောင် ဆို ဒီလို ဖြစ်တော့ မှာဘဲ ဆိုတဲ့ အပေါ်မှာ ပြောခဲ့ တဲ့ “Confirmation bias” မပါဘဲ ကြည့်နိုင်အောင် ကြိုးစားသင့်မယ်။
တစ်ယောက် (ဒါမှမဟုတ်) တစ်ဖွဲ့ မှာ အတိတ်ကြောင်း အဆိုး ရှိပေမဲ့ အားလုံး ကို ရမ်းပြီး ပြောလို့ မရဘူး။
အသေအချာ မှန် မှ အချက်အလက်ပြ ပြီး ထောက်ပြ ပြောဆို စွပ်စွဲ သင့်တယ်။

အခု လက်ရှိ မြန်မာပြည် နိုင်ငံရေး အခြေအနေမှာ “Confirmation bias” တွေ ပြည့်နှက် နေပါတယ်။
ထင်ကြေး နဲ့ အပေါ်ယံ အတွေး တွေ ပေါ်မှာ အခြေခံ ပြီး သတင်းတွေ ထင်တိုင်း ပြန့်နေတာပါ။
အဲဒီ မခိုင်လုံ တဲ့ ထင်ကြေး အချက် တွေ က နေ ဆုံးဖြတ်ချက် တွေချလိုက်ရင် အင်မတန် ဆိုးရွားတဲ့ အကြောင်း တွေ ဖြစ်လာမှာပါ။

စစ်ဖက် နဲ့ အစိုးရ ဘက်ကလဲ ဒီမိုစကား ပြောတာ နဲ့ ထမင်းငတ်လို့ လုပ်စရာမရှိ သူ တွေ လုပ်နေတာ မြင်ကြတယ်။ အချောင် နေရာ ဝင်လို သူတွေလို့ စွပ်စွဲတယ်။
ဒီမို တွေ ကလဲ စိမ်းစိမ်းမြင် ရန်လုပ်ဖို့ဘဲ တွေး တော့ နှစ်ဖက် အမြင် တွေ ကြား ဘယ်လို မှ မကြည်လင်တော့။
ဒီမို ထဲ လဲ အမှန်တရား အတွက် ကြိုးစားနေသူ တွေ အများကြီး ရှိသလို
အစိမ်းထဲ လဲ ကောင်းတဲ့ အမြင်အတွေး မျှ သူ တွေ ရှိ နေတာ သိသင့်တယ်။

. လောလောဆယ် ရက်ထဲ မျက်စိမှာ အချိုး မပြေ တာ ကို ပြောချင်သေးရဲ့။
. နှိမ်ပြောလိုခြင်း တော့ မရှိပေမဲ့ မြန်မာပြည် ရဲ့ ဘွဲ့ ပိုင်ရှင် တစ်ချို့ ဟာ Management နာမည် တပ် ရုံ နဲ့ နိုင်ငံတကာ ယှဉ် ပြီး ဝင်နိုင်ပဟ၊ ငါဟဲ့ ပညာရှင် ထင်နေကြ တာ စိတ်ပျက်ဖို့ ကောင်းပါတယ်။
အခုခေတ် မြန်မာပြည် မှာ မာစတာသာမက ဒေါက်တာဘွဲ့များပါ ဖောချင် သောချင်း ခလုတ်တိုက်လို့ တောင် ရ နေတဲ့ အခြေမှာ မပြည့်ဝ တဲ့ ဘဝင်ကိုင် ဘောင်ဘင် စိတ် တွေ နဲ့ ဆရာကြီး များ များလွန်းနေပါတယ်။
(အမှန် တော် ပြီး ဘောင်ဘင် မခတ် သူ အများ ကိုတော့ ဒီ စကားကြောင့် အနူးအညွန့် တောင်းပန်ပါတယ်)
အဲဒီ ကျပ်မပြည့် တွေ ကနေ တစ်ဆင့် လဲ “Confirmation bias” တွေ အခြေပြုပါတယ်။

