၂။ ဝင်စေ……………. ထွက်စေ………………..

၂။ ဝင်စေ……………. ထွက်စေ………………..

” ခြေတစ်လှမ်း အကွာက သူတို့နေရာ “(အပိုင်း ၂)

 

မူဆယ်ရောက်လာပြီး တရုပ်ပြည်ထဲကိုဝင်မယ်ဆိုရင်

ပထမဆုံးလိုအပ်တာကတော့ မှတ်ပုံတင်ပါဘဲ။

မှတ်ပုံတင်ပါရင် မြန်မာ့လဝကရှေ့မှာတန်းစီ မှတ်ပုံတင်ပြ ဓါတ်ပုံရိုက်ပြီး

ငွေတစ်ထောင်ကျပ်ပေးလိုက်တဲ့အခါ

တစ်ပါတ်ယာယီနေထိုင်ခွင့်

တစ်ခါသုံး ကဒ်ပြားအစိ်မ်းလေးလက်ထဲကိုရောက်လာတယ်ဆိုရင်

တရုပ်ပြည်ထဲကိုဝင်လို့ရပါပြီ။

ရှေ့ဘက်
ရှေ့ဘက်

၆ညအိပ်ရရက်နေ့ခွင့်အတွက်ကျပ်တစ်ထောင်ပါ။

ကျောဘက်
ကျောဘက်

အဲဒီကဒ်လေးကိုယူ တရုပ်ပြည်ထဲကိုဝင်တဲ့ အဆောက်အဦထဲကိုဝင်လိုက်ပါ။

လူတွေတန်းစီနေတဲ့နောက်က ဝင်တန်းစီလိုက်ပါ။

အဲဒီနေရာနားကိုရောက်ပြီဆိုရင်

“စာအုပ်ဖွင့်ပေးပါ။

မဆူညံရ

လက်ကိုင်ဖုန်းမသုံးရ

ဓါတ်ပုံမရိုက်ရ၊”

ဆိုတာတွေကိုပုံလေးတွေနဲ့ပြထားပါတယ်။

တန်းစီပါ၊

ရပ်မျှဉ်းအဝါထက်မကျော်ရဘဲ တစ်ယောက်နဲ့တစ်ယောက်ခွာပြီးဝင်ပါ

လို့ရေးထားပေမယ့်

ကျနော်တို့ မြန်မာတွေက တော့ ရှေ့လူနဲ့နောက်လူ ဇွတ်ကပ်ထားကြတာပါဘဲ။

ကြားဖြတ်တိုးလို့မရအောင်ပိတ်ထားတာကအကျင့်ပါနေတာကိုး။

သူတို့ရှေ့ရောက်တဲ့အခါ

ဦးထုပ်ဆောင်းထားရင်ချွတ်ခိုင်းမယ်။

မျက်မှန်ချွတ်ခိုင်းမယ်။

သူတို့စည်းကမ်းနဲ့မကိုက်ညီရင် တစ်လုံးစနှစ်လုံးစတတ်တဲ့မြန်မာစကားနဲ့ပြောမယ်။

“တန်းစီ ” တို့ “စာအုပ် “တို့ ကို ဗမာစကားမပီမသနဲ့တောင်းမယ်။

မျက်မှန်တွေ ဦးထုတ်တွေချွတ်မထားရင် တရုတ်လိုပြောမယ်။

အပြောခံရသူက တရုတ်စကားမတတ်တော့ ဘာပြောနေတာမှန်းမသိလို့

အူကြောင်ကြောင်ဖြစ်နေမယ်ဆိုရင်

ဘေးနားရှိတဲ့လူက ဝင်ပြီးဘာသာပြန်ပေးကြပါလိမ့်မယ်။

(အသားလွတ် အော်ရင် ဆူရင် တိုင် လို့ရတယ်ပြောပါတယ်)

သူတို့မျက်နှာတွေကတော့ မရယ်မပြုံး ဖော်ရွေမူ့မရှိ။

ဒါပေမယ့် ဝင်လာသူထံက လည်း ဘာမှ ရယူလိုမူ့မရှိ။

သူတို့အချင်းချင်း စကားပြောနေရင်းက နေ ကွန်ပြူတာကို တဂျောက်ဂျောက်နှိပ်မယ်။

ပြီးရင် ကဒ်အစိမ်းပေါ် ဒါမှ မဟုတ်စာအုပ်ပေါ်ကို တံဆိပ်တုံးထုပြီးရင်

တရုပ်ပြည်ထဲကိုဝင်ခွင့်ရလို့ နိုင်ငံခြားကိုရောက်သွားပါပြီ။

အင်မတန်မှလွယ်ပါတယ်။

တစ်ယောက်သူ့ရှေ့ကထွက်သွားရင်သူက လက်ဖဝါးကိုထောင်ပြပါမယ်။

နောက်တစ်ယောက်လာလို့ ရပြီဆိုတဲ့သဘောပေါ့။

 

