မနောအလှ……………….




















“မနောကွင်းနဲ့မနောအလှ”
2010 ပထမအကြိမ် ကျယ်ဂေါင်ကိုရောက်တော့ ဖုန်းဆက်ချင်တယ်ဆိုရင် မနောကွင်းနားကိုလာဆက်မှ
မြန်မာဖုန်းတွေက လိုင်းမိပါတယ်။
တစ်ည ရနာရီလောက်ဖုန်းလာဆက်တဲ့အချိန်မှာ လူကြီးလူငယ်ကျားမ မရွေးပါဝင်တဲ့အဖွဲတစ်ဖွဲ့က ကက်ဆက်ဖွင့်ပြီး ကနေကြတာကို မြင်တော့ အံ့ဩစွာနဲ့ငေးမောကြည့်မိခဲ့ပါတယ်။
ဒီနေရာလေးက သူတို့ဆီမှာ မနောကွင်းလို့ အမည်တွင်ပါတယ်။
ဒီတစ်ခေါက် ကျနော် ကံကောင်းထောက်မစွာနဲ့ အဲဒီကွင်းနဲ့မျက်နှာချင်းဆိုင်က “စန်းဟွမ်”
ဟိုတယ်မှာတည်းဖြစ်ပါတယ်။
ကံမကောင်းတာကတော့ ကျနော်ဓါတ်ပုံရိုက်ချင်တဲ့အက အဖွဲ့တွေနဲ့မဆုံလိုက်တာပါဘဲ။
အဲဒီကွင်းက နန်းတော်ပေါက်ကနေလာလိုက်ရင် သိပ်မဝေးပါဘူး။
အဲဒီကွင်းက အားကစားကွင်းလို့ပြောရင်ရပါတယ်။.
ကိုယ်လက်လှုပ်ရှား ကစားစရာ အထောက်အကူပစ္စည်းတွေရှိတယ်။
ဘတ်စကက်ဘောကစားကွင်းရှိတယ်။
မနက်ဆိုလမ်းလျောက်လာပြီး ကျန်းမာရေးအတွက်ကိုယ်လက်လှပ်ရှားကစားသူရှိသလို
ညနေပိုင်းမှာလဲ ရှိကြပါတ.ယ်။
ထူးခြားတာကတော့ ယာယီကလေး ကစားကွင်းလေးညနေဆိုဖြစ်လာတာပါဘဲ။
ကလေးတွေအတွက် ဆော့စရာအစုံအလင်နဲ့ပါ။
ပိုက်ဆံတော့ပေးရမယ်ထင်ပါတယ်။
အရိပ်ရသစ်ပင်မရှိတဲ့အတွက်နေ့လည်ပိုင်းမှာတော့ လူမရှိသလောက်။
ကျယ်ဂေါင် အင်းကြင်းကျောက်ရောင်းတဲ့ဆိုင်တွေရဲ့မြောက်ဘက်တည့်တည့်
(guang yuan lu) (ကွမ်းယမ်လမ်း)အတိုင်းဆက်သွားမယ်ဆိုရင် ကချင်မနောတိုင်တွေ
နဲ့လှပလွန်းတဲ့ ကချင်ထမင်းဆိုင်လေးကိုရောက်ပါတယ်။
ရွှေလီမြို့က ရေဆိုးများစွန့်ပစ်ရာ ရွှေလီမြစ်လက်တက်လေးရဲ့တစ်ဘက်ကမ်းမှာရှိတာပါ။
မြစ်လို့ဆိုပေမယ်ချောင်းသာသာဘဲကျယ်ပါတယ်။
ကချင်မနောတိုင်တွေ ကချင်ရိုးရာအိမ်တွေ နဲ့ဖွဲတည်ထားတဲ့ ကချင်ထမင်းဆိုင်လေး။
အခုတော့ ပိတ်ထားတယ်လို့ထင်မိပါတယ်။
ကျနော်တို့သွားတဲ့အချိန် ပိုင်ရှင်နဲ့တူသူတစ်ယောက်ဘဲတွေ့ခဲ့ရလို့ပါ။
အဲဒီခြံရဲ့အတွင်းထဲမှာ ငှက်ကုလားအုပ်ခေါ်မလား ကြက်ဆင်ဘဲခေါ်မလား
အကောင်တွေကို ခြံနဲ့မွေးထားတာတွေ့ခဲ့ပါတယ်။
အဲဒြီံခံနားမှာ ငှက်ပျောပင်တွေရှိပါတယ်။
ကျနော်တို့ရုံးက ကလေးတွေ မုန့်ဟင်းငါးချက်တယ်
ဆိုရင ်ငှက်ပျောအုူသွားတောင်းနေကျနေရာလေးလို့သိရပါတယ်။