ဒဲ့ ပြောရရင် အဲဒီ အသိုင်းအဝိုင်း က အာဏာရှင်ကိုလဲ လက်မခံ၊ ဒီမိုသမား တွေ ကိုလဲ အမြင်စောင်း ပါတယ်။
. ဒေါ်အောင်ဆန်းစုကြည် လောက်တော့ သူတို့ လဲ စွမ်း တယ် လို့ အထင်ရှိကြပါတယ်။
ဒီတော့ ကြားခံ လူ ဖြစ်နေတဲ့ သမ္မတကြီး မှ သမ္မတကြီး ဖြစ်ကြပါတယ်။
ဒီ သမ္မတကြီး ခမျာ အင်မတန် သနားဖို့ ကောင်းတဲ့ အခြေ ကို ရောက်နေရှာ တယ်လို့ ခံစားမိတယ်။

အဲဒီ ဇော်ကန့်လန့် အုပ်စု ရဲ့ မြှောက်ထိုးပင့်ကော်စကား များက သူ့ ကို အထွက်ရ ခက်နေစေလားမသိပါ၊
ဒါမှမဟုတ် နောက်ကွယ်က အမိန့်ပေးသူကြီး ကိုယ်တိုင် ဇာတ်လမ်းပျောက် ဖြစ်နေသမို့ ကန့်လန့်ကာကြား ကန့်လန့်ကြီး ဖြစ်နေရှာတယ် ထင်မိသေး။
ဒီလို အဖြစ်ကြား ထဲ မှာ ပရိတ်သတ် ကို ရီရမလို ငိုရမလို ဖြစ်အောင် လုပ်ပြ မဲ့ တစ်ကိုယ်တော် မင်သား တစ်သီး ပုဂ္ဂလ များ လဲ ထွက်လာပါဦးမယ်။
ကိုကိုးကျွန်း မှာ ဝင်ပြိုင်ချင်လို့ အဲဒီက အကြောင်းများ သိရင် မျှ ပေးစမ်းပါလို့ ဂဋ္ဌုန်ပြာကြီး ပေါ် က ရူးကြောင်ကြောင် အတည် မေးနေသူ ကို တောင် မြင်လိုက်သေး။
အဲဒါကို Like လုပ်သူ က အမျိုး။ အဲဒီ ပုတ်ထဲ က အဲဒီ ပဲ။

Opppppppppppppppppps ………….
သများ လဲ ပြောရင်း ပြောရင်း “Confirmation bias” တွေ ဝင်လာပြီ မို့ တော်ပါပြီ လို့စ်။ lol:-)))

ဒီမို ၊ ဒီရေ၊  ဒီလူ  တွေ နဲ့။
. ဖြစ်ချင်ရာသာဖြစ်။
ကိုယ် အထင်ကြီးတဲ့ ခေါင်းဆောင်စေလိုသူ နေရာ မရတော့ ရင် လဲ ….
. တော မပြန် ရလို့ သက်သာ တယ် ဘဲ မှတ်တော့ မယ်။

22 comments

  • ဇီဇီခင်ဇော်

    July 16, 2015 at 9:30 pm

    ခု လောလောဆယ်တော့
    အဲဒီ bias ဆို တဲ့ စကားးကို စိတ် အနာဂျီးးနာ
    ကိုယ့် အနာ နဲ့ ကိုယ်
    😥

  • ဦးကျောက်ခဲ

    July 16, 2015 at 9:30 pm

    အဟိ… သီဟရာဇာ မျိုးနွယ်ကိုး…
    အရင်မန့်ထားတာ… ပြီးရင် ပြန်လာမယ်… ခွိ :k:

