ရွှေကြက်ယက်ဘုရားသို့တစ်ခေါက်…………………………….

















“ရွှေကြက်ယက်ဘုရားသို့တစ်ခေါက်……………”
ပြီးခဲ့တဲ့အလုပ်ပိတ်ရက်က သွားစရာနေရာစဉ်းစားလိုက်တော့ ဟိုတလောကမှ နာရေးပို့ပြန်လာခဲ့တဲ့
တောင်အင်းမြောက်အင်းဘက်သွားမယ်လို့ စိတ်ကူးရပါတယ်။
အဲဒါနဲ့ဘော်ဘော်ကြီးကိုလှမ်းဖုန်းဆက်တော့ လမ်းပေါ်ရောက်နေပြီတဲ့။
တောင်အင်းမြောက်အင်းဆိုတာ မန်းလေးနဲ့ အတော်လေးလှမ်းတော့ တစ်ယောက်ထဲသွားရမှာပျင်းပါတယ်။
အဲဒါနဲ့နီးနီးနားနားကန်ပါတ်လမ်းကိုဘဲသွားမယ်ဆိုပြီး ထွက်လာခဲ့ပါတယ်။
ကန်ပါတ်လမ်းရောက်တော့ လှေတွေဖောင်တွေ လိုက်ရိုက်ရင်းနဲ့ ရွှေကြက်ယက်ဆိပ်ကမ်းနားကိုနီးလာပြန်ပါတယ်။
လွန်ခဲ့တဲ့ နှစ်ဒီဇင်ဘာလကုန်ခါနီးမှာ ရွှေကြက်ယက် ရွှေကြက်ကျဘုရားကနေ ဧရာဝတီမြစ်နဲ့စစ်ကိုင်းဆိပ်ကမ်းကို
ရို်က်ဘူးပါတယ်။
နောက်ဒီနေ့ထွက်တဲ့တိမ်တွေကအရမ်းလှပါတယ်။
အဲဒါနဲ့ရွှေကြက်ကျဘုရားနားကိုရောက်လာပါတယ်။
ဆိုင်ကယ်ကိုအပ်။
ရွှေကြက်ယက်ဘုရားဘက်ကိုလမ်းလျောက်ထွက်လာခဲ့ပါတယ်။
ရွှေကြက်ယက်ဘုရားက လမ်းတောင်ဘက်မှာရှိပြီး ရွှေကြက်ကျဘုရားက မြောက်ဘက်မှာရှိပါသတယ်။
ဘုရားကိုသွားနေရင်းငယ်ငယ်က နားဆင်ခဲ့ရတဲ့ ဝင်းဦးရဲ့နာမယ်ကျော်
ကြက်ညီနောင် သီချင်းကိုတောင်သတိရမိပါတယ်.။
“ကြက်ညီနောင်ရေဝယ်မျောစေ မြကျောရယ်တဲ့ရွှေမင်းဝံတောင်
လွဲတော့မရှောင် အာကာဘောင်ကြယ်မြောက်ကွဲ့ မြေမှာလူးစေ သွေပါဘူးမေ…………………”
ဆိုတဲ့စာသားပါတဲ့သီချင်းလေးပါ။
သူ့ချစ်သူမိန်းကလေးအပေါ်မှာ သစ္စာမဖောက်ပါဘူး။
မရွှေေ့ပြာင်းနိုင်တဲ့ ရွှေကြက်ယက် ရွှေကြက်ကျစေတီတော်နဲ့မင်းဝံတောင်တန်းကြီးရွှေသွားတောင်မှ
သူ့အချစ်က မပြောင်းလဲဘူးလို့ တင်စားပြီးဆိုထားခဲ့တဲ့သီချင်းပါ။
ရွှေကြက်ယက်ရွှေကြက်ကျ ဘုရားနှစ်ဆူက ၁၂ရာစုခေတ်က ပုဂံမင်းရဲ့ကောင်းမူ့နဲတည်ထားတဲ့ဘုရားဆိုတာသိရပါတယ်။
ရွှေကြက်ယက်ဘုရားရဲ့တန်ဆောင်ပြေပြေလေးအတိုင်းတက်လာခဲ့ပါတယ်။
ဒီဘုရားပေါ်ကိုကျနော်နောက်ဆုံးရောက်တာ 2003ခုနှစ်ကပါ။
ဘုရားအခြေလမ်းကနေစစ်ကိုင်းသွားတိုင်းဖြတ်ခဲ့ပေမယ့် တစ်ခါမှအပေါ်မတက်ဖြစ်။
ဒီတစ်ခါတော့ရောက်အောင်တက်ခဲ့ပါတယ်.။
အချိုးအစားကျနပြီးသပ္ပါယ်လှစွာသော ရွှေကြက်ယက်စေတီတော်ကိုဝင်ရောက်ဖူးမျှော်။
ဒါပေမယ့် ကျနော်စိတ်ထဲမှာအရင်က ထင်ထားခဲ့တာ စေတီတော်ပစ္စယံထိတက်နိုင်ရင် စစ်ကိုင်းတံတားကို
စီးမြင်ရပြီး ပုံကောင်းတွေရမယ်ထင်ခဲ့ပေမယ့် အပေါ်ကိုတက်မရတော့ ရသလောက်နဲ့ဘဲကျေနပ်ခဲ့ရပါတယ်။
ကဲ ကြည့်လိုက်ပါအုံးနော်……………..
