၆။ မတူ၍တူသော ” ခြေတစ်လှမ်း အကွာက သူတို့နေရာ “(အပိုင်း ၆)   ကျနော်က နေ့ဘက်ကျယ်ခေါင်မှာအလုပ်လုပ်ပြီး ညဘက်မှာ ရွှေလီထဲသွားအိပ်ပါတယ်။ ကျနော်အိပ်တဲ့အခန်းက နေ လှမ်းကြည့်လိုက်ရင် ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကိုမြင်နေရပါတယ်။ လွန်ခဲ့သောနှစ်တွေကျနော်ရောက်တုန်းက ဒီနေရာကခြုံနွယ်ပိတ်ပေါင်းတွေနဲ့ပြည့်နေတဲ့ မြေကွက်လပ်ကြီးပါ။ နောက်တစ်ခေါက်ထပ်လာတော့ အဲဒီဝိုင်းထဲမှာ ဖြစ်သလိုဆောက်ထားတဲ့ မိုးကာတဲလေးတွေအပြည့်။ လူတွေကလဲရှုပ်ယှက်ခပ်။ ရေသုံးတော့ လမ်းဘေး ရေတိုင်ငုတ်ကနေပိုက်ဆွဲပြီးသုံး။ လျှပ်စစ်မီးတော့မရှိ။ မွေးထားတဲ့ဆိတ်တွေကလဲ အများကြီး။ အိမ်ရှေ့ထွက်ပြီးထမင်းဟင်းချက်ပြုတ်နေတော့ မီးခိုးလေးတွေက တအူအူ။ အဲတော့မှ သူတို့နိုင်ငံမှာလဲ နေစရာမရှိတဲ့” ကျူး”တွေရှိပါလားလို့သိခဲ့ရပါတယ်။ အခုတစ်ခေါက်ရောက်လာတော့ အဲဒီနေရာမှာအဆောက်အဦးအသစ်ကြီးဖြစ်နေပါပြီ။ ဈေးဖွင့်မယ်လို့ပြောပါတယ်။   ကျနော်စရောက်တဲ့အချိန်မှာမပြီးသေးပါဘူး။ ဆေးသုတ်နေတုန်းဘဲရှိပါသေးတယ်။ (အဲဒီမှာ အရင်နေခဲ့တဲ့ကျူးတွေကို ဖယ်ခိုင်းပြီးဈေးဆောက်တာလို့သိရပါတယ်။ မရှိလို့ လာနေ ၊ ပိုင်ရှင်က ဖယ်ပေးဆိုတော့လဲ အသာတကြည်ဖယ်ပေး။ ဆန္ဒပြတယ် ဘာဖြစ်တယ် […]


၅။အသက်ရှင်ခြင်းအတွက်အသက်ရူသံများ ” ခြေတစ်လှမ်း အကွာက သူတို့နေရာ “(အပိုင်း ၅)   မနက်မနက်ဆိုရင် တရုပ်ပြည်ဘက်က တံခါးဖွင့်ပြီဆိုတာနဲ့ မူဆယ်ဘက်က လူတွေကားတွေ ဆိုင်ကယ်တွေ ထော်လာဂျီတွေ အသီးသီးဝင်လာကြပါတယ်။ အားလုံးက အပျော်လာသူမရှိ အလုပ်လုပ်ဘို့ဝင်လာကြတာပါ။ မြန်မာလူမျိုးအတော်များများက မူဆယ်ဘက်မှာနေကြပါတယ်။ မူဆယ်ဘက်ကနေ ရွှေလီ ကျယ်ခေါင်ထဲလာ အလုပ်လုပ်သူတွေလဲအများကြီးပါဘဲ။ မူဆယ်မှာအိမ်ငှားနေပြီး မနက်မိုးလင်းမှ ကျယ်ခေါင်ဘက်ကိုလမ်းလျှောက်ပြီးဝင်လာကြတာများပါတယ်။ တရားဝင်ဂိတ်ပေါက်ကနေဝင်လာသူရှိသလို ခိုးပေါက်ကနေဝင်လာတဲ့သူတွေလဲရှိပါတယ်။ အချို့ကတော့လဲ ရွှေလီဘက်က ရှမ်းရွာလေးတွေထဲမှာအိမ်ငှားနေကြပါတယ်။ ရွှေလီထဲကနေ ကျယ်ခေါင်ဘက်ကိုသွားလုပ်တဲ့လူတွေရှိသလို မူဆယ်ဘက်ကနေပြီးကျယ်ခေါင်ရွှေလီထဲကို လာပြီးဈေးရောင်းကြသူတွေလဲရှိပါတယ် ဈေးလာရောင်းတဲ့သူတွေထဲမှာ တံမြက်စီး ကြက်မွေးရောင်းသူကတော့ ပုံမှန်တွေ့နေရတဲ့သူတွေပါ။ ခြေလျင်လျောက်ပြီးဝင်လာသူတွေရှိသလို စက်ဘီးနဲ့လည်ရောင်းသူတွေလဲရှိပါတယ်။ မနက်ဝင်လာပြီး ညနေအထိ တစ်နေကုန် လှည့်ပါတ်ပြီး ရောင်းကြတာပါ။ လက်တွန်းလှည်းလေးတွေနဲ့ဈေးရောင်းထွက်တဲ့ အချဉ်ပေါင်းသည်လေးတွေကလည်း ရွှေလီထဲထိခြေဆန့်လို့ရောင်းကြပါတယ်။ ဝက်သားတုတ်ထိုးသည်လေးတွေကတော့ကျယ်ခေါင်မြို့ရဲ့နေရာအနှံ့ရှိနေပါတယ်။ နောက်ညပိုင်းမှလာတဲ့ မီးဖိုလေးဆွဲလာတဲ့ ဘယာကြော်သည်လေးတွေလဲရှိ။ […]


၄။ ရေမကြည် မြက်မနုသော်ငြားလည်း ” ခြေတစ်လှမ်း အကွာက သူတို့နေရာ “(အပိုင်း ၄)   ဟိုးရှေးရှေးကလူတွေက ဘဝနေထိုင်စားသောက်ရေးအတွက် ရေကြည်ရာမြက်နုရာကို လှည့်လည်ရှာဖွေရပါသတဲ့။ အခုခေတ်မှာတော့ ရေနောက်ကိုမသောက်ချင် မြက်ခြောက်ကိုလဲမစားချင်တော့ ကိုယ့်မြေကိုယ့်ရေကို ခွဲခွာပြီး ထမင်းတစ်လုတ်အတွက် အိုးပစ်အိမ်ပစ်နေရသူတွေရှိပါတယ်။ ရေမကြည် မြက်မနုပေမယ့် အခြေအနေအရ နေရတာပေါ့။ ဒီလိုလူတွေက တရုပ်ပြည်နယ်စပ်က ကျယ်ခေါင်မြို့မှာအများကြီးတွေ့နိုင်ပါတယ်။ ဒီကျယ်ခေါင်ထဲမှာရောရွှေလီမှာပါ မြန်မာလုပ်သားတွေ အတော်လေးများပါတယ်။ ကျနော်တို့မြန်မာများထုံးစံအတိုင်းတစ်ယောက်ရောက်တယ်ဆိုရင် တစ်နွယ်ငင်တစ်စင်ပါ ဆိုသလိုဘဲတစ်ရွာလုံးနီးပါး အကုန်လိုက်လာကြတာပါဘဲ။ ကိုယ့်ရပ်ကိုယ့်ဒေသမှာလုပ်ငန်းကိုင်ငန်းကရှားပါးတာကိုး။ ရှားပါတယ် ဆိုတဲ့အထဲမှာက မြေပျောက်ရေရှား