ပြန်ထွက်မယ်ဆိုရင်လဲ အထွက်ပေါက်မှာ အခုလိုဘဲတန်းစီ။

တရုတ်လဝက ဘက်က အထွက်တံဆိပ်တုံးထု ပြီးရင်ပြန်ထွက်လို့ရပါတယ်။

စာအုပ်အနီသမားကတော့ တရုပ်ပြည်ဘက်ကထွက်တာနဲ့မြန်မာပြည်ဘက်ကို အဝင်တံဆိပ်တုံးထုပေါ့။

တစ်ပါတ်နေခွင့်ကဒ်ကိုင်သူများကတော့ အထွက်မှာ မြန်မာလဝက ကို ကဒ်အစိမ်းလေး ပြန်အပ်ခဲ့ရပါတယ်။

(အဲဒီကဒ်ကိုမအပ်ဘဲလွှင့်ပစ်ခဲ့ရင် တရားဥပဒေအရ အရေးယူနိုင်တယ်လို့ပြောပါတယ်)

ပြန်ဝင်ချင်တယ်ဆိုရင်တော့ အဝင်ပေါက်မှာ ပြန်တန်းစီ

တစ်ထောင်ပေး ကဒ်အသစ်ပြန်လုပ်ပေါ့။

တကယ်လို့များ မှတ်ပုံတင် မပါခဲ့ရင်ရောလို့မေးရင်

မြန်မာလူမျုးိဝန်ထမ်းတွေက ကိုယ့်အမျိုးအချင်းချင်းပေါ်စောင့်ရှောက်ပါတယ်။

ကဒ်အစိမ်းရှိ မှတ်ပုံတင် မပါ ပြန်ဝင်ဘို့ ဝင်ခွင့်ကဒ်ပြား ပြန်လုပ်မယ်ဆိုရင်

လဲကူညီပေးပါလိမ့်မယ်။

တကယ်လို့များပြန်ထွက်လာတဲ့အချိန် သတ်မှတ်ထားတဲ့ရက်ထက်

လွန်နေရင်လည်း ကူညီပါတယ်။

ဥပဒေရှိတဲ့အတိုင်း တိတိကျကျကြီးအရေးမယူပါဘူး။

ကြီးသောအမူ့ငယ်စေဆိုတဲ့စေတနာလေးနဲ့ပါ။

ငွေပေးရင် ကိုယ့် အမျုးိ ကိုယ်ပြန်စောင့်ရှောက်ပေးတတ်တာဂုဏ်ယူစရာပါဘဲ။

တကယ်လို့များကိုယ်က ဒီမှာ အမြဲအလုပ်လုပ်မယ့်သူ

နေ့တိုင်းဝင်ချီထွက်ချီ လုပ်မယ်ဆိုရင်တော့ စာအုပ်အနီလုပ်ထားရင်ရပါတယ်။

ဒါပေမယ့်လည်းစာအုပ်အနီပေါ်မှာ “ဝန်ထမ်းမဟုတ်”လို့ အတိအကျရိုက်ပေးထားပါတယ်။

 

