သူတို့ပြည်ရွှေလီမြစ်ကမ်းနံဘေးက ပန်းခြံ———–အပိုင်းတစ်















သူတို့ပြည်ရွှေလီမြစ်ကမ်းနံဘေးက ပန်းခြံ———–အပိုင်းတစ်
ဟိုရောက်ပြီး နှစ်ရက်လောက်နေတော့ ဆေးရုံကုန်းတံတားနားက ပုံစားတဲ့ထမင်းဆိုင်ကိုသွားစားဖြစ်ပါတယ်။
ထမင်းဆိုင်က အပြန် လိုက်ပို့တဲ့သူကို ဒီနားမှာလည်စရာပါတ်စရာရှိလားဆိုတော့ ပန်းခြံဘက်သွားမယ်ဆိုရင်
ပို့ပေးမယ်လို့ပြောပါတယ်။
အဲဒါနဲ့ထမင်းစားပြီးတဲ့အခါ လမ်းမကြီးအတိုင်းအရှေ့ဘက်ကို ထွက်ခဲ့ကြပါတယ်။
သူတို့ဘက်က လမ်းတွေက ကျယ်လွင့်ပါတယ်။
လမ်းအလယ်ကျွန်းမှာသစ်ပင်တွေစိုက်ထားတော့ ကြည့်ရတာ အမြင်အေးပါတယ်။
နေကတော့သူတို့ဆီလဲပူတာပါဘဲ။
ဒါပေမယ့်အရိပ်ရှိတော့အေးတယ်။
လမ်းမကြီးအတိုင်းအရှေ့တက်လာခဲ့ပါတယ်။
ရွှေလီတံတားမရောက်ခင်လမ်းဆုံအဝိုင်းပါတ်ရောက်တော့ မြောက်ဘက်ကို ပြန်ကွေ့လိုက်ပါတယ်။
မန်းလေးလို့ ငါးပြလောက်အရောက်လမ်းမကျယ်ကြီးရောက်တော့ အရှေ့ဘက်ကိုကွေ့လိုက်ပါတယ်။
ထူးဆန်းတာတစ်ခုပြောရရင် လမ်းအလည်ခေါင်မှာ မီးပွိုင့်အရှင်လေးတစ်ခုချထားတာကို တွေ့ရတာပါ။
ဓါတ်ပုံတော့မရိုက်ဖြစ်ခဲ့ပါဘူး။
လမ်းမကျယ်ကြီးကနေအရှေ့ဖက်ကိုကြည့်တော့ တောင်တန်းကြီးကိုမြင်ရတာလွမ်းသလိုလို။
ဟိုကြည့်ဒီငေးနဲ့ဘဲ ကားကလေးက လမ်းဆုံတစ်ခုအနားကိုရောက်လာပါတယ်။
စစခြင်းမြင်ရတာကတော့ စိမ်းမြတဲ့မြက်ခင်းနဲ့ အုပ်အုပ်ဖားဖားရှိလှတဲ့သစ်ပင်ကြီးရှေ့မှာ
တရုပ်စာလုံးအနီကြီးတွေရေးထားတဲ့ကျောက်တုံးတစ်တုံးကထောင်ရက်သား။.
သူတို့ပြည်ဘက်ခြမ်းမှာအများဆုံးတွေ့ရတာကတော့ကျောက်တုံးကြီးတွေကို သေသေချာချာ လှပအောင်
ပြင်ဆင်ထားတတ်တာကိုပါဘဲ။
ကျွန်တော်တို့စီးလာတဲ့ကားလေးက ပန်းခြံထဲကွေ့မဝင်ခင် ကျနော်ကရပ်ခိုင်းလိုက်ပါတယ်။
လှပတဲ့ညောင်မြစ်ကြီးနဲ့သစ်ပင်ကိုမြင်လိုက်လို့ပါ။
အဲဒီအချိန်က နေ့လည်2နာရီလောက်ဆိုတော့ နေအတော်လေးပူပါတယ်။
အသွင်ဆန်းတဲ့ ညောင်ပင်ကို လက်ဆော့။
အဲဒီအချိန် အရိပ်အောက်ရောက်နေတဲ့အဖွဲ့တွေက လှမ်းအော်လို့ကြည့်လိုက်တော့
အမြစ်ပုံစံတွေက ဖောင်းကြွလို့ အမြင်ဆန်းတဲ့ညောင်ပင်တန်း။
နောက်တော့ အဖွဲ့တွေသွားတဲ့ဘက်လှမ်းကြည့်တော့ လူစီရင်ထားတဲ့ ကျောက်စီရေမြောင်းအထက်မှာ
တရုပ်ပုံစံ တံတားခုံးခုံးလေးက သုံးစင်း။.
