တစ်နှစ်ဆိုတာဘာမှ မကြာလိုက်ဘူးနော်


တစ်နှစ်ဆိုတာဘာမှ မကြာလိုက်ဘူးနော်
မနှစ်က ဒီလိုသင်္ကြန်နီးတဲ့အချိန် ကျုံးနံဘေးရောက်တော့ သင်္ကြန်မဏ္ဍပ်ဆောက်တာတွေ့ရော။
အဲဒါနဲ့ဘဲ မန်းလေးဆွမ်းဟော်တယ်ရှေ့ကနေ လမ်းလျောက်ရင်း မဏ္ဍပ်တွေဓါတ်ပုံရိုက်လာခဲ့တာပေါ့။
အဲဒီမဏ္ဍပ်ပုံလေးတွေကို သူများထက်ဦးဦးဖျားဖျားတင်မယ်ဆိုပြီး ရွာထဲတင်တာပေါ့။
တင်ပြီး စက်ပိတ်။
နောက်တစ်ခါပြန်ဖွင့်တော့ ဓါတ်ပုံတွေမှာ နာမယ်တွေတပ်ထားတာတွေ့ပါတော့တယ်။
အဲဒီမှာ စိတ်တွေတိုပြီး စာတွေရေးတော့တာပေါ့။
ကျနော်က ကျနော်ပုံတွေမှာ နံမယ်မရေးပါဘူး။
ပုံအလှပျက်မှာစိုးတာရယ် ကျနော်လို့ လက်ဆော့ တဲ့သူတစ်ယောက်ရဲ့ ဓါတ်ပုံက
သူများယူသုံးရလောက်အောင် မလှပ မသေသပ်ဘူးလို့ ခံယူထားတာလဲပါတယ်။
အဲတော့ပုံမှာ နံမယ်တွေရေးထားတော့ စိတ်တွေတို လူကြီးတန်မဲ့ စွာလန်ကျဲလုပ်တာပေါ့။
နောက်တော့ ရန်ဖြစ်လို့လဲဝရော သူနဲ့ကိုယ်နဲ့သားအဖဖြစ်သွားရော။
ပထမတစ်ယောက်တုံးကလဲ ရွှေဘိုသားနဲ့ရန်တွေဖြစ်ပြီး သားအဖဖြစ်။
အခုတော့ ရွှေဘိုသားလဲ မိန်းမရသွားလားတောင်မသိ။
ပျောက်နေပါတယ်။
အခုသားကြီးကတော့ လိမ္မာပါတယ်.။
အရက်မသောက်
ဖဲမရိုက်
အလေမလိုက်
လက်ဖက်ရည်နဲ့ကွမ်းတော့ကြိုက်တယ်။
တစ်ရက်လက်ဖက်ရည်ဆယ်ခွက်။
ကွမ်းက ငါးထောင်ဘိုးလောက်ဘဲ စားပါသတဲ့။
ခက်တာက သူလဲအသက်အရွယ်ရလာတော့ မိန်းမလိုချင်ပြိတဲ့။
အဲတော့ ရှာပေးရတော့တာပေါ့.။
သူ့အတွက် တစ်ယောက်တော့ တွေ့ထားတယ်။
သူအတွက် သဘောကျလို့ကြည့်ထားတဲ့ကောင်မလေးက ချစ်စရာလေးဗျာ။
အငယ်ကောင်နဲ့ တော့ မွေးဇာတိတူတယ်ပြောတာဘဲ။
အင်း တစ်နှစ်ဆိုတာက ဘာမှ မကြာလိုက်ဘူးနော်။
ကလေးတွေအရွယ်ရှိတုံးကျုပ်လဲ မသေခင် နေရချပေးမှာပါဘဲ။
နို့မဟုတ်ရင်ကျုပ်ကောင်ကြိး မုန်းရစ်လေဦးသီချင်းဘဲ ဆိုနေရလိမ့်မယ်။
ကဲ ခမီးခက်တော်ချင်သူများလဲ ကျုပ်က ဝဲလ်ကမ်းပါဗျာ
လာခဲ အပ်ချလောင်း းးးးးးးးးးးးးးးးးးးးးးး
ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး
31-3-2013






32 comments
KZ
March 31, 2013 at 9:06 am
ရှေ့ကို မျှော်ကြည့်ရတဲ့ အချိန်တွေက ကြာတယ်ထင်ရသလောက်
နောက်ပြန်လှည့်ကြည့်ရတဲ့ အချိန်တွေက ခဏလေးလို့ထင်ရတယ်နော်။ 🙁
ဪ ဘာလိုလိုနဲ့ မန်းလေး သင်္ကြန်နဲ့ ဝေးနေတာ ၆ နှစ်ရှိပြီဗျ။ 🙁
သစ်ရွက်ကြွေတွေ၊ လေရူးတွေ၊ မြေသင်းနံ့တွေ ရတိုင်း ရူးချင်မိတယ်။ 🙁
စကားမစပ် ခု မိန်းမ ရှာပေးရမဲ့ သားကတော့ စွံမယ် မထင်ပေါင်ဗျာ။
ကိုပေါက်(မန္တလေး)
March 31, 2013 at 9:19 am
မယ်ဇာ ပြန်မလာချင်ဘူးလားအေ့
စကားမစပ် ခု မိန်းမ ရှာပေးရမဲ့ သားကတော့ စွံမယ် မထင်ပေါင်ဗျာ။
သူ့ပြောထားတယ် လက်သည်လဲအားမကိုးနဲ့ ကိုယ့်ဘာသာကိုယ်လဲလှုပ်အုံးလို့
မဟာရာဇာ အံစာတုံး
March 31, 2013 at 10:22 am
အေးဗျာ …
တစ်နှစ်ဆိုတာ ဘာမှ မကြာလိုက်ဘူးဗျာ ..
