ကျွန်နုပ်၏ခရီးသွားဖော် များ

အကွေ့အဝိုက်မပါ ဓလေ့စရိုက်ဖြူစင်ရှာသူ
ဈေးအပြန်လုံမေများက လက်ပြလို့သွား…………………..

သူလိုရာခရီးရောက်ချင်တော့
ရှက်နိုင်ပေါင် လက်ခိုင်အောင်
သံတိုင်ဆွဲပါလို့
မတ်မတ်ကွယ်အဖော်တစ်သင်းရယ်နဲ့
ရွာကိုပြန်ခြင်း…………………….









“ကျနော်နှင့်ခရီးသွားဖော်များ”
ကျနော်တောင်ကြီးကနေ မန်းလေးကိုပြန်လာတော့ ရွာငံဘက်ကနေလှည့်ပြန်လာခဲ့ပါတယ်။
တောင်ကြီးကနေ အောင်ပန်းအရောက်မှာ ရွာငံဘက်က သွားတဲ့လမ်းနဲ့ ပုံမှန်သာစည်ဘက်ကသွားတဲ့လမ်း
လမ်းခွဲပါတယ်။
အောင်ပန်းလမ်းဆုံအရောက် အနောက်ဘက်ကိုဆင်းသွားရင် ကလော ကိုရောက်ပါတယ်။
ကလောနဲ့အောင်ပန်းက ခြောက်မိုင်ဘဲကွာပါတယ်။
ကလောက ဆက်ဆင်းသွားရင်တော့ ဝက်ဖြူရေ ဘုရားငါးဆူ သာစည် မိတ ္ထီလာ မန်းလေးအစဉ်အတိုင်းရောက်သွားပါတယ်။
မိတ္ထီလာရောက်ရင်တော့ အမြန်လမ်းကနေမောင်းကြတာများပါတယ်။
ရွာငံဘက်ကနေသွားမယ်ဆိုရင်တော့ အောင်ပန်းလမ်းဆုံကနေမြောက်ဘက်အတိုင်းလိုက်ရပါတယ်။
ပင်းဒယကိုသွားတဲ့လမ်းပေါ့။
အဲဒီအတိုင်းလိုက်သွားပြီး လမ်းခွဲရောက်တဲ့အခါ အနောက်ဘက်ဆင်းလိုက်ရင် ရွာငံရောက်ပါတယ်။
ရွာငံကိုဖြတ်သွားပြီးရင် သရက်သီးကောင်းတွေထွက်တဲ့ ဟန်မြင့်မိုရ် အဲဒီကမှကျောက်ဆည် စဉ့်ကိုင်
မန်းလေးပေါ့။
ခါတိုင်းလမ်းက ညမှသွားတော့လမ်းမှာအတူခရီးသွားဖော်တွေကို မတွေ့ရ။
ဒီတစ်ခါတော့နေ့လည်ခင်းသွားတဲ့အခါ လမ်းတစ်လျောက်ရွာစဉ်က ကျနော်နဲ့တစ်လမ်းထည်း
ခရီးသွားဖော်တွေကို မြင်ရတော့ မှတ်တမ်းတင်ခဲ့ပါတယ်။
ကျနော်တို့မြို့မှာ ဟိုနားမဝင်ရ ဒီနားမဝင်ရနဲ့အကန့်သတ်ခံရတဲ့ ထော်လာဂျီကတော့
ဒီဒေသမှာ အားထားရာ ယာဉ်တစ်စီးပါဘဲ။
ဘတ်စကားပေါ်ထိုင်စရာနေရာမရလို့မတ်တပ်ရပ်လိုက်ရင် မြို့သူားများအဖို့တော့ စိတ်ညစ်စရာတစ်ခု.
ဒီမှာတော့ ဘယ်လိုလိုက်ရ လို်က်ရ လိုရာခရီးအမြန်ရောက်ဘို့အဓိက။
ဘာစီးစရာမှမရှိတဲ့လမ်းဆိုတော့ ခြေလျှင်လျောက်တဲ့အခါ
မင်းဘူးဦးဩဘာသရဲ့ ဝေဿန္တရာ ဇာတ်ထုတ်ထဲက “ခြေသာလျှင်ယာဉ်ရှိကုန်၏”ဆိုတဲ့
စာသားလေးကို သတိရတော့ ပြုံးမိပါတယ်။
ဘာပြောပြော ကျနော်နဲ့တစ်လမ်းထဲသွားခဲ့ကြတဲ့ ခရီးဖော်တွေပါဘဲ။
ကိုပေါက်လမ်းသလားနေသည်
(8-8-2012)
17 comments
အလင်းဆက်
August 10, 2012 at 11:27 am
ကိုပေါက် က ဘယ်မှာ လဲ…
Ma Ei
August 10, 2012 at 12:37 pm
ကိုပေါက်က ဓါတ်ပုံရိုက်နေတယ်လေ…
မောင်ပေ
August 10, 2012 at 12:03 pm
ခြေသာလျှင် ယာဉ်ရှိကုန်၏ (မင်းဘူးဦးဩဘာသ)
ငွေပါလျှင် ဂွင်မိပါမည်…
လေညာတွင် လေမလည်ရာ၏…
နေပါသခင် ကြင်မနမ်းပါပြီ…
ကေသာဆင် မြင်လန်းလေသတည်း ။ ( မန်းတလေးဦးမောင်ပေ )
ကိုပေါက်(မန္တလေး)
August 10, 2012 at 2:59 pm
ကျနော်က လမ်းလျောက်နေတာလေဗျာ
shwe kyi
August 10, 2012 at 3:25 pm
နံပါတ်နှစ်ပုံလေးရော ကဗျာလေးရောကြိုက်တယ်။ လေးပေါက်တော်ချက်။