    • ဦးကျောက်ခဲ

      July 17, 2015 at 10:51 am

      ခင်ရာ ဆွေမျိုး ၊ မြိန်ရာ ဟင်းကောင်း… ဆိုတော့လည်း … လူတိုင်း Bias မကင်းတာ အပြစ်တင်ရ အခက်သားကလား …။ မျက်မှန်စိမ်းနဲ့ မကြေနပ်သူကို အမြဲကြည့်မိတတ်တာလည်း လူ့သဘာဝ … ။ ဆရာစိန်ခင်မောင်ရီ ရဲ့ ကြွေးကျော်သံ… “ချစ်သူကိုလည်း မသာစေရ ၊ မုန်းသူကိုလည်း မနာစေရ” ဆိုတာ လက်တွေ့ဘဝမှာ မတွေ့ဘူးပေါင်…
      .
      ရယ်လည်းရယ်ရ ၊ ဒေါမနသနဲ့ မရယ်ရက်တဲ့ အဖြစ်တစ်ခုကြုံဖူးတယ်…
      ကျောက်စ်ရဲ့ ငယ်သူငယ်ချင်း ဘိန်းစားတစ်ယောက်ရဲ့အကြောင်းပါ…
      သူ့အဖေက အတော် မိန်းမလိုက်စားသူ နာမည်ကြီး Serial Womanizer ပါ ။ သူကိုယ်၌က အငယ်ကမွေးပြီး မိခင်ဆုံးသွားတော့ သူ့အဖေရဲ့ အိမ်ထောင်ကြီးဆီမှာ မှီခိုနေရတာပါ ။ သူ့အဖေကတော့ သူမဟုတ်သလို ရှုပ်မြဲ ရှုပ်လျက်ပါပဲ ။ တနေ့သား မျက်နှာမသာမယာနဲ့ ကျောက်စ်ဆီကို ပေါက်ချလာတော့ “ထုံးစံအတိုင်း မင်းအဖေ ဇာတ်လမ်းသစ်ရှာပြန်ပြီ မဟုတ်လား” လို့ မေးမိပါတယ် ။ ခေါင်းငိုက်စိုက်ချပြီး ငြိမ်နေတာမို့ ကျောက်စ်လည်း တင်းတင်းနဲ့ “မင်းအဖေက အတော်လွန်လွန်းတယ် ။ ဒီအရွယ်ရောက်တာတောင် မရပ် ။ မင်းဘဝ ဒီလိုဖြစ်နေတာတောင် သံဝေဂမရ … xxxxxxxx ” လို့ ကောမိတာပေါ့ ။ အဲသည့်မှာ မောင်မင်းကြီးသားက မျက်ရည်ဝဲနေရာကနေ ခေါင်းမော့ပြီး ပြောလိုက်ပုံက “ငါ့အဖေက တော်တော်ပါကွာ … သူပက်သက်တဲ့ ဟာမတွေက သူ့ကိုယူခိုင်းတာ ဆိုးတာကွ” လို့ ခွန်းတုံ့ပြန်လိုက်တာ ကျောက်စ်လည်း ပါးစပ် အဟောင်းသားကို ဖြစ်ရော…
      .
      အခုလည်း တိုင်းပြည်အရေးက ဒီလိုပါပဲ ။ တဘက်နဲ့ တဘက် မျက်မှန်စိမ်းတွေတပ် လေဘယ်တွေကပ်ပြီး သူ့ဘက်သား-ငါ့ဘက်သား ၊ ကိုယ့်ဘက်ကအမှန်-သူလုပ်သမျှအမှား ၊ အုပ်စုခွဲနေကြရင်ဖြင့် “ရွှေပြည်တော် မျှော်တိုင်းဝေး” ဦးမှာပါ…

  • ကိုလတ်ကြီး

    ပွင့်လင်းမြင်သာ ဆိုတဲ့စကားလေးက ခုမှ လူတွေ သုံးစွဲ ကာစ ရှိသေးတော့
    ဟိုလူပြော ဟုတ်နိုနိုး ဒီလူပြော ဟုတ်နိုးနိုးနဲ့ ထင်ကြေးနဲ့ရမ်းတုတ်ရတာပါဘဲ

    ခက်တာက ဒီနိုင်ငံမှာအမှန်အတိုင်းပြောလို့ မရ ပါ

    ပုဂ္ဂိုျလ်စွဲကြီး ကြသလို လှေနံဒါးထစ် သတ်မှတ်ကြတာ များပါတယ်

    အစုးိရဝန်ထမ်းမှန်သမျှမှာ ဘေးပေါက် ရနိုင်တဲ့ နေရာက လူမှန်သမျှ ယူ တာနဲ့ မကင်းပါဘူး။
    ကင်းအောင်နေရင်လဲ အဲလူက အဲအလုပ်မှာ မမြဲ ပါဘူး
    မြဲရင်လဲ လူအမုန်းခံရသူ ဖြစ်နေပါမယ.်

    ဒါပေမယ့် ပေးတဲ့သဒ္ဒါကြေးကို ယူတဲ့သူရှိသလို မပေးလို့ မရအောင် လုပ်ပြိးယူတဲ့ သူလဲရှိပါတယ်