သာယာသောနေရာလေးဖြစ်ပါတယ်။
ကျနော်ကျယ်ဂေါင်ရောက်တာ တစ်ပတ်။
ပိုစ်တင်တာ အပုဒ်သုံးဆယ်ဖြစ်သွားရင်တော့ ရီစရာကြီးဖြစ်နေမလားတော့ မသိဘူး။
ဒါပေမယ့် သူတို့နဲ့ကျနော်တို့ ဘက် ဘယ်လိုကွာခြားတယ်ဆိုတာကို သိစေချင်လို့ရယ်
ရောက်ဘူးတဲ့မှတ်တမ်းလေးအနေနဲ့တင်ပေးတယ်လို့ သဘောထားစေချင်ပါတယ်။
ကော်နက်ရှင်မကောင်းတဲ့ကြားကစောင့်အားပေးသူများကို ကျေးဇူးတင်ပါ၏
ကိုပေါက်လမ်းသလားနေသည်
(22-6-2012)
34 comments
memeseku
June 24, 2012 at 9:30 am
အူးပေါက် ကြက်ဆင် က ပုတယ် ဗျ ဒါက ငှက် ကုလားအုပ် အကောင် ပို ကြီးတယ်….. အပြေးမြန်တယ်…..
kyi phyu
June 24, 2012 at 9:48 am
ကျယ်ဂေါင်ရောက်တုန်းက မသွားလိုက်ရတဲ့မနောကွင်း
လေးပေါက်ကြောင့်ရောက်ဖူးသွားပြီ…
ဆူး
June 24, 2012 at 9:54 am
မနော အလှ ကို လာကြည့်တာ.. မနော က တော်တော် လှ တာပဲ.. ဟိဟိ..
ငှက်ကုလားအုပ် တနာရီ ကို မိုင် ၇ဝ ကျော် နှုန်းလောက် ပြေးနိုင်တယ်။
မြင်းတစ်ကောင်နဲ့ နင်လား ငါလားပြေးလို့ ရတယ်။
ကျားသစ်ကတော့ ၁၂ဝ လောက် ပြေးတယ်။ ကားတစီးစာသွားနှုန်းလောက် မြန်တယ်။
မောင်ပေ
June 24, 2012 at 10:02 am
သာဓု သာဓု သာဓု ပါ
ဓါတ်ပုံ ဒါယိကာ လေးပေါက်
စကားမစပ်
ဒီတစ်ခါ သဂျီးက ကမ်းရင် အရင်ဈေးနဲ့တော့ ရဘူးလို့
mamanoyar
June 24, 2012 at 10:14 am
အခုလိုတင်ပေးတာ ကျေးဇူးတင်ပါတယ်
hein latt
June 24, 2012 at 10:53 am
ကြော့ကြော့အိအိမှာကျော့မယ် အူဝါး……လေးပေါက်လာခေါ်…..အူးဝါး……အာဗာတာပုံကြည်.ပီးဖတ်ပါ…
ကိုပေါက်(မန္တလေး)
June 24, 2012 at 12:11 pm
ဟုတ်ပါ လေးပေါက်ကလဲ ကြက်ဆင်မှန်းမသိ ငှက်ကုလားအုပ်မှန်းမသိ ရမ်းရွှီးတာဘဲနော်။
နောက်သေချာမှပြော။
water-melon
June 24, 2012 at 12:51 pm
အန်တီပေါက်ကတော့
သွားနိုင်တယ်တော့
ခုထိသန်တုန်းမာတုန်းဘဲ
အဟီ တားတားကတော့ အားမရှိလို့ ဘယ်မှမသွားနိုင်ဘူး
ကြင်နာစွာ ချစ်ဆေးလေးများပေးပါကွယ် 😆
မဟာရာဇာ အံစာတုံး
June 24, 2012 at 2:05 pm
ဖေဂျီးရေ ..
သားသားလည်း ဖေဂျီးလို
ခရီးသွားချင်လိုက်တာဗျာ …
ဒါနဲ့ ဖေဂျီးရေ …
မနောတိုင်မှာ ရေးခြစ်ထားတဲ့ဟာတွေက
သူ့အဓိပ္ပါယ်နဲ့သူတော့ ရှိမှာပဲနော် ..
