“ခြံထွက်သီးနှံတွေနဲ့အောင်ပန်းဈေးနေ့ ”19





















“ခြံထွက်သီးနှံတွေနဲ့အောင်ပန်းဈေးနေ့ ”19
အောင်ပန်းဈေးထဲကိုလျောက်သွားရင်းနဲ့ ဟိုးအရှေ့ဘက်က ဈေးတန်းထဲကိုရောက်သွားပါတယ်။
ဈေးတန်းအစွန်မှာတော့ ကိုယ့်ဝင်းကိုယ့်ခြံကနေထွက်တဲ့ အသီးအနှံတွေကိုလာရောင်းကြတဲ့ အသယ်လေး
တွေကိုတွေ့ရပါတယ်။
ဖြူဖွေးဖွေး ဂျူးမိတ်ထွားထွားကြးီတွေ။
အရည်ရွှမ်းမယ်ဆိုတာသေချာနေတဲ့ ဝါဝါစိမ်းစိမ်းသံပုရာသီးတွေ၊
ခါဂျက်ဥ နီနီရဲရဲကြီးတွေ မြင်ရတာ စားချင်စရာ။
ကြက်သွန်ဖြူ တစ်လုံးဥသယ်တွေကလဲမရှား။
ရေခံမြေခံကောင်းတဲ့ဒေသဆိုပြန်တော့ အသီးအနှံတွေကလဲ ဖွံ့ဖွံ့ထွားထွား။
ဒီဈေးနေ့မှာ လာထွက်တဲ့အသည်လေးတွေကတော့ ကြုံတဲ့နေရာမှာ ဗန်းတစ်ခင်းစားလေးရတယ်ဆိုရင်ကို
ဆိုင်ဖွင့် လို့ ရပါပြီ။
သူများဆို်င်ရှေ့ကို ပိတ်ထွက်တယ်ဆိုပြီး စကားများကြတယ်ဆိုတာမရှိပါဘူးတဲ့။
ဒီလိုဘဲ တိုးတိုးဝှေ့ဝှေ့ပူးပူးကပ်ကပ်ထွက်ကြပါသတဲ့။
အေးချမ်းလိုက်တာနော်။
ကျနော်လဲဈေးအနှံ့လျောက်ကြည့်ပြီးလက်ဆော့။
ဈေးဝယ်ပြီးပြန်တဲ့လူ အခုမှဈေးကိုရောက်သူ။
ပုလိုင်းလေးလွယ်ပြီး ဘာဝယ်ရမှန်းမသိလို့ဈေးထဲလျောက်သွားနေသူ။
တပြေတရွာကနေလာပြီး ပအိုဝ်တိုင်းရင်းသားတွေကိုမြင်လို့စိတ်ဝင်တစား ကြည့်နေ
ဓါတ်ပုံရိုက်နေသူ။
ကျနော်လက်ဆော့တာကို ငေးမောပြီး ပြန်ကြည့်နေသူ။
မြင်မြင်သမျှကတော့ အေးဆေး။
မန္တလေးမှာ ရာသီဥတုကပူ လူတွေရဲ့အပူတွေကြောင့်ပိုပူတဲ့နေရာကနေ
အခုလိုအေးချမ်းငြိမ်သက်တဲ့နေရာဒေသလေးကိုရောက်တော့
မန်းလေးမှာပူခဲ့တဲ့ အပူတွေတောင်ခဏလောက်တော့ရော့ပါးသွားသလိုလို
ကိုပေါက်လမ်းသလားနေသည်
အောင်ပန်း2012 19
12 comments
Ma Ei
November 5, 2012 at 11:13 am
ပုံ ၁၈ မှာ ရေမုန်ညင်းလေးတွေစိမ်းနုနေတာဘဲ
ကြက်ဥလေးနဲ့ ကြော်စား ချင်လိုက်တာ…
Hnin Hnin
November 5, 2012 at 11:52 am
မမအိပြောမှ..အဲ့ဒါ ဘာအရွက်ပါလိမ့်..စဉ်းစားနေတာ..
လူတွေရော..ဈေးရောင်းပုံတွေရော..အေးဆေးရိုးရှင်းနေတာပဲနော်…
မိုချို
November 5, 2012 at 12:57 pm
ရောက်ခဲ့ ဖူးတဲ့ ရှမ်းပြည်တောင်ပိုင်း ( တီကျစ်၊ ကလော၊ အောင်ပန်း ၊ပင်းတယ၊ တောင်ကြီး) နေလို့ ကောင်းတယ်၊ ရာသီဥတုကအေး၊ အသီး အရွက် တွေ က လတ်ဆတ်၊ လူတွေ ကြည့် လိုက် လဲ အေးအေး ချမ်းချမ်း နဲ့ ၊ အသက်ကြီး လာရင် သွား ပြီး အခြေချ နေချင် တယ်။
ကိုပေါက်(မန္တလေး)
November 5, 2012 at 2:02 pm
တကယ်ကို ငြိမ်းချမ်းသောနယ်မြေလေးပါ
အလှုပ်အခတ်မရှိ
အေးဆေး
myanmarcitizen
November 5, 2012 at 4:46 pm
ကိုပေါက် လမ်းသလားရင်လဲကြည့်လဲလမ်းသလားအုန်းနှော် … ဒါ့ပုံထဲ့မှာတွေ့ရတဲ့ ဆသရ တိုင်ကြီးကလဲသံချောင်းတွေပေါ်နေပြီ သတိထားအုန်းဗျ 🙂
မောင်ပေ
November 5, 2012 at 7:52 pm
ပုံ၆ ထဲက အဖွားကြီးရဲ ့လက်ထဲမှာ ပိုက်ဆံတစ်ရွက်ကိုင်ထားတာကို တွေ ့ရတယ်ဗျ
ဟီဟိ
မဟာရာဇာ အံစာတုံး
November 5, 2012 at 9:00 pm
ခါချက်ဥ ဆိုတာ မုန်လာဥနီလားဗျ ..
အိုက်ဒါဒွေ ဒီအတိုင်း ကောက်ပြီး တစ်ခုပြီး တစ်ခုသာ ကောက်ဝါးလိုက်လို့ဂဒေါ့ ..
ကောင်းလိုက်လေမလားဘဲ …
ဒါနဲ့ သီတင်းလည်း ကျွတ်ပီးတွားပီ …
ဘိုလဲ ဖေဂျီးရ ..
ကိုပေါက်(မန္တလေး)
November 5, 2012 at 10:23 pm
ိခါဂျက်ဥက လူပျိုတွေမစားရဘူးတယ်
အလာဂျစ်ဖြစ်တယ်ဆိုလား ဘာဆိုလားဘဲ
နှင်းဆီ ငုံ
November 6, 2012 at 12:25 pm
ဂျူးမြစ်လတ်လတ်ဆတ်ဆတ်ကြီးတွေ စားချင်လိုက်တာနော် ….
Khaing Khaing
November 6, 2012 at 4:12 pm
လတ်လတ်ဆတ်ဆတ် အသီးအနှံတွေ စားချင်စရာနော် ……..
candle .
November 6, 2012 at 7:08 pm
ဒါကုန်ရင်ပြန်မှာဆိုတော့ ….
လက်ဘဲဆော့တတ်တဲ့ ကိုပေါက် လို ့ထင်ထားတာ….
ဈေးလဲရောင်းတတ် တာဘဲကိုး….
ကိုပေါက်(မန္တလေး)
November 6, 2012 at 10:29 pm
အပြင်မှာလဲ ဈေးသည်ပါဘဲ ကိုကန်ဒယ်ရေ