    နောက်ပိုင်းမှာတော့ ကြေး သတ်မှတ်ပြီး အတိအကျ ယူကြပါတယ်

    ညီလေး တစ်ကျပ် အကိုကြီးတစ်ကျပ်ခေတ်ပေါ့
    ကြေးလဲ ကြီးကြီး ယူကြပါတယ်

    အခုကတော့ ခေတ်ပြောင်းသွားပါပြီ

    တစ်ခါယူ သုံးသိန်းထက် မပိုရင် ငါယူတာ လာဘ် မဟုတ်ဘူးဆိုပြီး စိတ်သန့်သန့်နဲ့ ယူနိုင်ပါပြီ

  • YE YINT HLAING

    July 16, 2015 at 11:22 pm

    တရက်ပြီး တရက် တက်လာတဲ့သတင်းတွေကြောင့် လူတွေတော်တော် စိတ်ရှုပ်နေကြတယ်လို့ထင်တယ်။စာမျက်နှာတွေတိုင်းမှာရေးနေ မန့်နေတာတွေ ကြည့်ပြီးပြောရတာပါ။ ၁-၂-၂ ဖြစ်နေတဲ့ အနေအထားမှာ ဗိုလ်လုပွဲ ကို ကိုယ့်နိုင်ငံ အသင်းမပါပဲ ကြည့်နေရမဲ့အခြေအနေ မျိုး။ ခုပဲ ဧရာဝတီ နဲ့တခြား သတင်းတွေ ဖတ်ဖြစ်တယ်။

  • Ma Ma

    July 17, 2015 at 9:27 am

    ကိုယ်တွေငယ်ငယ်က ကိုယ့်မြို့ကို ရောက်လာတဲ့ အရာရှိဝန်ထမ်းတွေကိုကြည့်ပြီး အားကျခဲ့ဖူးတယ်။

    အဲဒီခေတ်တုန်းကတော့ အစိုးရဝန်ထမ်းတွေဟာ ပညာလည်းတတ်၊ ရာထူးအာဏာပါဝါလည်းရှိ၊ လစာကလည်း လုံလောက်ရုံမကတဲ့အခြေအနေမို့ သိက္ခာလည်းရှိလို့ လူဝင်ဆန့်ခဲ့တယ်။

    ကိုယ်တိုင်ဘွဲ့ရတော့ အလုပ်စာမေးပွဲဝင်ဖြေတယ်။
    ကိုယ့်ရှေ့က ဘွဲ့ရထားတဲ့၊ အလုပ်စာမေးပွဲကို အကြိမ်ပေါင်းများစွာ ဝင်ဖြေနေတဲ့ ဘိုးတော်ဘွားတော်များကို မြင်ပြီး လက်လျှော့ခဲ့ရတယ်။

    အဲဒါနဲ့ဆို ကိုယ့်အားကျစိတ်က ပျောက်မသွားသေးဘူး။

    ကံကောင်းတော့ ၉ဝ ခုနှစ်လောက်မှာ ကျောင်းကအလုပ်ခေါ်တဲ့အခါ သွားဖြေတယ်။
    အဲဒီခေတ်မှာ အလုပ်ဝင်ရတာ လွယ်သွားပြီမို့ ဘာအခက်အခဲမှမရှိပဲ ရခဲ့သလို၊
    ဝန်ထမ်းတွေရဲ့ အခြေအနေနဲ့ ဝင်ငွေလစာတွေကလည်း ပြောင်းလဲလာပြီ။

    ဝမ်းသာအားရနဲ့ အလုပ်ဝင်တော့မယ်ဆိုတော့မှ အဖေက…
    နင်ရတဲ့လစာနဲ့ နင်စားလို့လောက်ပါ့မလား စဉ်းစားအုံး။
    လစာနဲ့မလောက်လို့ မသမာတာလုပ်ရမယ်ဆိုရင် သိက္ခာကျတယ်၊ ရတာနဲ့စားမယ်ဆိုရင်ကော အငတ်ခံနိုင်မလား…. တဲ့။
    :e:

