“ခြံထွက်သီးနှံတွေနဲ့အောင်ပန်းဈေးနေ့ ”19     အောင်ပန်းဈေးထဲကိုလျောက်သွားရင်းနဲ့ ဟိုးအရှေ့ဘက်က ဈေးတန်းထဲကိုရောက်သွားပါတယ်။ ဈေးတန်းအစွန်မှာတော့ ကိုယ့်ဝင်းကိုယ့်ခြံကနေထွက်တဲ့ အသီးအနှံတွေကိုလာရောင်းကြတဲ့ အသယ်လေး တွေကိုတွေ့ရပါတယ်။ ဖြူဖွေးဖွေး ဂျူးမိတ်ထွားထွားကြးီတွေ။ အရည်ရွှမ်းမယ်ဆိုတာသေချာနေတဲ့ ဝါဝါစိမ်းစိမ်းသံပုရာသီးတွေ၊ ခါဂျက်ဥ နီနီရဲရဲကြီးတွေ မြင်ရတာ စားချင်စရာ။ ကြက်သွန်ဖြူ တစ်လုံးဥသယ်တွေကလဲမရှား။ ရေခံမြေခံကောင်းတဲ့ဒေသဆိုပြန်တော့ အသီးအနှံတွေကလဲ ဖွံ့ဖွံ့ထွားထွား။ ဒီဈေးနေ့မှာ လာထွက်တဲ့အသည်လေးတွေကတော့ ကြုံတဲ့နေရာမှာ ဗန်းတစ်ခင်းစားလေးရတယ်ဆိုရင်ကို ဆိုင်ဖွင့် လို့ ရပါပြီ။ သူများဆို်င်ရှေ့ကို ပိတ်ထွက်တယ်ဆိုပြီး စကားများကြတယ်ဆိုတာမရှိပါဘူးတဲ့။ ဒီလိုဘဲ တိုးတိုးဝှေ့ဝှေ့ပူးပူးကပ်ကပ်ထွက်ကြပါသတဲ့။ အေးချမ်းလိုက်တာနော်။ ကျနော်လဲဈေးအနှံ့လျောက်ကြည့်ပြီးလက်ဆော့။ ဈေးဝယ်ပြီးပြန်တဲ့လူ အခုမှဈေးကိုရောက်သူ။ ပုလိုင်းလေးလွယ်ပြီး ဘာဝယ်ရမှန်းမသိလို့ဈေးထဲလျောက်သွားနေသူ။ တပြေတရွာကနေလာပြီး ပအိုဝ်တိုင်းရင်းသားတွေကိုမြင်လို့စိတ်ဝင်တစား ကြည့်နေ ဓါတ်ပုံရိုက်နေသူ။ ကျနော်လက်ဆော့တာကို ငေးမောပြီး ပြန်ကြည့်နေသူ။ မြင်မြင်သမျှကတော့ အေးဆေး။ […]


“အမြဲမရှိဆိုတာမှားတယ်လို့ သက်သေပြနေတဲ့နေရာလေး”     ကျနော်တို့ အမြဲကြားနေရတဲ့စကားကတော့ အနိစ္စအမြဲမရှိပါတဲ့။ ဒါပေမယ့် ဒီနေရာလေးကတော့ ခေတ်တွေဘယ်လိုပြောင်းပြောင်း အုပ်ချုပ်သူဘယ်လိုပြောင်းပြောင်း မပြောင်းမလဲ ရှိနေတာလေးပါ။ တက်သိမ်းအင်း (ကန်တော်ကြီး)အရှေ့ဘက်ခြမ်း တိုက်ခန်း တွေရဲ့အနောက်ဘက်ကလမ်းကလေးပါ။ တိုက်ခန်းနေတဲ့အခန်းသုံးဆယ်က နေတဲ့လူတွေနေ့စဉ်သုံးတဲ့အမိူက်တွေကို ပစ်ရတဲ့နေရာလေးပါ။. ဒီအမိူက်ပစ်တဲ့နေရာလေးကို အစက သံစည်ပိုင်းလာချထားပေးပါတယ်။ ဒါပေမယ်အမိူက်က များ အမိူက်သိမ်းကားကမလာဆိုတော့ အဲဒီသံစည်ပိုင်းလေးလဲ သံချေးတက်ပေါက်ပြဲသွားတော့ ပြန်လာသိမ်းသွားပါတယ်။ နောက်တော့ ဝါးနဲ့ယက်ထားတဲ့ အမိူက်ခြင်းအကြီးကြီးလာချပေးပြန်ပါတယ်။ အဲဒါကလဲ အမိူက်မှန်မှန်လာမသိမ်းတော့ ဝန်နဲ့အားနဲ့မမျှဆိုတာလို ဆွေးပြီးပျက်သွားပြန်ရော။ အခုတော့ ဘာမှလာမထားတော့ တိုက်ခန်းနေတဲ့လူတွေကလဲ မြေကြီးပေါ်ဘဲအမိူက်သွန်ရတော့တာပေါ့။ ဒီအမိူက်ပုံလေးကို မနက်အာရုံတက်က စလို့ မိုးချုပ်တဲ့အထိ အမိူက်ကောက်တဲ့လူတွေက လာလာဖွပါတယ်။ အဲတော့ နဂိုရ်က မှ အထိန်းအကွပ်မဲ့နေတဲ့အမိူက်တွေက လမ်းပေါ်မှာ မြင်မကောင်းအောင်ပြန့်ကျဲနေပါတယ်။ စည်ပင်သာယာက လာမသိမ်းတာကြောင့် အမြင်မတော်တော့ […]


                  “မထင်မှတ်ဘဲဆုံလိုက်ရတဲ့ ရှမ်းရိုးရာကပွဲလေး”   တောင်ကြီးကို (6-10-12)နေ့မနက်မှာရောက်ပါတယ်။ (7-10-12)နေ့မှာ အောင်ပန်းကိုဆင်းဘို့ပြင်ဆင်ထားပါတယ်။ ကားသွားမေးတော့ နေ့လည်တစ်နာရီခွဲမှာတစ်စီး ညနေသုံးနာရီခွဲမှာတစ်စီးလို့ဆိုပါတယ်။ အဲဒါနဲ့ နေ့လည်တစ်နာရီကားကိုလက်မှတ်ဖြတ်လိုက်ပါတယ်။ မှန်လုံးကား တောင်ကြီးမြို့မဈေးမြောက်ဘက်က ဂိတ်တဲလေးမှာလက်မှတ်ဖြတ်။ နေ့လည်တစ်နာရီဒီနားအရောက်လို့ဆိုပါတယ။် အဲဒီလက်မှတ်ဖြတ်ပြီးတော့ (9-10-2012)နေ့ညမှာမန်းလေးပြန်ဘို့တွက်ကားလက်မှတ်သွားဖြတ်ရပြန်ပါတယ်။ ကားလက်မှတ်အရောင်းဌာနတွေကတော့ဈေးမြောက်ဘက်တစ်လမ်းကျော် အောက်ဖက်ချိုင့်လေးထဲမှာတန်းစီနေပါတယ်။ ကျနော်လက်မှတ်ဖြတ်ဘို့အသွားအပေါ်လမ်းပေါ်မှာတော့ လူတွေရုံးစုရုံးစု။ ဘင်ခရာ တဒုန်းဒုန်းတီးသံလဲကြားနေရပါတယ်။ ကားလက်မှတ်ဖြတ်ရတာက အောက်ချိုင့် ထဲမှာ အသံကြားရတာက အထက်ကားလမ်းမှာဆိုတော့ ဘာတွေမှန်းမသိ။ ကားလက်မှတ်ကို အောင်ပန်းကစီးမယ်လိုသေချာမှာ။ သူတို့ကချယ်ရီက လာစီးဘို့ပြော။ ကျနော်ကလအထုပ်အပိုးတွေနဲ့မလာချင်။ အောင်ပန်းလမ်းဆုံကစောင့်မယ်ပြောနဲ့ အတော်ကြာအောင်ပြောမှပြေလည်သွား။ တောင်ကြီးကနေ 6နာရီထွက်မယ် 7နာရီစောင့်နေပါ။ နောက်ကျရင်တာဝန်မယူလို့ပြောပါတယ်.။ လက်မှတ်ကိစ္စပြီးတဲ့အခါမှာ အပေါ်လမ်းက အသံကြားတဲ့ဘက်ကိုတက်ကြည့်တော့မှ ကျောင်းသူကျောင်းသားတွေရော လာကြည့်သူတွေရော […]