တံတားပေါ်မှာတံတားဘေးမှာလှေကားမှာ ဓါတ်ပုံတွေရိုက်ပြီး ဟိုဘက်ကိုလှမ်းကြည့်လိုက်တော့
ကွန်ကရစ်လမ်းမကြီးက ဖြောင့်ဖြောင့်ဖြူးဖြူး။
သစ်ပင်တွေက အုပ်အုပ်ဆိုင်းဆိုင်း။
ပလက်ဖောင်းပေါ်ကနေလှမ်းကြည့်တော့ သောင်ထွန်းနေတဲ့မြစ်ရွှေလီ။
ရေနည်းနည်းမှာ ရေဆင်းဆော့သူတွေကိုမြင်ရ။
အရှေ့ဘက်မှာတောင်တန်းကြီး။
တောင်ဘက်မှာရွှေလီတံတား။
ကဲခံစားလိုက်ကြရအောင်ဗျာ အမောတွေပြေသွားအောင်။.
ကိုပေါက်လမ်းသလားနေသည်
(16-6-2012)
24 comments
water-melon
June 17, 2012 at 8:36 am
လေးပေါက် အဲဒီပန်းခြံထဲမှာ
တားတားတို့ အတွဲရှိတယ်နော်
အဟီ တော်သေးတယ် မတွေ့သွားလို့
ကိုပေါက်(မန္တလေး)
June 17, 2012 at 9:15 am
ဟုတ်တယ် ဂစ်တာတွေဘာတွေနဲ့အုပ်စုလိုက်လာကြတာလဲရှိတယ်။
နှစ်ယောက်ထဲလာကြတာလဲရှိတယ်။
ဒါပေမယ် မန်းလေး-ရန်ကုန် ကန်တော်ကြီးလိုချောင်ကောင်းကောင်းတော့ မတွေ့ခဲ့ရဘူး။
ခဏလေးသွားလို့လားတော့ မသိဘူး။
water-melon
June 17, 2012 at 9:28 am
ဘဘပေါက်ကလည်း
သူတို့က ချောင်ဘယ်လိုမလဲ
ချောင်ထက်ကောင်းတာတွေရှိတယ်လေ
အဟီ
ညလေး
June 17, 2012 at 9:37 am
လေးပေါက်…….ဂျန်ပြဲန် ဂေါင်းချန်း ပန်းခြံလေး ဝင်လည်သွားပါတယ်နော်…….
ဖြတ်သွးဖြတ်လာနဲ…….ဒီပန်းခြံထဲမရောက်ဖြစ်တာ ကြာပေါ့…….
..
ကိုပေါက်(မန္တလေး)
June 17, 2012 at 9:41 am
ကျနော်က ရောက်သာလာတာ ပန်းခြံနာမယ် မမေးခဲ့ရဘူး ။
ခင်ဗျား ဖြည့်လိုက်မှ သိတော့ တယ်၊
Zhang bian gao chang ဆိုရင်မှန်လား
ညလေး
June 17, 2012 at 9:51 am
ကွတ်တိ မှန်ပါတယ်…လေးပေါက်ရယ်…
ဒီပန်းခြံထဲကို..တရုတ်မြန်မာ ဆွေမျိုးပေါက်ဖော် ပွဲတော် ၊ သင်္ကြန်ပွဲတော်၊ရှမ်းနှစ်သစ်ကူးပွဲတော်၊တရုတ်နှစ်သစ်ကူးပွဲတော်……..အစုံပါပဲ……
စိန်ဗိုက်ဗိုက်
June 17, 2012 at 12:16 pm
အူးလေးအန်ခယ်မာမီအုပေါက်
ရေဒွေက ဘာပြုလို ့ကြံရည်ရောင် ထွက်နေတာလဲခင်ည
ညောင်ပင်တန်းကလဲ အူးလေးပြောသလို ထူးဆန်းသဗျား
ကိုပေါက်(မန္တလေး)
June 17, 2012 at 12:49 pm
ဘာလို့ကြံရည်ရောင်ထွက်သလဲဆိုရင် အဲဒီရေတွေက ရေသေဖြစ်နေလို့လားတော့ မသိဘူး။
ဒါပေမယ့်ရွှေလီမြစ်ရေကလဲ ကျနော်သွားတုန်းက ကြံရည်ရောင်ဘဲ
ရာထူးပြန်တက်လာတဲ့မောင်ဗိုက်ဗိုက်ရဲ့။
metallic
June 17, 2012 at 2:42 pm
၁ဝ နဲ့
၁၃ ကြိုက်တယ်
လူ့ခြေရာလက်ရာ အနည်းဆုံးပုံလေးတွေမို့လို့
ဆူး
June 17, 2012 at 3:34 pm
သမီး သွားတုန်းက အဲဒီ ပန်းခြံ ဘက် ကို မရောက်ခဲ့ဖူးတင်တာပဲ..မေ့တောင် မေ့နေပြီ။
ကိုပေါက်(မန္တလေး)
June 17, 2012 at 3:52 pm
ကျနော်လဲ ပထမတစ်ခေါက်က ရှိမှန်းမသိခဲ့သလို အခုလောက်လဲ လမ်းမကောင်းသေးဘူး မစည်ကားသေးဘူးထင်တာဘဲ။
သားဦး၊မြေးဦး
June 17, 2012 at 8:18 pm
မီးပွိုင့် အရှင်လေးပုံရိုက်ခဲ့ရမှာနော် ကိုပေါက်။
pooch
June 17, 2012 at 9:05 pm
ဒါဆို ကျောင်းဆောင်လေးကို ညောင်ပင်က ရစ်ခွေပြီး ပေါက်နေတာပေါ့။ ညောင်ပင်ထဲ ကျောင်းဆောင်ဆောက်ထားတာ မဟုတ်ဖူးပေါ့။
ရဲစည်
June 17, 2012 at 9:12 pm
ကျနော်လဲ မရောက်ဖူးဘူးလေးပေါက်ရ ခုတခေါက်လဲ ကိုယ့်ဘာသာ ရှုပ်နေလို့ ခြေဦးမလှည့်ဖြစ်ဘူး..
