“အိမ် နဲ့ရွာ ကိုလွမ်းတယ်,,,,,,,,,,,,,,,,,,,,”
ခုလိုရေခြားမြေခြား အိမ်နဲ့ဝေးရာကိုရောက်နေတော့ အိမ်ကိုလွမ်းတဲ့စိတ်ကဖြေဖျောက်မရ……..
ဘယ်နေရာကိုပဲကြည့်ကြည့် သစ်ပင်တွေ တောင်တန်းတွေပဲမြင်နေရတော့လွမ်းတဲ့စိတ်ကပိုဆိုးလာသလိုလို….
သစ်ပင်တောင်တန်းတွေကိုငေးမောရင်း လွန်ခဲ့တဲ့ ငါးနှစ်လောက်ကအဖြစ်ပျက်လေးတစ်ခုကိုသတိရလာလိုက်တာ….
၁ဝတန်းနှစ်ကပေါ့… ရှင်းသန့်တို့ရွာနဲ့၂မိုင်ဝေးတဲ့ရွာလေးမှာကျောင်းတက်ရတယ်လေ အသွားအပြန်ပင်ပန်းတာနဲ့ဆိုတော့
ကျောင်းလိုက်တဲ့ရွာမှာပဲသူငယ်ချင်းတွေနဲ့အိမ်ငှားနေဖြစ်ကြတယ်လေ……..ရွာကလူတွေနဲ့လဲခနတိုင်းတွေ့ရတယ်
လိုတာရှိရင်လဲလှမ်းမှာလို့လွယ်တယ်လေ….၉တန်းမှာတက်နေတဲ့ညီမတွေရှိတာကိုး….ဒါပေမယ့် အိမ်ကိုပြန်ချင်တာပဲလေ
တစ်နေ့ပေါ့ ရွာ ကျောင်းမှာဆုပေးပွဲရှိတယ်လေ…. ရွာကိုမပြန်ရတာလဲကြာပီ… စိတ်ထဲမှာကြိတ်ပျော်နေတာပေါ့ ငါ ကျောင်းဆုပေးပွဲနေ့ကျရင်တော့
ရွာကိုပြန်ရတော့မယ်ဆိုပြီး……..အဲဒီနေ့ကကျောင်းပိတ်တယ်လေ…ကျူရှင်တော့ရှိတာပေါ့ စိတ်ထဲမှာတော့ နက်ဖြန်ရွာပြန်ရတော့မယ်ဆိုပီးပျော်နေလိုက်တာ…
ဆရာ့ဆီကိုခွင့်တောင်းတာပေါ့….. ဆရာကလဲမပြန်ရဘူးတဲ့လေ… လိုတာရှိရင်ပြောတဲ့လေ..အပျော်တွေဘယ်ရောက်သွားမှန်းမသိလိုက်တော့ဘူး အဲဒီနေ့ကစာသင်ရတာလဲ
ဘာမှန်းမသိလိုက်ဘူးလေ…. ဆရာ့ကိုလဲစကားသိပ်မပြောတော့ဘူး …နောက်နေ့ကျ စိတ်မပါတစ်ပါနဲ့ ကျူရှင်ကိုသွားခဲ့တယ်လေ အချိန်ကနဲနဲစောနေတော့ ကျောင်းသား/သူတွေ
အကုန်မရောက်သေးဘူးလေ ဒီတိုင်းပဲစာထိုင်ကြည့်နေလိုက်တယ် အဲဒီချိန်မှာပဲ ” ကျနော့်စိတ်က ရေဝေးပန်းနယ် အမေနဲ့ရွာကိုလွမ်းတယ်..” ဆိုတဲ့သီချင်းသံကိုလဲကြားလိုက်ရော
မျက်ရည်ကျမှပဲ ကိုယ့်ကိုယ်ကိုသတိထားမိလိုက်တယ်လေ ဆရာကလဲငိုနေတာကိုမြင်သွားတယ်လေ နောက်ပီးပြောသေးတယ် တကယ်ပြန်ချင်တာလားတဲ့….ဆရာကမသိလို့တဲ့
သီချင်းသံအတိုင်း စနေလိုက်သေးတယ် ” သမီးစိတ်ကရေးဝေးပန်းနယ် အမေနဲ့ရွာကိုသမီးနွယ်လွမ်းတယ်” တဲ့လေ….
