-ကျွန်မတို့ ရွာသူား တွေထဲမှာ ကျွန်မနဲ့ နီးစပ်တဲ့ မိတ်ဆွေအသိုင်းဝိုင်းထဲမှာ..တခါလောက်များ…ပဆံကြောင့် ကျောင်းထွက်ရတဲ့…ငွေရှာရတဲ့..ငယ်ဘဝကို -ဖြတ်သန်းဘူးသူရှိပါရဲ့လားလို့ သိချင်မိတယ်။ -ကိုယ့်အနေနဲ့ စဉ်းစားရမယ်ဆိုရင်တေ့ာ..အဲလို ဘဝမျိုး စိတ်နဲ့တောင် မတွေးရဲ..တွေးဖို့ အကြောင်းလဲ ပေါ်မလာအောင်..ဝိုင်းဝန်း ပံ့ပိုးပေးခဲ့တဲ့.. -မိဘဆွေမျိုးတွေလဲရှိတာကိုး။ -စားစရာမရှိရင် နေပစေ..စာတတ်ရမယ်ဆိုတဲ့ ခံယူချက်မျိုး ခေါင်းထဲဝင်အောင် ရိုက်သွင်းပေးနိုင်ခဲ့တဲ့..မိဘနှစ်ပါးရဲ့ ကျေးဇူး..ကြီးမားလှပါတယ်။ -ဒီအရွယ်ကျမှာ ကျေးဇူးသိတတ်နေလိုက်တာ..နဲနဲတောင် နောက်ကျနေပြီလား မသိပေမယ့်…တစ်လ တစ်လ ဒါဇင်ပလပ်စ်အလှူလုပ်ဖြစ်တိုင်း…အစိုးရကျောင်းဆိုတာ -ဘယ်နေမှန်းမသိတဲ့ တောခေါင်ခေါင်မှာ … ဘက ကျောင်း အားကိုးနဲ့ စာသင်နေရတဲ့…ပညာတတ်ဖြစ်ဖို့ မရေရာတဲ့ အနာဂတ်ရဲ့ ပဲ့ကိုင်ရှင်လေးတွေကို မြင်တိုင်း.. -ငါ…ကျောင်းတက်နိုင်ခဲ့ပါလားဆိုတာမျိုးတွေးပီး သက်ပြင်းရှိုက်မိပါတယ်။ -ဘက ပညာရေးဟာ ပဆံမတတ်နိုင်တဲ့ ကျောင်းနေအရွယ် ခလေးမှန်သမျကို စာတတ်စေမယ်လို့ တထစ်ချ မပြောနိုင်ပေမဲ့.. -အနည်းဆုံးတော့..စားစရာမရှိသော်လည်း..ခလေးကို ငွေမရှာခိုင်းဘဲ စာတတ်စေချင်တဲ့ စေတနာ […]