  • ဦးကြောင်ကြီး

    July 17, 2015 at 9:57 am

    မြန်တ ျန့်နိုင်ငံရေးက လူကို အတော ်တယားရစေပါဒယ်.. ဘာလှို့လည်းစိုဒေါ့ အရောင်အသွေးတွေ ဖုံးကွယ်မှုဒွေ လှစ်ပြဖော ်ပြတဲ့ ဒဘော ရှိဒါကိုး…. ပလို့၈ ျီ။။ အဲဒီ့အယောင်အသွေးဒွေနှဲ့တူတူ ပုံရိပ် ထင်ဟက်စေတဲ့ နာမည်တွေလည်း အသီးသီး အသကအသ ပိတ်သပ်က ျီးက ချီးမြှင့်သဗ ျ..။ အနော ်ကဒေါ့ အဲလို စတာနောက်တာ လုံးဝ မှီကြိုက်ဘောင်….။ ဗာဒဲ့ ခေါ်နေကြဒါ…
    ၁။ ခိုနီဒုံ
    ၂။ လေမားမား
    ၃။ အူးfoxပ ျံ
    ၄။ ဆစ်ဖြိုးဂ ျီး
    ၅။ ယဲဇုတ်လှ ျာမြ
    ၆။ ခြိမ်းပုတီး
    ၇။ လူမှိုက်ခွင်ဆော ်
    ၈။ ငြောင်း
    ၉။ တဖက်ပိတ်မဲသွပ်
    ၁၀။အန်ဒီဖွပ်ခံ့ကြော ်
    ဘော ်လုံးတသင်းပြည့်အောင် နောက်ဝံလာသူကဒေါ့ တခ ျက်လေးဖတ်ပီး ဆိတ်ထင်ရာပြောဓါတ်တဲ့ ၁၁။ တခ ျပ်က ျိမြ….
    လူပြည်ဗီမှို့ ကံလို့ရပါပီခင်မြှား…
    အမေ့နှံမည်ဂုံစောင် အားဂဇားသမားမြှားသီ ငပိငံပြာရည်ကို စွဲမြဲသုံးဂ ျသီ.. မ ျို းဈက်တစ်တို့ အားမဏ်ဝမ့်ဂါချီ… ဟတ်ခ ျိုး

    • ဦးကျောက်ခဲ

      July 17, 2015 at 10:56 am

      ခီညားကြတော့ တြားသဘောကို ခီနခီနပြောပြီး အရေခွံကွာတော့…
      “မောင်ကြွတ်” ဖြစ်နေတာ တရွာလုံးအသိ…
      ခီညားရဲ့ Bias က နစ်ပျက် ဆြာလေသီး+ခါး3ကျော် တို့နဲ့ တလေထဲ… :k:

    • ဇီဇီခင်ဇော်

      July 17, 2015 at 11:22 am

      ဒါဘဲ
      နာမည် နဲ့ လိုက်အောင်တော့
      တွေ့တဲ့ ခွင် ဆော်ရမှာဘဲ
      :mrgreenn:

    • မြစပဲရိုး

      July 17, 2015 at 12:45 pm

      ဒီလောက် တရာ ပေးနေတာတောင် တရာ မရ နိုင်ရှာတဲ့ ကိဠေသာကြီး နေလေတဲ့
      သူများ ဆို အပြစ်ပြော
      ကိုယ့်ဘက် ကျ အမြဲမှန်
      ငါမှ ငါ ဒီ အစွဲ တွေနဲ့
      . နောင်အခါ ပို ကလိမ်ကျစ်မဲ့
      အိုဘဲ့
      ကလစ် နစ်ကြောင်

      နီ မှာတော့ ရွာထဲ ဘော်လုံးသင်း ဖွဲ့နိုင်ဖို့ မပြောနဲ့ Double တင်းနစ် ရိုက်ဖို့ တောင် လူ ခေါ်လို့ရလားဟဲ့။
      . ကြောင်စုန်း ကြောင်ဏှာ ကြောင် ကလားလျှာ ရဲ့

      (ဒီ တစ်ခါ တို့ နှစ်ခါ သုံးခါ အသေအချာ ဖတ်ပြီး မှ ကလော်တုတ်သည်)
      lol:-))))

      PS – ဒင်း ပြောတဲ့ နာမည် တွေ တစ်ချစ် သိဝူး။ ဖော်ပေးပါဦး။ :-))