စာအုပ်နီ
စာအုပ်နီ

စာအုပ်အနီကလည်း ကဒ်အစိမ်း လို တစ်ပါတ်ဘဲနေထိုင်ခွင့်ရပါတယ်။

သူကတော့ သက်တမ်း တစ်နှစ်ပေးထားပါတယ်။

ပုံမှန်ဈေး စာအုပ်တစ်အုပ်ကျပ်သောင်းရှစ်ထောင်၊

တကယ်လုပ်မယ်ဆိုရင်တော့ ကျပ်နှစ်သောင်းလောက်တော့ကုန်တာပေါ့။

သူကလဲ စာအုပ်ကုန်သွားရင်ဖြစ်ဖြစ် သက်တမ်းပြည့်ရင်ဖြစ်ဖြစ်

အသစ်ပြန်လုပ်ရရင်ဒီဈေးပါဘဲ။

ဒီစာအုပ်အနီလုပ်ပေးတာကို ဖွင့်လိုက်ပိတ်လိုက်

အခုလုပ်ပေးလိုက် အခုလုပ်မပေးဘဲရပ်လိုက်နဲ့ဆိုတော့

ကူညီခကြေးကတော့အပြောင်းအလဲရှိတာပေ့ါနော်။

အမြဲနေထိုင်ခွင့်ဆို်တဲ့ စာအုပ်အစိမ်းကတော့ ပိုက်ဆံအတော်ကုန်မှရသလို

ရဘို့လဲမလွယ်ပါဘူး။

ဘာသာပြန်ရုံးကိုသွားပြီး ဘာသာပြန်ခိုင်း ဖောင်ဖြည့်ခိုင်းရတယ်။

ပြီးရင်ဆေးစစ်ရမယ် အဆင့်ဆင့်လုပ်ရတော့ နည်းနည်းကြာတော့လူတိုင်းလဲမလုပ်နိုင်ပါဘူး။

 

တရုပ်ပြည်ထဲကနေ မြန်မာပြည်ဘက်ထွက်မယ်ဆိုရင် မြန်မာလဝကမှာတံဆိပ်တုံးဝင်ထုသွား။

ပြန်ဝင်မယ်ဆိုမြန်မာလဝက ဘက် မှာအ ဝင်တံဆိပ်တုံးထု ရင် မြန်မာငွေ ကျပ်သုံးရာပေးရပါတယ်။

တစ်ခါထွက်ပြီး တစ်ခါပြန်ဝင်တိုင်း မြန်မာငွေ သုံးရာကျပ်ပေးရပါတယ်။

တစ်နေ့တစ်နေ့ မြန်မာဘက်ကနေတရုပ်ဘက်ကိုလူထောင် ချီပြီး ဝင်ပါတယ်။

လူတစ်ယောက်ကျပ်သုံးရာကောက်တဲ့နေရာမှာတော့ ကွန်ပြူတာနဲ့ မကိုင်ဘဲ စာရင်းစာအုပ်အရှည်နဲ့ဘဲ

မှတ်တာတွေ့ရပါတယ်။

ကွန်ပြူတာနဲ့အလုပ်လုပ်ကြတဲ့ခေတ် လင့်တွေချိတ်ပြီးဆွဲယူရင်ကြည့်ရင်အားလုံးသိနိုင်တဲ့ခေတ်ကြီးထဲမှာ

အခုချိန်ထိစာအုပ်နဲ့စာရင်းမှတ်နေတယ် ဆိုတာက အတော်ကို ရင်ခံစရာကောင်းလှပါတယ်။

တကယ်လို့များ စာအုပ်အနီသမားလဲရက်ကျော်သွားခဲ့ရင် ကူညီစောင့်ရှောက်ပေးတတ်တာကတော့

ကျေးဇူးတင်ပါတယ်။

မတော်လို့များ ရက်လွန်အောင်နေတယ် စည်းကမ်းဖောက်တယ်ဆိုပြီး

ခေါ် ထားရင် အခက်သားလား။

 

တရုပ်ပြည်ထဲ ကို ဝင်ချိန်ထွက်ချိန် သတ်မှတ်ပေးထားပါတယ်။

တရုပ်စံတော်ချိန်က မြန်မာစံတော်ချိန်ထက် တစ်နာရီခွဲစောပါတယ်။

မနက်ဆိုရင် တရုပ်နာရီ ရနာရီခွဲမှာဖွင့်ပေးပါမယ်။

(မြန်မာစံတော်ချိန် ခြောက်နာရီ)

ပိတ်ချိန်ကတော့ တရုပ်ည ကိုးနာရီ ခွဲ(မြန်မာဆယ်နာရီ)အထိရပါတယ်။

တစ်ခါတစ်ရံ ဝင်သူထွက်သူ မရှိရင်တော့ စောပိတ်တတ်ပါတယ်။

 

မူဆယ်ကို အိပ်စ်ပရက်ကားကြီးနဲ့မန်းလေးက လာရင် ဒီကိုနောက်နေ့မနက်ရောက်တော့

ဝင်ဘို့ အတွက်ပြဿနာမရှိပေမယ့် ကားအသေးနဲ့မနက်မှလာသူအဘို့ကတော့ တစ်ခါ တစ်ခါ

မြန်မာလဝက ရဲ့ ကဒ်အစိမ်းထုတ်ပေးချိန်ကို မမှီတတ်ပါဘူး။

ကူညီစောင်မမယ့်လူရှိရင်တာ့ ကဒ်အစိမ်းကိုရုံးချိန်လွန်သွားလည်းရနိုင်ပါတယ်။

ကူညီစောင်မတယ်ဆိုမှတော့ ကျေးဇူးသိတတ်ရပါတယ်။

အဲလို ကူညီစောင်မ မယ်သူ့ မရှိရင်တော့”ခိုးပေါက်”ကို အားကိုးရပါတော့တယ်။

“ခိုးပေါက်”ဆိုတာ ဘာလဲဆိုတော့………………….