နံပါတ် ရ နွားနဲ့ကျောက်ဆောင်ဆိုတာလေးရောကြိုက်တယ် လေးလေးကျောက်တောင်မို့လား။
နံပါတ် ၁၁ ပုံမှာ လမ်းဘေးမှာရွှံဗွက်တွေနော်။
ko khin kha
August 10, 2012 at 4:33 pm
သွားလည်းသွားနိုင်ပါ့ပေ ကိုပေါက်ရေ။
snow white
August 11, 2012 at 2:28 pm
ဟုတ်ပ့ါကိုခင်ခရယ် တော်တော်လေးသွားနိုင်တယ်နော် လေးလေးပေါက်တစ်ယောက်။။
Shwe Ei
August 10, 2012 at 5:10 pm
ရန်ကုန် မန်းလေးက လူတွေလဲ အဲလိုနေရာ သွားနေရရင် အဲလိုဘဲ မတ်တပ်ရပ်ကြရမှာနော်။ ရွေးချယ်စရာတွေ ပေါများရင်သာ ဟိုဟာမှ ဒါမှ လုပ်လို့ရတာပါ။ ရွာငံ ရောက်ရင်တော့ ရွာငံလိုကျင့်ရမှာပေါ့။ 🙂
ဦးဦးပါလေရာ
August 11, 2012 at 12:27 pm
နယ်မှာတော့ ထော်လာဂျီဟာ မရှိမဖြစ်လိုကို အသုံးတည့်နေတာပါပဲ..။
ကျွန်တော်လဲ စီးကာစကတော့ အဆင်လဲမပြေ၊ အန္တရာယ်မကင်းဘူးလို့လဲ ခံစားရတယ်။
နောက်တော့လဲ အသားကျ သွားတာပါပဲ…။
ကိုပေါက်(မန္တလေး)
August 11, 2012 at 12:51 pm
အစကတော့ ကျနော်လဲ အမှတ်တမဲ့။
နောက်ကြည့်ရင်းနဲ့ ကျနော်နဲ့အတူတစ်လမ်းထဲသွားကြတဲ့ခရီးဖော်တွေရဲ့အေးငြိမ်းမှု့ကကျနော်ကို
ကူးစက်လာတော့ သတိထားပြီး ဓါတ်ပုံတွေရိုက်မိတယ်။
မဟာရာဇာ အံစာတုံး
August 11, 2012 at 12:58 pm
ရွာရဲ့ ပုံရိပ်တွေပဲဗျ ..
ကျုပ်တို့ရွာပြန်ရင်လည်း မြို့ပေါ်က ရွာကို အဲ့လို ကားတွေနဲ့ ကုန်တွေတင်ပြီး စီးသွားရတာပါ။
အရင်က ကျောက်ခဲ ငုံသွားရင်တောင်
အစာကြေလောက်တဲ့ လမ်းကတော့ ကောင်းနေပါပြီ …
ဒီလို ပုံလေးတွေ မြင်ရပြန်တော့ ရွာကို လွမ်းမိသဗျာ …
TTNU
August 11, 2012 at 1:28 pm
ကိုပေါက်ရေ…
ကျွန်တော်နှင့်ခရီးသွားဖော်များဆိုရင် မိမိပုံပါရမယ်။
ဒီတော့ ခေါင်းစဉ်ပြောင်းမယ်။
“ကျွန်တော့်ရဲ့ ခရီးသွားဖော်များ” လို့။
😛
ကိုပေါက်(မန္တလေး)
August 11, 2012 at 6:09 pm
မာမီရေ ခေါင်းစဉ်ပြင်ပေးလိုက်ပါပြီ
TTNU
August 11, 2012 at 9:16 pm
ကိုပေါက်ရေ…
ကောင်းပါပြီ။ ခေါင်းစဉ်လေးအတွက် Thumb up တစ်ခုပေးပို့
လိုက်ပါတယ်။
😀
ကိုရင်စည်သူ
August 11, 2012 at 6:24 pm
ကိုပေါက်ရေ.. ဒီလောက် ခရီးသွားနေပုံထောက်ရင်
ဦးပေါက်ခြေထောက်မှာ ဗွေ ဒါမှမဟုတ် မှည့်တွေပါမှာသေချာတယ်… 🙄
ရိုးသားတဲ့ ဓါတ်ပုံအလှကို ခံစားသွားပါတယ်ခင်ည..
Crystalline
August 12, 2012 at 10:47 am
2012 က ဦးပေါက်ရဲ့ခရီးသွားနှစ်ထင်တယ်နော်.. 🙂
ကိုပေါက်(မန္တလေး)
August 12, 2012 at 1:22 pm
ရုံးစောင့်နတ်
အိမ်စောင့်နတ်
ရပ်ကွက်စောင့်နတ်
မြို့စောင့်နတ်
တိုင်းစောင့်နတ်များက နှင်သောကြောင့် ခရီးထွက်နေရပါသည်။
ဝမ်းနည်းစရာကောင်းသည်မှာ နိုင်ငံစောင့်နတ်က မနှင်သေးသောကြောင့်
နိုင်ငံခြားတိုင်းပြည်များသို့ မရောက်ဘူးသေးပါကြောင်း။
ကဲ နိုင်ငံစောင့်နတ်ရေ ကြားသနော်…………………………..