ဖင်လှည့် ခေါင်းလှည့်နဲ့ ကုန်သွားတာပဲ …
မနှစ်က ဒီလိုအချိန် ..
ကျုပ် ရွာထဲမှာ ရှိနေပါလား ဆိုတာတောင် မမှတ်မိတော့ဘူး …
ဒါနဲ့ စကားမစပ် …

မိန်းမ ရှာပေးနေရတဲ့ သားကြီး ဆိုတာ ဘယ်သူတုန်းဗျ …
ကိုပေါက်(မန္တလေး)
March 31, 2013 at 1:15 pm
အိပ်ချင်ယောင်ဆောင်သူ အနုးိရခက်
ရူးချင်ယောင်ဆောင်သူ အငြင်းရခက်
တတ်ချင်ယောင်ဆောင်သူ အသင်ရခက်
ဆူး
March 31, 2013 at 11:09 am
၁နှစ်ဆိုတာ မကြာလိုက်ဘူး ဆိုတာ အမှန်ပဲ လေးလေးရယ်.. ဆူး တို့ စုပေါင်း အလှူအတွက် အန်တီမမ ရဲ့ ဆေးရုံဖွင့်ပွဲ ဖိတ်စာလေး မြင်တော့.. အတိတ်ကို ပြန်တွေးမိတာ.. ၁နှစ် ဆိုတဲ့ အချိန် ယန္တရားကြီးကို ရစ်ကြည့်လိုက်တာ.. တော်တော် နီးနီးကပ်ကပ်မှာပဲ ရှိနေတယ် ထင်ခဲ့တာ.. ၁နှစ်တဲ့..
ကိုပေါက်(မန္တလေး)
March 31, 2013 at 1:17 pm
ဟုတ်တယ်မဆူးရေ
မနေ့ညက ဖိတ်စာမြင်လိုက်တော့
ပန်းတနော်ဓါတ်ပုံတွေပြန်ရှာကြည့်ပြီးလွမ်းသွားတယ်။
အဲဒီတုံးကလို စည်းလုံးမူ့မျိုး ထပ်ရနိုင်ဘို့ မလွယ်ကူတာလဲ အမှန်ပါဘဲ.
