အရောက်နောက်ကျတဲ့ ရွှေပိတောက်
အရောက်နောက်ကျတဲ့ ရွှေပိတောက်
အချိန်မှန်မရောက်
နောက်ကျတဲ့ပိတောက်။
သစ္စာဖောက်တယ်လို့တော့ မဆိုရက်။
လှချက်က ရက်စက်တော့
ပက်ပက်စက်စက်ကြီးကို
လက်ဆော့ မိပါတယ်။
ကိုပေါက်ရဲ့စနက်ရှော့ မဟုတ်တဲ့လက်ဆော့
19-4-2013
19 comments
ကိုပေါက်(မန္တလေး)
April 19, 2013 at 1:01 pm
ပိတောက်ပန်းတွေအများကြီးလက်ဆော့ ထားပါသည်
ထပ်လာပါအုံးမည်
KZ
April 19, 2013 at 1:09 pm
ကြည့်ရင်း မွှေးလာသလိုပဲကွယ်။
:528:
ကိုပေါက်(မန္တလေး)
April 19, 2013 at 1:15 pm
မယ်ခိုင်ဇာရေ တကယ်ကို မွှေးပါတယ်။
ဓါတ်ပုံရိုက်နေရင်း ပိတောက်ရနံ့တွေသင်းပျံ့နေတာ ကြည်နူးစရာ။
မယ်ဘုတ်
April 19, 2013 at 1:59 pm
တကယ်ပဲ နှာခေါင်းထဲမှာ အနံ့ ရလာသလိုပါပဲ ..
လိုချင်လိုက်တာ .. :hee:
Hnin Hnin
April 19, 2013 at 2:38 pm
ပိတောက်တွေ လှချက်ကလည်း ရက်ရက်စက်စက်ပါပဲ။
ကိုပေါက်(မန္တလေး)
April 19, 2013 at 3:22 pm
မနှင်းရေ နောက်ရက်ထပ်တင်အုံးမယ် အများကြီးကျန်သေးတယ်အေ့
ဗုံ ဗုံ
April 19, 2013 at 3:50 pm
လှလိုက်တဲ့ ပိတောက် ရိပ်သာထဲမှာ အကြတ်နေ့တုန်းက တစ်ခက်နှစ်ခက်ပွင့်နေတာ ခူးချင်လိုက်တာ ဆတ်ဆတ်ခါနေတာဘဲ ခြေတစ်လှမ်း ကုဋေတစ်သန်းနဲ့ ကြွနေရတာမို့ အားလျှော့လိုက်ရတယ် ဒါနဲ့ တမီးနဲ့ ပိတောက်ဘယ်ဒူက ပိုလှလဲဟင် ဖေပေါက် :harr:
ကိုပေါက်(မန္တလေး)
April 19, 2013 at 6:19 pm
ကိုယ့်သမီးဘက် ကိုယ်လိုက်တာ အမှန်ဆုံးထင်ပါ့အေ
MaMa
April 19, 2013 at 5:24 pm
အစိမ်းရောင်နဲ့ပိတောက်ဝါရောင် ရောနေတဲ့ ပုံလေးတွေကြည့်ရတာ စိတ်ကြည်လင်စရာပါပဲ။ :hee:
ကိုပေါက်(မန္တလေး)
April 19, 2013 at 6:23 pm
မမရေ
ဒီနေ့တော့ မနက် ငါးနာရီခွဲကျော်ကျော်က စပြီး ပိတောက်မွှန်လိုက်မိတာ
လမ်းလျောက်က အိမ်အပြန်နောက်ကျတော့ မဒမ်ပေါက် က ဟောက်သဗျာ။
7း30မှပြန်ရောက်တော့ အလုပ်နောက်ကျတာပေါ့ဗျာ
Hnin Hnin
April 20, 2013 at 8:31 am
ဓာတ်ပုံကို…လက်ကုန်မှတ်လို့
ကဲလို့သာမွှန်…ပြန်ချိန်လွန်
ပိတောက်ကိုစွဲ…. ပုံဆက်ဆွဲ
စေတနာဆွဲ…ဝေဖြာကဲပုံက
ပုံပိတောက်ပမာပေ….မို့
မဟောက်စေချင်…မယ်ပေါက်လင်
:hee:
မောင် ပေ
April 19, 2013 at 8:14 pm
အစဉ်အလာမပျက်
ပွင့်ပေးရှာသော
ရွှေပိတောက်
ငွေရည်သောက်ကာ
လှချင်တိုင်း လှပေစွနေပါတကား
ဦးဦးပါလေရာ
April 20, 2013 at 12:58 am
ုပုံ ၄ ထဲက ပိတောက်ပင်လေးကို သဘောကျလိုက်တာ ကိုပေါက်ရယ်…။
တပင်လုံး ဝင်းဝါနေအောင်ပွင့်နေတာ အရွက်တောင် သိပ်မရှိဘူး။
ကိုပေါက်(မန္တလေး)
April 20, 2013 at 9:39 am
ကိုပါရေ အဲဒီပုံလေးက အလင်းရောင်ကောင်းကောင်းရရင် ဒီထက်ပိုလှမယ်။
အလင်းရောင်ရအောင်စောင့်လိုက်ရင်လဲ အပင်ပေါ်မှာ တစ်ပွင့်မှကျန်မယ်မထင်။
kai
April 20, 2013 at 1:32 am
အဲဒီပိတောက်ပန်းပွင့်လေးကိုခြွေ.. တစစီဓာတ်ပုံရိုက်.. Adobe Illustrator ပေါ်တင်ပြီး.. ဆွဲဖူးတယ်..
အခုထိလည်း.. Brush အဖြစ်သိမ်းထားတယ်..
ပုံမှာပန်းတွေနဲ့ဝေချင်ရင်လွယ်လွယ်လေး… :harr:
ဆိုတော့..
အခုလိုအနီးကပ်ရိုက်ထားတဲ့သူ..အင်မတန်ရှားတာ..
တန်ဖိုးရှိပါကြောင်း.. ရယ်လို့..။
ကိုပေါက်(မန္တလေး)
April 20, 2013 at 9:41 am
ကျနော်က ဖိုတိုရှော့ တွေဘာတွေမတတ်ဘူးဗျ။
အဲတော့ လဲ ကိုယ့်လက်ဖြစ်ကိုယ်ဘဲ အားကိုးရတာပေါ့ ကိုခိုင်ရေ။
ရွှေတိုက်စိုး
April 22, 2013 at 1:58 pm
အော် သစ္စာမရှိတဲ့ ပိတောက် တောက်စ်စ်စ်စ် (ခရက်စ်ဒစ် တူ အာဂ)…… ဘယ်နှယ့်ဗျာ သင်္ကြန်မှာ မပွင့်ဘူး… သစ္စာမရှိဘူး မုန်းဒယ် မုန်းဒယ်…
စဉ်းစားကြည့်လေ.. အိမ်က ချစ်ဇနီးလေး စိမ်းကို ပိတောက်ပန်းနဲ. ရေမကန်တော့လိုက်ရဘူး……….အဟီးးးးးးးးးးးးးးး
ကိုပေါက်(မန္တလေး)
April 22, 2013 at 6:15 pm
မိန်းမရေကန့်တော့တာများ အေ ကြိုက်တဲ့အချိန်ကန့်တော့လို့ရနေတာကို
Ma Ei
April 23, 2013 at 10:15 am
…4 ပိတောက်ဆိုင်လေး တစ်…မှာ
ကော်ဖီတစ်ခွက်ပြီး တစ်ခွက် နဲ့
တစ်နေ့လုံးထိုင်နေချင်တယ်…