      “ရွှေကြက်ယက်ဘုရားသို့တစ်ခေါက်……………”     ပြီးခဲ့တဲ့အလုပ်ပိတ်ရက်က သွားစရာနေရာစဉ်းစားလိုက်တော့ ဟိုတလောကမှ နာရေးပို့ပြန်လာခဲ့တဲ့ တောင်အင်းမြောက်အင်းဘက်သွားမယ်လို့ စိတ်ကူးရပါတယ်။ အဲဒါနဲ့ဘော်ဘော်ကြီးကိုလှမ်းဖုန်းဆက်တော့ လမ်းပေါ်ရောက်နေပြီတဲ့။ တောင်အင်းမြောက်အင်းဆိုတာ မန်းလေးနဲ့ အတော်လေးလှမ်းတော့ တစ်ယောက်ထဲသွားရမှာပျင်းပါတယ်။ အဲဒါနဲ့နီးနီးနားနားကန်ပါတ်လမ်းကိုဘဲသွားမယ်ဆိုပြီး ထွက်လာခဲ့ပါတယ်။ ကန်ပါတ်လမ်းရောက်တော့ လှေတွေဖောင်တွေ လိုက်ရိုက်ရင်းနဲ့ ရွှေကြက်ယက်ဆိပ်ကမ်းနားကိုနီးလာပြန်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ဒီဇင်ဘာလကုန်ခါနီးမှာ ရွှေကြက်ယက် ရွှေကြက်ကျဘုရားကနေ ဧရာဝတီမြစ်နဲ့စစ်ကိုင်းဆိပ်ကမ်းကို ရို်က်ဘူးပါတယ်။ နောက်ဒီနေ့ထွက်တဲ့တိမ်တွေကအရမ်းလှပါတယ်။ အဲဒါနဲ့ရွှေကြက်ကျဘုရားနားကိုရောက်လာပါတယ်။ ဆိုင်ကယ်ကိုအပ်။ ရွှေကြက်ယက်ဘုရားဘက်ကိုလမ်းလျောက်ထွက်လာခဲ့ပါတယ်။ ရွှေကြက်ယက်ဘုရားက လမ်းတောင်ဘက်မှာရှိပြီး ရွှေကြက်ကျဘုရားက မြောက်ဘက်မှာရှိပါသတယ်။     ဘုရားကိုသွားနေရင်းငယ်ငယ်က နားဆင်ခဲ့ရတဲ့ ဝင်းဦးရဲ့နာမယ်ကျော် ကြက်ညီနောင် သီချင်းကိုတောင်သတိရမိပါတယ်.။ “ကြက်ညီနောင်ရေဝယ်မျောစေ မြကျောရယ်တဲ့ရွှေမင်းဝံတောင် လွဲတော့မရှောင် အာကာဘောင်ကြယ်မြောက်ကွဲ့ မြေမှာလူးစေ သွေပါဘူးမေ…………………” ဆိုတဲ့စာသားပါတဲ့သီချင်းလေးပါ။ သူ့ချစ်သူမိန်းကလေးအပေါ်မှာ သစ္စာမဖောက်ပါဘူး။ မရွှေေ့ပြာင်းနိုင်တဲ့ […]