နေဝန်းနီ
March 31, 2013 at 11:17 am
ကိုပေါက် ကသာ သင်္ကြန်မဏ္ဍပ်ဆိုလို့ရယ် ကျနော်က ရေသန့်ဗူး ကြောငြာဆိုင်းဘုတ်ပဲတွေ့တယ်
ကိုပေါက်(မန္တလေး)
March 31, 2013 at 1:19 pm
မဏ္ဍပ်ရှိလို့ကြော်ငြာ
ကြော်ငြာရှိမှမဏ္ဍပ်ဖြစ်
အဲဒါ ဘဝ အစစ်
မောင် ပေ
March 31, 2013 at 1:21 pm
အဲဒီနေရာမှာ
အဲဒီလူတွေ နောင် နှစ်၅ဝလောက်အထိ
ပျော်နိုင်ပါ့မလားဗျာရယ်လို ့
မနက်တုန်းက ဖတ်ခဲ့တဲ့ ဒေါက်တာမတင်ဝင်း စာထဲကလို တွေးပြီး မန် ့ခဲ့ပါတယ်
ကိုပေါက်(မန္တလေး)
March 31, 2013 at 1:42 pm
လူ့ဘဝဆိုတာ စိတ်ညစ်စရာ
ဖယ်ထား ခဏ။
ပျော်စရာ လာထား
ရတုံးလေးပျော်ရတာ။
ဒိလိုနဲ့ဘဲ တစ်ခဏလိုု့ဆိုနိုင်တဲ့ လူ့ဘဝက မသိမသာကုန်သွားမှာပေါ့။
အရီးခင်လတ်
March 31, 2013 at 5:26 pm
ဟုတ်ပ ကပေါက်ကြီးရေ။
တစ်နှစ်ဆိုတာ ဘာမှမကြာလိုက်ဘူး။
မနှစ်က ဒီ အချိန် အိမ်ပြန်ဖို့ အရမ်းပျော်နေခဲ့တာ။
ကိုပေါက်(မန္တလေး)
March 31, 2013 at 9:55 pm
ဟုတ်ပ ကိုလတ်ကြီးရေ အချိန်တွေကတရွေ့ရွေ့နဲ့ ကျနော်တို့ရဲ့ အသက်တွေကို ရွှေ့ နေတာလေ။
ဂန္ဓာရီ ဆြာအုပ်
March 31, 2013 at 6:49 pm
တစ်နှစ်ဖြစ်ဖြစ်
တစ်ရက်ဖြစ်ဖြစ်
ဆယ်နှစ်ဖြစ်ဖြစ်
တကယ်တော့ အားလုံးက မနေ့ကနဲ့တူတူပါပဲ
ကိုပေါက်(မန္တလေး)
March 31, 2013 at 10:09 pm
ဘိုအုပ် ကျနော်လာရင် 3in 1 နော်
Mr. MarGa
March 31, 2013 at 7:07 pm
တစ်နှစ် ကုန်ပြန်ပေါ့
နှစ်ဟောင်းကုန် နှစ်သစ်ကူးတော့
အတိတ်ကလေးတွေ ပြန်ပေါ်လာတယ်။
လွမ်းစရာလေးတွေတော့ ဖြစ်ကုန်ပါပြီ။
ဦးကြောင်ကြီး
April 1, 2013 at 8:59 am
ကြာလိုက်ဘူးနော်
ရွာသိုက်တူးဖော်
ညာတိုက်မူးပျော်
ဒါရိုက်ပူးအော်..။
ရွှေတိုက်စိုး
April 1, 2013 at 10:21 am
အော် အယ်လပိုင်း အယ်လပိုင်း စိတ်နာလွန်းလို. ရေတောင် ဝယ်မသောက်ဘူး..ဟွန်…
နှစ်တိုင်း တန်းစီလိုက်ရတာ…… အမောပဲ တစ်နှစ်မှကို ရှေ.မရောက်လိုက်ဘူး…
အဲအဲ မနှစ်ကတော့ ရှေ.ရောက်ပါတယ်…. ပျော်လိုက်တာ..မပြောပါနဲ.. ကိုယ်ရောက်မှပဲ.. ပွဲသိမ်းသွားတယ်……..အဟင့်အဟင့်အဟင့် ရေပိတ်သွားလို. ကိုယ့်ဟာကို ကျုံးထဲကရေခတ် ချိုးပြန်လာခဲ့ရတယ်………. မုန်းထာအေ……….
ကိုပေါက်(မန္တလေး)
April 1, 2013 at 12:31 pm
ဟုတ်တယ် အယ်လပိုင်းစိတ်နာလို့ မသောက်ဘူူး
မြန်မာဘဲသောက်တယ်
weiwei
April 1, 2013 at 10:28 am
ဒီနှစ်သင်္ကြန်တော့ မန္တလေးရောက်ဖြစ်မယ်ထင်တာပဲ .. အခုထိတော့ မသေချာသေးဘူး …
ကိုပေါက်(မန္တလေး)
April 1, 2013 at 12:38 pm
မန်းလေးသင်္ကြန်ကပျော်စရာကောင်းပါ၏။
ကိုပေါက်(မန္တလေး)
April 1, 2013 at 12:21 pm
စက္ကန့်ကိုစား မိနစ်
မိနစ်ကသွား နာရီ
နာရီမှ ဆက် တစ်ရက်
တစ်ရက်မှ ထပ် တစ်ပါတ်
တစ်ပါတ်မှ စ တစ်လ
တစ်လမှ ဖြစ် တစ်နှစ်
စက်ဝန်းရာသီ
အလီလီပြောင်း
ချိန်ပြောင်းနာရီ ကြာပြီလို့တောင်မထင်ရ။
nay khin
April 1, 2013 at 3:42 pm
ဒို့ကမန်းလေးသူမဟုတ်တော့ ပုံလေးတွေအရမ်းလှတယ် မမြင်ဘူးတဲ့နေရာလေးတွေလဲ မြင်ဘူးရတယ်
ကျေးဇူးအထူးတင်ပါတယ်
ခင်ခ
April 1, 2013 at 3:55 pm
အင်း ၃၆၅ ရက် တစ်ခါပြည့်ပြန်အုံးမပေါ့နော်။
ဒီလိုနဲ့ဘဲ အတာရေနဲ့ ဆေးခဲ့ပေါင်းလည်း များခဲ့ပါပေါ့ကွယ်။
ကိုပေါက်(မန္တလေး)
April 1, 2013 at 5:28 pm
ဟုတ်ပ ကိုခ
ဘယ်လောက်ဆေးဆေး မပြောင်တာတော့ ကျနော်တို့လူတွေရဲ့စိတ်ပါဘဲ။.