ခုတော့အိမ်နဲ့ရွာကိုလွမ်းပေမယ့် မငိုဖြစ်တော့ဘူးလေ…. လူဆိုတာ ပျော်ရာမှာမနေ တော်ရာမှာနေဆိုတဲ့စကားအတိုင်းပေါ့….. ဘယ်သူမှပျော်လို့နေကြရတာမှမဟုတ်တာ
ရောက်တဲ့အရပ်မှာပျော်အောင်ကြိုးစားပြီးနေကျရမှာပဲလေ………. ရှင်းသန့်လို အိမ်နဲ့ရွာကိုလွမ်းနေသူတွေရှိရင် အတတ်နိုင်ဆုံးပျော်ရွှင်အောင်ကြိုးစားပြီးနေကျပေါ့နော်……..
12 comments
စိန်ဗိုက်ဗိုက်
June 24, 2012 at 3:03 pm
အင်းဗျာ..
ကျနော်လဲ တစ်နယ်တစ်ကျေးမှာရောက်နေတဲ့ ဋ္ဌာနေကိုကျောခိုင်းခဲ့သူ ဖြစ်သမို ့
ကိုယ်ချင်းစာသဗျား
နောက်တော့လဲ နေသားကျသွားမယ်ထင်ပါတယ်..
လေဘယ်တွေနင့်အောင် သောက်နေရပေမဲ့ အူးတုတ်ကြီးရဲ့ ဘီအီးနဲ ့ အူးသံချောင်းရဲ့ ပဲခြမ်းသုပ်ကို ဘယ်လို မှ မေ့မရနိုင်ပါဘူးဗျာ..
ပုံ၊
လွမ်းနေမိသူ
Wunna Aung
June 25, 2012 at 5:25 pm
ကိုစိန်ဗိုက်ဗိုက်ရေ ကျိုင်းတုံက စပါးလေးကော မလွမ်းဘူးလားဗျ….. 😛
မဟာရာဇာ အံစာတုံး
June 24, 2012 at 3:21 pm
ဟုတ်ကဲ့ ..
ကျနော်လည်း အိမ်နဲ့ ဝေးနေရသူမှာ ..
ကျနော်ချစ်တဲ့ အဖေ၊ အမေ၊ ညီလေး၊ ညီမလေးတွေနဲ့ အဝေးဆုံးမှာ
ကျနော် တစ်ယောက်တည်း ….
လွမ်းရတယ် ဂျမ်းဘုံရယ် .. အဲ .. ဟုတ်ပါဘူး ..
လွမ်းတယ် .. လွမ်းတယ် ..
အမေနဲ့ ရွာကို တအားလွမ်းတယ် …
ရှင်းသန့်က လက်တို့လိုက်လို့ ပိုပြီး လွမ်းမိသွားတယ် …
ရင်ထဲက လိမ့်တက်လာတဲ့ အလွမ်းတွေက မျက်ရည်တွေကိုတောင်
တတောက်တောက်နဲ့ ကျစေတယ် ..
ကီးဘုတ်ပေါ်ကို မျက်ရည်တွေ ကျသွားပြီ ..
အမလေး .. ဓါတ်လိုက်တယ်ဗျ …
ဂတ် .. ဂတ် .. ဂတ် …
😀 😀
အလင်းဆက်
June 24, 2012 at 7:00 pm
home sick… ဆိုတဲ ့ စကားလုံးကို အိမ်ကို လွမ်းတဲ ့ဝေဒနာ..လို ့
ပြောကြတာ ကြားဖူးပါတယ် ။
ကိုယ်တိုင်တော့..ထဲထဲဝင်ဝင် မခံစားဖူးသေးလို ့…အဲဒီ ဝေဒနာ ရဲ ့အတိမ် အနက် ကို သေချာ မသိသေးပါဘူး။
အခုလို ရသ…မြောက်တဲ့ အရေးအသားလေးကို ဖတ်လိုက်ရတော့..
ကိုယ် တိုင် တစ်ခုခုကို လွမ်းသွားပါသေးတယ်.။
ခင်မင်စွာ..
