၆။ မတူ၍တူသော
၆။ မတူ၍တူသော
” ခြေတစ်လှမ်း အကွာက သူတို့နေရာ “(အပိုင်း ၆)
ကျနော်က နေ့ဘက်ကျယ်ခေါင်မှာအလုပ်လုပ်ပြီး ညဘက်မှာ ရွှေလီထဲသွားအိပ်ပါတယ်။
ကျနော်အိပ်တဲ့အခန်းက နေ လှမ်းကြည့်လိုက်ရင် ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကိုမြင်နေရပါတယ်။
လွန်ခဲ့သောနှစ်တွေကျနော်ရောက်တုန်းက ဒီနေရာကခြုံနွယ်ပိတ်ပေါင်းတွေနဲ့ပြည့်နေတဲ့ မြေကွက်လပ်ကြီးပါ။
နောက်တစ်ခေါက်ထပ်လာတော့ အဲဒီဝိုင်းထဲမှာ ဖြစ်သလိုဆောက်ထားတဲ့
မိုးကာတဲလေးတွေအပြည့်။
လူတွေကလဲရှုပ်ယှက်ခပ်။
ရေသုံးတော့ လမ်းဘေး ရေတိုင်ငုတ်ကနေပိုက်ဆွဲပြီးသုံး။
လျှပ်စစ်မီးတော့မရှိ။
မွေးထားတဲ့ဆိတ်တွေကလဲ အများကြီး။
အိမ်ရှေ့ထွက်ပြီးထမင်းဟင်းချက်ပြုတ်နေတော့ မီးခိုးလေးတွေက တအူအူ။
အဲတော့မှ သူတို့နိုင်ငံမှာလဲ နေစရာမရှိတဲ့” ကျူး”တွေရှိပါလားလို့သိခဲ့ရပါတယ်။
အခုတစ်ခေါက်ရောက်လာတော့ အဲဒီနေရာမှာအဆောက်အဦးအသစ်ကြီးဖြစ်နေပါပြီ။
ဈေးဖွင့်မယ်လို့ပြောပါတယ်။
ကျနော်စရောက်တဲ့အချိန်မှာမပြီးသေးပါဘူး။
ဆေးသုတ်နေတုန်းဘဲရှိပါသေးတယ်။
(အဲဒီမှာ အရင်နေခဲ့တဲ့ကျူးတွေကို ဖယ်ခိုင်းပြီးဈေးဆောက်တာလို့သိရပါတယ်။
မရှိလို့ လာနေ ၊
ပိုင်ရှင်က ဖယ်ပေးဆိုတော့လဲ အသာတကြည်ဖယ်ပေး။
ဆန္ဒပြတယ် ဘာဖြစ်တယ် ညာဖြစ်တယ်တော့မကြားလိုက်ရပါဘူး၊)
ဆောက်လုပ်ရေးလုပ်သားတွေကမြန်မာစံတော်ချိန် မနက်ခြောက်နာရီလောက်ဆိုရင်
အလုပ်စလုပ်နေကြပါပြီ။
အဆောက်အဦးကြီးရဲ့ပါတ်ပါတ်လည်မှာ အုတ်စီလမ်းခင်း
အုတ်တံတိုင်းခတ် တာတွေကိုလုပ်နေကြတာပါ။
မနက်စောစော နှင်းမကွဲခင် အလုပ်စလုပ်နေကြပါပြီ။
တွန်းလှည်းတွေနဲ့အုတ်သယ်သူကသယ်။
မဆလာဖျော်သူဖျော်နဲ့ အလုပ်တွေလုပ်နေကြတာ ချမ်းရအေးရကောင်းမှန်းမသိသလိုပါဘဲ။
သူတို့အလုပ်လုပ်ကြတာ အေးအေးဆေးဆေး သက်တောင့်သက်သာပါဘဲ။
ပျာလောင်ခတ်တာလဲမရှိ။
အလုပ်လုပ်နေရင်းတန်းလန်း ဆေးလိပ်သောက်တာ ကွမ်းစားတာလဲမရှိ။