      • ဇီဇီခင်ဇော်

        July 17, 2015 at 12:52 pm

        သူကချည်းး နာမည်လိုက်ဖျက်နေဒါ..
        ——–

        ၁။ ခိုနီဒုံ (အာတီဒုံ)
        ၂။ လေမားမား (မမ)
        ၃။ အူးfoxပ ျံ (ကျောက်)
        ၄။ ဆစ်ဖြိုးဂ ျီး (တိမ်မည်း)
        ၅။ ယဲဇုတ်လှ ျာမြ (ရာမည)
        ၆။ ခြိမ်းပုတီး (မွန်မွန်)
        ၇။ လူမှိုက်ခွင်ဆော ်(ကေဇီ)
        ၈။ ငြောင်း (ဝေါင်း)
        ၉။ တဖက်ပိတ်မဲသွပ် (မွသဲ)
        ၁၀။အန်ဒီဖွပ်ခံ့ကြော ်(မင်းခန့်ကျော်)

        ဘော ်လုံးတသင်းပြည့်အောင် နောက်ဝံလာသူကဒေါ့ တခ ျက်လေးဖတ်ပီး ဆိတ်ထင်ရာပြောဓါတ်တဲ့
        ၁၁။ တခ ျပ်က ျိမြ (အရီး)

        • မြစပဲရိုး

          July 17, 2015 at 1:00 pm

          မင်းခန့်ကျော် က သမ္မတ ကြီး လူ ပါ ကြောင်ကြောင် ရယ်။ ဝုတ်တယ် နော် ကိုမင်း။
          . ပြောပြလိုက်စမ်းဘာ။ :-))

        • တောင်ပေါ်သား

          July 17, 2015 at 1:01 pm

          Hello….Mr Big Cat ,
          Where is their coach ?
          May be I am their team’s coach . How ?

        • မြစပဲရိုး

          July 17, 2015 at 1:05 pm

          Yayyyyyyyy …..
          ဒါမှ တို့များ ကိုမျိုး ကွ။
          ကိုမျိုး ပါရင် သာမီး လေး တွေ မျက်နှာ နဲ့ သူပါ ဒီ အထဲ ဝင်လာရင်တော့ ဒွတ်ခ။ (ခွက်ဒစ် – မွသဲ) lol:-)))

        • ဦးကြောင်ကြီး

          July 17, 2015 at 1:10 pm

          ပါမ ျိုးကို သဒိရတယ်ဗ ျ.. ဗီလို နှံမြည်ပေးရမှန်း အကြံထွဋ် မလှာလို့… ကြောင်က္ခမမ ျိုး စိုပ ျံဒေါ ့ နိုင်ငံရေးအယောင် မပါဗူးလေ….။ သူဒို့အသင်း ဝံမပါခြင်ပါနဲ့ဂ ျာ… အလဂါး လှေဖန်းဒန်းဆီး ဆိတ်စွမ်းအားယှဉ်မ ျိုးဒွေ…

    • မင်း ခန့် ကျော်

      July 17, 2015 at 2:47 pm

      ထင်ဒါပြောစတမ်းဆိုရင်
      2016 အစပိုင်း မြန်ပြည်တွင်းဘဏ်များ
      ဂွကျအံ့။
      လောင်းမားးးး :mrgreen:

  • aye.kk

    July 17, 2015 at 11:20 am

    မလတ်ရေ
    ဒီမိုး၊ ဒီရေ၊ ဒီလူတွေနဲ ့ဆိုရင်တော့
    သားနဲ ့ဝေးလျှက်ဝေးလျှက် ရှိနေရမဲ့ဘဝပါဘဲ။။