အဲဒါတွေ သိရင် ပြောပြပေးပါလားဂျ ..
သားသား သိချင်လို့ …
ကိုပေါက်(မန္တလေး)
June 24, 2012 at 2:10 pm
အဲဒါလေးတွေကတော ့ကျနော်လဲမသိ။
ရွာထဲက ဂျိန်းဖောလူမျိုးများရှိခဲ့ရင် ဖြေပေးပါလို့ လေးစားစွာတောင်းခံအပ်ပါကြောင်း။
ညလေး
June 24, 2012 at 2:20 pm
သားသားရယ်……ကြီးကြီးညလေး ဖြေလိုက်မယ်နော်……
အရင်တုန်းကဒီလိုမေးခွန်းကိုသူများဆီကမေးဖူးလို….သိရတာပါ….မှန်လားတော့မသိဝူး…
မနောတိုင်မှာ ထွင်းထားတဲ……မျဉ်းလေးတွေကဟာ….
မနောတိုင်းရင်းသားတို……နေထိုင်ရွှေ.ပြောင်းခဲ.တဲ…..အမှတ်လေးတွေလို.ပြောပါတယ်ကွယ်…..
မဟာရာဇာ အံစာတုံး
June 24, 2012 at 2:28 pm
ခုလို ဖြေပေးတာ
ကျေးကျေးပါ ကြီးကြီးညလေး ..
သားသား မှတ်ထားလိုက်ပီနော့ ….
ခုလို ကြီးကြီးက အဖြေပေးလိုက်တော့ ..
သားသားလေ ..
သိပ်ပျော်တွားဒါဘဲ ..
ဂယ်ပြောဒါ … 😀
Mလုလင်
June 25, 2012 at 12:06 am
ဘကြီး မအားလို့ မင်းကြီးကြီးပဲ ဖြေပေးလိုက်တာ အဆင်ပြေ ရဲ့မလား .. အိမ်း .. အိမ်း ..
စိန်ဗိုက်ဗိုက်
June 24, 2012 at 2:31 pm
အလို..
ခေါင်းစဉ်ကြည့်ပြီး ရွာထဲက ဒေါ်ပျိုဂျီး ဒေါ်မနောဖြူကို အလှဓာတ်ပုံရိုက်ပြီး တင်ထားတာလားလို ့ဝင်ကြည့်တာ..
ကြက်ဆင်ကြီးဖြစ်နေပါကောလားဗျာ..
ဗိုက်ကလေးအလှဆိုပြီး တစ်ပုဒ်လောက် ရီကွက်စ် လုပ်ပါတယ်နော..
TTNU
June 24, 2012 at 3:12 pm
ကိုပေါက်ရေ…
ဟုတ်ပါ့တော်၊ တီချာလည်းဗိုက်ကလေးပြောသလို
မနောအလှ ဆိုတာ စိတ်အလှတရားတွေပြောမလို့ မှတ်တာပေါ့။
ပုံ(၂၀) ကြိုက်တယ်။
ကိုပေါက်(မန္တလေး)
June 24, 2012 at 4:30 pm
မာမီအစကရွာထဲက မနောကိုရိုက်မလို့ဘဲ။
သူနဲ့မော်ဒယ်ထိုင်ခဈေးညှိတော့ ဝတ်မူံရွှေရည်ထက်များနေတော့ ကျနော်မတတ်နိုင်ဘူးလေ။
အဲတော့………………………………..
ရွာစားကျော်
June 24, 2012 at 10:18 pm
ဒို့ရွာရဲ့ ဆယ်လီဗျရတီပဲ
ဝတ်မှုန်ရွှေရည်ထက် မော်ဒယ်ထိုင်ခ များတော့မပေါ့
ဟင်းဟင်း..
ကိုပေါက်(မန္တလေး)
June 24, 2012 at 4:44 pm
ဗိုက်ကလေးအလှကို လာမယ့် ဒီဇင်ဘာမှာရိုက်ပါမယ်။
ဗှိုက်ကလေး ကာယဗလပြနေတဲ့ပုံကိုရိုက်ပေးပါမယ်။
pooch
June 24, 2012 at 5:08 pm
အော် ……လတ်စသတ်တော့ ဗိုက်ကလေးက ကာယဗလမောင်ကိုး။
သိပါဘူး။ အရင်ကတော့ ကိုတွတ်ပီရဲ့ ယောက်ဖလို့ပဲ ထင်နေတာ။ 😀
စိန်ဗိုက်ဗိုက်
June 24, 2012 at 5:14 pm
အလို..