 

ကိုပေါက်လမ်းသလားနေသည်

27–4-2015

9 comments

  • မြစပဲရိုး

    July 17, 2015 at 4:57 am

    စာအုပ်အနီ ဆိုတာ Passport မဟုတ်ဘူးပေါ့။
    Passport မလိုဘဲ ဝင်လို့ ရတဲ့ သဘောလား ကပေါက်ကြီး။

    • ကိုလတ်ရေ

      ဒီစာအုပ်တွေက ဖြတ်သန်းခွင့်လက်မှတ်ပါ

      သတ်မှတ်ထားတဲ့မြို့ အနီးအနားကမြို့ထက်ကျော်သွားလို့မရပါဘူး

      ဒီအပေါက်က ဝင် ဒီအပေါက်ကထွက်ပါ

      ပါတ်စ်ပို့ နဲ့လဲ ဒီအပေါက်က ဝင်လို့ မရပါ

      ပါတ်စ်ပို့နဲ့ဆိုရင် ခွေးမိန် က သာ ဝင်လို့ရပါတယ်

  • aye.kk

    July 17, 2015 at 10:45 am

    ကိုပေါက်ရေ

    ဆက်မျှော်နေမိပါတယ်။။။

  • Mike

    July 17, 2015 at 4:09 pm

    .ဝင်နည်းထွက်နည်းတွေသိထားတော့မရောက်ဖူးသေးတဲ့လူတွေအတွက်အသုံးတည့်လှပါတယ်..ကျေးကျေးပါ

  • kai

    July 17, 2015 at 5:03 pm

    တခြားတော့မဟုတ်ပါဘူး…
    အဲဒီ China ကို ဗမာတွေ တရုတ်ပြည်လို့ခေါ်…။
    Chinese ကို ဗမာတွေ တရုတ်တွေလို့ခေါ်…
    မြန်မာပြည်က တိုင်းရင်းသားတချို့တွေကို.. တရုတ်တွေလို့ အမည်တပ်…။
    မြန်မာနိုင်ငံသားတွေကိုလည်း.. အသားဖြူရင်..တရုတ်လို့ခေါ်…

    မြန်မာတွေဟာ.. ဝနယ်နဲ့ကိုးကန့်နယ်ကို..တပြားမှမရပဲ.. စိန့်ပြည်ကို.. ထိုးပေးနေသလိုခံစားရတယ်..။
    ပြည်တွင်းမှာလည်း.. ကိုယ့်နိုင်ငံသားတွေကို.. တဖက်နိုင်ငံသားဖြစ်အောင်.. သွေးခွဲနေသလိုခံစားရတယ်…။
    ဒီ.. စကားစကား ပြောပါများ.. သုံးပါများလာရင်… တနေ့… ဥပါဒါန်ကြောင့်..ဥပါဒ်ရောက်လိမ့်မယ်..။
    တနေ့…
    ဝနဲ့ကိုးကန့်နယ်ဟာ.. တလောက..ရုရှားသိမ်းလိုက်ပစ်လိုက်တဲ့.. ကရိုင်းမီးယားနဲ့.. အခု ခွဲထွက်ရေးသမားတွေသူပုန်ထနေတဲ့.. ယူကရိန်းပြည်လိုဖြစ်လာမယ်လို့.. အတတ်ပြောချင်မိ…။
    ဝနဲ့ကိုးကန့်နယ်ကို.. ဘယ်နိုင်ငံဖက်နေချင်သလည်း.. အဲဒီနယ်ထဲ..မဲခွဲကြတဲ့နေ့ရောက်လာမယ်.. ထင်နေမိ…။
    စိန့်ပြည်ဟာ.. ချမ်းသာလာတာနဲ့အမျှ.. South China Sea ထဲက.. ကျွန်းလေးတွေတောင်..ဝင်တန်းစီသိမ်းနေပြီ..။
    လက်ကယားနေပုံ…။

    ကိုပေါက်ရဲ့ပို့စ်နဲ့တော့မဆိုင်…။ စိတ်ထဲပေါ်လာတာလေး.. တင်ရေးထားတာ..။
    ခွင့်လွှတ်ပါ့…။

    • kai

      July 17, 2015 at 5:11 pm

      Tatars – Wikipedia, the free encyclopedia
      https://en.wikipedia.org/wiki/Tatars
      Wikipedia
      Eventually however, the name stuck onto the Turkic Muslims of Ukraine and Russia, …. to OED “said to be” ultimately from tata, a name of the Mongols for themselves. …. The Crimean Tatars are subdivided into three sub-ethnic groups: the Tats …
      =
      The first Mongol invasion of Myanmar took place in 1277 and was famously described by Marco Polo.