အင်း ကင်မလာလေးဒေါ့ ဝယ်ထားရအုံးမယ် တချို့နေရာတွေ ရောက်တုန်းရောက်ခိုက် အမှတ်တရပေါ့
မောင်ပေ
June 17, 2012 at 9:18 pm
အားပါး
အမောတွေပြေသွားတာဘဲ
ရှဲရှဲဘာ
MaMa
June 17, 2012 at 9:53 pm
စိတ်ကြည်နူးစရာ ပုံလေးတွေချည်းပါပဲမို့ အားပေးသွားပါတယ်။
5 ညောင်ပင်နဲ့ကျောင်းဆောင်အဝေးကမြင်ရတာလေး ဆိုတဲ့ပုံကို အကြိုက်ဆုံးပဲ။
သစ် တည်
June 17, 2012 at 10:09 pm
မီးပွိုင် ့အရှင်က သူတို ့ဆီမှာ
မီးပျက်ရင်သုံးကြတာ…
Ma Ei
June 18, 2012 at 12:16 pm
ကိုပေါက်ရေ…
အဲ့ဒီနေရာလေးကို
ချောရဲ့ အစိမ်းရောင်လွင်ပြင်မှာ စိန်ပန်းနီလမ်းကလေးဆိုပြီး တွေ့မိတယ်…
လမ်းတစ်လျှောက်မှာ စိန်ပန်းနီပင်တွေ နဲ့ အရမ်းလှတဲ့ နေရာလေးပါ…
လာလည်ချင်လိုက်တာ…
ကိုပေါက်(မန္တလေး)
June 18, 2012 at 2:13 pm
ဟုတ်တယ် မအိရေ တကယ်လှတဲ့နေရာလေးပါ။
စကားစပ်မိလို့ပြောရရင် အစိမ်းရောင်လွင်ပြင်ရို်က်တဲ့ ရုူခင်းပုံလေးတွေတကယ်လှတယ် ။
ကျနော်သူု့ပုံတွေကို အရမ်းသဘောကျတယ်။
သူလဲအတော်သွားနိုင်တယ်နော်။.
ရွာစားကျော်
June 18, 2012 at 2:47 pm
ညောင်ပင်တန်းမှာ အမြစ်တွေက သူ့ဘာသာသူ အဲလိုပုံဖြစ်နေတာလား လူက သေချာလုပ်ထားတာလား လေးပေါက်
ကိုပေါက်(မန္တလေး)
June 18, 2012 at 10:08 pm
ရွာစားကျော်ရေ သူတို့က ဘွန်ဇိုင်းလုပ်တာပိုင်တယ်လေသဘာဝတော့ မဟုတ်လောက်ဘူး ပြင်ထားတာဖြစ်နို်င်တယ်။
Mလုလင်
June 19, 2012 at 2:39 am
အဲ့ ဘွန်ဇိုင်းလုပ် နေတာ ကြာပြီ .. မှတ်မှတ်ရရ ၃ နှစ်လောက် ကိုရှိပြီ .. ပျက်တဲ့အပင်ပျက် .. သေတဲ့ အပင်သေ နဲ့ …. နည်းလမ်းလေးဘာလေး သိကြရင် .. ပြောပြကြပါဦးဗျ …။ (မှက်ချက်။ ။ online reference တွေ မလိုချင်ပါ)
ကိုရင်စည်သူ
June 18, 2012 at 10:48 pm
အမငီး… ပုံ ၈ နဲ့ ၁၃ ရှိတဲ့နေရာကို…
ွရွာထဲက ရေငါးလေးနဲ့ သွားလိုက်ရလို့ကတော့…
သေပျော်ပါပီ.. ဦးပေါက်ရယ်… 😀 😳
ဦးပေါက်..နော်… သူဒါမျိုးတွေ သိပ်ရိုက်တတ်… 😉
ကိုပေါက်(မန္တလေး)
June 18, 2012 at 11:02 pm
ရေငါးထိလို့ကတော့ ဖရဲမနဲ့စစ်ခင်းရမှာပေါ့ ကိုရင် စည်သူရယ်
ဒုန်း…………..ဖရဲမခြေဆောင့်သံ