ဗုံ ဗုံ
April 1, 2013 at 4:30 pm
တစ်နှစ်ပြောင်းသွားပြန်ပေါ့ မိဗုံကတော့ ဒုံရင်း ဒုံရင်းပါဘဲလားကွယ်
etone
April 2, 2013 at 10:48 am
ဟုတ်ပါ့ လေးလေးရေ … တနှစ်ဆိုတာ ဘာမှ မကြာလိုက်ဘူး ။
သင်္ကြန်တွင်း အခန်းအောင်းပြီး ရွာထဲ ဝင် စာဖတ်တုန်းက မှတ်မှတ်ရရ လေးလေးက မဏ္ဍပ်ပေါ်က အလန်းလေးတွေ ကို ဓါတ်ပုံရိုက်ပြီး တင်ခဲ့တာ မှတ်မိနေပါသေးတယ် … ။ အဟီး
ဒီနှစ် ရာသီဥတု အရမ်းပူတယ် လေးလေးရေ …. သင်္ကြန်ဆို ငယ်ငယ်က မဏ္ဍပ်မှာ နေပူပူ မိုးရွာရွာ ခုန်ပေါက်ခဲ့တာ ပျော်စရာလို့ ထင်ပေမယ့် အခုတော့ အပြင်တောင် မထွက်ချင်တော့ဘူး ။ သူများတွေ ပျော်နေတာကိုပဲ ပြည်တွင်း ရုပ်သံလိုင်းတွေကနေ ထိုင်ကြည့်တော့မယ် ။
ကိုပေါက်(မန္တလေး)
April 2, 2013 at 1:07 pm
ဒီနှစ်လဲ လန်းလန်းလေးတွေရှာတင်ပါအုံးမည်
စောင့်မျော်ကြပါကုန်
nay khin
April 2, 2013 at 10:52 am
ကို… လား… မလား
နေဝန်းနီ…..ရေ
ဒို့ ဇာတိက ကသာမြေ စစ်ကိုင်းတိုင်း
ရတနာပုံမှာကျောင်းပြီး၊ မန္တလေးမှာ ဝန်ထမ်းဖြစ်
မန်းက ပုံလေးတွေကြည့်ပြီး ပျော်တယ်.လှလဲလှတယ်
ကိုပေါက်(မန္တလေး)
April 2, 2013 at 1:15 pm
ကိုကိုလူပျိုကြိးနေဝန်းနီရေ
မန်းလေးကိုလာတော့ဘူးလား
အဲ့လောက်တောင်စိတ်နာနေဘီလား
uncle gyi
April 2, 2013 at 11:04 pm
တနှစ်ခဏကလေးလူနဲ့
တနှစ်အကြာကြီးပဲဆိုတဲ့သူ
ဘယ်သူမှန်သလဲ
နှိုင်းရတွေနဲ့လူ့ကမ္ဘာ
ကိုပေါက်(မန္တလေး)
April 3, 2013 at 4:25 pm
အချိန်ကာလရဲ တိုင်းတာမူ့က လူ့ခံစားမူ့နဲ့ ဘဲဆိုင်တယ်လို့ထင်ပါတယ်။
တစ်နာရီခြင်းတူပေမယ့်
ချစ်သူနဲ့နေရရင်ခဏလေး
ဖားသားကြီးက ပွမ်နေရင် အကြာကြီး အဲလို
myanmar oscar
April 2, 2013 at 11:30 pm
ကလေး လေးလိုပဲနေတော့မယ်
ကျောတော့ဗူးနော်