ကိုပေါက်လမ်းသလားနေသည်
(13-9-2012)

ဒီလှေခါးက ရွှေကြက်ကျဘုရားမှာ တွေ့ခဲ့တာပါ
12 comments
မောင်ပေ
September 12, 2012 at 1:24 am
လေးပေါက်ရေ သာဓု ၃ကြိမ်ပါဗျား
Shwe Tike Soe
September 19, 2012 at 12:26 pm
လေးပေါက် အတက်လမ်းဘက်က သံဇကာကာထားတဲ့ လှိုင်းခေါင်းလေး ရိုက်ခဲ့ဖို.ကျန်နေတယ်… အဲဒီ သံဇကာ ကာထားတာ အန္တရာယ်များလို.တဲ့…..အဲဒီ လှိုင်ခေါင်းက ရွှေကြက်ကျ ကမ်းနားဘက်က ဘုရားအောက်မှာ ဝဲ ကြီး အထိ ပေါက်တယ်တဲ့ …….. ကျွန်တော်တို. အဖွားပြောပြတာကတော့ အဲဒီ အထဲကို အုန်းသီး ပစ်ထည်လိုက်ရင် နောက်နေ.ဆို ရွှေကြက်ကျ ဘက်ကမ်းက ဝဲထဲမှာ သွားပေါ်တယ်တဲ့……… ကြားဖူးတယ်… သိလား
ကိုပေါက်(မန္တလေး)
September 19, 2012 at 1:04 pm
မိတိုက်ရေ ညည်းပြောတာ ဒီလှေခါးလေးလားအေ့
Shwe Tike Soe
September 19, 2012 at 1:21 pm
ဟုတ်တယ် ဟုတ်တယ် ပြီးတော့ အတက်လမ်းမှာလဲ ဂူပေါက်တစ်ခုရှိသေးတယ် အဲဒီနှစ်ခုက အတူတူပဲ…..
ကိုပေါက်(မန္တလေး)
September 19, 2012 at 2:01 pm
အဲဒီဂူပေါက်ရိုက်မလိုလုပ်နေတာ အမေကြီးတစ်ယောက် တရားထိုင်နေတာနဲ့မရိုက်ခဲ့ရဘူးကွယ်ဟယ်ဟယ်ဟယ်
အပြန်မှရိုက်မယ်လုပ်ကျတော့ ကင်မရာလွတ်ကျပြီး
ပျက်သွားတော့ စိတ်လေသွားပါတယ်ဟယ်ဟယ်…………………
Ma Ei
September 19, 2012 at 12:27 pm
တစ်ခါမှ မဖူးဘူးတဲ့ ဘုရားမို့
ဓါတ်ပုံကိုဘဲ ဦးခိုက်ဖူးလိုက်ပါတယ် …
ကျေးဇူးပါနော်…
🙂
Novy
September 19, 2012 at 12:56 pm
လေးပေါက်ရေ.
ဘုရားဖူးသွားပါတယ်
ps
မနိုခြေရာလေးတွေရှိနေအုံးမလားမသိ :harr:
ရွှေ ကြည်
September 19, 2012 at 2:30 pm
လေးပေါက် 9 ရက်နေ့ကသွားတာပေါ့..။
ဘုရားဖူးသွားတယ်လေးပေါက်ရေ မန်းတခွင်ကတော့ဖူးစရာဘုရားစေတီတွေများမှများနော်..။
ရွှေ ကြည်
September 19, 2012 at 2:34 pm
လေးပေါက် နံပါတ် ၉ ပုံအရမ်းကိုလှတာပဲ..။
mayjuly
September 19, 2012 at 2:55 pm
ရွှေကြက်ယက်ဆိုလို့ ရန်ကုန်က ရွှေကြက်ယက်ကို ထင်လိုက်မိတာ ..
ဟုတ်ဘူးပဲ ..
မရောက်ဘူးတဲ့နေရာ .. မဖူးဘူးတဲ့ ဘုရားတွေ ကို ဖူးရတာ ကျေးဇူးပါ … 🙂
ကိုပေါက်(မန္တလေး)
September 19, 2012 at 4:56 pm
မန်းလေးပါတ်ဝန်းကျင်က သွားမယ်ဆို သွားချင်စရာနေရာတွေချည်ပါဘဲ
myanmar oscar
September 20, 2012 at 1:36 am
လောက်ပေးရေ…ဘုရားမှာအတွဲတွေတွေ့တာကိုလက်မဆော့ခဲ့ဘူးလား