ဗေကြီးရယ် ကျုပ်ရယ် အတူတူ အိပ်စားစိုက် လုပ်ခဲ့တာဗျ
အဲတော့ ဗေရီးနဲ ့ မောင်ဗိုက်နဲ ့က နင်လားနာလားပဲ 😀
သားဦး၊မြေးဦး
June 24, 2012 at 5:56 pm
တကယ်ကို ကိုပေါက်ခရီးသွားချက် လန်းတယ်ဗျာ။
ပုံလေးတွေ အတွက်အချိန်ယူတင်ပေးနေတာကို
ကျေးဇူးတင်မဆုံးပါဘူး။
ကိုပေါက်(မန္တလေး)
June 24, 2012 at 6:09 pm
ကျနော်လုပ်ပေးနိုင်တာက ဒါဘဲရှိလို့ ပါ သားမြေးဦးဦးရေ
ဖိုးထောင်
June 24, 2012 at 7:11 pm
လေးပေါက် ကြက်ဆင်ကြီးတွေထွားလိုက်တာနော် ငှက်ကုလားအုတ်နီးပါးပဲ အဟိ
မဟာရာဇာအံစာတုံးကြီးမေးထားတာဖြေဖို့ အနော် ဂျိမ်းဖောမလေးတစ်ယောက် ယူလိုက်ဦးမယ် ခနစောင့်ဦးနော်
အရီး Khin Latt
June 24, 2012 at 8:16 pm
ကပေါက်ကြီး
မနောအလှ ဆိုတော့ တီချယ်ကြီး လိုဘဲ စိတ်အလှ အကြောင်းပြောမယ်မှတ်တာ။
ကချင်ပြည် ကို ရောက်ဖူးချင်တယ်။
ကချင်က မြို့ က အတော်သပ်ရပ်တာဘဲနော်၊
ကချင် အစားအစာ လေးများလဲ မျှပါဦး။
ကျုပ်သိတဲ့ ကြက်ဆင် က လည်ပင်း နဲ့ ခြေထောက် အဲဒီလောက် မရှည်ဘူး။
အမွှေးအတောင် ပိုများတယ်။
အထီးတွေမှာ နှုတ်သီး အောက်မှာ ကြက်တွေလို ပန်းရောင် ဟာ (ဘာခေါ်လဲ မသိ – ဇလုတ် လဲ မဟုတ်) တွဲကျနေတယ်။
ဒီတော့ အဲဒါ ငှက်ကုလားအုပ် ဖြစ်မှာ။
ပုံတွေထဲ မှာ ပိုင်ရှင်မဲ့ နဲ့ ပိုင်ရှင်ရှိ ခွေး လေးတွေ ကြည့်ပြီး အတွေးပေါက်နေတယ်။
ပိုင်ရှင်မဲ့ ခွေးလေးမှာ နှောင်ကြိုးမရှိ၊ ကြင်နာစွာ ထွေးပွေ့မဲ့သူမရှိ။
ပိုင်ရှင်ရှိ ခွေးလေးမှာ နှောင်ကြိုးကြီး နဲ့
အဲဒီ ကြိုးကို တပ်ထားတာ က သူ့ကို ကြင်နာ ယုယမဲ့သူပေါ့။
နှစ်ကောင်လုံးမှာ အဆိုးအကောင်း တွေ နဲ့ တွဲလို့။ 😉
ကလေး ကစားကွင်းက တော်တော်ကောင်းတာဘဲ။
အတွေ့အကြုံ ဗဟုသုတလေးတွေ ထပ်တင် ပါဦး။
ကျေးဇူးပါဗျိုး။
Don Juan Ronald
June 24, 2012 at 10:16 pm
ဆရာ ပေါက် ~~~
ဓါတ် ပုံ တွေ အ ရမ်း ကောင်း တယ် ၊ အား ကျ ဖို့ ကောင်း လိုက် တာ ။
တရုတ် ပြည် မှာ ရှိ တဲ့ ကချင်လူမျိုး လူ ဦး ရေ ဟာ ၊ ဗမာ ပြည် မှာ ရှိ တဲ့ ကချင် ထက် များ တယ် လို ့ ကြား ဘူး တယ် ၊ ဟုတ် လား မ သိ ဘူး ?
ဒါ နဲ့ ကြက် ဆင် မ ဟုတ် တဲ့ ငှက်ကုလား အုပ် က နိုင် ငံ ခြား သား ပေါ့ နော် ?