                  “ကျနော်နှင့်ခရီးသွားဖော်များ”       ကျနော်တောင်ကြီးကနေ မန်းလေးကိုပြန်လာတော့ ရွာငံဘက်ကနေလှည့်ပြန်လာခဲ့ပါတယ်။ တောင်ကြီးကနေ အောင်ပန်းအရောက်မှာ ရွာငံဘက်က သွားတဲ့လမ်းနဲ့ ပုံမှန်သာစည်ဘက်ကသွားတဲ့လမ်း လမ်းခွဲပါတယ်။ အောင်ပန်းလမ်းဆုံအရောက်  အနောက်ဘက်ကိုဆင်းသွားရင် ကလော ကိုရောက်ပါတယ်။ ကလောနဲ့အောင်ပန်းက ခြောက်မိုင်ဘဲကွာပါတယ်။ ကလောက ဆက်ဆင်းသွားရင်တော့ ဝက်ဖြူရေ ဘုရားငါးဆူ သာစည် မိတ   ္ထီလာ မန်းလေးအစဉ်အတိုင်းရောက်သွားပါတယ်။ မိတ္ထီလာရောက်ရင်တော့ အမြန်လမ်းကနေမောင်းကြတာများပါတယ်။ ရွာငံဘက်ကနေသွားမယ်ဆိုရင်တော့ အောင်ပန်းလမ်းဆုံကနေမြောက်ဘက်အတိုင်းလိုက်ရပါတယ်။ ပင်းဒယကိုသွားတဲ့လမ်းပေါ့။ အဲဒီအတိုင်းလိုက်သွားပြီး လမ်းခွဲရောက်တဲ့အခါ အနောက်ဘက်ဆင်းလိုက်ရင် ရွာငံရောက်ပါတယ်။ ရွာငံကိုဖြတ်သွားပြီးရင် သရက်သီးကောင်းတွေထွက်တဲ့ ဟန်မြင့်မိုရ် အဲဒီကမှကျောက်ဆည် စဉ့်ကိုင် မန်းလေးပေါ့။ ခါတိုင်းလမ်းက ညမှသွားတော့လမ်းမှာအတူခရီးသွားဖော်တွေကို မတွေ့ရ။ ဒီတစ်ခါတော့နေ့လည်ခင်းသွားတဲ့အခါ […]


  “မနောကွင်းနဲ့မနောအလှ”     2010 ပထမအကြိမ် ကျယ်ဂေါင်ကိုရောက်တော့ ဖုန်းဆက်ချင်တယ်ဆိုရင် မနောကွင်းနားကိုလာဆက်မှ မြန်မာဖုန်းတွေက လိုင်းမိပါတယ်။ တစ်ည ရနာရီလောက်ဖုန်းလာဆက်တဲ့အချိန်မှာ လူကြီးလူငယ်ကျားမ မရွေးပါဝင်တဲ့အဖွဲတစ်ဖွဲ့က ကက်ဆက်ဖွင့်ပြီး ကနေကြတာကို မြင်တော့ အံ့ဩစွာနဲ့ငေးမောကြည့်မိခဲ့ပါတယ်။ ဒီနေရာလေးက သူတို့ဆီမှာ  မနောကွင်းလို့ အမည်တွင်ပါတယ်။ ဒီတစ်ခေါက် ကျနော် ကံကောင်းထောက်မစွာနဲ့ အဲဒီကွင်းနဲ့မျက်နှာချင်းဆိုင်က “စန်းဟွမ်” ဟိုတယ်မှာတည်းဖြစ်ပါတယ်။ ကံမကောင်းတာကတော့ ကျနော်ဓါတ်ပုံရိုက်ချင်တဲ့အက အဖွဲ့တွေနဲ့မဆုံလိုက်တာပါဘဲ။ အဲဒီကွင်းက နန်းတော်ပေါက်ကနေလာလိုက်ရင် သိပ်မဝေးပါဘူး။   အဲဒီကွင်းက အားကစားကွင်းလို့ပြောရင်ရပါတယ်။. ကိုယ်လက်လှုပ်ရှား ကစားစရာ အထောက်အကူပစ္စည်းတွေရှိတယ်။ ဘတ်စကက်ဘောကစားကွင်းရှိတယ်။ မနက်ဆိုလမ်းလျောက်လာပြီး ကျန်းမာရေးအတွက်ကိုယ်လက်လှပ်ရှားကစားသူရှိသလို ညနေပိုင်းမှာလဲ ရှိကြပါတ.