ဆိုတာတွေကလဲရှိသကိုးဗျ။ နောက်ပြီး အခုခေတ်လူငယ်တွေဆိုတာကလဲ မြို့တက်ပညာသင်လာတဲ့သူများလာတော့ ပင်ပန်းဆင်းရဲတဲ့ လယ်အလုပ်ကိုင်းအလုပ်ဆိုတာကို မလုပ်ချင်ကြတော့ဘူးလေ။ မြို့တက်ပြီးသက်တောင့်သက်သာနဲ့ငွေရတဲ့အလုပ်ကိုဘဲလုပ်ချင်ကြပါတော့တယ်။ ဒီတော့အလုပ်ပေါတယ်ဆိုတဲ့ နေရာ ကိုနားစွင့်ပြီး ပြေးကြတာပါဘဲ။ ဒီကျယ်ခေါင်ဘက်မှာကအလုပ်ပေါတယ်လို့ဆိုနိုင်ပါတယ်။ ဒီကအလုပ်ပိုင်ရှင်တွေကလဲ ဒေသခံတွေကို အလုပ်သိပ်မခေါ်တာကိုတွေ့ရပါတယ်။ […]


၂။ ဝင်စေ……………. ထွက်စေ……………….. ” ခြေတစ်လှမ်း အကွာက သူတို့နေရာ “(အပိုင်း ၂)   မူဆယ်ရောက်လာပြီး တရုပ်ပြည်ထဲကိုဝင်မယ်ဆိုရင် ပထမဆုံးလိုအပ်တာကတော့ မှတ်ပုံတင်ပါဘဲ။ မှတ်ပုံတင်ပါရင် မြန်မာ့လဝကရှေ့မှာတန်းစီ မှတ်ပုံတင်ပြ ဓါတ်ပုံရိုက်ပြီး ငွေတစ်ထောင်ကျပ်ပေးလိုက်တဲ့အခါ တစ်ပါတ်ယာယီနေထိုင်ခွင့် တစ်ခါသုံး ကဒ်ပြားအစိ်မ်းလေးလက်ထဲကိုရောက်လာတယ်ဆိုရင် တရုပ်ပြည်ထဲကိုဝင်လို့ရပါပြီ။ ၆ညအိပ်ရရက်နေ့ခွင့်အတွက်ကျပ်တစ်ထောင်ပါ။ အဲဒီကဒ်လေးကိုယူ တရုပ်ပြည်ထဲကိုဝင်တဲ့ အဆောက်အဦထဲကိုဝင်လိုက်ပါ။ လူတွေတန်းစီနေတဲ့နောက်က ဝင်တန်းစီလိုက်ပါ။ အဲဒီနေရာနားကိုရောက်ပြီဆိုရင် “စာအုပ်ဖွင့်ပေးပါ။ မဆူညံရ လက်ကိုင်ဖုန်းမသုံးရ ဓါတ်ပုံမရိုက်ရ၊” ဆိုတာတွေကိုပုံလေးတွေနဲ့ပြထားပါတယ်။ တန်းစီပါ၊ ရပ်မျှဉ်းအဝါထက်မကျော်ရဘဲ တစ်ယောက်နဲ့တစ်ယောက်ခွာပြီးဝင်ပါ လို့ရေးထားပေမယ့် ကျနော်တို့ မြန်မာတွေက တော့ ရှေ့လူနဲ့နောက်လူ ဇွတ်ကပ်ထားကြတာပါဘဲ။ ကြားဖြတ်တိုးလို့မရအောင်ပိတ်ထားတာကအကျင့်ပါနေတာကိုး။ သူတို့ရှေ့ရောက်တဲ့အခါ ဦးထုပ်ဆောင်းထားရင်ချွတ်ခိုင်းမယ်။ မျက်မှန်ချွတ်ခိုင်းမယ်။ သူတို့စည်းကမ်းနဲ့မကိုက်ညီရင် တစ်လုံးစနှစ်လုံးစတတ်တဲ့မြန်မာစကားနဲ့ပြောမယ်။ “တန်းစီ ” တို့ “စာအုပ် “တို့ […]