ထိုင်နားနေတာလဲမရှိ သူတို့အလုပ်ကို သူတို့ ပုံမှန်လုပ်သွားကြပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းလုပ်တဲ့နေရာမှာ အမျိုးသမီးတွေလဲ ပါ ပါတယ်။
သူတို့ကတွန်းလှည်းတွေနဲ့ပစ္စည်းတွေသယ်ပေးါတယ်။
တစ်ပါတ်တောင်မကြာသေးခင်မှာအုတ်တံတိုင်းတွေပြီးသွားပါတယ်။
အုတ်စခင်းကတည်းက ချန်ထားခဲ့တဲ့နေရာလေးမှာ သစ်ပင်တွေလိုက်စိုက်ပြန်ပါတယ်။
ရွှေလီထဲကဆောက်လုပ်ရေးလုပ်ငန်းခွင်တိုင်းမှာ မြန်မာအလုပ်သမားနည်းနည်းနဲ့
တရုတ်အလုပ်သမားများများရှိနေတာကိုတွေ့ရပါတယ်။
ယူနန်ပြည်နယ်ရဲ့အစွန်အဖျားဖြစ်တဲ့ကျယ်ခေါင်မှာ မြန်မာတွေရယ်
ရှမ်းတွေရယ် တရုပ်တွေရယ်ရောယှက်လို့နေပါတယ။်
ဒီဘက်မှာက အမျုးိသမီးတွေက အမျုးိသားတွေနဲ့ တန်းတူအလုပ်လုပ်တာကိုတွေ့ရပါတယ်။
ကျယ်ခေါင်ထဲမှာ မရှိမဖြစ် က အငှားယာဉ်လေးတွေနဲ့ လူစီးဆိုက်တွဲလေးတွေပါ။
အငှားယာဉ်တွေက အနီရောင်လေးတွေများပါတယ်။
ဟွန်းအကျယ်ကြီးတီးပြီးလမ်းတောင်း
တလကြမ်းမောင်းနေကြတာပါ။
အဲလိုအငှားယာဉ်တွေက ရွှေလီနဲ့ကျယ်ခေါင်သွားတဲ့ ကားတွေပါ။
နန်းတော်ပေါက်မှာဂိတ်ထိုးလို့ထားကြတာပါ။
သူတို့တွေက အလှည့်နဲ့ထွက်တော့ ကားတစ်စီးထွက်သွားလို့ နေရာရွှေ့ရင်
ကားကိုစက်မနူှိးဘဲ တွန်းရွှေ့ကြတာကိုမြင်ရတော့ အတော် ပေသီးခေါက်တဲ့လူတွေ
ဘဲလို့တွေးရင်းပြုံးမိပါတယ်။
သူတို့တွေ ကားစောင့်ကြတဲ့အခါမှာ ခရီးသည်ကိုတော့ ကြိုပါတယ်။
တရုတ်စကားနဲ့မေးသူလဲရှိ
မြန်မာစကား မတတ် တ တတ်နဲ့ မေးသူလဲရှိ
ဒါပေမယ့် အချင်းချင်း နားလည်ထားကြတာက
ခရီးသည်လုမတင်ရ ၊
စကားမများရ၊
ရန်မဖြစ်ရ၊
တစ်ကားပြီးတစ်ကား တန်းစီ ကိုယ့်အလှည့်နဲ့ကို်ယ်ထွက်
ဆိုတော့ ပြဿနာ သိပ်မရှိသလိုပါဘဲ။
ဒီမှာက တစ်ယောက်နဲ့တစ်ယောက်ရန်ဖြစ်ရင်စကားများရင်
ပါးစပ်နဲ့ကြိုက်သလောက်ဆဲ
ကြိုက်သလောက်အော်
တံတွေးနဲ့ထွေးချင်ထိုး။
ဒါပေမယ့် လက်လုံးဝမပါရပါဘူး။
ဘာကြောင့် ဘယ်လိုဖြစ်ဖြစ် လက်နဲ့အရင်ထိုးသူက အမှားဖြစ်သွားပါတယ်။.