  • မြစပဲရိုး

    July 17, 2015 at 12:53 pm

    ကျန်သူများ ကိုလဲ ကျေးဇူးပါ။
    ဒီ အချိန်လေးမှာတော့ သတိ အတော်ကြီး နိုင်မှ ဒီ ဘက်ပေါင်းစုံ အဖျက် တွေ က ရှောင်နိုင် ပြီး လိုရာ ရောက်မှာ။
    . ရွေးကောက်ပွဲ ပြီး လို့ နိုင်ခဲ့ ရင်တောင်မှ အဲဒီ အလွန် မှာ အမှိုက် ပုံကြား ရှင်းရင်း ပို ရှုပ် တဲ့ အစုတ် တွေ ဒိန်းဂျားဇုံ တွေ ကျန် ဦးမှာ။
    . တစ်ယောက်အား၊ တစ်ဖွဲ့အား နဲ့ ကတော့ မလွယ်။
    အတော်လေး အသိမှန် သူ တွေ စီး ထားနိုင်မှ။ ဒါမျိုး လူ တွေ တကယ်ဘဲ ပေါ်လာမယ်/ မပေါ်လာဘူး ဆိုတာ ကတော့ “ကံ” လို့ သာပါဘဲ။
    အခု တော့ ခြေထိုးသမားတွေ၊ ငါ အတွက် တွေ ဘဲ ရှေ့တက်နေသလိုဘဲ။ 🙄

  • zarlay

    July 17, 2015 at 1:10 pm

    တို့ကအစိုးရဝန်ထမ်းဆိုတော့ ဘာမှအဝေဖန်ချင်ပါ

  • kai

    July 17, 2015 at 3:59 pm

    ကျုပ်ကတော့.. ကျိန်စာလို့.. ချုံခေါ်လိုက်သဗျ..။
    မယုံရင်ဆက်သာစောင့်ကြည့်…
    ဘယ်သူတက်တက်.. ဘယ်လိုစနစ်နဲ့သွားသွား…
    လက်၁ဝချောင်းနဲ့.. ၁ခါ.. ၂ခါ.. ၃ခါ… :k:
    သိပ်တော်နေသလား..။ သိပ်တော်လာသလား..
    အနော်ရထာလို…။ တပင်ရွှေထီးလို…။ အလောင်းဘုရားလို..။ ကနောင်မင်းလို..။ ဦးအောင်ဆန်းလို… လုပ်ကြံခံရမယ်..။

    ကျိန်စာလွတ်ချင်ရင်အလွယ်လေး…။
    ဘာစနစ်မှပြောင်းရန်မလို..။ အောက်ကအတိုင်းလုပ်ယုံ..။
    “မည်သူကမှ.. မည်သူ့ကိုမှ.. ဖူးမျှော်မာန်ချကန်တော့ခြင်းမပြုရ…”
    သခင်မျိုးဟေ့.. ဒို့ Burman
    အဲဒါဆို…
    လက်၅ချောင်းနဲ့.. တခါ.. ၂ခါ….. :k:

    အမေရိကပြည်ကို တည်ထောင်ခဲ့တာတကြောင်းထဲနဲ့..။

    ကမ္ဘာကုလသမဂ္ဂရပ်တည်ချက်ကလည်း.. တကြောင်းထဲ..။

    All human beings are born free and equal in dignity and rights.

    • Ma Ma

      July 18, 2015 at 6:47 am

      အခုတောင် ဒီချုပ်မှာ ကုလားထိုင်တွေ အားလုံးတပြေးညီပဲ ထိုင်ကြတယ်တဲ့။
      ကုလားထိုင်ကို ဇာချဲ့တာ ဦးခင်ညွှန့်ခေတ်က စခဲ့တယ်ထင်တာပဲ။

      မနေ့က သတင်းနားထောင်ရင်း ကျူးကျော်တွေ မဲပေးခွင့်ရဖို့အကြောင်းမှာ ကျူးကျော်တဲတွေကို ရိုက်ပြတာကြည့်ပြီး ကျွန်ုပ်သာ သမ္မတကြီး ဖြစ်ခဲ့သော်…. ဆိုတဲ့ ခေါင်းစဉ်နဲ့ စာစီစာကုံးရေးချင်စိတ်ပေါက်သွားတယ်။

      ဒါပေမယ့် ကြောင်ကြောင့် စာတွေဖတ်ပြီး အဲဒီကြောင်ကိုပဲ သန်းမဂျီးလုပ်ခိုုင်းချင်လာတယ်။ 👿

  • Alinsett @ Maung Thura

    July 19, 2015 at 4:08 am

    .မြန်မာပြည်လားးးး
    လမ်းဘေးလက်ဖက်ရည်ဆိုင် ပိုင်ရှင်ကတောင်မှ
    ငါဟဲ ဆိုင်ပိုင်ရှင်ဆိုပြီး မြင်သမျှလူတွေကို ရေနွေးပူနဲ့ လိုက် ပက် မတတ်

Leave a Reply