မောင်ပေ
June 24, 2012 at 7:28 pm
ဂေဇက်ရွာမှာ ကိုပေ နဲ ့အတူ ပျော်ပျော်နေလိုက်စမ်းဘာကွာ ။
ကိုပေ က သိပ်ဂြစ်တတ်တာနော… ဟီဟိ
YE YINT HLAING
June 25, 2012 at 3:14 am
အလွမ်း ဆိုတာမျိုးက တမြည့်မြည့် လောင်တဲ့ဒွတ်ခ ၊ မလွမ်း မိအောင် ရှာကြံပြီး ပျော်ပျော် သာ နေလိုက် ပါ ရှင်းသန့် လေးရေ —-
ဒါနဲ့ စကားမစပ် ဦးပေကြီး က ရေခဲဂြစ် ရောင်းတာလေ
mamanoyar
June 25, 2012 at 9:14 am
ရှင်းသန့်ရေ အတူတူပါပဲ
နိုရာလဲ အိမ်နဲ့ဝေးနေတာမို့
လွမ်းမိပါတယ်
snow white
June 25, 2012 at 4:35 pm
ရှင်းသန့်စာကိုဖတ်ရတော့ ညီမစဉ်းစားမိတဲ့စိတ်ကူးလေးတောင်ပျောက်သွားတယ် ညီမမိဘတွေ ကညီမကို အရမ်းချုပ်ချယ်တယ် ညီမခုကျောင်းလည်းပီးသွားပီ အလုပ်လည်းလုပ်နေပီ ဒါတောင်ခုထိအလုပ်ပြန်ချိန်လေး15မိနစ်လောက်လေးနောက်ကျတာတောင် ဆူတော့တာဘဲ ညီမစဉ်းစားနေတာက နောက်အလုပ်တခုပြောင်းရင် နယ်အလုပ် ဒါမှမဟုတ်အဆောင်ပေးတဲ့အလုပ်လုပ်ရရင်ကောင်းမယ်လို့ စဉ်းစားမိနေတာ ဒါပေမယ့် ကိုယ့်စိတ်ကိုသိတယ် မိဘနဲ့ခွဲခွာနိုင်မယ်မထင်ဘူး အမျိုးတွေအိမ်ကိုအလည်သွားနေရင်တောင် တရက်ကနေနှစ်ရက်ဆိုရင်တောင်မိဘကိုလွမ်းနေတာဆိုတော့ မိဘနဲ့လည်း ခွဲရမယ့်အလုုပ်ကို မလုပ်တော့ပါဘူးလေ ။
ခပ်မိုက်မိုက် ကောင်မလေး
June 25, 2012 at 4:59 pm
ဖေနဲ့ မေ ကိုလွမ်းတယ်….
ကိုကြီး တို့ကိုလည်းလွမ်းတယ်…
တူလေး ကိုလည်းသတိရတယ်…..
ရွာကိုလည်းမေ့မရဘူး….
အလွမ်းသင့်..လို့….
လွမ်းနေရဦးမယ်လေ…..
မိုက်လေး..တို့ရွာလေးနဲ့တကွ..
မိုက်လေး..ရဲ့မိသားစုတွေ…
ကျန်းမာပျော်ရွှင်လို့….
ရင်ဝယ်သောကအေးငြိမ်းပါစေလို့…..
အဝေးရောက်……
သမီးလေးမှ.. ဆုတောင်းမေတ္တာပို့သမိပါတယ်….
အလွမ်းသင့်သူ….မိုက်လေး…:(
မွန်မွန်
June 25, 2012 at 6:04 pm
ရှင်းသန့်ရေ…အိမ်ကို လွမ်းတယ်လွမ်းတယ်နဲ့ တကယ်တမ်း ဘဝမှာ မအားလပ်အောင် အလုပ်တွေနဲ့ ပြည့်နေခဲ့ရင် သွေးအေးသွားတတ်တယ်။
မွန်မွန် လည်း ကိုယ့်စိတ်ကို ကိုယ်ပြန်လန့်တယ်။ အရင်က နှစ်ပတ်တစ်ခါ ကျောင်းပိတ်ရက် အိမ်ပြန်ချင်ခဲ့တာ အခုဆို တစ်နှစ်တစ်ခေါက်လောက်ပဲ ပြန်ဖြစ်တော့တဲ့ အချိန်မှာ စိတ်တွေအေးသွားတယ်သိလား။ တစ်ယောက်တည်း ရုန်းကန်နေရတဲ့ ဘဝမှာ အသားကျလာတယ်။
ဒါနဲ့ စကားမစပ်..လွန်ခဲ့တဲ့ ငါးနှစ်က ဆယ်တန်းဆိုရင် ရှင်းသန့်အသက်သည် ၂၁-၂၂ ဝန်းကျင်တွင် ရှိနေပါကြောင်း ခန့်မှန်းလိုက်ပါသည်။
မှန်ရင် မုန့်ဝယ်ကျွေးနော်…. 🙂
ဇောက် ထိုး
June 25, 2012 at 9:52 pm
အညာနဲ့ရွာကို လွမ်းတဲ့သူနဲ့။ အိမ်နဲ့ရွာကိုလွမ်းတဲ့သူနဲ့။
သိန်းတန်းသီချင်းလေးသာ ဟစ်လိုက်ချင်ပါရဲ့….
“မလွမ်းဘယ်သူ့ရှိပါ့မယ်… … မလွမ်း..ဘယ်သူ ရှိပါ့မယ်။”
မဂွတ် ထော်
June 26, 2012 at 9:48 am
ဒီလိုပဲရောက်ရာနေရာမှာပျော်အောင်နေရတာပေါ့….