ကျေး ဇူး တင် ပါ သည် ။
ကိုပေါက်(မန္တလေး)
June 24, 2012 at 10:21 pm
ဖြစ်လောက်တယ်ဗျ
ကျနော်ပထမတစ်ခေါက် 2010ရောက်တော့ မတွေ့ခဲ့ဘူး။
အခုတစ်ခေါက်မှ ခြံထဲလှောင်ထားတာ ဆယ်ကောင်လောက်ရှိမယ်။
ကချင်ထမင်းဆိုင်လဲပိတ်ထားတယ်။
ပုံလှတာ ကံကောင်းလို့ပါဗျာ
အားပေးတာ ကျေးဇူးတင်ပါ၏။
။
kotun winlatt
June 24, 2012 at 10:29 pm
လေးပေါက်ရဲ့ ..ပြေးလျှောက်ရိုက်တာလေးတွေကို သဘောကျလို့
ကျနော်လည်း ကင်မရာတစ်လုံးဝယ်ပီး စနက်ရှော့ မဟုတ်ပဲ
လက်ဆော့ထားတာတွေရှိတယ်ဗျ..
အချိန်ရရင် ကိုးနတ်ရှင် ကောင်းရင် တင်ဦးမယ်ဗျို့…
ပုံလေးတွေက လန်းးးးးးလိုက်တာ…
မျှဝေပေးတာ ကျေးဇူးပါ..လေးပေါက်ရေ…
နောက်ထပ်လည်း များများ လက်ဆော့နိုင်ပါစေကြောင်းးးးးးး။
weiwei
June 25, 2012 at 12:21 am
ရွှေလီဘက်ကို မရောက်တာကြာပြီ … အားလုံးအသစ်တွေလိုဖြစ်နေတယ် …
မနောအလှကိုတော့ မြစ်ကြီးနားသွားတုန်းက တစ်ခါ မြင်ဖူးခဲ့တယ် …
မြန်မာပြည်ကြီးက တစ်နေရာတစ်မျိုးနဲ့ နေရာတိုင်းမှာ အလှကိုယ်စီနဲ့ …
ကိုပေါက်(မန္တလေး)
June 25, 2012 at 8:43 am
ဟုတ်တယ်မဝေရေ
မြန်မာပြည်ထဲမှာကို သွားစရာတွေအများကြီးကျန်ပါသေးတယ်။
မွန်မွန်
June 25, 2012 at 10:52 am
ကျေးဇူးပါလေးပေါက်ရေ..
အရမ်းသွားချင်နေတဲ့ နေရာကို အခု ရောက်ဖူးသွားလို့လေ..
အော်…ဒါနဲ့ စကားမစပ်…လှုပ်ရှား လို့ပြင်ပေးနော် လေးပေါက်… 🙂
ကိုပေါက်(မန္တလေး)
June 25, 2012 at 11:48 am
မမက သတ်ပုံပြင်ဘို့ မွန်မွန်ကိုခန့်ထားတာ မေ့သွားတယ်။
ပြင်ပြီးကြောင်းပါ မွန်မွန်ရေ ကျေးကျေး
နောက်မှားတာတွေ့လဲပြောနော်အားမနာနဲ့။
မွန်မွန်
June 26, 2012 at 10:01 am
အားမနာတမ်းပြောရမှာလားဟင်…ဟီး….
“သတ်ပုံပြင်ဖို့” ဖြစ်ပါတယ်ရှင်…. 🙂
ကိုပေါက်(မန္တလေး)
June 26, 2012 at 10:14 am
ရေးတော့ အမှန် ဖတ်တော့အသံတဲ့ ကျနော်က စကားပြောသလိုရေးမှာ
အားမတာတမ်းပြင်သာပြင်
မှားတယ်လို့ တစ်ခါပြောရင် ကျနော်တစ်ခါနှစ်ကျပ်ရတယ် စိတ်မဆိုးပါဘူး
snow white
June 25, 2012 at 7:26 pm
ပုံလေးတွေတင်ပေးတာ ကျေးဇူးတင်ပါတယ် မရောက်ဖူးပေမယ့် မသိပေမယ့်ပုံလေးကြည့်ထားတော့ သူများလိမ်တာမခံရဘူးပေါ့ ကိုပေါက်ကတော့ တော်တော်လေးနေရာစုံနေပါပီ နော် ပုံလေးတွေလည်းတင်ပေးတာ တော်တော်လေးရိုက်ချက်ကောင်းတယ် ။