ယ်။ ထူးခြားတာကတော့ ယာယီကလေး ကစားကွင်းလေးညနေဆိုဖြစ်လာတာပါဘဲ။ ကလေးတွေအတွက် ဆော့စရာအစုံအလင်နဲ့ပါ။ ပိုက်ဆံတော့ပေးရမယ်ထင်ပါတယ်။ အရိပ်ရသစ်ပင်မရှိတဲ့အတွက်နေ့လည်ပိုင်းမှာတော့ လူမရှိသလောက်။   […]


        သူတို့ပြည်ရွှေလီမြစ်ကမ်းနံဘေးက ပန်းခြံ———–အပိုင်းတစ်     ဟိုရောက်ပြီး နှစ်ရက်လောက်နေတော့ ဆေးရုံကုန်းတံတားနားက ပုံစားတဲ့ထမင်းဆိုင်ကိုသွားစားဖြစ်ပါတယ်။ ထမင်းဆိုင်က အပြန် လိုက်ပို့တဲ့သူကို ဒီနားမှာလည်စရာပါတ်စရာရှိလားဆိုတော့ ပန်းခြံဘက်သွားမယ်ဆိုရင် ပို့ပေးမယ်လို့ပြောပါတယ်။ အဲဒါနဲ့ထမင်းစားပြီးတဲ့အခါ လမ်းမကြီးအတိုင်းအရှေ့ဘက်ကို ထွက်ခဲ့ကြပါတယ်။ သူတို့ဘက်က လမ်းတွေက ကျယ်လွင့်ပါတယ်။ လမ်းအလယ်ကျွန်းမှာသစ်ပင်တွေစိုက်ထားတော့ ကြည့်ရတာ အမြင်အေးပါတယ်။ နေကတော့သူတို့ဆီလဲပူတာပါဘဲ။ ဒါပေမယ့်အရိပ်ရှိတော့အေးတယ်။   လမ်းမကြီးအတိုင်းအရှေ့တက်လာခဲ့ပါတယ်။ ရွှေလီတံတားမရောက်ခင်လမ်းဆုံအဝိုင်းပါတ်ရောက်တော့ မြောက်ဘက်ကို ပြန်ကွေ့လိုက်ပါတယ်။ မန်းလေးလို့ ငါးပြလောက်အရောက်လမ်းမကျယ်ကြီးရောက်တော့ အရှေ့ဘက်ကိုကွေ့လိုက်ပါတယ်။ ထူးဆန်းတာတစ်ခုပြောရရင် လမ်းအလည်ခေါင်မှာ မီးပွိုင့်အရှင်လေးတစ်ခုချထားတာကို တွေ့ရတာပါ။ ဓါတ်ပုံတော့မရိုက်ဖြစ်ခဲ့ပါဘူး။   လမ်းမကျယ်ကြီးကနေအရှေ့ဖက်ကိုကြည့်တော့ တောင်တန်းကြီးကိုမြင်ရတာလွမ်းသလိုလို။ ဟိုကြည့်ဒီငေးနဲ့ဘဲ ကားကလေးက လမ်းဆုံတစ်ခုအနားကိုရောက်လာပါတယ်။ စစခြင်းမြင်ရတာကတော့ စိမ်းမြတဲ့မြက်ခင်းနဲ့ အုပ်အုပ်ဖားဖားရှိလှတဲ့သစ်ပင်ကြီးရှေ့မှာ တရုပ်စာလုံးအနီကြီးတွေရေးထားတဲ့ကျောက်တုံးတစ်တုံးကထောင်ရက်သား။. သူတို့ပြည်ဘက်ခြမ်းမှာအများဆုံးတွေ့ရတာကတော့ကျောက်တုံးကြီးတွေကို သေသေချာချာ လှပအောင် […]