လျော်ရပါတယ်။
အဲတော့ ဖြစ်ရင် ပါးစပ်နဲ့ဘဲ အားရပါးရအော်ကြပါတယ်။
ဒါပေမယ့်လည်းအဲဒီကားမောင်းသမားအားလုံးက မိုက်ကယ်တွေချည်းပါဘဲ။
လမ်းပေါ်မှာ ဘယ်သူ့မှဂရုမစိုက် ဟွန်းအကျယ်ကြီးတီးပြီးလမ်းတောင်း
ရပ်ချင်သလိုရပ် မောင်းချင်သလိုမောင်း။
မြန်မာပြည်က ကားဆရာများထက် အပုံကြီးဆိုးပါတယ်။
ကျယ်ခေါင်-ရွှေလီမှာဆိုင်ကယ်မောင်းမယ် ကားမောင်းမယ်
ဆိုရင် အဲဒီအငှားကားကိုကြည့်ရှောင်ရပါတယ်။
ခရီးသည်လှမ်းတားတာမြင်ရင် ရှေ့မကြည့် နောက်မကြည့် လမ်းလည်ခေါင် က နေ ဘေးကိုဇွတ်ထိုးရပ်ပြီးလူတင်ပါတယ်။
အဲဒါကိုမြင်တော့ ရန်ကုန်မြို့က တက္ကဆီတွေက သူတို့လောက်မဆုးိသေးဘူးလို့
တွေးမိပါတယ်။
လူဘယ်လောက်ရှုပ်တဲ့လမ်းဖြစ်ဖြစ်လမ်းလည်ခေါင်ရပ်ကားတံခါးဖွင့်ပြီးလူတင်မယ်။
အေးအေးဆေးဆေးပါဘဲ။
သူတို့ကားရှေ့က ပိတ်နေတယ်ဆိုရင်လဲ
လမ်းဖယ်မပေးမချင်းနောက်ကနေ ဟွန်းအကျယ်ကြီးတီးနေမယ်။
လမ်းပြောင်းပြန်ဝင်ချင်ဝင်မယ်။
ရှေ့မကြည့်နောက်မကြည့် ကွေ့ချင်ရင်ကွေ့မယ်။
တကယ့်ကိုစည်းမဲ့ကမ်းမဲ့မောင်းကြတာပါ။
လမ်းပေါ်မှာဆိုင်ကယ်တစ်စီးနဲ့လှည့်နေတဲ့ ရဲတွေရှိနေချိန်တော့ စည်းကမ်းရှိကြပါတယ်။
အဲလိုအရမ်းမောင်းလို့လဲ အငှားယာဉ်နဲ့အိမ်စီးကား မကြာခဏ တိုက်ပါတယ်။
အဲအချိန်ဆိုရင်တော့ အာမခံဌာနကလူနဲ့ရဲမလာမချင်းလမ်းပေါ်မှာအော်ကြီးဟစ်ကျယ်နဲ့
ရန်ဖြစ်တာကိုမြင်ရတာမထူးဆန်းတဲ့မြင်ကွင်းပါဘဲ။
အငှားကား မောင်းနေသူတွေထဲမှာ
လူလတ်ပိုင်းယောက်ျားတွေအသက်ကြီးနေတဲ့ယောက်ျားတွေ နဲ့
တန်းတူ မောင်းနေတာကအသက်အရွယ်၃၀-၅ဝ ကြားမှာရှိတဲ့အမျုးိသမီးတွေပါ။
နောက်ကျယ်ခေါင်မြို့အဝင်က နန်းတော်ပေါက်မှာ ဆင်ဖြူပေါက်မှာ
ကျယ်ခေါင်မြို့ကဈေးနားမှာ လူနင်းတဲ့ဆိုက်တွဲလေးတွေတန်းစီလို့နေပါတယ်။
အဲဒီဆိုက်တွဲ ကို နင်းတဲ့သူ အများစုက အမျိုးသမီးတွေပါဘဲ။
ကို်ယ့်နေရာနဲ့ကိုယ် ကိုယ့်အလှည့်နဲ့ကိုယ် တန်းစီပြီးစောင့်နေကြတာပါ။
လမ်းသွားရင်းလာရင်း စီးမယ့်သူတွေ့ရင်လဲကောက်တင်သွားရုံပါဘဲ။
စီးမယ့်သူမလာသေးတဲ့အချိန်မှာတော့အချင်းချင်းစကားပြောရင်ပြောနေမယ်။
သိုးမွှေးထိုးရင်ထိုးနေမယ်။
ဒီဇိုင်းဖော်ပေးထားတဲ့ ပိတ်စလေးမှာ စီလွန်ချည်နဲ့အကွက်ဖော်ချင်ဖော်နေမယ်။
ဖုန်းတစ်လုံးနဲ့အလုပ်ရှုပ်ရင် ရှုပ်နေမယ်။
ပူပန်စရာမရှိ။
လာမောင်းထုတ်သူမရှိ။
စိုးရိမ်စရာမရှိ။
အနို်င်ကျင့်သူမရှိ။
အားလုံးသာသာယာယာပါဘဲ။
ကျယ်ခေါင်မှာ ဒီလို အငှားကားမောင်းတဲ့လုပ်ငန်း
ဆိုက်တွဲနင်းတဲ့လုပ်ငန်းအပြင် အမျိုးသမီးတွေအလုပ်လုပ်နေတာ
အများကြီးတွေ့ရပါတယ်။
အဲဒါတွေကတော့………………………………….