                                            “မြေမျိုပျောက်ကွယ်ခြင်း”   ဂျာနယ်တွေမှာ မန်းလေးမြို့တည်နန်းတည်မှာပါတဲ့ (၇)ဌာနကိုပြန်လည်ဖော်ထုတ်မယ်ဆိုတာကိုဖတ်ရပါတယ်။ အဲဒီ(၇)ထဲမှာပျက်စီးပျောက်ကွယ်နေဆဲ့ဖြစ်တာကတော့သိမ်တော်နဲ့ ပိဋကတ်တိုက်တော်ဖြစ်ပါတယ်။ ပိဋကတ်တိုက်တော်ကတော့ မန်းလေးတောင်ခြေ ဦးခန္တီဇရပ်အနီးမှာရှိပြီး အခုချိန်မှာတော့အဲဒီနေရာမှာ စာသင်ကျောင်းဖြစ်လို့နေပါတယ်။ ပဌာန်းသိမ်တော်ကတော့ မန်းလေးတောင်ခြေက မဟာသကျမာရဇိန်(ခ)ကျောက်တော်ကြီးဘုရားရှေ့မှာ ဖြစ်ပါတယ်။ အရင်ကတော့သံတိုင်တွေကာရံထားတဲ့ဒီနေရာလေးက ခြုံနွယ်ပိတ်ပေါင်းတွေနဲ့ရှုပ်ထွေးပြီး လူဝင်လို့ရတဲ့နေရာ မဟုတ်ပါဘူး။       ပြီးခဲ့တဲ့ရက်က ကျောက်တော်ကြီးဘုရားကိုရောက်သွားတော့ အရင်ကနဲ့မတူဘဲ ရှင်းလင်းသေသပ်။ ပြန်လည်တည်ဆောင်ရေးအတွက် လုပ်သားတွေနဲ့ အပူတပြင်းဆောင်ရွက်။ တိမ်မြုတ်နေတဲ့ အုတ်ရိုးနေရာတွေကို စနစ်တကျပြန်လည်တူးဖော်နေတာက ပိဋကတ်တိုက်နေရာမှာရော ပဌာန်းဟောသိမ်နေရာမှာပါ တစ်ပြိုင်တည်းလုပ်ဆောင်နေတာကိုမြင်ရပါတယ်။ မရဘူးသေးတဲ့ ကျောက်တော်ကြီးဘုရားပုံတော်ကိုတောင်ရခဲ့ပါတယ်။ အဲဒီမှာဘာတွေ့ခဲ့ရသလဲဆိုတော့ လှဲထားတဲ့ သစ်မြစ်ဆုံကြီးထဲမှာ သိမ်တော်အမှတ်အသား ကျောက်တိုင်လေးကို မျိုထားတာ တွေ့ရပါတယ်။         နောက်ရက် မိတ်ဆွေတစ်ယောက်ကိုတောင်သမန်အင်းလိုက်အပို့ […]


“ဒီရင်ခွင်လေးမှာ ခိုလှုံဘူးသူတိုင်း ဒီနေရာလေးရောက်ခဲ့ရင် ဘယ်လိုခံစားရမယ်ဆိုတာကို ” မန်းလေးတက္ကသိုလ်ဘက်ထဲမှာ ငုဝါပင်ရှိမလားလို့ အလုပ်အားတဲ့တစ်ရက်မှာသွားရှာလို်က်ပါတယ်။ ဝင်ဝင်ချင်း အရင် ရုက္ခဗေဒ ဌာန နားမှာ တစ်ပင်တွေ့လိုက်ပါတယ်။ အဲဒါနဲ့ သံဇကာနဲ့ပိတ်ထားတဲ့အထဲကို ခပ်တည်တည်နဲ့ဝင်သွားလိုက်တော့ အဲဒီနားမှာခုံတွေနဲ့ ထိုင်နေသူတွေက ဘယ်လဲလို့မေးပါတယ်။ ဓါတ်ပုံခဏရိုက်မယ်လို့ပြောရင်း ဆက်ဝင်သွားလိုက်ပါတယ်။ အထဲရောက်တော့စိတ်ပြောင်းသွားပါတယ်။ မိန်းအဆောက်အဦးကြီးကိုလဲမြင်မိရော ကျောင်းအတူတက်ခဲ့တဲ့ရက်များက သူငယ်ချင်းတွေကို သတိရမိပါတယ်။ မိန်းလှေခါးထစ်များမှာထိုင်။ လာသမျှကောင်မလေးတွေကို မထိတထိစ။ အချင်းချင်းလဲတစ်ယောက်နဲ့တစ်ယောက်စ။ လှတယ်ဆိုရင်ငေးကြည့်၊ သူငယ်ချင်းများနဲ့ပေါက်ကတွေပြောပြိီးရီကြ။ ညနေခင်းများမှာ မတောက်တစ်ခေါက် ဂစ်တာတီးတာကို အားလုံးက ကီးကြောင်တွေနဲ့ ဝိုင်းဆိုကြ။ အဲဒီတုံးက မန်းလေးတက္ကသိုလ်မြေမှာဘိုထီး သီချင်းများ ခေတ်စားခဲ့။ ညညဆိုရင် ရွှေမန်း သစ္စာအနားမှာ သွားလို့ အခမဲ့ဖျော်ဖြေရေးတွေလုပ်ကြ။ မမေ့နိုင်စရာရက်များပါဘဲ.။           မိန်းရှေ့ကနေထွက်လာပြီး […]


            18-4-2013နေ့က ပြင်ဦးလွင်အရောက် မဟာအံထူးကံသာဘုရားမှာ လူစည်စည်ကြားထဲမှာ အားမနာလျာမကျိုးဇွတ်တိုးပြီး ရိုက်ခဲ့တဲ့ ပုံစံအမျိုးမျိုးနဲ့ပုံတော် ကြိုက်သော် ယူနို်င်ပါ၏။   ကိုပေါက်လမ်းသလားနေသည် 19-4-2013  


  “ပြင်ဦးလွင်ဆိုဘဲ…………………..”     မေမြိုု့လို့ခေါ်တဲ့ ပြင်ဦးလွင်သွားတော့ ကန်တော်ကြီးထဲကတော့ အမြဲရောက်ပါတယ်။ ဒီတစ်ခါထူးထူးခြားခြား မြင်ကွင်းလေးတွေ့လိုက်တော့ လက်ဆော့ မိပြန်ပါတယ်။ ရေးထားတာကတော့ ပြင်ဦးလွင်……ဆိုဘဲ။     ကိုပေါက်လမ်းသလားနေသည် 18-4-2013                      


                အရောက်နောက်ကျတဲ့ ရွှေပိတောက် အချိန်မှန်မရောက် နောက်ကျတဲ့ပိတောက်။ သစ္စာဖောက်တယ်လို့တော့ မဆိုရက်။ လှချက်က ရက်စက်တော့ ပက်ပက်စက်စက်ကြီးကို လက်ဆော့ မိပါတယ်။ ကိုပေါက်ရဲ့စနက်ရှော့ မဟုတ်တဲ့လက်ဆော့ 19-4-2013  