      Interestingly, most of the ‘Mongol’ army were actually Turkic forces, with men drawn from across Inner Asia. The commander, Nasir al-Din of Bokhara, was then Governor of Yunnan.

      The Turkic presence along what is today the Myanmar-Yunnan border would last for generations. This is why the Burmese refer to people from China as ‘Turks’ (Taruk or Tarup).
      =
      ဗမာတွေ.. မွန်ဂိုတွေကို.. မွန်ဂို တာတာလို့ခေါ်ခဲ့တာ.. သမိုင်းကျမ်းတွေထဲဖတ်ဖူးတယ်..။
      တကယ်လည်း.. တာတာဆိုတာ.. မွန်ဂိုရဲ့အထဲ..အင်မတန်စွမ်းတဲ့စစ်သည်တွေတမျိုးနွယ်..။
      တာတာဆိုတာ.. တာကစ်ရှ်(တူရကီ)နဲ့..မွန်ဂိုပေါင်းထားတာ..
      မွတ်စလင်တွေ…။

      အခု.. ယူကရိန်းနိုင်ငံမှလည်း.. သူတို့ရှိတယ်..။
      အင်း..
      အံ့ဖွယ်သမိုင်းဆက်သွယ်ချက်…။

    • ကိုခိုင်ရေ

      ဟိုလွန်ခဲ့တဲ့ 1975 ခုနှစ်လောက်ကထင်ပါမယ်

      ဆရာငြိမ်းကျော်ရေးခဲ့တဲ့ ဝတ္တုတွေထဲမှာ မြောက်အရပ်ကလာတဲ့ စိန တွေ လို့ သုံးစွဲခဲ့ဘူးပါတယ်။

      အဲဒီအချိန်ကတည်းကမြန်မာပြည်ကိုစိမ့်ဝင်လာမယ့် အရေး ကို ဆရာငြိမ်းကျော်က ကြိုမြင်လာခဲပါတယ်။

      အခုကျယ်ခေါင်ထဲမှာရော ရွှေလီထဲမှာ ရှမ်းရွာဆိုတဲ့ ရွာလေးတွေရှိပါတယ်။

      ရွှေလီနဲ့မူဆယ်ကြားမှာ ဟိုးအရင်က ရှမ်းလူမျိုးတွေနေတဲ့ရွာလေးတွေရှိပါသတဲ့။
      မြန်မာစကားမတတ် ရှမ်းစကားနဲ့ တရုတ်စကားဘဲတတ်ပါသတဲ့။
      အခုလဲ အဲဒီတုံးကအတိုင်းပါဘဲ။
      မြန်မာစကားမတတ်တဲ့ရှမ်းရွာလေးတွေရှိတုန်းပါဘဲ။

      မြန်မာနဲ့တရုတ်ပြည်နယ်ခြားသတ်မှတ်ပြီးချိန်မှာ တရုတ်ဘက်ကို နေချင်သူနေ
      မြန်မာဘက်ပြောင်းချင်သူပြောင်းဆိုပြီး ခွင့်ပြုပေးခဲ့တဲ့အခါ မြန်မာဘက်ကို တော်တော်များများရောက်လာပါသတဲ့။
      အဲဒီအချိန်တရုတ်ပြည်က ကွန်မြူနစ် ဘုံလယ်ယာမြေစနစ်ဆိုတော့ ပင်ပန်းဆင်းရဲပါသတဲ့။

      အခုတော့ပြောင်းပြန်ဖြစ်သွားပါပြီ။

      ကိုးကန့် တွေ ဝ တွေ က မြန်မာလူမျိုးတဲ့ ပါတယ်ဆိုပေမယ့် ရှေးကတည်းက မြန်မာစကားမပြောဘဲတရုတ်စကားနဲ့
      သူတို့ဘာသာစကားဘဲပြောကြပါတယ်။

      ဒီနယ်မြေတွေနဲ့ပါတ်သက်ရင် ကျနော်အမြင် ကတော့ တရုတ်က
      နယ်မြေကို သိမ်းပိုက်မှာမဟုတ်ဘဲ သူ့ လူကိုယ့်ဘက်သားဘဲ လုပ်နေမယ်ထင်ပါတယ်

Leave a Reply