padonmarJune 13, 20161min55113
……………………………………………………………………………….. တချိန်တုံးက အစိုးရရုံများမှာ ကပ်ထားတဲ့ (ကပ်ရုံကပ်ပြီး မလိုက်နာတဲ့) ဆောင်ပုဒ်တွေ အများကြီး ရှိပါတယ်။ ဥပမာ- လာဘ်ပေးရန်မလို၊ ကူညီပါရစေ။…စသည်စသည်ပေါ့။ အဲဒီထဲ TV မှာပါ လွှင့်တဲ့ ဆောင်ပုဒ်တခု ရှိသေးတယ်။ “ရေကို မူလချွေတာကြ၊ လျှပ်စစ်ကိုလည်း ချွေတာပြီး လောင်စာကိုပါ ချွေတာပါ။.”…..တဲ့။ ထုံးစံအတိုင်း ကပ်ထားပြီးရင် လိုက်နာဖို့ မလိုဘူးလေ။ -ရေဆို ခွက်အပြည့်ထည့်သောက် ၊ပိုတာကို ဘေးပက်ထည့်လိုက်ရုံ။ ပလပ်စတစ် တခါသုံးခွက်နဲ့ သောက်ရင်လည်း ပလပ်စတစ်ခွက်ဟောင်းတွေ တောင်ပုံရာပုံ အမှိုက်ထဲသာရောက်။ -လျှပ်စစ်ကလည်း လူမရှိတဲ့ လမ်းမကြီးတွေမှာ ထိန်ထိန်ညီး။ ရုံးခန်းမီးတွေ ရုံးဆင်းသွားရင် နေ့အလားဖွင့်ခဲ့။ အလုပ်မလုပ်လည်း ပပဝတီတွေက ခုနစ်ဆောင်တိုက်ခန်း မလင်းမှာစိုးလို့ အပြည့်ထွန်း၊ (မီတာခလာတော့မှ ကိုယ့်အိမ်ဆို အမေက များတယ်အော်၊ အများဆိုင်နေရာဆို […]