အဇဋာAugust 25, 20121min27513
ဒီလပိုင်းအတွင်း ကျွန်တော်တို့ သတင်းအသိုင်းအဝိုင်း၊ သတင်းလောကမှာ အပြောင်းအလဲတွေ တော်တော်များများ ဖြစ်သွားပါတယ်။ စာပေစိစစ်ရေးမရှိတော့တာ၊ ထုတ်တင်စနစ်ပျောက်သွားတာ၊ ပြည်ပမီဒီယာတွေ ပြည်တွင်းကိုရောက်လာတာ၊ မီဒီယာသမားတွေ ဆန္ဒပြတာ၊ ပုံနှိပ်မီဒီယာတွေကို တရားစွဲဆိုခံရတာ စသည်ဖြင့် အမျိုးမျိုးအဖုံဖုံနဲ့ အရင်က မကြုံစဖူးတဲ့ အတွေ့အကြုံတွေရော၊ မသိသေးတဲ့ အကြောင်းအရာတွေရော စုံနေတာပါပဲ။ အဲဒီအထဲမှာပဲ သတင်းလောကသားတွေရော၊ သတင်းလောက, က မဟုတ်သူတွေပါ ဝေခွဲရခက်စေတဲ့၊ အငြင်းပွားဖွယ်ရာကိစ္စတွေလည်း အများကြီး ပေါ်ပေါက်လာပါတယ်။ အထူးသဖြင့်တော့ သတင်းလောကသားတွေဟာ Professional (ဒီစကားလုံးကို မြန်မာလိုပြန်ရင် အဓိပ္ပါယ်ပိုင်းမှာ အခက်အခဲရှိလို့ ဒီအတိုင်းပဲ သုံးခွင့်ပြုပါ) ဖြစ်ပြီလားဆိုတဲ့ ပြဿနာပါ။ နောက်ပြီးတော့ မြန်မာမီဒီယာသမားတွေဟာ Press Freedom တောင်းတယ်၊ စာပေစိစစ်ရေးမရှိအောင် လုပ်တယ်၊ ဆန္ဒပြတယ်ပေါ့။ ဒီလို ဆန္ဒပြတယ်ဆိုတာကရော သတင်းသမားတွေ လုပ်သင့်/မလုပ်သင့် […]