  တစ်နှစ်ဆိုတာဘာမှ မကြာလိုက်ဘူးနော်   မနှစ်က ဒီလိုသင်္ကြန်နီးတဲ့အချိန် ကျုံးနံဘေးရောက်တော့ သင်္ကြန်မဏ္ဍပ်ဆောက်တာတွေ့ရော။ အဲဒါနဲ့ဘဲ မန်းလေးဆွမ်းဟော်တယ်ရှေ့ကနေ လမ်းလျောက်ရင်း မဏ္ဍပ်တွေဓါတ်ပုံရိုက်လာခဲ့တာပေါ့။ အဲဒီမဏ္ဍပ်ပုံလေးတွေကို သူများထက်ဦးဦးဖျားဖျားတင်မယ်ဆိုပြီး ရွာထဲတင်တာပေါ့။ တင်ပြီး စက်ပိတ်။ နောက်တစ်ခါပြန်ဖွင့်တော့ ဓါတ်ပုံတွေမှာ နာမယ်တွေတပ်ထားတာတွေ့ပါတော့တယ်။ အဲဒီမှာ စိတ်တွေတိုပြီး စာတွေရေးတော့တာပေါ့။ ကျနော်က ကျနော်ပုံတွေမှာ နံမယ်မရေးပါဘူး။ ပုံအလှပျက်မှာစိုးတာရယ် ကျနော်လို့ လက်ဆော့ တဲ့သူတစ်ယောက်ရဲ့ ဓါတ်ပုံက သူများယူသုံးရလောက်အောင် မလှပ မသေသပ်ဘူးလို့ ခံယူထားတာလဲပါတယ်။ အဲတော့ပုံမှာ နံမယ်တွေရေးထားတော့ စိတ်တွေတို လူကြီးတန်မဲ့ စွာလန်ကျဲလုပ်တာပေါ့။ နောက်တော့ ရန်ဖြစ်လို့လဲဝရော သူနဲ့ကိုယ်နဲ့သားအဖဖြစ်သွားရော။ ပထမတစ်ယောက်တုံးကလဲ ရွှေဘိုသားနဲ့ရန်တွေဖြစ်ပြီး သားအဖဖြစ်။ အခုတော့ ရွှေဘိုသားလဲ မိန်းမရသွားလားတောင်မသိ။ ပျောက်နေပါတယ်။ အခုသားကြီးကတော့ လိမ္မာပါတယ်.။ အရက်မသောက် ဖဲမရိုက် အလေမလိုက် […]


             “မယ်တော်လေးပါးရှိရာ ဘုံကိုးဆင့်သို့” ကျောက်ခဲကြီးတွေကို စီထားတဲ့လမ်းကနေတောင်ပေါ်ကိုတက်ခဲ့ကြပါတယ်။ အရွက်ကြေတဲ့ရာသီဖြစ်လို့ တတောင်လုံးမှာ အရိုးပြိုင်းပြိုင်းသစ်ပင်တွေနဲ့ရွက်ကြွေတွေကိုဘဲမြင်နေရပါတယ်.။ တောင်တက်လမ်းတစ်လျောက်မှာအရိပ်မရှိ။ ထူးထူးခြားခြားဒီနေ့မှ ကံကောင်းထောက်မစွာနဲ့မိုးတွေအုံ့နေပါတယ်.။ အဲတော့ တောင်ပေါ်ကိုမမောမပန်းဘဲတက်နိုင်ခဲ့ပါတယ်။ လမ်းပြကလေးကိုဘယ်ထိသွားရမှာလဲလို့မေးတော့ အဝေးမှာရှိတဲ့တောင်ပေါ်စေတီကိုလက်ညှိုးထိုးပြပါတယ်။ ကျောက်စီလမ်းကလေးကသွားနေရင်းက အောက်ကိုဆင်းပြီးအပေါ်ပြန်တက်လိုက်တဲ့အခါမှာတော့ ဘေးနံရံသာရှိပြီးအမိုးအကာမရှိတဲ့ အဆောက်အဦထဲကိုရောက်သွားပါတယ်။ အဲဒီနေရာရောက်တော့ မြောက်ဘက်က မန်းလေးမိုးကုတ်သွားတဲ့လမ်းမကိုစီးမိုးလို့မြင်နေရပါတယ်။ အဝေးမှာတော့ တောင်ကုန်းကြီးတစ်ခုက မားမားမတ်မတ်။ လမ်းပြကလေးမလေး ပြတဲ့နေရာကိုကြည့်လိုက်တော့ ကျနော်တို့သွားမယ့်စေတီ။ မော့ကြည့်ရလောက်အောင်အတော်မြင့်မြင့်ထိ ထပ်တက်ရမယ်ဆိုတာသိလိုက်ပါတယ်။ ကျနော်နဲ့ပါလာတဲ့အဖော်တွေကတော့ တောင်ပေါ်ကိုအရင်တက်နှင့်ကြပါတယ်။ ကျနော်ကတော့ ထုံးစံအတိုင်း ဓါတ်ပုံရိုက်ရင်း ကျန်နေခဲ့ပါတယ်။ အားလုံးရောက်လို့လှမ်းခေါ်လို့ အပေါ်ဆက်တက်ခဲ့ရပါတယ်။         အပေါ်က နန်းထဲမှာတော့ နတ်ရုပ်ထု လေးခု။ ရှေ့ဆုံးက မရွှေအု ခေါ် တောင်တော်သခင်မ။ သူ့နောက်မှာတော့ အမေရေယာဉ် အမေဆည်ကတော် […]


        ဒီနေ့မနက် 7-နာရီမတ်တင်းလက်ဖက်ရည်ဆိုင်ထိုင်နေတုန်း ငြိမ့်ကနဲဖြစ်သွားပါတယ်။ တစ်ယောက်ယောက်က ခုန်ကို ဝင်တိုက်တယ်မှတ်တာ။ ထပ်ပြီးလှုပ်ပြန်တော့ ငလျင်လုှပ်တယ်ဆိုဝိုင်အော်ကြပါတယ်။ နောက် ပုခက်လွှဲသလို ထပ်လှုပ်တော့ အတော်များများကတော့ အပြင်ထွက်ပြေးကြပါတယ်။ အပေါ်မော့ကြည့်တော့ မီးချောင်းတွေ ပန်ကာတွေလဲလှူပ်နေပြန်ပါတယ်.။ နောက်တစ်ခါ ငြိမ့်ကနဲ့ ထပ်လုှုပ်ပြိးငြိမ်သွားပါတယ်။ အလုပ်ထဲရောက်တော့ မန်းမြန်မာပလာဇာ 25ထပ်ကြီးအက်သွားတယ်ပြောပါတယ်။ အလုပ်တွေလုပ်ရင်း ဖေစ်ဘုတ်ဖွင့်တော့ သတင်းတွေအချိန်နဲ့အမှီတက်တာမြင်ရ။ ဒါနဲ့ဘဲ လူပြောများတဲ့မန်းမြန်မာပလာဇာကြီး စောင်းမစောင်းသိရအောင် သူနဲ့အမြင့်ညီတဲ့ ယူနီဗာစ်ဟိုတယ် ကိုသွား မန်နေဂျာကို အကျုးိအကြောင်းပြောပြီးခွင့်တောင်းလို့ 12ထပ်ခေါင်မိုးကို တက်ပြီး လက်ဆော့ပါတယ်။ သူနဲ့ မန်းမြန်မာပလာဇာက တည့်တည့်ကိုး။ အောက်ခြေကတော့ ဘာမှန်းမသိပေမယ့် အထက်ကတော့အရင်အတိုင်းမပြောင်းမလဲ မစောင်းဘဲရှိနေတာမြင်ရ။ ရုံးခန်းဖွင့်ထားတဲ့ 25ထပ်အောက်ခြေမှာ ဆိုင်ကယ်စီးနေတဲ့လူကိုတောင်မြင်ခဲ့ရပါကြောင်း။ ကိုပေါက်လမ်းသလားခဲ့တာကို တင်ပြလိုက်ရပါ၏။