ကိုပေါက်လမ်းသလားနေသည်
21-7-2015
10 comments
မြစပဲရိုး
July 21, 2015 at 10:51 pm
စနစ်တကျ နဲ့ အလုပ် မရှားဘဲ လုပ်လို့ လဲ ရ၊ တန်ရာတန်ကြေး လဲ ရ ဆိုတော့ နေပျော်တဲ့ နေရာ လေးလို့ သတ်မှတ်ရမှာပါ။
ဆိတ်ကျောင်းသူက တောင် ဆိုင်ကယ်လေး နဲ့။ ဟန်ကျလိုက်တာ။
လမ်းတွေ လူတွေ ဈေးဆိုင်တွေ မြင်ရတာ သန့်သန့်ရပ်ရပ်။
ထိပ်ဆုံးက လမ်းဘေးက ခွေးရောင်းတာ ကြည့်ပြီး အဘဖော အသီးကွဲ သွားမလားဘဲ။
. ကြည့်ရတာ သနားစရာလေးတွေ။
အလှမွေး မဲ့ လူ ဘဲ ဝယ်မှာပါမဟုတ်လား။
ကိုပေါက်(မန္တလေး)
July 21, 2015 at 11:05 pm
ဒီမှာ ကန့်သတ်ချက်တစ်ခုတော့ရှိတယ်
မြို့လည်ပလက်ဖောင်းမှာ ဆိုင်ခင်းမရောင်းရဘူး
ဆိုင်ရှေ့ မှာ ခုံမခင်းရ စက်ဘီးဆိုင်ကယ်မရပ်ရ
အဲဒါကတော့ ကားနဲ့လှည့်ကြည်တယ်
အော်ပြီးသတိပေးတယ်
မရရင်ဒဏ်တပ်တယ်
ဒီမှာခွေးသားစားတယ်သာပြောတာ အိမ်တိုင်းလောက်နီးပါးခွေးမွေးတယ်
ခွေးမှာလည်ပါတ်တတ်ထားရင် ပိုင်ရှင်ရှိတယ်ဆိုတဲ့သဘော
အဲလိုခွေးမျုးိရိုက်ရင် တရားစွဲ ခံရနိုင်တယ်
လမ်းဘေးခင်းရောင်းတဲ့ခွေးက စားဘို့မဟုတ်
အလှမွေးဘို့ရောင်းတာ
ရွှေလီညဈေးတန်းမှာ ခွေးသားရောင်းတဲ့ဆိုင်ရှိတယ်
မစားချင်ပါ
အောင် မိုးသူ
July 22, 2015 at 9:54 am
ခွေးကြီးတွေ လှလိုက်တာ
ကိုပေါက်(မန္တလေး)
July 22, 2015 at 9:07 pm
အဲ့ခွေးတွေကို ကားတွေ ဆိုင်ကယ်တွေ ရပ်ပြီး ဝယ်ကြသဗျ
aye.kk
July 22, 2015 at 10:44 am
ကိုပေါက်ရေ
ဆိုက်တွဲနင်းတဲ့အမျိုးသမီးပုံတွေ့တော့
၁၉၇၈ခုနှစ်ကပုသိမ်မှာအမျိုးသမီးယာဉ်မောင်း
နောက်လိုက်လုပ်တာတွေ့ဘူးတာကို သတိရမိတယ်။
မတူ၍တူသောဖတ်ပြီးသူတို့ဆီကဒေသန္တရဗဟုသုတတွေ
သိလိုက်ရလို့ ကျေးဇူးပါနော်။။
ကိုပေါက်(မန္တလေး)
July 22, 2015 at 9:12 pm
မမအေးရေ
မြင်တာတွေ့တာ လေးတွေ ပါးပါးလေးမျှတာပါ
တောင်ပေါ်သား
July 22, 2015 at 12:17 pm
ဆိုက်ကားလေး မစီးရက်စရာ 🙂
အဲ့ခွေးတွေ သားတော်မောင်တွေ့ရင် ပူဆာမှာ အသေအချာ
ကိုပေါက်(မန္တလေး)
July 22, 2015 at 9:14 pm
သူတို့ဆီကတော့ ဟိုနားဒီနား ငှားစီးကြပါတယ်
ခွေးလေးကတော့ ကျနော်တောင်မွေးချင်စိတ်ပေါက်လာတယ်
Mike
July 22, 2015 at 2:37 pm
.ဆိုင်းဘုတ်တွေမတော့ မြန်မာလိုပါရေးထားတာသတိထားမိတယ်
.အင်း…မြန်မာပြည်နဲ့အကူးလူးဆက်ဆံများတာကိုး…ကေ ျးကေ ျး ကိုပေါက်
ကိုပေါက်(မန္တလေး)
July 22, 2015 at 9:19 pm
ကိုမိုက်ရေ
ဒီမှာက မြန်မာစာတွေနဲ့ ဆိုင်းဘုတ်ထောင်ထားပါတယ်
ဒီဘက်က ဖုန်း တွေ ဆိုင်ကယ်တွေ နဲ့ လျှပ်စစ်ပစ္စည်းတွေရဲ့ အဓိက ဖောက်သည်က မြန်မာတွေပါဘဲ
သူတို့က ကျနော်တို့ဘက်က ထွက်တဲ့ ဖရဲသီးတွေ ကျောက်တွေ ဆန်တွေပြန်ဝယ်ကြပါတယ်